< Wagalatia 5 >

1 Kristo alitupa uhuru, akataka tubaki huru. Hivyo simameni imara wala msikubali tena kulemewa na kongwa la utumwa.
ထိုကြောင့် ခရစ်တော် သည် ငါ တို့ကို လွှတ် တော်မူသောလွှတ် ခြင်းအခွင့်၌တည်နေ သဖြင့် ၊ ကျွန်ခံရာ ထမ်းဘိုး ကိုထမ်း၍ ချည်နှောင် ခြင်းကို တဖန် မ ခံကြနှင့်။
2 Sikilizeni! Mimi, Paulo, nawaambieni kwamba kama mkikubali kutahiriwa, basi Kristo hatawafaidia chochote.
ငါ ပေါလု ဆို သည်ကား၊ သင် တို့သည် အရေဖျားလှီး ခြင်းကိုခံလျှင် ၊ ခရစ်တော် အားဖြင့် အဘယ် အကျိုး ကိုမျှမရနိုင်ကြ။
3 Namshuhudia tena kila mtu anayekubali kutahiriwa kwamba inampasa kushika sheria yote.
အရေဖျားလှီး ခြင်းကို ခံသောလူ အပေါင်း တို့အား ငါတဖန် သက်သေခံ သည်ကား ၊ ထိုသို့သောသူသည် ပညတ် တရားကို အကြွင်းမဲ့ ကျင့် အံ့သောငှါ ကြွေးတင် သောသူဖြစ် ၏။
4 Ninyi mnaotafuta kuhesabiwa haki kwa njia ya sheria mmetengwa na Kristo, mko mbali na neema ya Mungu.
ပညတ် တရားအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သမျှသောသင်တို့သည် ခရစ်တော် နှင့် ကွာ ၍ ကျေးဇူး တရား၌မတည်၊ ရွေ့လျော့ ကြပြီ။
5 Kwa maana, kwa njia ya Roho kwa imani, tunangojea kwa shauku tumaini la haki.
ငါ တို့မူကား ၊ ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ရောက်မည်ဟု မြော်လင့် သောကျေးဇူးတော်ကို ဝိညာဉ် တော်အားဖြင့်ငံ့လင့် ၍နေကြ၏။
6 Kwa maana ndani ya Kristo Yesu, kutahiriwa au kutokutahiriwa hakuleti tofauti, bali lililo muhimu ni imani itendayo kazi kwa njia ya upendo.
ယေရှု ခရစ်တော် ၌ အရေဖျားလှီး ခြင်းအကျိုးမ ရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာ အားဖြင့် ပြုပြင် တတ်သော ယုံကြည် ခြင်းသာ အကျိုးရှိ၏။
7 Mlikuwa mkipiga mbio vizuri. Ni nani aliyewazuia msiitii kweli?
အထက်ကသင် တို့သည် ကောင်းမွန် စွာ ပြေး ကြ၏။ သို့ဖြစ်၍သမ္မာတရား ကို နား မ ထောင်စေခြင်းငှါအဘယ်သူ ဆီးတား သနည်း။
8 Ushawishi wa namna hiyo haukutokana na yule anayewaita.
ယခုယူသောအယူကား၊ သင် တို့ကို ခေါ် တော်မူသောသူ ၏ ဩဝါဒကိုအမှီပြု၍ ယူသောအယူမ ဟုတ်။
9 “Chachu kidogo huchachua donge zima.”
အနည်းငယ် သောတဆေး သည် မုန့်စိမ်းတပုံ လုံး ကို ဖေါင်းကြွ စေတတ်၏။
10 Nina hakika katika Bwana kwamba hamtakuwa na msimamo mwingine. Mtu anayewachanganya anastahili adhabu, hata awe nani.
၁၀သင် တို့သည် ကွဲပြားသောအယူ ရှိသမျှကို ပယ် လိမ့်မည်ဟု သခင် ဘုရားကို ငါ အမှီပြု ၍ စိတ် စွဲလမ်းခြင်းရှိ၏။ သင် တို့ကို နှောက်ယှက် သော သူ မည်သည်ကား၊ မိမိ အပြစ် ဒဏ်ကိုခံရ လိမ့်မည်။
11 Lakini ndugu zangu, kama mimi bado ninahubiri kuhusu kutahiriwa, kwa nini bado ninateswa? Katika hiyo hali basi, kwazo la msalaba limeondolewa.
၁၁တဖန်တုံ ၊ ညီအစ်ကို တို့၊ ငါသည် အရေဖျားလှီး ခြင်းတရားကို ဟောပြော သေး သည်မှန်လျှင် ၊ အဘယ်ကြောင့် ညှဉ်းဆဲ ခြင်းကို ခံရသေး သနည်း။ ထိုသို့ပြောလျှင်၊ လက်ဝါးကပ်တိုင် တော်ကို ထိမိ ၍လဲစရာအကြောင်း ပယ်ရှင်း လျက်ရှိ၏။
12 Laiti hao wanaowavuruga wangejihasi wao wenyewe!
၁၂သင် တို့ကို မှောက်မှား စေသောသူ တို့ကို ပယ်ရှား နှင်ထုတ်စေခြင်းငှါငါအလိုရှိ ၏။
13 Ndugu zangu, ninyi mliitwa ili mwe huru, hivyo msitumie uhuru wenu kama fursa ya kufuata tamaa za mwili, bali tumikianeni ninyi kwa ninyi kwa upendo.
၁၃ညီအစ်ကို တို့၊ သင် တို့သည်လွှတ် ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်းဇာတိ ပကတိအား အခွင့် ကိုပေး၍၊ ထိုလွှတ် ခြင်းကို မ သုံးကြနှင့်။ အချင်းချင်း ချစ် ၍ အမှု ချင်းကို ဆောင်ရွက်ကြလော့။
14 Kwa maana sheria yote hukamilika katika amri moja: “Mpende jirani yako kama nafsi yako.”
၁၄အကြောင်းမူကား ၊ ကိုယ် နှင့်စပ်ဆိုင်သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသော ပညတ်တပါးကို ကျင့် လျှင်၊ ပညတ် တရားရှိသမျှ ကို အကြွင်းမဲ့ ကျင့်ရာ ရောက်၏။
15 Kama mkiumana na kutafunana, angalieni, msije mkaangamizana.
၁၅သို့မဟုတ်အချင်းချင်း ကိုက် စား လျှင် အချင်းချင်း ဖျက်ဆီး မည်ဟု စိုးရိမ်၍သတိ ရှိကြလော့။
16 Kwa hiyo nasema, enendeni kwa Roho, wala hamtazitimiza kamwe tamaa za mwili.
၁၆ငါပညတ် သည်ကား၊ ဝိညာဉ် ပကတိအတိုင်း ကျင့် ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိ ပကတိ၏အလို သို့ မ လိုက် ဘဲနေကြလိမ့်မည်။
17 Kwa maana mwili hutamani yale yaliyo kinyume na Roho, naye Roho hutamani yale yaliyo kinyume na mwili. Roho na mwili hupingana na kwa sababu hiyo hamwezi kufanya mnayotaka.
၁၇အကြောင်းမူကား ၊ ဇာတိ ပကတိနှင့် ဝိညာဉ် ပကတိသည် တပါးနှင့်တပါးဆန့်ကျင် သော အလိုရှိ ကြ၏။ တပါး နှင့်တပါး ဆန့်ကျင်ဘက် ဖြစ်၍၊ သင်တို့သည် ကျင့်ချင် သော အကျင့် ကို မ ကျင့် နိုင်ကြ။
18 Lakini kama mkiongozwa na Roho, hamko chini ya sheria.
၁၈သို့သော် ဝိညာဉ် ပကတိအလိုသို့ လိုက် လျှင် ပညတ် တရားနှင့် လွတ် ကြ၏။
19 Basi matendo ya mwili ni dhahiri nayo ni haya: Uasherati, uchafu, ufisadi,
၁၉ဇာတိ ပကတိအကျင့် တို့သည်ထင်ရှား ကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့ မယားကိုပြစ်မှားခြင်း၊ မတရား သောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူး စွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊
20 kuabudu sanamu, uchawi, uadui, ugomvi, wivu, hasira, fitina, faraka, uzushi,
၂၀ရုပ်တု ကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစား ခြင်း၊ ရန်ငြိုး ဖွဲ့ခြင်း၊ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင် ခြင်း၊ အမျက်ထွက် ခြင်း၊ ငြင်းခုန် ခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲ ခြင်း၊
21 husuda, ulevi, ulafi na mambo mengine yanayofanana na hayo. Nawaonya, kama nilivyokwisha kuwaonya kabla, kwamba watu watendao mambo kama hayo, hawataurithi Ufalme wa Mungu.
၂၁သူ့ အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုး ကို သောက်ကြူးခြင်း၊ ပွဲ လုပ်ခြင်းမှစ၍ထိုသို့သောအကျင့် ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့် သောသူ တို့သည် ဘုရားသခင် ၏နိုင်ငံ တော်ကို အမွေ မ ခံကြရဟု အထက်ကငါပြော နှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြော နှင့်၏။
22 Lakini tunda la Roho ni upendo, furaha, amani, uvumilivu, utu wema, fadhili, uaminifu,
၂၂ဝိညာဉ် ပကတိ၏အကျိုး မူကား ၊ ချစ် ခြင်း၊ ဝမ်းမြောက် ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့် ခြင်း၊
23 upole na kiasi. Katika mambo kama haya hakuna sheria.
၂၃နူးညံ့ သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့် ကို အဘယ်တရား မျှ မ မြစ်တား ။
24 Wote walio wa Kristo Yesu wameusulubisha mwili na shauku zake pamoja na tamaa zake.
၂၄ခရစ်တော် နှင့်စပ်ဆိုင်သောသူ တို့သည် ဇာတိ ပကတိကို၎င်း၊ ဇာတိ ပကတိစိတ်များနှင့် အလိုဆန္ဒ များ ကို၎င်း၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြပြီ။
25 Kwa kuwa tunaishi kwa Roho, basi, tuenende kwa Roho.
၂၅သို့ဖြစ်၍ငါတို့သည်ဝိညာဉ် ပကတိကြောင့် အသက် ရှင်လျှင် ၊ ဝိညာဉ် ပကတိအတိုင်းကျင့် ကြကုန်အံ့။
26 Tusijisifu bure, tukichokozana na kuoneana wivu.
၂၆အချည်းနှီး သော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်း ချုပ်ချယ် နှောင့်ရှက်ခြင်း၊ အချင်းချင်း ငြူစူ ခြင်းတို့ကို ရှောင် ၍နေ ကြကုန်အံ့။

< Wagalatia 5 >