< Kutoka 33 >

1 Kisha Bwana akamwambia Mose, “Ondoka mahali hapa, wewe pamoja na hao watu uliowapandisha kutoka Misri, mpande mpaka nchi niliyomwahidi Abrahamu, Isaki na Yakobo kwa kiapo, nikisema, ‘Nitawapa wazao wenu nchi hii.’
တဖန် ထာဝရဘုရား က၊ သင် မှစ၍ အဲဂုတ္တု ပြည် မှ သင်နှုတ် ဆောင်ခဲ့သော လူ တို့၊ ဤ အရပ်မှ ထွက် ၍ သင် ၏ အမျိုးအနွယ် အား ငါပေး မည်ဟု အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် ၌ ငါကျိန်ဆို သော ပြည် သို့ သွား ကြလော့။
2 Nitamtuma malaika mbele yenu, naye atawafukuza Wakanaani, Waamori, Wahiti, Waperizi, Wahivi na Wayebusi.
ကောင်းကင်တမန် ကိုလည်း သင် တို့ရှေ့ သို့ ငါစေလွှတ် ၍ ၊ သူသည်ခါနနိ လူ၊ အာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ကို နှင်ထုတ်၍၊
3 Pandeni mwende katika nchi itiririkayo maziwa na asali. Lakini mimi sitakwenda pamoja nanyi, kwa sababu ninyi ni watu wenye shingo ngumu, nisije nikawaangamiza njiani.”
နို့ နှင့် ပျားရည် စီး သော ပြည် သို့ သင်တို့ကို ပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင် မ သွား။ သင် တို့သည် လည်ပင်း ခိုင်မာ သောလူမျိုး ဖြစ်သောကြောင့် ၊ လမ်း ၌ သွားစဉ် သင် တို့ကို ငါဖျက်ဆီး မည် စိုးရိမ် စရာရှိသည်ဟု မောရှေ အား မိန့် တော်မူ၏။
4 Watu waliposikia habari hizo za huzuni, wakaanza kuomboleza wala hakuna mtu aliyevaa mapambo yoyote.
ထို မကောင်း သော သိတင်း ကို လူ များတို့သည်ကြား သောအခါ ၊ ငိုကြွေး မြည်တမ်းလျက် ၊ အဘယ်သူမျှ တန်ဆာ မ ဆင် ဘဲနေကြ၏။
5 Kwa kuwa Bwana alikuwa amemwambia Mose, “Waambie Waisraeli, ‘Ninyi ni watu wenye shingo ngumu. Kama ningefuatana nanyi hata kwa muda mfupi, ningewaangamiza. Sasa vueni mapambo yenu, nami nitaamua nitakalowatendea.’”
အကြောင်း မူကား၊ ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား ကို ဆင့်ဆို ရမည်မှာ၊ သင် တို့သည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်ကြ၏။ သင်တို့အလယ် ၌ ချက်ချင်း ငါပေါ်လာ ၍ ဖျက်ဆီး မည်။ ထို့ကြောင့်သင် တို့၌ အဘယ်သို့ ငါပြု ရမည်ကို ငါသိ ခြင်းငှါ၊ သင် တို့တန်ဆာ များကို ချွတ် ကြလော့ဟု မောရှေ အား မိန့် တော်မူနှင့်သတည်း။
6 Hivyo Waisraeli wakavua mapambo yao katika Mlima wa Horebu.
ဣသရေလ အမျိုးသား တို့သည် ဟောရပ် တောင် ခြေရင်း၌ မိမိ တို့တန်ဆာ များကိုချွတ် ကြ၏။
7 Basi Mose alikuwa na desturi ya kuchukua hema na kuliweka wakfu nje ya kambi umbali kiasi, akaliita “Hema la Kukutania.” Kila aliyekuwa akiulizia shauri kwa Bwana, angelikwenda katika Hema la Kukutania nje ya kambi.
မောရှေ သည် တဲ တော်ကို ယူ ၍ တပ် ပြင် ၌ ခပ်ဝေး ဝေးဆောက် ပြီးလျှင် ၊ ပရိသတ် စည်းဝေး ရာတဲ ဟူ၍ ခေါ် ဝေါ်၏။ ထာဝရဘုရား ကို ရှာ သောသူ အပေါင်း တို့သည် တပ် ပြင် ၌ ရှိသော ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ထွက်သွား ကြ၏။
8 Wakati wowote Mose alipokwenda kwenye Hema, watu wote waliinuka na kusimama kwenye maingilio ya mahema yao, wakimwangalia Mose mpaka aingie kwenye Hema.
မောရှေ သည် တဲ တော်သို့ ထွက်သွား သောအခါ ၊ လူ အပေါင်း တို့သည် ထ ၍ အသီးအသီး မိမိ တို့တဲ တံခါး ဝ၌ ရပ် လျက် တဲ တော်အထဲ သို့ မောရှေ ဝင် သည် တိုင်အောင် ကြည့် ရှုလျက်နေကြ၏။
9 Kila mara Mose alipoingia ndani ya hema, nguzo ya wingu ingeshuka chini na kukaa kwenye ingilio, wakati Mungu akizungumza na Mose.
မောရှေ သည်တဲ တော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ် တိုင် ဆင်းသက် ၍ တဲ တော်တံခါးဝ ၌ ရပ် သဖြင့် ၊ ထာဝရဘုရားသည် မောရှေ နှင့် နှုတ်ဆက် တော်မူ၏။
10 Kila mara watu walipoona hiyo nguzo ya wingu ikiwa imesimama kwenye ingilio la hema, wote walisimama wakaabudu, kila mmoja kwenye ingilio la hema lake.
၁၀တဲ တော်တံခါးဝ ၌ မိုဃ်းတိမ် တိုင် ရပ် နေသည်ကို မြင် လျှင် ၊ လူ အပေါင်း တို့သည် ထ ၍ အသီးအသီး မိမိ တို့တဲ တံခါးဝ ၌ ကိုးကွယ် ကြ၏။
11 Bwana angezungumza na Mose uso kwa uso, kama vile mtu azungumzavyo na rafiki yake. Kisha Mose angerudi kambini, lakini msaidizi wake kijana Yoshua mwana wa Nuni hakuondoka mle Hemani.
၁၁ထာဝရဘုရား သည် အဆွေ ခင်ပွန်းချင်းကို နှုတ်ဆက် တတ်သည် နည်းတူ ၊ မောရှေနှင့် မျက်နှာ ချင်းဆိုင် ၍ နှုတ်ဆက် တော်မူ၏။ မောရှေ သည် တပ် ထဲသို့ ပြန်ဝင် သောအခါ သူ ၏လက်ထောက် နုန် ၏သား ယောရှု မည်သော လုလင် သည်၊ တဲ တော်မှ မ ထွက် ဘဲ နေ၏။
12 Mose akamwambia Bwana, “Umekuwa ukiniambia, ‘Ongoza watu hawa,’ lakini hujanifahamisha ni nani utakayemtuma pamoja nami. Umesema, ‘Ninakujua wewe kwa jina lako, nawe umepata kibali mbele zangu.’
၁၂မောရှေ ကလည်း ၊ ဤ လူ တို့ကို ပို့ဆောင် လော့ဟု ကိုယ်တော် မိန့် တော်မူသည်တွင်၊ အကျွန်ုပ် နှင့်အတူ အဘယ်သူ ကို စေလွှတ် တော်မူသည်ကို အကျွန်ုပ် မ သိ ရ။ သို့သော် လည်းကိုယ်တော် က သင့် ကို သင်၏နာမ ဖြင့် ငါသိ ၏။ သင်သည် ငါ့ ရှေ့ ၌ မျက်နှာ ရပြီဟု အကျွန်ုပ်အား မိန့် တော်မူပြီ။
13 Ikiwa umependezwa nami, nifundishe njia zako ili nipate kukujua, nami nizidi kupata kibali mbele zako. Kumbuka kuwa taifa hili ni watu wako.”
၁၃သို့ဖြစ်၍ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာ ရ လျှင် ၊ မျက်နှာ ရကြောင်းကို အကျွန်ုပ်သိ ပါမည် အကြောင်း ၊ ကိုယ်တော် ၏လမ်း ကိုပြ တော်မူပါ။ ဤ လူမျိုး သည် ကိုယ်တော် ၏လူ ဖြစ်ကြောင်း ကို ဆင်ခြင် တော်မူ ပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆို ၏။
14 Bwana akajibu, “Uso wangu utakwenda pamoja nawe, nami nitakupa raha.”
၁၄ငါကိုယ်တိုင်သွား ၍ ငြိမ်ဝပ် ခြင်းချမ်းသာကို ပေးမည်ဟု မိန့် တော်မူ၏။
15 Kisha Mose akamwambia, “Kama Uso wako hauendi pamoja nasi, usituondoe hapa.
၁၅တဖန် မောရှေ က၊ ကိုယ်တော် တိုင် မ သွား လျှင် အကျွန်ုပ် တို့ကို ဤ အရပ်မှ ပို့ တော်မ မူပါနှင့်။
16 Mtu yeyote atajuaje kuwa mimi pamoja na watu wako tumepata kibali mbele zako, usipokwenda pamoja nasi? Ni nini kingine kitakachoweza kututofautisha mimi na watu wako miongoni mwa watu wengine wote walio katika uso wa dunia?”
၁၆အကျွန်ုပ် နှင့် ကိုယ်တော် ၏လူ တို့သည် ရှေ့ တော်၌ မျက်နှာ ရသောအကြောင်း သည် အဘယ် သို့ထင်ရှား ပါမည်နည်း။ အကျွန်ုပ် တို့နှင့် ကြွ သွားတော်မူသောအားဖြင့် သာ ထင်ရှားပါမည် မဟုတ် လော။ ထိုသို့ အကျွန်ုပ် နှင့် ကိုယ်တော် ၏လူ တို့သည် မြေကြီး ပေါ် မှာ ရှိသမျှ သော လူ တို့နှင့် ခြားနား ရပါမည်ဟု လျှောက်ဆိုလျှင်၊
17 Bwana akamwambia Mose, “Nitakufanyia jambo lile uliloomba, kwa sababu ninapendezwa nawe, nami ninakujua kwa jina lako.”
၁၇ထာဝရဘုရား က၊ သင်လျှောက် သည်အတိုင်း ငါပြု မည်။ သင်သည် ငါ့ ရှေ့ ၌ မျက်နှာ ရပြီ။ သင့် ကို သင်၏နာမ ဖြင့် ငါသိ ၏ဟု မောရှေ အား မိန့် တော်မူ၏။
18 Kisha Mose akasema, “Basi nionyeshe utukufu wako.”
၁၈တဖန် တုံ၊ ကိုယ်တော် ၏ ဘုန်း ကိုအကျွန်ုပ် အား ပြ တော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက် လျှင် ၊
19 Ndipo Bwana akasema, “Nitapitisha wema wangu wote mbele yako, nami nitalitangaza Jina langu, Bwana, mbele ya uso wako. Nitamrehemu yeye nimrehemuye, na pia nitamhurumia yeye nimhurumiaye.”
၁၉ထာဝရဘုရားက ငါ ၏ကောင်းမွန် ခြင်းရှိသမျှ ကို သင့် ရှေ့ ၌ ငါ ရှောက် သွားစေမည်။ ထာဝရဘုရား ၏နာမ တော်ကိုလည်း၊ သင့် ရှေ့ ၌ ငါကြွေးကြော် မည်။ ငါသည် ကျေးဇူး ပြုလိုသောသူ ကို ကျေးဇူး ပြုမည်။ သနား လိုသောသူ ကိုလည်း သနား မည်။
20 Lakini Mungu akasema, “Hutaweza kuuona uso wangu, kwa kuwa hakuna mtu yeyote awezaye kuniona akaishi.”
၂၀သို့ရာတွင်သင်သည် ငါ့ မျက်နှာ ကို မ မြင် နိုင် ရာ။ ငါ့မျက်နှာကို မြင် လျှင် အသက်ရှင် ရသောလူ တစုံ တယောက်မျှမရှိ ဟူ၍၎င်း၊
21 Kisha Bwana akasema, “Kuna mahali karibu nami ambapo unaweza kusimama juu ya mwamba.
၂၁ငါ့ အနား မှာ နေရာ တခုရှိ၏။ သင်သည်ကျောက် ပေါ် မှာ ရပ် ရမည်။
22 Utukufu wangu unapopita, nitakuweka gengeni kwenye mwamba na kukufunika kwa mkono wangu mpaka nitakapokwisha kupita.
၂၂ငါ့ ဘုန်း ရှောက် သွားသောအခါ ၊ သင့် ကို ကျောက် ကြား ၌ ငါသွင်း ထား၍ ငါ ကြွ သွားသည်အခိုက်၊ သင့် ကို ငါ့ လက် နှင့် ဖုံးအုပ် မည်။
23 Kisha nitaondoa mkono wangu nawe utaona mgongo wangu; lakini kamwe uso wangu hautaonekana.”
၂၃ငါ လက် ကို သိမ်း ရုပ်သောအခါ ၊ ငါ့ ကျော ကိုသာ မြင် ရမည်၊ ငါ့ မျက်နှာ ကိုမ မြင် ရဟူ၍၎င်း မိန့် တော်မူ ၏။

< Kutoka 33 >