< Ezekieli 29 >

1 Katika mwaka wa kumi, mwezi wa kumi, siku ya kumi na mbili, neno la Bwana likanijia kusema:
သက္ကရာဇ် ဆယ် ခု၊ ဒသမ လ တဆယ် တရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 “Mwanadamu, elekeza uso wako juu ya Farao mfalme wa Misri na utabiri dhidi yake na dhidi ya Misri yote.
အချင်းလူသား ၊ သင်သည် အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းတဘက် ၌မျက်နှာ ထား ၍ ၊ သူ နှင့် အဲဂုတ္တု ပြည် တပြည်လုံး တဘက် ၌ပရောဖက်ပြု လျက်၊
3 Nena, nawe useme: ‘Hili ndilo Bwana Mwenyezi asemalo: “‘Mimi ni kinyume nawe, Farao, mfalme wa Misri, joka kubwa ulalaye katikati ya vijito vyako. Unasema, “Mto Naili ni wangu mwenyewe; niliufanya kwa ajili yangu mwenyewe.”
အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ အိုအဲဂုတ္တု ရှင်ဘုရင် ဖာရော မင်း၊ ကိုယ် မြစ် များ အလယ် ၌ နေ လျက်၊ ငါ့ မြစ် ကို ငါ ပိုင်၏။ ငါ့ အဘို့ ငါ ဖန်ဆင်း ပြီဟု ဆို တတ်သောမိကျောင်း ကြီး ၊ သင့် တဘက် ၌ ငါ နေ၏။
4 Lakini nitatia ndoana katika mataya yako nami nitawafanya samaki wa vijito vyako washikamane na magamba yako. Nitakutoa katikati ya vijito vyako, pamoja na samaki wote walioshikamana na magamba yako.
သင့် ပါးရိုး ကို သံချိတ် နှင့်ချိတ် ၍၊ သင့် မြစ် ၌နေသော ငါး တို့ကို သင့် အကြေး တို့၌ ငါကပ် စေမည်။ သင့် မြစ် များ အလယ် ထဲက သင့် ကို ငါနှုတ် ၍ ၊ မြစ် ၌ရှိသမျှ သော ငါး တို့သည် သင့် အကြေး တို့၌ ကပ် ကြလိမ့်မည်။
5 Nitakutupa jangwani, wewe pamoja na samaki wote wa vijito vyako. Utaanguka uwanjani, nawe hutakusanywa au kuchukuliwa. Nitakutoa uwe chakula kwa wanyama wa nchi na ndege wa angani.
သင် နှင့် သင့် မြစ် ၌ရှိသမျှ သော ငါး တို့ကိုတော ၌ ငါပစ်ထား မည်။ လွင်ပြင် ၌ကျ ၍ နောက်တဖန်စုဝေး ခြင်း ကို မ ပြုရ။ တော သားရဲ များ၊ မိုဃ်း ကောင်းကင်ငှက် များ စားစရာ ဘို့ သင့် ကိုငါအပ် ၏။
6 Ndipo wale wote waishio Misri watakapojua kuwa Mimi ndimi Bwana. “‘Umekuwa fimbo ya tete kwa nyumba ya Israeli.
ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို အဲဂုတ္တု ပြည်သားအပေါင်း တို့သည် သိ ရကြလိမ့်မည်။ အကြောင်းမူကား ၊ သင်သည် ဣသရေလ အမျိုး ၌ ကျူ တောင်ဝေး ဖြစ် လေပြီ။
7 Walipokushika kwa mikono yao, ulivunjika na kuchana mabega yao; walipokuegemea, ulivunjika na migongo yao ikateguka.
သင့် ကိုလက် နှင့် ကိုင် သောအခါ သင်သည် အကိုင်မခံ။ သူ တို့ ပခုံး ဆစ်ကို ဖြုတ် လေ၏။ သင် နှင့် ကိုယ်ကိုထောက် သောအခါ သင်သည် ကျိုး ၍ သူ တို့ခါး ကို နာ စေ၏။
8 “‘Kwa hiyo hili ndilo Bwana Mwenyezi asemalo: Nitaleta upanga juu yako na kuua watu wako na wanyama wao.
သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် သင့် အပေါ်သို့ ထား ကိုဆောင် ခဲ့၍ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် သဖြင့် ၊
9 Misri itakuwa ukiwa na isiyolimwa wala kukaliwa na watu. Ndipo watakapojua kuwa Mimi ndimi Bwana. “‘Kwa sababu ulisema, “Mto Naili ni wangu; mimi niliufanya,”
အဲဂုတ္တု ပြည် သည် လူဆိတ်ညံ လျက်၊ ပျက်စီး လျက်ရှိ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရလိမ့်မည်။ သင်က၊ ငါ့မြစ် ကိုငါ ပိုင်၏။ ငါ ဖန်ဆင်း ပြီ ဟု ဆို မိသောကြောင့် ၊
10 kwa hiyo mimi ni kinyume nawe na kinyume na vijito vyako, nami nitaifanya nchi ya Misri kuwa magofu na ukiwa isiyolimwa wala kukaliwa na watu kuanzia Migdoli hadi Aswani, hata kufikia mpakani wa Ethiopia.
၁၀သင် နှင့် သင့် မြစ် တဘက် ၌ ငါ နေ၏။ အဲဂုတ္တု ပြည် ကို မိဂဒေါလ မှစ၍ သုဏေ မြို့တိုင်အောင်၎င်း ၊ အဲသယောပိ ပြည်စွန်း တိုင်အောင် ၎င်း ၊ ထားနှင့် ဖျက်ဆီး ၍ ဆိတ်ညံ စေမည်။
11 Hakuna unyayo wa mtu au mnyama utakaopita ndani yake, wala hakuna yeyote atakayeishi humo kwa muda wa miaka arobaini.
၁၁အနှစ် လေးဆယ် ပတ်လုံးလူ ရှောက် ၍မ သွားရ။ တိရစ္ဆာန် လည်း ရှောက် ၍မ သွားရ။ အဘယ်သူမျှမ နေ ရ။
12 Nitaifanya nchi ya Misri ukiwa, miongoni mwa nchi zilizo ukiwa, nayo miji yake itabaki ukiwa miaka arobaini miongoni mwa miji iliyo magofu. Nami nitawatawanya Wamisri miongoni mwa mataifa na kuwafukuza huku na huko katika nchi nyingine.
၁၂ပျက်စီး သောပြည် တို့တွင် အဲဂုတ္တု ပြည် ကို ငါဖျက်ဆီး မည်။ လူဆိတ်ညံ သောမြို့ တို့တွင် အနှစ် လေးဆယ် ပတ်လုံးအဲဂုတ္တု မြို့ တို့သည် ပျက်စီး လျက်ရှိ ကြလိမ့်မည်။ အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့သို့ ငါကွဲပြား ပြန့်လွင့် စေမည်။
13 “‘Lakini hili ndilo Bwana Mwenyezi asemalo: Mwishoni mwa hiyo miaka arobaini, nitawakusanya Wamisri kutoka mataifa walikotawanywa.
၁၃သို့ရာတွင်၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ အနှစ် လေးဆယ် စေ့ သောအခါ၊ ကွဲပြား လျက် နေရသော လူမျိုး တို့မှ အဲဂုတ္တု လူတို့ကို ငါခေါ်၍ စုဝေး စေမည်။
14 Nitawarudisha hao Wamisri kutoka kwenye kutekwa kwao na kuwaweka katika Pathrosi, nchi ya baba zao. Huko watakuwa na ufalme usiokuwa na nguvu.
၁၄သိမ်း သွားခြင်းတို့မရသော အဲဂုတ္တု လူတို့ကို ငါတဖန် ဆောင်ခဲ့၍ သူ တို့နေရင်း ပြည် ၊ ပါသရု ပြည် သို့ ပြန် စေမည်။ ထို ပြည်၌ ယုတ် သောနိုင်ငံ ဖြစ် ရလိမ့်မည်။
15 Utakuwa ufalme dhaifu kuliko zote na kamwe Misri haitajikweza tena juu ya mataifa mengine. Nitaufanya ufalme wake dhaifu sana kiasi kwamba kamwe hautatawala tena juu ya mataifa mengine.
၁၅တပါး သော လူမျိုးတို့ကို နောက် တဖန်အစိုး မ ရ။ နိုင်ငံ တကာတို့တွင် အယုတ်ဆုံး ဖြစ် ရလိမ့်မည်။ တပါး သော လူမျိုးတို့ကို နောက်တဖန် အစိုး မ ရစေခြင်းငှါငါရှုတ်ချ မည်။
16 Misri haitakuwa tena tumaini la watu wa Israeli bali itakuwa kumbukumbu ya dhambi yao kwa kuigeukia kuomba msaada. Ndipo watakapojua kuwa Mimi ndimi Bwana Mwenyezi.’”
၁၆ဣသရေလ အမျိုးသား တို့သည် ထိုပြည်သားတို့ကို မြော်လင့်၍၊ မိမိတို့အပြစ် ကို ငါအောက်မေ့ စေသဖြင့်၊ နောက် တဖန် ထိုပြည်သည် သူတို့ ခိုလှုံ ရာမ ဖြစ် ရာ။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
17 Katika mwaka wa ishirini na saba, mwezi wa kwanza, siku ya kwanza, neno la Bwana likanijia, kusema:
၁၇သက္ကရာဇ် နှစ်ဆယ် ခုနစ် ခု၊ ပဌမ လ တရက် နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
18 “Mwanadamu, Nebukadneza mfalme wa Babeli aliongoza jeshi lake kufanya kazi ngumu dhidi ya Tiro; kila kichwa kilipata upaa na kila bega likachunika. Lakini yeye na jeshi lake hawakupata malipo yoyote kutokana na muda wote aliongoza hiyo vita dhidi ya Tiro.
၁၈အချင်းလူသား ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည်၊ သူ ၏စစ်သူရဲ တို့ကို တုရု မြို့တဘက် ၌ များစွာ သော အမှု ကိုဆောင်ရွက် စေပြီ။ စစ်သူရဲတိုင်း ခေါင်းတုံး ပြီ။ ပခုံး လည်းပွန်း ပြီ။ သို့ရာတွင် ၊ ရှင်ဘုရင် နှင့် စစ်သူရဲ တို့သည် တုရု မြို့တဘက်၌ အမှု ဆောင်ရွက်ခ ကို ထိုမြို့တွင် မ ခံရ ကြ။
19 Kwa hiyo hili ndilo Bwana Mwenyezi asemalo: Nitaitia Misri mikononi mwa Nebukadneza mfalme wa Babeli, naye atachukua utajiri wa Misri. Atateka mateka na kuchukua nyara mali za Misri kama ujira kwa ajili ya jeshi lake.
၁၉သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ အဲဂုတ္တု ပြည် ကို ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အား ငါ ပေး မည်။ ထိုမင်းသည် ပြည်သားအလုံးအရင်း ကို၎င်း၊ လက်ရ ဥစ္စာအမျိုးမျိုးကို၎င်း သိမ်းယူ ပြီးလျှင် ၊ မိမိ စစ်သူရဲ တို့ အခ ဘို့ ဝေငှ လိမ့်မည်။
20 Nimempa mfalme wa Babeli nchi ya Misri kuwa ujira kwa juhudi zake kwa sababu yeye na jeshi lake walifanya kwa ajili yangu, asema Bwana Mwenyezi.
၂၀ငါ့ အမှုကို ဆောင်ရွက် သောကြောင့် ၊ တုရု မြို့ တဘက် ၌ အမှု ဆောင်ရွက်ခ ဘို့ အဲဂုတ္တု ပြည် ကို ငါပေး ပြီ။
21 “Katika siku hiyo nitaifanya nyumba ya Israeli iwe na nguvu nami nitakifungua kinywa chako miongoni mwao. Ndipo watakapojua kwamba Mimi ndimi Bwana.”
၂၁ထို ကာလ ၌ ဣသရေလ အမျိုး ၏ ချို ကိုငါပေါက် စေ၍ ၊ သူ တို့အထဲ မှာ သင်ဟောပြော ရသော အခွင့်ကို ငါပေး မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့ သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezekieli 29 >