< Ezekieli 33 >

1 Neno la Bwana likanijia kusema:
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 “Mwanadamu, sema na watu wako uwaambie, ‘Nitakapoleta upanga dhidi ya nchi, nao watu wa nchi wakamchagua mmoja wa watu wao na kumfanya awe mlinzi wao,
အချင်းလူသား ၊ သင် ၏ အမျိုးသား ချင်းတို့ အား ဟောပြော ၍ ဆင့်ဆို ရမည်မှာ၊ ငါသည် တစုံတခုသောပြည် သို့ ထား ဘေးရောက် စေသောအခါ ၊ ပြည်သား တို့သည် ပြည်သားတယောက် ကို ယူ ၍ ကင်းစောင့် ထား ပြီးမှ ၊
3 naye auonapo upanga unakuja dhidi ya nchi na kupiga tarumbeta kuonya watu,
ထိုသူသည် ထား ဘေးရောက် သည်ကို မြင် လျက် တံပိုး မှုတ် ၍ သတိပေး သော်လည်း ၊
4 kama mtu yeyote asikiapo sauti ya tarumbeta hakukubali kuonywa, basi upanga ujapo na kuutoa uhai wake, damu yake itakuwa juu ya kichwa chake mwenyewe.
တစုံတယောက်သောသူသည် တံပိုး မှုတ်သံ ကို ကြား လျက်နှင့် အမှု မ ထား၊ ထား ဘေးရောက် ၍ သူ၏ အသက် ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရ မည်။
5 Kwa kuwa alisikia sauti ya tarumbeta lakini hakukubali maonyo, damu yake itakuwa juu ya kichwa chake mwenyewe. Kama angekubali maonyo, angelijiokoa mwenyewe.
တံပိုး မှုတ်သံ ကိုကြား ၍ အမှု မ ထားသောကြောင့် ၊ ကိုယ်အသက် ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရ မည်။ အမှု ထားသောသူမူကား၊ ကိုယ် အသက် ကို ကယ်တင် လိမ့်မည်။
6 Lakini kama mlinzi akiona upanga unakuja na asipige tarumbeta kuonya watu na upanga ukija na kutoa uhai wa mmoja wao, yule mtu ataondolewa kwa sababu ya dhambi yake, lakini damu yake nitaitaka mkononi mwa mlinzi huyo.’
သို့မဟုတ် ကင်းစောင့် ထားသောသူသည် ထား ဘေး ရောက် ကြောင်းကိုမြင် လျက် တံပိုး မ မှုတ် ၊ ပြည်သား တို့ အား သတိ မ ပေးသောကြောင့် ထား ဘေးရောက် ၍ တစုံတယောက်သောသူ အသက် ဆုံး လျှင်၊ ထိုသူသည် မိမိ အပြစ် ကြောင့် အသက် ဆုံးသော်လည်း ၊ သူ ၏အသက် ကို ကင်းစောင့် သောသူ၌ ငါတောင်း မည်။
7 “Mwanadamu, nimekufanya wewe kuwa mlinzi kwa ajili ya nyumba ya Israeli, kwa hiyo sikia neno nisemalo na uwape maonyo kutoka kwangu.
ထိုအတူ ၊ အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး ၌ ကင်းစောင့် စေခြင်းငှါငါခန့်ထား သောကြောင့် ၊ သင်သည်ငါ ၏ နှုတ် ထွက်စကား ကို နားခံ ၍ သူ တို့ကို သတိပေး ရမည်။
8 Nimwambiapo mtu mwovu, ‘Ewe mtu mwovu, hakika utakufa,’ nawe hukusema neno la kumwonya ili atoke katika njia zake, yule mtu mwovu atakufa kwa ajili ya dhambi yake, mimi nitaitaka damu yake mkononi mwako.
ငါ သည် လူဆိုး အား ၊ အိုလူဆိုး ၊ အကယ်စင်စစ်သင်သည် အသေ ခံရမည်ဟုဆို သောအခါ ဆိုး သောသူကို သူ ၏လမ်း မှ လွှဲစေခြင်းငှါသင်သည် သတိ မ ပေးလျှင် ၊ ထို လူဆိုး သည် မိမိ အပြစ် ကြောင့် အသက် ဆုံးလိမ့်မည်။ သို့ရာတွင် ၊ သူ ၏အသက် ကိုသင် ၌ ငါတောင်း မည်။
9 Lakini kama utamwonya huyo mtu mwovu aache njia zake mbaya naye hafanyi hivyo, atakufa kwa ajili ya dhambi yake, lakini utakuwa umejiokoa mwenyewe.
သို့မဟုတ် ၊ လူဆိုး ကိုသူ ၏ လမ်း မှ လွှဲ စေခြင်းငှါ သင် သည် သတိပေး ၍ သူသည်မ လွှဲ ဘဲနေလျှင်၊ မိမိ အပြစ် ကြောင့် အသက် ဆုံးသော်လည်း ၊ သင် သည် ကိုယ် အသက် ကို ကယ်တင် ပြီ။
10 “Mwanadamu, sema na nyumba ya Israeli uwaambie, ‘Hili ndilo mnalosema: “Makosa yetu na dhambi zetu zimetulemea, nasi tunadhoofika kwa sababu ya hayo. Tutawezaje basi kuishi?”’
၁၀သို့ဖြစ်၍ ၊ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့အား ဟောပြော ရမည်မှာ၊ ငါ တို့သည် ကိုယ်ပြုမိသော ဒုစရိုက် အပြစ် ကိုခံရသဖြင့် အားလျော့ သည်ဖြစ်၍ ၊ အဘယ်သို့ အသက်ရှင် နိုင်ပါမည်နည်းဟု သင်တို့ဆို ကြသော်၊
11 Waambie, ‘Hakika kama mimi niishivyo, asema Bwana Mwenyezi, sifurahii kifo cha watu waovu, bali kwamba wageuke kutoka njia zao mbaya wapate kuishi. Geukeni! Geukeni kutoka njia zenu mbaya! Kwa nini mkafe, ee nyumba ya Israeli?’
၁၁အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ ဆိုး သောသူသည် အသေခံ ခြင်းအမှုကို ငါနှစ်သက် သည်မ ဟုတ်။ ဆိုး သောသူသည် မိမိ ဆိုးသော လမ်း မှ လွှဲ ၍ အသက်ရှင် ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလ အမျိုးသား တို့၊ သင် တို့လိုက် သောလမ်း ဆိုး မှ လွှဲ ကြလော့။ လွှဲ ကြလော့။ အဘယ်ကြောင့် အသေခံ လိုကြသနည်း။
12 “Kwa hiyo, mwanadamu, waambie watu wako, ‘Haki ya mtu mwenye haki haitamwokoa wakati anapoacha kutii, wala uovu wa mtu mwovu hautamsababisha yeye kuanguka anapotubu na kuacha uovu. Mtu mwenye haki, kama akitenda dhambi, hataishi kwa sababu ya uadilifu wake wa awali.’
၁၂သို့ဖြစ်၍ ၊ အချင်းလူသား ၊ သင် ၏အမျိုးသား ချင်းတို့အား ဟောပြော ရမည်မှာ၊ ဖြောင့်မတ် သောသူသည် ဖေါက်ပြန် လျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုသည် သူ့ ကို ကယ်တင် ရမည်မ ဟုတ်။ ဆိုး သောသူသည် ဆိုး သောအမှုကိုရှောင် လျှင်၊ အရင်ဆိုး သောအမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်ရမည်မ ဟုတ်။ ဖြောင့်မတ် သောသူသည် ပြစ်မှား သောနေ့ ၌ အသက်ရှင် ရသောအခွင့် မ ရှိရ။
13 Kama nikimwambia mtu mwenye haki kwamba hakika utaishi, lakini akategemea hiyo haki yake na kutenda uovu, hakuna tendo lolote la haki alilotenda litakalokumbukwa, atakufa kwa ajili ya uovu alioutenda.
၁၃ဖြောင့်မတ် သောသူသည် စင်စစ်အသက်ရှင် ရ လိမ့်မည်ဟု ငါ ဆို သော်လည်း ၊ သူ သည် မိမိ ဖြောင့်မတ် ခြင်းကို ကိုးစား ၍ ဒုစရိုက် ကိုပြု မိလျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုတစုံတခု ကိုမျှ မအောက်မေ့ ရ။ ပြု မိသော ဒုစရိုက် ကြောင့် အသေ ခံရလိမ့်မည်။
14 Nami kama nikimwambia mtu mwovu, ‘Hakika utakufa,’ kisha akageuka kutoka dhambi yake na kufanya lile lililo haki na sawa,
၁၄တဖန် ဆိုး သောသူအား သင်သည် စင်စစ်အသေ ခံရလိမ့်မည်ဟု ငါ ဆို သော်လည်း ၊ ထိုသူသည် မိမိ ဒုစရိုက် ကို ရှောင် ၍ ၊ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု လျက်၊
15 kama akirudisha kile alichochukua rehani kwa ajili ya deni, akarudisha alichoiba na kufuata amri zile ziletazo uzima, wala hafanyi uovu, hakika ataishi, hatakufa.
၁၅ပေါင် ထားသောဥစ္စာကို မ သိုထား၊ လုယူ သော ဥစ္စာကို ပြန် ပေးလျက်၊ အဓမ္မ အမှုကို မ ပြု ဘဲအသက်ရှင် ရာပညတ် တရားလမ်းသို့လိုက် လျှင်၊ အသေ မ ခံရဘဲ စင်စစ်အသက်ရှင် ရလိမ့်မည်။
16 Hakuna dhambi yoyote aliyoitenda itakayokumbukwa juu yake. Ametenda lile lililo haki na sawa, hakika ataishi.
၁၆ပြု မိသော ဒုစရိုက် အပြစ်တစုံတခု ကိုမျှ သူ ၌ မတင် ။ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု သောကြောင့်စင်စစ်အသက်ရှင် ရလိမ့်မည်။
17 “Lakini watu wako wanasema, ‘Njia ya Bwana si sawa.’ Lakini ni njia zao ambazo si sawa.
၁၇သို့သော်လည်း ၊ သင် ၏အမျိုးသား ချင်းတို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်ဖြစ်၍ ၊ သူ တို့စီရင်ချက် မ ဖြောင့် ပါတကား။
18 Kama mtu mwenye haki akigeuka kutoka uadilifu wake na kufanya uovu, atakufa kwa ajili ya huo uovu.
၁၈ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်းကို စွန့် ၍ ဒုစရိုက် ကိုပြု မိလျှင် ၊ ထိုဒုစရိုက် အပြစ်ကြောင့် အသေ ခံရလိမ့်မည်။
19 Naye mtu mwovu kama akigeuka kutoka uovu wake na kufanya lile lililo haki na sawa, kwa kufanya hivyo ataishi.
၁၉ဆိုး သောသူမူကား၊ မိမိ ဒုစရိုက် ကိုရှောင် ၍ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု မိလျှင်၊ ထိုအမှု ကြောင့် အသက်ရှင် ရလိမ့်မည်။
20 Lakini, ee nyumba ya Israeli, unasema, ‘Njia ya Bwana si sawa.’ Lakini nitamhukumu kila mmoja wenu sawasawa na njia zake mwenyewe.”
၂၀သို့သော်လည်း ၊ သင်တို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုးသား တို့၊ သင် တို့အသီးသီး ပြု ကြသည်အတိုင်း ငါစီရင် မည်ဟုမိန့်တော်မူ၏။
21 Mwaka wa kumi na mbili wa uhamisho wetu, mwezi wa kumi, siku ya tano, mtu aliyekuwa ametoroka kutoka Yerusalemu akanijia na kusema, “Mji wa Yerusalemu umeanguka!”
၂၁သိမ်း သွားရာ သက္ကရာဇ် တဆယ် နှစ် ခု၊ ဒသမ လ ငါး ရက်နေ့တွင် ၊ ယေရုရှလင် မြို့မှ ပြေး ၍လွတ်သော သူတယောက်သည် ငါ့ ထံသို့ ရောက်လာ ၍၊ မြို့ ကိုလုပ်ကြံ ပြီ ဟု သိတင်း ကြားပြော၏။
22 Basi jioni kabla mtu huyo hajaja, mkono wa Bwana, ulikuwa juu yangu, naye alifungua kinywa changu kabla ya mtu yule aliyenijia asubuhi hajafika. Basi kinywa changu kilifunguliwa na sikuweza tena kunyamaza.
၂၂ထိုသူမ ရောက် မှီ ညဦး မှစ၍သူရောက်သော နံနက် အချိန်တိုင်အောင် ၊ ထာဝရဘုရား သည် လက် တော် ကို ငါ့ အပေါ်၌ တင် ၍ ငါ့ နှုတ် ကိုဖွင့် တော်မူသဖြင့် ၊ ငါသည် စကား မပြောဘဲနေရသော အချိန်လွန်၍ ဟောပြောရ၏။
23 Ndipo neno la Bwana likanijia kusema:
၂၃ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
24 “Mwanadamu, watu wanaoishi katika magofu hayo katika nchi ya Israeli wanasema hivi, ‘Abrahamu alikuwa mtu mmoja tu, hata hivyo akaimiliki nchi. Lakini sisi ni wengi, hakika tumepewa nchi kuwa milki yetu.’
၂၄အချင်းလူသား ၊ ပျက်စီး သော ဣသရေလ ပြည် ၌ နေ သေးသောသူတို့ က၊ အာဗြဟံ သည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည် ကို အမွေ ခံရ၏။ ငါ တို့မူကား အများ ဖြစ်ကြ၏။ ငါ တို့အမွေခံ စရာဘို့ ပေး တော်မူပြီဟု ဆို ကြသော်၊
25 Kwa hiyo waambie, ‘Hili ndilo Bwana Mwenyezi asemalo: Kwa kuwa mnakula nyama pamoja na damu na kuinulia sanamu zenu macho na kumwaga damu, je, mtaimiliki nchi?
၂၅သင်သည်အရှင် ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင်တို့သည် အသွေး နှင့်တကွအမဲသားကို စား လျက် ၊ ရုပ်တု တို့ကို ဖူးမြော် လျက်၊ လူအသက် ကိုလည်း သတ်လျက်နှင့်ပင်၊ ဤပြည် ကို ပိုင် ရကြမည်လော။
26 Mnategemea panga zenu, mnafanya mambo ya machukizo na kila mmoja wenu humtia unajisi mke wa jirani yake. Je, mtaimiliki nchi?’
၂၆ထား ကို ခိုလှုံ လျက်၊ စက်ဆုပ် ဘွယ်သော အမှုကို ပြု လျက် ၊ အိမ်နီးချင်း မယား ကို ပြစ်မှား လျက်နှင့်ပင်၊ ဤပြည် ကို ပိုင် ရကြမည်လော။
27 “Waambie hivi: ‘Hili ndilo Bwana Mwenyezi asemalo: Hakika kama niishivyo, wale waliobaki katika magofu wataanguka kwa upanga, wale walio nje mashambani nitawatoa wararuliwe na wanyama pori, nao wale walio katika ngome na kwenye mapango watakufa kwa tauni.
၂၇တဖန်အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ငါ အသက်ရှင် သည်အတိုင်း၊ ပျက်စီး သော အရပ်၌ နေသော သူတို့ သည် ထား ဖြင့် လဲ ၍ သေရ ကြလိမ့်မည်။ လွင်ပြင် ၌ ရှိသောသူတို့ ကို ငါသည်သားရဲ ၌ အပ် ၍ ကိုက်စား စေမည်။ ရဲတိုက် ဥမင် ၌ ရှိသော သူတို့ သည် ကာလနာ နှင့် သေ ရကြလိမ့်မည်။
28 Nitaifanya nchi kuwa ukiwa na utupu na kiburi cha nguvu zake zitafikia mwisho, nayo milima ya Israeli itakuwa ukiwa ili mtu yeyote asipite huko.
၂၈တပြည်လုံး ကို ငါသုတ်သင် ပယ်ရှင်းသဖြင့် ၊ သူ့ အစွမ်းသတ္တိ ၏ ဂုဏ် အသရေကုန် ၍၊ အဘယ်သူ မျှမရှောက် မသွားရအောင်၊ ဣသရေလ တောင် တို့သည် လူဆိတ်ညံ လျက် ရှိရကြလိမ့်မည်။
29 Kisha watajua kuwa Mimi ndimi Bwana, nitakapokuwa nimeifanya nchi kuwa ukiwa na utupu kwa sababu ya mambo yote ya machukizo waliyotenda.’
၂၉ပြည်သားတို့သည် ပြု မိသော စက်ဆုပ် ဘွယ် အမှုအလုံးစုံ တို့ကြောင့် ၊ ထိုပြည် ကို ငါ သုတ်သင် ပယ်ရှင်းသောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်။
30 “Kwa habari yako wewe, mwanadamu, watu wako wanaongea habari zako wakiwa karibu na kuta na kwenye milango ya nyumba, wakiambiana kila mmoja na mwenzake, ‘Njooni msikie ujumbe ule utokao kwa Bwana.’
၃၀ထိုမှတပါး ၊ အချင်းလူသား ၊ သင် ၏အမျိုးသား ချင်းတို့က၊ ငါတို့သွား ကြကုန်အံ့။ ထာဝရဘုရား သည် အဘယ်သို့ ဗျာဒိတ် ပေးတော်မူသည်ကို ကြား ကြကုန်အံ့ဟု၊ ထရံ နား ၊ အိမ် တံခါး နားမှာ သင့် ကိုရည်မှတ် ၍ တယောက် ကိုတယောက်ပြော တတ်ကြ၏။
31 Watu wangu wanakujia, kama wafanyavyo, nao wanaketi mbele yako kama watu wangu na kusikiliza maneno yako, lakini hawayatendi. Kwa maana udanganyifu u katika midomo yao, lakini mioyo yao ina tamaa ya faida isiyo halali.
၃၁ငါ၏လူ ကဲ့သို့ သင့် ထံသို့ လာ ၍ ၊ ငါ ၏လူ ကဲ့သို့သင့် ရှေ့မှာ ထိုင် လျက် ၊ သင် ၏စကား ကိုကြား သော်လည်း ၊ နား မ ထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ် သော လက္ခဏာကို နှုတ် နှင့် ပြ သော်လည်း၊ စိတ်နှလုံး မူကား လောကီ ဥစ္စာကိုစွဲလမ်း လျက်ရှိ၏။
32 Naam, mbele yao umekuwa tu kama yeye aimbaye nyimbo za mapenzi kwa sauti nzuri za kuvutia na kupiga vyombo kwa ustadi, kwa kuwa wanasikia maneno yako lakini hawayatendi.
၃၂သင် ၏စကား သည်၊ ကောင်းမွန် စွာတီး ၍ သာယာ သောအသံ နှင့် ပြည့်စုံသောသူဆိုသော၊ နှစ်သက် ဘွယ်သော သီချင်း ကဲ့သို့ သူ တို့၌ ဖြစ်၍ ၊ သူတို့သည် ကြား ရ သော်လည်း နား မ ထောင်တတ်ကြ။
33 “Wakati mambo haya yote yatakapotimia, kwa kuwa hakika yatatokea, ndipo watakapojua kwamba nabii amekuwepo miongoni mwao.”
၃၃သို့ရာတွင် ၊ အမှုရောက် လိမ့်မည်။ အမှုရောက် သောအခါ သူ တို့တွင် ပရောဖက် ရှိ ဘူးသည်ကို သူတို့ သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezekieli 33 >