< Kutoka 25 >

1 Bwana akamwambia Mose,
ထာဝရဘုရား ကလည်း ၊ ဣသရေလအမျိုးသားတို့သည်
2 “Waambie Waisraeli waniletee sadaka. Utapokea sadaka kwa niaba yangu kutoka kwa kila mtu ambaye moyo wake wapenda kutoa.
ငါ့ အား လက်ဆောင် ပဏ္ဏာကိုဆောင် ခဲ့ရမည်အကြောင်း ဆင့်ဆို လော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့ အားလှူ သမျှ သော သူတို့၌ သင်သည် အလှူ ကိုခံရ မည်။
3 Hizi ndizo sadaka utakazozipokea kutoka kwao: dhahabu, fedha na shaba;
ခံ ရသော အလှူ ဟူမူကား ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊
4 nyuzi za rangi ya buluu, za zambarau, za rangi nyekundu, pamoja na kitani safi; singa za mbuzi;
ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ၊ ဆိတ် မွေး။
5 ngozi za kondoo dume zilizopakwa rangi nyekundu, na ngozi za pomboo; mbao za mshita;
အနီ ဆိုးသောသိုး ရေ ၊ တဟာရှ သားရေ ၊ အကာရှ သစ်သား။
6 mafuta ya zeituni kwa ajili ya taa; vikolezi kwa ajili ya mafuta ya upako, pamoja na uvumba wa harufu nzuri;
လိမ်း ရန်ဆီ ဘော်ဘို့ ၊ မီးရှို့ရာ နံ့သာ ပေါင်းမွှေး ဘော်ဘို့ရာ၊ နံ့သာ မျိုး၊ မီးထွန်း စရာ ဆီ ၊
7 na vito vya shohamu na vito vingine vya thamani vya kuweka kwenye kisibau na kile kifuko cha kifuani.
ရှဟံ ကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီစရာ ကျောက် မြတ် တည်းဟူသောအလှူကို ခံရမည်။
8 “Kisha uwaamuru wanitengenezee mahali patakatifu, nami nitakaa miongoni mwao.
ငါသည် သင် တို့တွင် ကျိန်းဝပ် ရာဘို့ သန့်ရှင်း ရာဌာနကို လုပ် ကြစေ။
9 Tengeneza hema hili na vyombo vyake vyote sawasawa na kielelezo nitakachokuonyesha.
ငါ ပြ သမျှ သော တဲ တော်ပုံ ၊ တဲ တော်တန်ဆာ ပုံ နှင့် အညီ လုပ် ရမည်။
10 “Nao watatengeneza Sanduku la mbao za mshita, lenye urefu wa dhiraa mbili na nusu, upana wa dhiraa moja na nusu, na kimo cha dhiraa moja na nusu.
၁၀အလျား နှစ် တောင်ထွာ၊ အနံ တ တောင်ထွာ၊ စောက် တ တောင်ထွာရှိသော သေတ္တာ ကို၊ အကာရှ သား နှင့်လုပ် ၍ ၊ သေတ္တာအတွင်း အပြင် ကို ရွှေ စင် နှင့် မွမ်းမံရမည်။
11 Utalifunika hilo Sanduku kwa dhahabu safi ndani na nje, na kulifanyia ukingo wa dhahabu juu yake kulizunguka.
၁၁သေတ္တာ အပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကိုလည်း လုပ် ရမည်။
12 Utalisubu kwa pete nne za dhahabu na kuzifungia kwenye miguu yake minne, pete mbili kwa upande mmoja na pete mbili kwa upande mwingine.
၁၂ရွှေ လေး ကွင်း ကို သွန်း ၍ ၊ သေတ္တာ လေး ထောင့်၌ တ မျက်နှာ နှစ် ကွင်း စီ တပ် ရမည်။
13 Kisha utatengeneza mipiko ya mti wa mshita na kuzifunika kwa dhahabu.
၁၃အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ပြီးမှ၊
14 Utaiingiza hiyo mipiko kwenye zile pete katika pande mbili za Sanduku ili kulibeba.
၁၄သေတ္တာ ထမ်း စရာဘို့ တဘက် တချက် ရွှေကွင်း ထဲသို့ လျှို ထားရမည်။
15 Hiyo mipiko itabakia daima katika hizo pete za hilo Sanduku; haitaondolewa.
၁၅ထိုထမ်းဘိုး ကိုလည်း သေတ္တာ ရွှေကွင်း ထဲ က မ နှုတ် အစဉ် ရှိ စေရမည်။
16 Kisha weka ndani ya hilo Sanduku ule Ushuhuda nitakaokupa.
၁၆ငါပေး သော သက်သေခံချက် ကို၊ ထိုသေတ္တာ ထဲမှာ ထား ရမည်။
17 “Tengeneza kifuniko cha upatanisho cha dhahabu safi, chenye urefu wa dhiraa mbili na nusu, na upana wa dhiraa moja na nusu.
၁၇အလျား နှစ် တောင်ထွာ၊ အနံ တ တောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေ နှင့်လုပ် ရမည်။
18 Tengeneza makerubi wawili wa dhahabu iliyofuliwa katika miisho ya hicho kifuniko.
၁၈ရွှေ ခေရုဗိမ် နှစ်ပါး ကိုလည်း သေတ္တာအဖုံး တွင် အလျားတဘက် တချက်၌ ထု လုပ် ရမည်။
19 Tengeneza kerubi mmoja kwenye mwisho mmoja, na kerubi mwingine kwenye mwisho mwingine; watengeneze makerubi hao wawe kitu kimoja na hicho kifuniko katika miisho hiyo miwili.
၁၉ထို ခေရုဗိမ် နှစ်ပါး ကို သေတ္တာဖုံး ကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက် တပါး စီ လုပ် ပြီးလျှင်၊
20 Makerubi hao watakuwa wametandaza mabawa kuelekea juu, yakitia kivuli hicho kifuniko. Makerubi hao wataelekeana, wakitazama hicho kifuniko.
၂၀ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာ ချင်းဆိုင် ၍၊ သေတ္တာဖုံး ကို ရှု လျက်၊ မိမိ အတောင် ကို ဖြန့် ၍ သေတ္တာဖုံး ကို မိုး ရမည်။
21 Weka huo Ushuhuda nitakaokupa ndani ya hilo Sanduku la Agano, na uweke hicho kifuniko juu ya hilo Sanduku.
၂၁သေတ္တာအဖုံး ကို သေတ္တာ ပေါ် မှာ တင် ရမည်။ ငါပေး သော သက်သေခံချက် ကိုလည်း သေတ္တာ ထဲမှာ ထား ရမည်။
22 Hapo juu ya hicho kifuniko, kati ya hao makerubi wawili walioko juu ya hilo Sanduku la Ushuhuda, hapo ndipo nitakapokutana nawe na kukupa maagizo yangu kwa ajili ya Waisraeli.
၂၂ထို အရပ်၌ ငါသည် သင် နှင့် တွေ့ ၍ ၊ သက်သေခံ ချက်ထားသော သေတ္တာ ဖုံး အပေါ် ၊ ခေရုဗိမ် နှစ်ပါး စပ်ကြား မှာ သင် နှင့် နှုတ်ဆက် သဖြင့်၊ ဣသရေလ အမျိုးသား တို့၌ ဆင့်ဆို ရာသမျှ တို့ကို စီရင်မည်။
23 “Tengeneza meza ya mbao za mshita yenye urefu wa dhiraa mbili, upana wa dhiraa moja, na kimo cha dhiraa moja na nusu.
၂၃အလျား နှစ်တောင် ၊ အနံ တတောင် ၊ အမြင့် တ တောင်ထွာရှိသော စားပွဲ ကိုလည်း အကာရှ သား နှင့် လုပ် ၍ ၊
24 Ifunike kwa dhahabu safi, na kuitengenezea ukingo wa dhahabu kuizunguka pande zote.
၂၄ရွှေ စင် နှင့် မွမ်းမံ ရမည်။ စားပွဲအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကို၎င်း၊
25 Kisha tengeneza upapi wenye upana wa nyanda nne, na ufanyie ule upapi ukingo wa dhahabu kuuzunguka pande zote.
၂၅အနံ လက် တဝါးရှိသောခါးပန်း ကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာ ကို၎င်း လုပ် ရမည်။
26 Tengeneza pete nne za dhahabu kwa ajili ya meza hiyo, na uzifungie kwenye pembe nne, pale penye miguu yake minne.
၂၆ရွှေ လေး ကွင်း ကိုလည်း လုပ် ၍ ၊ ခြေထောက် လေး ခု အထက်စားပွဲလေး ထောင့် ၌ တပ် ရမည်။
27 Pete hizo zitakuwa karibu na ukingo ule ili kuishikilia ile mipiko itakayotumika kuibebea hiyo meza.
၂၇ထိုရွှေကွင်း တို့သည် ခါးပန်း ပေါ်မှာရှိ၍၊ စားပွဲ ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ရမည်။
28 Tengeneza mipiko hiyo kwa mbao za mshita, uifunike na dhahabu, uitumie kubeba hiyo meza.
၂၈စားပွဲ ထမ်း စရာ အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ရမည်။
29 Tengeneza sahani zake na masinia yake kwa dhahabu safi, pamoja na bilauri na bakuli zake kwa ajili ya kumiminia sadaka.
၂၉စားပွဲနှင့်ဆိုင်သော လင်ပန်း ၊ ဇွန်း ၊ အင်တုံ ၊ လောင်း စရာဖလား များကိုလည်း ရွှေ စင် နှင့် လုပ် ရမည်။
30 Utaweka mikate ya Wonyesho juu ya meza hii iwe mbele yangu daima.
၃၀ငါ့ ရှေ့ ၊ စားပွဲ ပေါ် မှာ ရှေ့ တော်မုန့် ကို အစဉ် တင် ရမည်။
31 “Tengeneza kinara cha taa cha dhahabu safi iliyofuliwa vizuri katika kitako chake na ufito wake; vikombe vyake vinavyofanana na ua, matovu yake na maua yake viwe kitu kimoja.
၃၁မီးခုံ ကိုလည်း ရွှေ စင် နှင့်လုပ်၍၊ မီးခုံ တိုင် အစရှိသော အလက် များ၊ ခွက် များ၊ ဘူးသီး များ၊ ကြာပွင့် များတို့ကို တစပ်တည်းထု ရမည်။
32 Matawi sita yatatokeza kuanzia ule ufito wa katikati wa kinara cha taa: matawi matatu upande mmoja na matatu upande mwingine.
၃၂မီးခုံတိုင် တဘက် တချက်သုံး လက် စီထွက် ၍၊ အလက် ခြောက် လက်ရှိရမည်။
33 Vikombe vitatu vya mfano wa maua ya mlozi yenye matovu na maua vitakuwa katika tawi moja, vikombe vitatu katika tawi jingine, na vivyo hivyo kwa matawi yote sita yanayotokeza kwenye kile kinara cha taa.
၃၃မီးခုံ တိုင်ထဲက ထွက်သော အလက် သုံး လက်တွင်၊ တလက် တလက်၌ ဘူး ကြာပွင့် နှင့်တကွ ၊ ဗာတံ သီးနှင့် ပုံတူသော ခွက် သုံး ခွက် ရှိရမည်။
34 Juu ya kinara chenyewe vitakuwepo vikombe vinne vya mfano wa maua ya mlozi yakiwa na matovu yake na maua yake.
၃၄မီးခုံ တိုင်၌ လည်း ဘူး ကြာပွင့် နှင့်တကွ ၊ ဗာတံ သီးနှင့်ပုံတူသော ခွက် လေး ခွက် ရှိရမည်။
35 Tovu moja litakuwa chini ya jozi ya kwanza ya matawi yaliyotokeza kwenye kinara cha taa, tovu la pili chini ya jozi ya pili, nalo tovu la tatu chini ya jozi ya tatu, yaani matawi sita kwa jumla.
၃၅မီးခုံ တိုင်ထဲက ထွက် သော အလက် ခြောက် လက်ရှိသည်အတိုင်း ၊ အလက် နှစ်ဘက် အောက် ၌လည်း ဘူး သီးတလုံးစီ ရှိရမည်။
36 Matovu na matawi yote yatakuwa kitu kimoja na kile kinara cha taa, yakifuliwa kwa dhahabu safi.
၃၆ဘူး များ၊ အလက် များတို့ကို တကိုယ် တစပ်တည်းဖြစ်စေ ၍၊ မီးခုံတကိုယ်လုံးကို ရွှေ စင် နှင့် ထုလုပ် ရမည်။
37 “Kisha tengeneza taa zake saba na uziweke juu ya kinara hicho ili ziangaze mbele yake.
၃၇မီးခွက် ခုနစ် လုံးကိုလည်း လုပ် ရမည်။ စားပွဲ ကို လင်း စေခြင်းငှာ ထိုမီးခွက် ကို ထွန်း ရမည်။
38 Mikasi ya kusawazishia tambi, pamoja na masinia, zote zitakuwa za dhahabu safi.
၃၈မီးညှပ် နှင့် မီးညှပ်ခံစရာခွက် တို့သည်လည်း ရွှေ စင် ဖြစ်ရမည်။
39 Utatumia talanta moja ya dhahabu safi kutengeneza hicho kinara na vifaa vyake vyote.
၃၉မီးခုံ နှင့် မီးခုံ တန်ဆာ ရှိသမျှ တို့ကို၊ ရွှေ စင် အခွက် တဆယ်နှင့် လုပ် ရမည်။
40 Hakikisha kuwa umevitengeneza sawasawa na ule mfano ulioonyeshwa kule mlimani.
၄၀တောင် ပေါ်မှာ သင့် အား ပြ ခဲ့ပြီးသော ပုံ နှင့် ညီလျော် စွာ လုပ် ခြင်းငှာ သတိပြု ရမည်။

< Kutoka 25 >