< Mwanzo 14 >
1 Wakati huu Amrafeli mfalme wa Shinari, Arioko mfalme wa Elasari, Kedorlaoma mfalme wa Elamu, na Tidali mfalme wa Goimu
၁ဘုရင်လေးပါးဖြစ်ကြသောဗာဗုလုန်ဘုရင် အံရဖေလ၊ ဧလာသာဘုရင်အာရုတ်၊ ဧလံ ဘုရင်ခေဒေါရလောမာနှင့်ဂေါအိမ်ဘုရင် တိဒလတို့သည်၊-
2 kwa pamoja walikwenda kupigana vita dhidi ya Bera mfalme wa Sodoma, Birsha mfalme wa Gomora, Shinabu mfalme wa Adma, Shemeberi mfalme wa Seboimu, na mfalme wa Bela (yaani Soari).
၂ဘုရင်ငါးပါးဖြစ်ကြသောသောဒုံဘုရင်ဗေရ၊ ဂေါမာဘုရင်ဗိရရှ၊ အာဋ္ဌမာဘုရင်ရှိနပ်၊ ဇေဘိုင်ဘုရင်ရှေမဘာနှင့်ဗေလာ(သို့မဟုတ် ဇောရ) ဘုရင်တို့အားစစ်ချီတိုက်ခိုက်ကြ လေ၏။-
3 Hawa wote waliotajwa mwishoni waliunganisha majeshi yao kutoka Bonde la Sidimu (yaani Bahari ya Chumvi).
၃ဤဘုရင်ငါးပါးတို့သည်မဟာမိတ်ဖွဲ့၍ ယခုအခါပင်လယ်သေဟုခေါ်သော စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စစ်စခန်းချလျက်ရှိကြ၏။-
4 Walikuwa wametawaliwa na Mfalme Kedorlaoma kwa miaka kumi na miwili, lakini mwaka wa kumi na tatu waliasi.
၄ထိုဘုရင်တို့သည်ခေဒေါရလောမာဘုရင် လက်အောက်တွင် တစ်ဆယ့်နှစ်နှစ်မျှအအုပ် အချုပ်ခံနေရပြီး တစ်ဆယ့်သုံးနှစ်ကြာ သောအခါ ထိုမင်းအားပုန်ကန်ကြလေသည်။-
5 Mnamo mwaka wa kumi na nne, Mfalme Kedorlaoma na wafalme waliojiunga naye walikwenda kupigana na kuwashinda Warefai katika Ashtaroth-Kanaimu, Wazuzi katika Hamu, Waemi katika Shawe-Kiriathaimu,
၅တစ်ဆယ့်လေးနှစ်သို့ရောက်လျှင်ခေဒေါရလောမာ ဘုရင်သည် မဟာမိတ်တပ်ဖွဲ့တို့နှင့်အတူစစ်ချီ လာ၍ အာရှတရုတ်ကာနိမ်မြို့တွင်ရေဖိမ်အမျိုး သားများကိုလည်းကောင်း၊ ဟာမမြို့တွင်ဇူဇိမ် အမျိုးသားများကိုလည်းကောင်း၊ ကိရယသိမ် လွင်ပြင်တွင်ဧမိမ်အမျိုးသားများကိုလည်း ကောင်း၊-
6 na Wahori katika nchi ya kilima cha Seiri, hadi El-Parani karibu na jangwa.
၆ဧဒုံစိရတောင်များပေါ်တွင်ဟောရိအမျိုး သားများကိုလည်းကောင်း တိုက်ခိုက်အောင်မြင်၍ တောကန္တာရအစပ်ရှိဧလပါရန်မြို့အထိ လိုက်လံတိုက်ခိုက်လေသည်။-
7 Kisha wakarudi wakaenda En-Misfati (yaani Kadeshi), wakashinda nchi yote ya Waamaleki, pamoja na Waamori waliokuwa wakiishi Hasason-Tamari.
၇ထိုနောက်အပြန်ခရီးတွင်ကာဒေရှမြို့(ထိုစဉ်က အင်မိရှပတ်ဟုတွင်သည်) သို့ရောက်ပြီးလျှင် အာမလက်ပြည်တစ်ခုလုံးနှင့်ဟာဇဇုန္တာမာ မြို့၌နေထိုင်ကြသော အာမောရိအမျိုးသား တို့ကိုတိုက်ခိုက်အောင်မြင်လေသည်။
8 Ndipo mfalme wa Sodoma, mfalme wa Gomora, mfalme wa Adma, mfalme wa Seboimu, na mfalme wa Bela (yaani Soari) wakatoka kupanga majeshi yao kwenye Bonde la Sidimu
၈ထို့နောက်ဘုရင်ငါးပါးဖြစ်ကြသည့်သောဒုံဘုရင်၊ ဂေါမောရဘုရင်၊ အာဋ္ဌမာဘုရင်၊ ဇေဘိုင်ဘုရင် နှင့်ဗေလာဘုရင်တို့၏စစ်သည်များသည်စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စုရုံး၍၊-
9 dhidi ya Kedorlaoma, mfalme wa Elamu, Tidali mfalme wa Goimu, Amrafeli mfalme wa Shinari, na Arioko mfalme wa Elasari, yaani wafalme wanne dhidi ya wafalme watano.
၉ဘုရင်လေးပါးဖြစ်ကြသောဧလံဘုရင်၊ ဂေါအိမ် ဘုရင်၊ ဗာဗုလုန်ဘုရင်၊ ဧလာသာဘုရင်တို့နှင့် စစ်တိုက်ကြ၏။-
10 Basi Bonde la Sidimu lilikuwa limejaa mashimo ya lami, nao wafalme wa Sodoma na wa Gomora walipokimbia, baadhi ya watu walitumbukia huko na wengine wakakimbilia vilimani.
၁၀ထိုချိုင့်ဝှမ်းတွင်ကတ္တရာတွင်းများပြည့်နှက်လျက် ရှိရာ သောဒုံဘုရင်နှင့်ဂေါမောရဘုရင်တို့သည် စစ်ရေးမလှသဖြင့် ထွက်ပြေးကြသောအခါ ထိုတွင်းများထဲသို့ကျကြကုန်၏။ ကျန်သော ဘုရင်သုံးပါးတို့သည်တောင်များပေါ်သို့ထွက် ပြေးကြလေသည်။-
11 Wale wafalme wanne wakateka mali yote ya Sodoma na Gomora pamoja na vyakula vyao vyote, kisha wakaenda zao.
၁၁အောင်ပွဲရဘုရင်လေးပါးတို့သည်သောဒုံမြို့ နှင့်ဂေါမောရမြို့များမှ စားနပ်ရိက္ခာနှင့်တကွ ရှိသမျှပစ္စည်းတို့ကိုသိမ်းယူ၍ထွက်ခွာသွား ကြသည်။-
12 Pia walimteka Loti mwana wa ndugu yake Abramu pamoja na mali zake, kwa kuwa alikuwa akiishi Sodoma.
၁၂သောဒုံမြို့တွင်နေထိုင်သောအာဗြံ၏တူ လောတနှင့်တကွ သူ၏ပစ္စည်းရှိသမျှတို့ ကိုဖမ်းဆီးယူဆောင်သွားကြလေသည်။
13 Mtu mmoja aliyekuwa ametoroka akaja kumpa Abramu Mwebrania taarifa. Wakati huu Abramu alikuwa anaishi karibu na mialoni ya Mamre Mwamori, aliyekuwa ndugu yake Eshkoli na Aneri, ambao wote walikuwa wameungana na Abramu.
၁၃ထိုမြို့သားတစ်ယောက်သည် ရန်သူလက်မှလွတ် မြောက်ထွက်ပြေးလာ၍ဟေဗြဲအမျိုးသား အာဗြံအား အထက်ပါအဖြစ်အပျက်အကြောင်း စုံကိုပြောပြလေ၏။ အာဗြံသည်အာမောရိ အမျိုးသား မံရေပိုင်သောသစ်ပင်များအနီး တွင်နေထိုင်လျက်ရှိသည်။ မံရေနှင့်သူ၏ညီ များဖြစ်ကြသောဧရှကောလနှင့် အာနေရ တို့သည်အာဗြံ၏မဟာမိတ်များဖြစ်ကြ၏။-
14 Abramu alipopata habari kwamba jamaa yake amechukuliwa mateka, akawaita watu 318 wa nyumbani mwake waliokuwa wamefunzwa kupigana vita, wakawafuatilia hadi Dani.
၁၄သူ၏တူဖမ်းဆီးခြင်းခံရကြောင်းကိုကြား သိရသောအခါ အာဗြံသည်သူ၏စခန်းမှ တိုက်ရည်ခိုက်ရည်ရှိသူသုံးရာတစ်ဆယ့်ရှစ် ယောက်တို့ကိုစုရုံးပြီးလျှင် ဘုရင်လေးပါး နောက်သို့ဒန်မြို့တိုင်အောင်လိုက်လေ၏။-
15 Wakati wa usiku Abramu aliwagawa watu wake katika vikosi ili awashambulie, na akawafuatilia, akawafukuza hadi Hoba, kaskazini ya Dameski.
၁၅ထိုအရပ်တွင်သူ၏လူများကိုနှစ်စုခွဲလျက် ညအချိန်၌ ရန်သူအားတိုက်ခိုက်၍အောင်မြင် လေသည်။ ထိုနောက်သူသည်ရန်သူကို ဒမာသက် မြို့မြောက်ဘက်ဟောဘမြို့တိုင်အောင်လိုက်လံ တိုက်ခိုက်၍၊-
16 Akarudisha mali zote, na akamrudisha Loti jamaa yake na mali zake, pamoja na wanawake na watu wengine.
၁၆သိမ်းယူသွားသောပစ္စည်းအားလုံးကိုပြန်လည် ရရှိလေသည်။ တူလောတနှင့်သူ၏ပစ္စည်းများ ကိုလည်းကောင်း၊ အမျိုးသမီးများနှင့်အခြား အဖမ်းခံရသူများကိုလည်းကောင်း ပြန်လည် ခေါ်ဆောင်ခဲ့လေသည်။
17 Abramu aliporudi baada ya kumshinda Mfalme Kedorlaoma na wale wafalme waliojiunga naye, mfalme wa Sodoma akatoka kwenda kumlaki katika Bonde la Shawe (yaani Bonde la Mfalme).
၁၇အာဗြံသည်ခေဒေါရလောမာဘုရင်နှင့် အခြား အပေါင်းပါဘုရင်တို့ကိုတိုက်ခိုက်အောင်မြင်၍ ပြန်လာသောအခါ သောဒုံဘုရင်သည်ခရီးဦး ကြိုဆိုရန်ရှာဝေချိုင့်ဝှမ်း(ဘုရင့်ချိုင့်ဝှမ်းဟု လည်းခေါ်တွင်၏) သို့သွားရောက်လေ၏။-
18 Ndipo Melkizedeki mfalme wa Salemu alipoleta mkate na divai. Alikuwa kuhani wa Mungu Aliye Juu Sana.
၁၈အမြင့်ဆုံးသောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဖြစ်၍ ရှာလင်ဘုရင်လည်းဖြစ်သောမေလခိ ဇေဒက်သည် အာဗြံထံသို့မုန့်နှင့်စပျစ်ရည်ကို ယူခဲ့ပြီးလျှင်၊-
19 Naye akambariki Abramu, akisema, “Abarikiwe Abramu na Mungu Aliye Juu Sana, Muumba wa mbingu na nchi.
၁၉သူ့အားကောင်းချီးပေးလျက်``ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။-
20 Abarikiwe Mungu Aliye Juu Sana, ambaye amewaweka adui zako mkononi mwako.” Ndipo Abramu akampa Melkizedeki sehemu ya kumi ya kila kitu.
၂၀သင်၏ရန်သူများကိုအောင်စေသည့်အမြင့်ဆုံး သောထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုမြွက်ဆိုလေ၏။ အာဗြံကလည်းမိမိသိမ်းယူခဲ့သောပစ္စည်း အားလုံးမှဆယ်ပုံတစ်ပုံကို ယဇ်ပုရောဟိတ် မင်းအားပေးလှူလိုက်လေ၏။
21 Mfalme wa Sodoma akamwambia Abramu, “Nipe hao watu na hizo mali uchukue wewe mwenyewe.”
၂၁သောဒုံဘုရင်က``ကိုယ်တော်သိမ်းယူခဲ့သမျှ သောပစ္စည်းများကိုအပိုင်ယူပါ။ ကျွန်ုပ်၏လူ တို့ကိုသာပြန်ပေးပါ'' ဟုအာဗြံအားဆို၏။
22 Lakini Abramu akamwambia mfalme wa Sodoma, “Nimeinua mkono wangu kwa Bwana, Mungu Aliye Juu Sana, Muumba wa mbingu na dunia, na nimeapa
၂၂ထိုအခါအာဗြံက``သင်၏ဥစ္စာဟူ၍အပ်ချည် တစ်မျှင်၊ ခြေနင်းကြိုးတစ်စကိုမျှငါမယူလို။ သို့မှသာလျှင်အာဗြံအားကြွယ်ဝချမ်းသာစေ သောသူကား ငါပင်ဖြစ်၏ဟုသင်မဆိုနိုင်။ ငါ့ အတွက်မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှ မယူ။ ငါ၏လူများသုံးစွဲပြီးသမျှတို့ကို သာ ငါယူသည်ဟုထင်မှတ်ပါလော့။ သို့ရာတွင် ငါ၏မဟာမိတ်များဖြစ်ကြသောအာနေရ၊ ဧရှကောလနှင့်မံရေတို့ကိုမူကားသူတို့ ၏ဝေစုကိုခွဲယူကြပါစေ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူသော အမြင့်ဆုံး သောထာဝရအရှင်ဘုရားသခင်ကိုတိုင် တည်၍ ငါမြွက်ဆိုပါသည်'' ဟုဖြေကြား လေ၏။
23 kwamba sitapokea kitu chochote kilicho chako, hata kama ni uzi au gidamu ya kiatu, ili kamwe usije ukasema, ‘Nimemtajirisha Abramu.’
၂၃
24 Sitapokea chochote, ila kile tu watu wangu walichokula na sehemu ambayo ni fungu la watu waliokwenda pamoja nami, ambao ni Aneri, Eshkoli na Mamre. Wao na wapewe fungu lao.”
၂၄