< Ezekieli 48 >

1 “Haya ndiyo majina ya makabila na sehemu zao: Kwenye mpaka wa kaskazini, Dani atakuwa na sehemu moja, mpaka huo utafuata barabara ya Hethloni hadi Lebo-Hamathi, Hasar-Enani hata mpaka wa kaskazini wa Dameski karibu na Hamathi utakuwa sehemu ya huo mpaka wake kuanzia upande wa mashariki hadi upande wa magharibi.
ဣသရေလအမျိုးခရိုင်စု အမည် ကား၊ မြောက် ဘက်၌ ဟေသလုန် လမ်း နှင့် ဟာမတ် လမ်းနား ၊ ဟာဇရေနန် မြို့ပါလျက် ဒမာသက် မြို့နယ် မြောက် ၊ ဟာမတ် မြို့နယ်တိုင်အောင် ၎င်း ၊ အရှေ့ ဘက် မှသည် ပင်လယ် တိုင်အောင်၎င်း ဒန် ခရိုင်ရှိ ရမည်။
2 “Asheri atakuwa na sehemu moja, itapakana na nchi ya Dani kuanzia mashariki hadi upande wa magharibi.
ဒန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် အာရှာ ခရိုင်ရှိရမည်။
3 “Naftali atakuwa na sehemu moja, itapakana na nchi ya Asheri kuanzia mashariki hadi magharibi.
အာရှာ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် နဿလိ ခရိုင်ရှိရမည်။
4 “Manase atakuwa na sehemu moja, itapakana na nchi ya Naftali kuanzia mashariki hadi magharibi.
နဿလိ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် မနာရှေ ခရိုင်ရှိရမည်။
5 “Efraimu atakuwa na sehemu moja, itapakana na nchi ya Manase kuanzia mashariki hadi magharibi.
မနာရှေ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဧဖရိမ် ခရိုင်ရှိရမည်။
6 “Reubeni atakuwa na sehemu moja, itapakana na nchi ya Efraimu kuanzia mashariki hadi magharibi.
ဧဖရိမ် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ရုဗင် ခရိုင်ရှိရမည်။
7 “Yuda atakuwa na sehemu moja, itapakana na nchi ya Reubeni kuanzia mashariki hadi magharibi.
ရုဗင် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ယုဒ ခရိုင်ရှိရမည်။
8 “Kupakana na nchi ya Yuda kuanzia mashariki mpaka magharibi itakuwa ndiyo sehemu utakayoitoa ili kuwa toleo maalum. Itakuwa na upana wa dhiraa 25,000 na urefu wake kuanzia mashariki mpaka magharibi utakuwa ule ule wa sehemu moja ya kabila, mahali patakatifu patakuwa katikati ya eneo hilo.
ယုဒ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် သင်တို့ပူဇော် ရသော မြေကွက် ရှိ ရမည်။ ထိုမြေအနံ ကား၊ ကျူလုံးအပြန်နှစ်သောင်း ငါးထောင်၊ အလျား ကား၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေ အတွင်း ၌ သန့်ရှင်း ရာဌာန ရှိ ရမည်။
9 “Hiyo sehemu maalum mtakayotoa kwa Bwana itakuwa na urefu wa dhiraa 25,000 na upana wa dhiraa 10,000
ထာဝရဘုရား အား ပူဇော် ရသော မြေကွက် မူကား၊ အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။
10 Hii itakuwa ni sehemu takatifu kwa ajili ya makuhani. Itakuwa na urefu wa dhiraa 25,000 upande wa kaskazini, upana wa dhiraa 10,000 upande wa magharibi, dhiraa 10,000 upande wa mashariki na urefu wa dhiraa 25,000 upande wa kusini. Katikati yake patakuwa mahali patakatifu pa Bwana.
၁၀ထိုသန့်ရှင်း သော ပူဇော်သက္ကာ သည် ယဇ်ပုရောဟိတ် ဘို့ ဖြစ် ၍၊ မြောက် ဘက်၌ နှစ်သောင်း ငါးထောင်၊ အနောက် ဘက်၌ အနံ တသောင်း ၊ အရှေ့ ဘက်၌ အနံ တသောင်း ၊ တောင် ဘက်၌ အလျား နှစ်သောင်း ငါးထောင်ကျယ်၍ ၊ ထာဝရဘုရား ၏သန့်ရှင်း ရာဌာနသည် ထိုအကွက် အလယ် ၌ ရှိ ရမည်။
11 Hii itakuwa kwa ajili ya makuhani waliowekwa wakfu, Wasadoki, waliokuwa waaminifu katika kunitumikia nao hawakupotoka kama Walawi walivyofanya wakati Waisraeli walipopotoka.
၁၁ဣသရေလ အမျိုးသား တို့သည် လမ်းလွှဲ သောအခါ လေဝိ လူကဲ့သို့ လမ်း မ လွှဲ။ ငါ့ အမှု ကို အစဉ်ဆောင် ၍ သန့်ရှင်း သော ဇာဒုတ် သား ယဇ်ပုရောဟိတ် တို့အဘို့ ဖြစ်ရမည်။
12 Itakuwa toleo maalum kwao kutoka sehemu takatifu ya nchi, yaani, sehemu takatifu sana, inayopakana na nchi ya Walawi.
၁၂လေဝိ လူနေရာ မြေ အနား မှာ ထိုသို့ပူဇော် သော မြေ သည် ယဇ်ပုရောဟိတ် တို့အဘို့ အလွန် သန့်ရှင်းသော မြေဖြစ် ရမည်။
13 “Kando ya nchi ya makuhani, Walawi watakuwa na mgawo wa urefu wa dhiraa 25,000 na upana wa dhiraa 10,000. Urefu wake utakuwa jumla dhiraa 25,000 na upana wa dhiraa 10,000.
၁၃ယဇ်ပုရောဟိတ် မြေ အနား မှာ လေဝိ လူနေရာ မြေကွက်သည် အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။
14 Hawataruhusiwa kuuza wala kuibadilisha hata mojawapo. Hii ndiyo sehemu nzuri ya nchi kuliko nyingine zote, hivyo haitakuwa mikononi mwa watu wengine, kwa sababu ni takatifu kwa Bwana.
၁၄ထိုမြေ သည် ထာဝရဘုရား အဘို့ သန့်ရှင်း သောကြောင့် ၊ လေဝိလူတို့သည် မြေကို မ ရောင်း ရ။ အဦး သီးသော အသီးကို အခြားသော ဥစ္စာနှင့်မ ဖယ်လှယ် ရ။ အဘိုးနှင့်မရောင်းရ။
15 “Eneo linalobaki lenye upana wa dhiraa 5,000 na urefu wa dhiraa 25,000, litakuwa kwa ajili ya matumizi ya kawaida ya mji, kwa ajili ya ujenzi wa nyumba na malisho. Mji utakuwa katikati yake
၁၅နှစ်သောင်း ငါးထောင်အနား မှာ ကြွင်း သေး သော မြေငါး ထောင် သည် လူနေရာ မြို့ နှင့် မြို့နယ် တည် စရာဘို့ဖြစ်၍၊ ထိုမြေ အလယ် ၌ မြို့ တည် ရမည်။
16 nao utakuwa na vipimo hivi: upande wa kaskazini dhiraa 4,500, upande wa kusini dhiraa 4,500, upande wa mashariki dhiraa 4,500 na upande wa magharibi dhiraa 4,500.
၁၆မြို့ အတိုင်း အရှည်ကား၊ မြောက် ဘက် ၌ လေး ထောင် ငါး ရာ ၊ တောင် ဘက် ၌လေး ထောင် ငါး ရာ ၊ အရှေ့ ဘက် ၌ လေး ထောင် ငါး ရာ ၊ အနောက် ဘက် ၌ လေး ထောင် ငါး ရာ ရှိရမည်။
17 Sehemu ya malisho kwa ajili ya mji itakuwa na eneo la dhiraa 250 upande wa kaskazini, dhiraa 250 upande wa kusini, dhiraa 250 upande wa mashariki na dhiraa 250 upande wa magharibi.
၁၇မြို့နယ် ကား၊ မြောက် ဘက်၌ နှစ်ရာ ငါးဆယ် ၊ တောင် ဘက်၌ နှစ်ရာ ငါးဆယ် ၊ အရှေ့ ဘက်၌ နှစ်ရာ ငါးဆယ် ၊ အနောက် ဘက်၌ နှစ်ရာ ငါးဆယ် ရှိ ရမည်။
18 Eneo linalobaki, linalopakana na sehemu takatifu likiwa na urefu sawa nalo, litakuwa dhiraa 10,000 upande wa mashariki na dhiraa 10,000 upande wa magharibi. Mazao yake yatawapa watumishi wa mji chakula.
၁၈သန့်ရှင်း သော မြေ အနား မှာ အလျား ၌ ကြွင်း သေးသော အရှေ့ ဘက်၌ တသောင်း ၊ အနောက် ဘက်၌ တသောင်း ကျယ်သော မြေ၌ဖြစ်သော အသီးအနှံ သည်၊ မြို့ အမှု ကို စောင့်သောသူတို့ စားစရာ ဘို့ ဖြစ် ရမည်။
19 Watumishi wa mji wanaolima shamba hili watatoka katika makabila yote ya Israeli.
၁၉မြို့ အမှု စောင့်တို့ကို ဣသရေလ အမျိုး အပေါင်း ထဲက ရွေးကောက် ရမည်။
20 Eneo lote la hiyo sehemu litakuwa mraba, yaani, dhiraa 25,000 kila upande. Kama toleo maalum mtatenga sehemu takatifu, pamoja na milki ya mji.
၂၀ပူဇော်သော မြေကွက် ပေါင်း ကား၊ အလျား နှစ်သောင်း ငါးထောင်၊ အနံနှစ်သောင်း ငါးထောင်ကျယ်၍၊ မြို့နယ် ပါလျက် သန့်ရှင်း သော ထိုစတုရန်း မြေ ကို ပူဇော် ရမည်။
21 “Eneo linalobaki pande zote za eneo linalofanya sehemu takatifu na milki ya mji litakuwa mali ya mkuu atawalaye. Eneo hili litaenea upande wa mashariki kuanzia kwenye dhiraa 25,000 za sehemu takatifu hadi mpaka wa mashariki na kuelekea upande wa magharibi kuanzia kwenye dhiraa 25,000 hadi mpaka wa magharibi. Maeneo yote haya mawili yanayoenda sambamba na urefu wa sehemu za makabila yatakuwa ya mkuu anayetawala, na sehemu ile takatifu pamoja na mahali patakatifu pa Hekalu itakuwa katikati yake.
၂၁ထိုသန့်ရှင်း သော ပူဇော်သက္ကာ မြေနှင့် မြို့နယ် နှစ်ဘက်၌ ကြွင်း ၍၊ အရှေ့ ဘက်၌ နှစ်သောင်း ငါးထောင်၊ အနောက် ဘက်၌ နှစ်သောင်း ငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသား အဘို့ ဖြစ်ရမည်။ သန့်ရှင်း သော ပူဇော်သက္ကာ မြေနှင့် အိမ် တော်၏ သန့်ရှင်း ရာဌာနသည်ထိုနှစ်ကွက်စပ်ကြား မှာ နေရာ ကျရမည်။
22 Kwa hiyo milki ya Walawi na milki ya mji vitakuwa katikati ya eneo lile ambalo ni mali ya mkuu anayetawala. Eneo la mkuu anayetawala litakuwa kati ya mpaka wa Yuda na mpaka wa Benyamini.
၂၂ထိုသို့စပ်ကြားမှာကျသော လေဝိ လူနေရာ အပိုင်းအခြား၊ မြို့နယ် အပိုင်းအခြား ၊ ပြင်ဘက်နှစ်ဘက်၊ ယုဒ ခရိုင် ၊ ဗင်္ယာမိန် ခရိုင် စပ်ကြား မှာ ကျသောမြေရှိသမျှ သည် မင်းသား အဘို့ ဖြစ် ရမည်။
23 “Kuhusu makabila yaliyobaki: Benyamini atakuwa na sehemu moja, itakayoanzia upande wa mashariki hadi upande wa magharibi.
၂၃ကြွင်း သော ဣသရေလခရိုင် ဟူမူကား၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဗင်္ယာမိန် ခရိုင် ရှိရမည်။
24 “Simeoni atakuwa na sehemu moja, itakayopakana na nchi ya Benyamini kuanzia mashariki hadi magharibi.
၂၄ဗင်္ယာမိန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ရှိမောင် ခရိုင်ရှိရမည်။
25 “Isakari atakuwa na sehemu moja, itakayopakana na nchi ya Simeoni kuanzia mashariki hadi magharibi.
၂၅ရှိမောင် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဣသခါ ခရိုင်ရှိရမည်။
26 “Zabuloni atakuwa na sehemu moja, itakayopakana na nchi ya Isakari kuanzia mashariki hadi magharibi.
၂၆ဣသခါ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဇာဗုလုန် ခရိုင်ရှိရမည်။
27 “Gadi atakuwa na sehemu moja, itakayopakana na nchi ya Zabuloni kuanzia mashariki hadi magharibi.
၂၇ဇာဗုလုန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဂဒ် ခရိုင်ရှိရမည်။
28 “Mpaka wa kusini wa Gadi utapita kusini kuanzia Tamari hadi maji ya Meriba-Kadeshi, kisha kupitia upande wa Kijito cha Misri hadi Bahari Kuu.
၂၈ဂဒ် ခရိုင် တောင် ဘက် အပိုင်းအခြား သည် တာမာ မြို့မှစ၍ ကာဒေရှ မြို့၊ မေရိဘ ရေ တိုင်အောင်၎င်း ၊ မဟာ ပင်လယ် ထဲသို့ ဝင်သော မြစ် တိုင်အောင်၎င်း ရှောက်သွား ရမည်။
29 “Hii ndiyo nchi mtakayogawanya kuwa urithi kwa makabila ya Israeli, nazo zitakuwa sehemu zao,” asema Bwana Mwenyezi.
၂၉ဤရွေ့ကား ၊ ဣသရေလ အမျိုးအနွယ် တို့ အမွေခံ စရာဘို့ စာရေးတံချ ၍ ဝေရသောမြေ ၊ ဤရွေ့ကား ၊ သူ တို့ ပိုင်းခြား ၍ နေရသော ခရိုင်အသီးအသီးဖြစ်သတည်းဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
30 “Haya yatakuwa ndiyo malango ya mji ya kutokea: Kuanzia upande wa kaskazini, ambayo urefu wake ni dhiraa 4,500, utakuwa na malango matatu,
၃၀မြို့ မှထွက် ရာတံခါးများဟူမူကား၊ မြို့မြောက် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊
31 malango hayo ya mji yatapewa majina ya makabila ya Israeli. Malango hayo matatu ya upande wa kaskazini moja litakuwa lango la Reubeni, lango la Yuda na lango la Lawi.
၃၁မြို့ တံခါး တို့သည် ဣသရေလ အမျိုးအနွယ် တို့ အမည် ကို ဆောင်လျက်၊ မြောက် ဘက်၌ ရုဗင် တံခါး ၊ ယုဒ တံခါး ၊ လေဝိ တံခါး တည်းဟူသောတံခါး သုံး ပေါက် ရှိရမည်။
32 “Upande wa mashariki, wenye urefu wa dhiraa 4,500, utakuwa na malango matatu: lango la Yosefu, lango la Benyamini na lango la Dani.
၃၂မြို့အရှေ့ ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ယောသပ် တံခါး ၊ ဗင်္ယာမိန် တံခါး ၊ ဒန် တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။
33 “Upande wa kusini, wenye urefu wa dhiraa 4,500, utakuwa na malango matatu: lango la Simeoni, lango la Isakari na lango la Zabuloni.
၃၃မြို့တောင် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ရှိမောင် တံခါး ၊ ဣသခါ တံခါး ၊ ဇာဗုလုန် တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။
34 “Upande wa magharibi, wenye urefu wa dhiraa 4,500, utakuwa na malango matatu: lango la Gadi, lango la Asheri na lango la Naftali.
၃၄မြို့အနောက် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ဂဒ် တံခါး ၊ အာရှာ တံခါး ၊ နဿလိ တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။
35 “Urefu wote kuzunguka utakuwa dhiraa 18,000. “Nalo jina la mji huo kuanzia wakati huo na kuendelea litakuwa: Bwana yupo hapa.”
၃၅ထိုသို့ မြို့ပတ်လည် အတိုင်းအရှည်ကား၊ တသောင်း ရှစ်ထောင်ရှိရလိမ့်မည်။ တည်သောနေ့ မှစ၍ ထိုမြို့ ကို ယေဟောဝါရှမ္မအမည် ဖြင့် ခေါ်တွင်ရလိမ့် သတည်း။

< Ezekieli 48 >