< Esta 8 >

1 Siku ile ile Mfalme Ahasuero akampa Malkia Esta shamba la Hamani, adui wa Wayahudi. Naye Mordekai akaja mbele ya mfalme, kwa kuwa Esta alikuwa amesema jinsi anavyohusiana naye.
ထို နေ့ခြင်းတွင် ၊ ရှင်ဘုရင် အာရွှေရု သည် ယုဒ အမျိုး၏ ရန်သူ ဟာမန် အိမ် ကို မိဖုရား ဧသတာ အား ပေး တော်မူ၏။ ဧသတာ သည် မော်ဒကဲ နှင့် အဘယ်သို့ ပေါက်ဘော်တော်သည်ကို ဧသတာလျှောက် သဖြင့် ၊ မော်ဒကဲ သည် ရှင်ဘုရင် ထံ တော်သို့ ဝင် ရ၏။
2 Mfalme akaivua pete yake ya muhuri, ambayo alikuwa amemnyangʼanya Hamani, akampa Mordekai, naye Esta akamweka Mordekai juu ya shamba la Hamani.
ရှင် ဘုရင်သည်လည်း ၊ ဟာမန် လက်မှ နှုတ် သော လက်စွပ် တော်ကို တဖန်ချွတ် ၍ မော်ဒကဲ အား ပေး တော်မူ ၏။ ဧသတာ သည်လည်း ၊ ဟာမန် အိမ် ကို မော်ဒကဲ ၌ အပ် လေ၏။
3 Esta alimsihi tena mfalme, akianguka miguuni pake na kulia. Akamwomba akomeshe mpango mwovu wa Hamani Mwagagi ambao alikuwa ameupanga dhidi ya Wayahudi.
တဖန် ဧသတာ သည် ရှင်ဘုရင် ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ ၊ အာဂတ် အမျိုး ဟာမန် ပြုသောအပြစ် ၊ ယုဒ အမျိုးတစ်ဘက် ၌ ကြံစည်သော အကြံ အစည်ကို ပယ် တော်မူ မည်အကြောင်း ၊ မျက်ရည် ကျလျက် တောင်းပန် လေ၏။
4 Kisha mfalme alimnyooshea Esta fimbo yake ya utawala ya dhahabu naye aliinuka na kusimama mbele yake.
ရှင် ဘုရင်သည် ရွှေ ရာဇ လှံတံကို ဧသတာ သို့ ကမ်း တော်မူသဖြင့် ၊ ဧသတာ သည် ထ ၍ ရှင်ဘုရင် ရှေ့ တော်၌ ရပ် လျက်၊
5 Esta akasema, “Kama ikimpendeza mfalme, nami kama nikipata kibali naye akiona ni jambo lililo sawa kunitendea na kama akipendezwa nami, basi iandikwe amri ya kuzitangua barua zile Hamani mwana wa Hamedatha, Mwagagi, alizotunga na kuandika kuangamiza Wayahudi katika majimbo yote ya mfalme.
အရှင်မင်းကြီး အလို တော်ရှိ၍ ၊ ကျွန်တော်မကို စိတ် နှင့်တွေ့တော်မူလျှင် ၎င်း၊ ကျွန်တော်မအမှု သည် ရှေ့ တော်၌ လျောက်ပတ် ၍ ကိုယ်တော် သည် ကျွန်တော် မ ကိုလည်း ချစ် တော်မူလျှင် ၎င်း၊ နိုင်ငံတော်အတိုင်း တိုင်း အပြည်ပြည်တို့၌ ရှိသော ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ အာဂတ် အမျိုး ဟမ္မေဒါသ သား ဟာမန် စီရင် သောစာ ကို ပယ်မည်အကြောင်း ၊ ထပ်၍စာရေး စေတော်မူပါ။
6 Kwa maana nitawezaje kuvumilia kuona maafa yakiwapata watu wangu? Nitawezaje kuvumilia kuona maangamizi ya jamaa yangu?”
ကျွန်တော် မအမျိုး အပေါ်သို့ ရောက် ရသော ဘေး ကို၎င်း၊ ကျွန်တော် မအမျိုးသား ချင်းပျက်စီးသောအမှု ကို၎င်း၊ ကျွန်တော်မသည် ကြည့်ရှု ခြင်းငှါ၊ အဘယ်သို့ တတ်နိုင် ပါအံ့နည်းဟု လျှောက် ဆို၏။
7 Mfalme Ahasuero akawajibu Malkia Esta na Mordekai Myahudi, “Kwa sababu Hamani aliwashambulia Wayahudi, nimetoa shamba la Hamani kwa Esta, naye ameangikwa kwenye mti wa kunyongea.
ရှင်ဘုရင် အာရွှေရု ကလည်း ၊ ဟာမန်သည် ယုဒ လူတို့ကို ထိခိုက် သောကြောင့် ၊ သူ ၏အိမ် ကို ဖိဖုရား ဧသတာ အား ငါပေး ပြီ။ ထိုသူ ကိုလည်း လည်ဆွဲ ချတိုင်၌ ကွပ်မျက် စေပြီ။
8 Basi andika amri nyingine kwa jina la mfalme kwa ajili ya Wayahudi kama unavyoona vyema, kisha uifunge kwa kutia muhuri kwa pete ya mfalme kwa kuwa hakuna andiko lililoandikwa kwa jina la mfalme na kutiwa muhuri kwa pete ya mfalme linaloweza kutanguliwa.”
သို့ရာတွင် ရှင်ဘုရင် လက်စွပ် နှင့် တံဆိပ် ခတ် သော ရှင်ဘုရင် အမိန့် တော်စာကို အဘယ်သူမျှမ ပယ် ရသည် ဖြစ်၍၊ စိတ် ရှိသည်အတိုင်း ယုဒ လူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး ၍ ၊ လက်စွပ် တော်နှင့် တံဆိပ် ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။
9 Mara moja waandishi wa mfalme wakaitwa kwenye siku ya ishirini na tatu, mwezi wa tatu, ndio mwezi wa Siwani. Wakaandika yote Mordekai aliyoamuru kwa Wayahudi, kwa majemadari, watawala na wakuu wa majimbo 127 kuanzia Bara Hindi mpaka Kushi. Maagizo haya yaliandikwa kwa maandishi ya kila jimbo na kwa lugha ya kila mtu pia kwa Wayahudi kwa maandishi yao wenyewe na lugha yao.
ထိုအခါ သိဝန် အမည်ရှိသောတတိယ လ နှစ်ဆယ် သုံး ရက်နေ့တွင် ၊ စာရေး တော်ကြီးတို့ကိုခေါ် ၍ ၊ အိန္ဒိယ ပြည်မှ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့၌ ရှိသောယုဒ လူ၊ ကိုယ်စား တော် မင်း၊ အပြည် ပြည်အုပ်သော မြို့ဝန် ၊ မြို့ သူကြီးတို့ကို မော်ဒကဲ မှာ ထားသမျှ အတိုင်း ၊ ယုဒဘာသာစကားမှစ၍လူအမျိုးမျိုးပြောသောစကားအသီးအသီး အားဖြင့်၊
10 Mordekai aliandika nyaraka kwa jina la Mfalme Ahasuero, akazitia muhuri kwa pete ya mfalme na kuzipeleka kwa njia ya matarishi, ambao waliendesha farasi waendao kasi waliozalishwa maalum kwa ajili ya mfalme.
၁၀ရှင်ဘုရင် အာရွှေရု ၏ အမိန့်တော်စာကိုရေး ၍ ရှင်ဘုရင် လက်စွပ် တော်နှင့် တံဆိပ် ခတ်ပြီးမှ ၊ မြင်း၊ လား ၊ ကုလားအုပ် ၊ မြည်း စီး သော စာပို့ လုလင်တို့ဖြင့် ပေး လိုက် လေ၏။
11 Waraka wa mfalme uliwaruhusu Wayahudi katika kila mji kuwa na haki ya kukusanyika na kujilinda wenyewe; kuharibu, kuua na kuangamiza jeshi lolote, taifa lolote au jimbo lile litakalowashambulia wao, wake zao, watoto wao na kuteka mali za adui zao.
၁၁အမိန့်တော်စာချက်ဟူမူကား၊ အာဒါ အမည် ရှိသောဒွါဒသမ လ တဆယ် သုံး ရက် တ နေ့ ခြင်းတွင် ၊ နိုင်ငံတော်အတိုင်းတိုင်းအပြည်ပြည်အမြို့မြို့၌ရှိသောယုဒ လူတို့သည် စုဝေး ၍၊
12 Siku ambayo iliwekwa kwa Wayahudi kufanya hili katika majimbo yote ya Mfalme Ahasuero ilikuwa siku ya kumi na tatu ya mwezi wa kumi na mbili, yaani mwezi wa Adari.
၁၂မိမိ တို့အသက် ကို စောင့် ရသောအခွင့်၊ တိုက်လာ သောပြည်သူ ၊ စစ်သူရဲ အပေါင်း တို့ကို မိန်းမ သူငယ် နှင့်တကွ သတ်ဖြတ် သုတ်သင် ပယ်ရှင်း ၍၊ သူ တို့ဥစ္စာ ကိုလုယူ သိမ်းရုံးရသောအခွင့်ကိုရှင်ဘုရင် ပေး တော်မူ၏။
13 Nakala ya tangazo ilikuwa itolewe kama sheria katika kila jimbo na iweze kujulikana kwa watu wa kila taifa, ili kwamba Wayahudi wawe tayari siku hiyo kulipiza kisasi kwa adui zao.
၁၃ဤရွေ့ကား၊ ယုဒ လူတို့သည် ထို နေ့ ရက်တွင် ရန်သူ တို့ကို ရန်တုံ့ ပြုစေခြင်းငှါ ၊ အတိုင်း တိုင်း အပြည် ပြည်၌ နေသောလူမျိုး အပေါင်း တို့အား ကျော် ရသောအမိန့် တော်စာချက်ဖြစ် သတည်း။
14 Matarishi, wakiwa wamepanda farasi wa kifalme, walitoka mbio wakichochewa na agizo la mfalme. Tangazo lilitolewa pia katika ngome ya mji wa Shushani.
၁၄ထိုအမိန့်တော်စာ ကို ရှုရှန် နန်းတော် ၌ ကြော်ပြီးမှ၊ ရှင်ဘုရင် ကျပ်တည်း စွာ စီရင် သည်အတိုင်း ၊ စာပို့ လုလင်တို့သည် အလျင် အမြန်ပြေး သွားကြ၏။
15 Mordekai akaondoka mbele ya mfalme akiwa amevaa mavazi ya kifalme ya buluu na nyeupe, taji kubwa la dhahabu na joho la zambarau la kitani safi. Na mji wa Shushani ukasherehekea kwa furaha.
၁၅မော်ဒကဲ သည်လည်း ၊ မင်း မြောက်တန်ဆာတည်းဟူသောအဝတ်အဖြူ အပြာ ကို ဝတ်ဆင်လျက်၊ ကြီးစွာ သော ရွှေ သရဖူ ကို ဆောင်းလျက်၊ ပိတ် ချောနှင့် မောင်း သော အထည်ဖြင့် ပြီးသောဝတ်လုံ ကို ခြုံလျက်၊ ရှင်ဘုရင် ထံ တော်မှ ထွက်သွား ၍၊
16 Kwa maana kwa Wayahudi ulikuwa wakati wa raha na furaha, shangwe na heshima.
၁၆ရှုရှန် မြို့ တော်သည် ဝမ်းမြောက် ရွှင်လန်း ခြင်းသို့ ရောက်လေ၏။ ယုဒ လူတို့သည်လည်း၊ သက်သာ ရွှင်လန်း ၍ ဝမ်းမြောက် ခြင်း၊ အသရေ ထွန်းလင်းခြင်းသို့ ရောက် ကြ၏။
17 Katika kila jimbo na katika kila jiji, popote waraka wa mfalme ulipofika, kulikuwepo furaha na shangwe miongoni mwa Wayahudi, pamoja na karamu na kushangilia. Na watu wengi wa mataifa mengine wakajifanya Wayahudi kwa sababu ya kuwahofu Wayahudi.
၁၇ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်အမြို့မြို့၌ ၊ ယုဒ လူတို့သည် ဝမ်းမြောက် ရွှင်လန်း ခြင်း၊ ပွဲ ခံခြင်း၊ မင်္ဂလာ နေ့ စောင့်ခြင်းကို ပြု၍၊ ပြည်သူ ပြည်သားအများတို့သည် ယုဒ လူတို့ကို ကြောက်ရွံ သောကြောင့် ယုဒ ဘာသာကို ဝင်ကြ၏။

< Esta 8 >