< Kutoka 5 >

1 Baadaye Mose na Aroni wakaenda kwa Farao, wakamwambia, “Hili ndilo asemalo Bwana, Mungu wa Israeli: ‘Waruhusu watu wangu waende, ili waweze kunifanyia sikukuu huko jangwani.’”
ထိုနောက်မှ ၊ မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံသို့ ဝင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ ၏လူ တို့သည် တော ၌ ငါ့ အဘို့ ပွဲခံ စေခြင်းငှါ လွှတ် ရမည်ဟု မိန့် တော်မူကြောင်းကို လျှောက် ၏။
2 Farao akasema, “Huyo Bwana ni nani, hata nimtii na kuruhusu Israeli uende? Simjui huyo Bwana wala sitawaruhusu Israeli waende.”
ဖါရော မင်းကလည်း ၊ ထာဝရဘုရား ၏စကား ကို နားထောင် ၍ ၊ ဣသရေလ အမျိုးသားတို့ကို ငါလွှတ် စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရား ကို ငါမ သိ ၊ ဣသရေလ အမျိုးသားတို့ကို ငါမ လွှတ် ဟု ဆို လေ၏။
3 Ndipo Mose na Aroni wakasema, “Mungu wa Waebrania amekutana nasi. Sasa turuhusu tuwe na safari ya siku tatu ya jangwani ili tukamtolee Bwana Mungu wetu dhabihu, la sivyo aweza kutupiga sisi kwa tauni au kwa upanga.”
သူတို့ကလည်း၊ ဟေဗြဲ လူတို့၏ ဘုရား သခင်သည် ကျွန်တော် တို့နှင့် တွေ့ တော်မူပြီ။ တော သို့ သုံး ရက် ခရီး သွား ၍ ၊ ကျွန်တော် တို့ ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ရသောအခွင့်ကိုပေး တော်မူပါ။ သို့မဟုတ် ကာလနာ ဘေး၊ ထား ဘေးတစုံတခုဖြင့် ကျွန်တော် တို့ကို ဒဏ်ခတ် တော်မူလိမ့်မည်ဟု လျှောက် ဆို၏။
4 Lakini mfalme wa Misri akasema, “Mbona ninyi Mose na Aroni mnawachukua watu waache kazi zao? Rudini kwenye kazi zenu!”
အဲဂုတ္တု ရှင်ဘုရင် ကလည်း ၊ မောရှေ နှင့် အာရုန် ၊ သင်တို့သည် ဤလူ များတို့ကို အဘယ်ကြောင့် အလုပ် ပြတ် စေသနည်း။ အမှု တော်ကို သွား ၍ ဆောင်ရွက်ကြဟု မိန့် တော်မူ၏။
5 Kisha Farao akasema, “Tazama, sasa watu hawa ni wengi, nanyi mnawazuia kufanya kazi.”
တဖန် လည်း ပြည် တော်၌ ထိုလူ တို့သည် ယခု များ ကြ၏။ အမှု မထမ်း စေခြင်းငှါသင်တို့သည် အခွင့်ပေး ကြသည်တကားဟု ဖါရော ဘုရင်ဆို ၍ ၊
6 Siku iyo hiyo Farao akatoa amri hii kwa viongozi wa watumwa na wasimamizi wa watu akawaambia:
ထိုနေ့ ခြင်းတွင် အအုပ်အချုပ် ၊ အကြပ်အဆော်တို့ကို ခေါ်ပြီးလျှင်၊
7 “Tangu sasa msiwape hawa watu nyasi za kutengenezea matofali. Wao wakusanye nyasi zao wenyewe.
အုတ် လုပ် စရာဘို့ ကောက်ရိုး ကို လူ တို့အား အရင် ပေးသကဲ့သို့ မ ပေး နှင့်။ သူ တို့သည် ကောက်ရိုး ကို ကိုယ် ဘို့ ရှာ ယူကြစေ။
8 Lakini watakeni kutengeneza matofali kiasi kile kile cha mwanzo, kiwango kisipunguzwe. Wao ni wavivu, ndiyo sababu wanalia, wakisema, ‘Turuhusiwe twende kumtolea Mungu wetu dhabihu.’
အုတ် ကိုကား၊ အရေအတွက် အားဖြင့်အရင် ကဲ့သို့လုပ် စေရမည်၊ အလျှင်းမ လျော့ စေနှင့်။ သူ တို့သည် ပျင်းရိ ကြ၏။ ထိုကြောင့် သွား ၍ငါ တို့ ဘုရား သခင်အား ယဇ်ပူဇော် ကြစို့ဟု ကြွေးကြော် တတ်ကြ၏။
9 Fanyeni kazi kuwa ngumu zaidi kwa watu hao ili kwamba wakazane na kazi na kuacha kusikiliza uongo.”
သို့ဖြစ်၍စည်းကြပ်လျက် လုပ် စေကြ။ ပင်ပန်း စေကြ။ လူမိုက် စကား ကို နား မ ထောင်စေနှင့်ဟု မိန့်တော်မူ၏။
10 Basi viongozi wa watumwa na wasimamizi wakaenda kuwaambia watu, “Hivi ndivyo Farao asemavyo: ‘Sitawapa tena nyasi.
၁၀အအုပ်အချုပ် အကြပ်အဆော် တို့သည် ထွက် ၍ ၊ ဖါရော ဘုရင်က ကောက်ရိုး ကိုငါ မ ပေး။
11 Nendeni mkatafute nyasi wenyewe popote mnapoweza kuzipata, lakini kazi yenu haitapunguzwa hata kidogo.’”
၁၁ကောက်ရိုး ကို တွေ့ နိုင်ရာအရပ် ၌ ရှာ ကြ။ သို့သော်လည်း လုပ်ရသောအလုပ် အလျှင်းမ လျော့ ရဟု အမိန့် တော်ရှိသည်ဟု လူ တို့အား ပြန်ကြား ကြ၏။
12 Basi watu wakatawanyika kote nchini Misri kukusanya mabua ya kutumia badala ya nyasi.
၁၂သို့ဖြစ်၍ လူ တို့သည် ကောက်ရိုး အတွက် အမှိုက် ကို ရှာ ယူခြင်းငှါ အဲဂုတ္တု ပြည် တရှောက်လုံး တွင် အရပ်ရပ်ကွဲပြား ကြ၏။
13 Viongozi wa watumwa wakasisitiza, wakisema, “Timizeni kazi mnayotakiwa kwa kila siku, kama wakati ule mlipokuwa mkipewa nyasi.”
၁၃အုပ်ချုပ် သောသူတို့ ကလည်း ၊ ကောက်ရိုး ကို ရ သည်ကာလ၌ နေ့ တိုင်းလုပ် ရသည်အတိုင်း ၊ ပြီး အောင် လုပ်ကြဟု သူတို့ကိုနှိုးဆော် ကြ၏။
14 Wasimamizi wa Kiisraeli waliochaguliwa na viongozi wa watumwa wa Farao walipigwa na kuulizwa, “Kwa nini hamkutimiza kiwango chenu cha kutengeneza matofali jana na leo, kama mwanzoni?”
၁၄ဖါရော မင်း၏ အအုပ်အချုပ် တို့သည် ခန့် ထားသော ဣသရေလ အမျိုး အကြပ်အဆော် တို့ကို သင်တို့သည် အရင် ကလုပ်သည်အတိုင်း ၊ ယနေ့ နှင့်မနေ့ ၌ အုတ် လုပ်ရသောအမှု ကို အဘယ်ကြောင့် မ ပြီးစီး စေကြ သနည်းဟု စစ်၍ရိုက် ကြ၏။
15 Ndipo wasimamizi wa Kiisraeli wakaenda kumlilia Farao, wakisema: “Mbona umewatendea watumishi wako hivi?
၁၅ထိုအခါ၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည်၊ ဖါရော မင်းထံသို့ သွား ၍ ၊ ကိုယ်တော်သည် ကိုယ်တော် ကျွန် တို့ကို အဘယ်ကြောင့် ဤသို့ စီရင် တော်မူသနည်း။
16 Watumishi wako hawapewi nyasi, hata hivyo tumeambiwa, ‘Tengenezeni matofali!’ Watumishi wako wanapigwa, lakini kosa ni la watu wako wenyewe.”
၁၆ကိုယ်တော် ကျွန် တို့အား ၊ ကောက်ရိုး ကိုမ ပေး ၊ အုပ်ချုပ်သောသူတို့ ကလည်း၊ အုတ် ကိုလုပ် ကြဟု ဆို သဖြင့်၊ ကျွန်တော်တို့သည် အရိုက် ခံရကြပါ၏။ ကိုယ်တော် လူ တို့၌သာ အပြစ် ရှိပါသည်ဟု အော်ဟစ် ကြ၏။
17 Farao akasema, “Ninyi ni wavivu ndiyo sababu mnasema, ‘Turuhusu twende tukamtolee Bwana dhabihu.’
၁၇ဖါရောဘုရင်ကလည်း ၊ သင် တို့သည် ပျင်းရိ သည်၊ ပျင်းရိ သည်။ ထိုကြောင့် ငါတို့သည်သွား ၍ ထာဝရဘုရား အား ယဇ်ပူဇော် ကြစို့ဟု သင် တို့ဆို တတ်ကြ၏။
18 Sasa nendeni kazini. Hamtapewa nyasi zozote, nanyi ni lazima mtengeneze matofali.”
၁၈သို့သောကြောင့် ယခု သွား ၍လုပ် ကြ။ ကောက်ရိုး ကိုမ ပေး ရ။ သို့သော်လည်းအုတ် ကိုပေးမြဲပေး ရမည်ဟု မိန့် တော်မူ၏။
19 Wasimamizi wa Kiisraeli walitambua kuwa wako taabani walipoambiwa, “Hamtakiwi kupunguza idadi ya matofali mliotakiwa kutengeneza kila siku.”
၁၉ထိုသို့ နေ့ တိုင်းလုပ်ရသောအုတ် အရေအတွက်၌ အလျှင်းမ လျော့ ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည် မိမိ တို့၌ အမှုကြီးရောက်ကြောင်းကို သိမြင် ကြ၏။
20 Walipoondoka kwa Farao, wakawakuta Mose na Aroni wakingojea kukutana nao,
၂၀ဖါရော မင်းထံ မှ ထွက်သွား ကြစဉ် ၊ လမ်း၌ စောင့် လျက်နေသောမောရှေ နှင့် အာရုန် ကို တွေ့ လျှင် ၊
21 wakawaambia Mose na Aroni, “Bwana na awaangalie awahukumu ninyi! Mmetufanya tunuke kwa Farao na maafisa wake, nanyi mmeweka upanga mikononi mwao ili kutuua sisi.”
၂၁ထာဝရဘုရား သည် သင် တို့ကို ကြည့်ရှု ၍ စီရင် တော်မူပါစေသော။ အကြောင်းမူကား၊ ဖါရော မင်းနှင့် အမှု တော်ထမ်းအပေါင်းတို့သည် ငါ တို့ကို ရွံရှာ စေခြင်းငှါ ၎င်း၊ ငါ တို့ကိုသတ် ရသောအခွင့်ရှိစေခြင်းငှါ ၎င်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆို ကြ၏။
22 Mose akarudi kwa Bwana na kumwambia, “Ee Bwana, mbona umewaletea watu hawa taabu? Kwa nini basi ukanituma mimi?
၂၂မောရှေ သည်လည်း ၊ ထာဝရဘုရား ထံ တော်သို့သွား ၍ ၊ အိုဘုရား ရှင်၊ ကိုယ်တော်သည် ဤ လူမျိုး ကို အဘယ်ကြောင့် ညှဉ်းဆဲ တော်မူသနည်း။ အကျွန်ုပ် ကို အဘယ်ကြောင့် စေလွှတ် တော်မူသနည်း။
23 Tangu nilipomwendea Farao kuzungumza naye kwa jina lako, amewaletea taabu watu hawa, nawe kamwe hujawakomboa watu wako.”
၂၃အကျွန်ုပ်သည် ကိုယ်တော်အခွင့် နှင့် ပြော ခြင်းငှာ ၊ ဖါရော မင်း ထံ သို့ဝင် သည်နေ့မှစ၍ ၊ သူသည် ဤ လူမျိုး ကို ညှဉ်းဆဲ ပါပြီ။ ကိုယ်တော်သည် ကိုယ်တော် ၏ လူ တို့ကို အလျှင်းကယ်လွှတ် တော်မ မူပါဟု လျှောက် ၏။

< Kutoka 5 >