< Waefeso 6 >

1 Enyi watoto, watiini wazazi wenu katika Bwana, kwa kuwa hili ni jema.
သားသမီး တို့၊ သခင် ဘုရား၏ အလိုတော်နှင့်အညီ မိဘ စကားကို နားထောင် ကြလော့။ မိဘစကား ကိုနားထောင် ခြင်းအမှုသည်တရား သောအမှုဖြစ် ၏။
2 “Waheshimu baba yako na mama yako,” hii ndio amri ya kwanza yenye ahadi,
မိဘ ကိုရိုသေ စွာပြုလော့။
3 “upate baraka na uishi siku nyingi duniani.”
ဤ ပညတ်တော်ကား၊ သင်သည် ပြည် တော်၌ ကောင်းစား ၍ အသက်တာ ရှည်မည် အကြောင်း ဟူ၍ဂတိ တော်နှင့် ဆိုင်သောပဌမ ပညတ် ဖြစ် ၏။
4 Ninyi akina baba, msiwachokoze watoto wenu, bali waleeni kwa nidhamu na mafundisho ya Bwana.
အဘ တို့၊ ကိုယ် သားသမီး ကို စိတ်ဆိုး စေခြင်းငှာမ ပြုကြနှင့်။ သခင် ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင် ခြင်းကိုပြုလျက် ကျွေးမွေး ကြလော့။
5 Ninyi watumwa, watiini hao walio mabwana zenu hapa duniani kwa heshima na kwa kutetemeka na kwa moyo mmoja, kama vile mnavyomtii Kristo.
အစေခံ ကျွန်တို့၊ ခရစ်တော် ၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့ တုန်လှုပ် လျက် ၊ စိတ် နှစ်ခွ မရှိဘဲ လောကီ သခင် ၏စကားကို နားထောင် ကြလော့။
6 Watiini, si tu wakati wakiwaona ili mpate upendeleo wao, bali mtumike kama watumwa wa Kristo, mkifanya mapenzi ya Mungu kwa moyo.
လူ တို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့ မျက်မှောက် ၌ သာ နားထောင်သည်မ ဟုတ်၊ ခရစ်တော် ၏ ကျွန် ကဲ့သို့ စေတနာစိတ် နှင့် ဘုရားသခင် ၏ အလို တော်ကို စောင့် ၍၊
7 Tumikeni kwa moyo wote, kama vile mnamtumikia Bwana na si wanadamu.
လူ ၏အစေကိုသာ ခံသကဲ့သို့မ ဟုတ်၊ သခင် ဘုရား၏ အစေကို ခံသကဲ့သို့ ကြည်ညို သော သဘောနှင့် အစေ ကိုခံကြလော့။
8 Mkijua kwamba Bwana atampa kila mtu thawabu kwa lolote jema alilotenda, kama yeye ni mtumwa au ni mtu huru.
ကောင်း သောအကျင့်ကို ကျင့် သောသူ မည်သည်ကား ၊ ကျွန် ဖြစ်စေ ၊ လူ လွတ်ဖြစ်စေ ၊ သခင် ဘုရား၏ လက်တော်မှ အကျိုးကိုခံရ လိမ့်မည်ဟု သိမှတ် ကြလော့။
9 Nanyi mabwana, watendeeni watumwa wenu kwa jinsi iyo hiyo. Msiwatishe, kwa kuwa mnajua ya kwamba yeye aliye Bwana wenu na Bwana wao yuko mbinguni, naye hana upendeleo.
သခင် တို့၊ ခြိမ်းချောက် ခြင်းကို ချုပ်တည်း ၍ ၊ ကိုယ်ကျွန် တို့ကို ထိုနည်းတူ ပြု ကြလော့။ သင် တို့၏ သခင် သည် ကောင်းကင် ဘုံ၌ ရှိ သည်ကို၎င်း၊ ထိုသခင် သည် အဘယ်သူ၏ မျက်နှာကို မှတ်တော်မ မူသည်ကို၎င်း၊ သိမှတ် ကြလော့။
10 Hatimaye, mzidi kuwa hodari katika Bwana na katika uweza wa nguvu zake.
၁၀ကြွင်း သေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင် ဘုရားအားဖြင့် ၎င်း ၊ တန်ခိုး တော်အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ ခြင်းရှိကြလော့။
11 Vaeni silaha zote za Mungu ili kwamba mweze kuzipinga hila za ibilisi.
၁၁မာရ်နတ် ၏ ပရိယာယ် တို့ကို တားဆီး နိုင် မည်အကြောင်း ၊ ဘုရားသခင် သည်ပြင်ဆင်တော်မူသော လက်နက်စုံ ကို ဝတ်ဆောင် ကြလော့။
12 Kwa maana kushindana kwetu si juu ya nyama na damu, bali dhidi ya falme, mamlaka, dhidi ya wakuu wa giza na majeshi ya pepo wabaya katika ulimwengu wa roho. (aiōn g165)
၁၂အကြောင်းမူကား ၊ ငါ တို့သည် အသွေး အသား ရှိ သော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မ ဟုတ်။ အထွဋ်အမြတ် တို့နှင့် ၎င်း၊ အာဏာစက် တို့နှင့် ၎င်း၊ လောကီမှောင်မိုက် ၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့် ၎င်း၊ မိုဃ်းကောင်းကင် ၌ နေသောနတ်ဆိုး တို့နှင့် ၎င်း၊ ဆိုင်ပြိုင် တိုက်လှန်ရကြ၏။ (aiōn g165)
13 Kwa hiyo vaeni silaha zote za Mungu ili mweze kushindana siku ya uovu itakapokuja nanyi mkiisha kufanya yote, simameni imara.
၁၃ထိုကြောင့် ၊ ခဲယဉ်းဆိုးယုတ် သော နေ့ရက် ကာလ ၌ ဆီးတား နိုင် သဖြင့် ၊ ကိစ္စအလုံးစုံ တို့ကို ပြီးစီး ၍ ခံရပ် နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံ ကိုယူဆောင် ကြလော့။
14 Kwa hiyo simameni imara mkiwa mmejifunga kweli kiunoni na kuvaa dirii ya haki kifuani,
၁၄သစ္စာ တည်းဟူသောခါးပန်း ကိုစည်း လျက်၊ ဖြောင့်မတ် ခြင်းပါရမီတည်းဟူသောရင်အုပ် တန်ဆာကို ဝတ်ဆင် လျက် ၊
15 nayo miguu yenu ifungiwe utayari tuupatao kwa Injili ya amani.
၁၅ငြိမ်သက် ခြင်းနှင့်ယှဉ်သော ဧဝံဂလိ တရားကို ဟောပြောအံ့သောငှာပြင်ဆင် သော အဖြစ်တည်းဟူသောခြေစွပ် ကိုစွပ် လျက် ခံရပ် ကြလော့။
16 Zaidi ya haya yote, twaeni ngao ya imani, ambayo kwa hiyo mtaweza kuizima mishale yote yenye moto ya yule mwovu.
၁၆မာရ်နတ် ပြစ်ခတ်သော မီးစက် လက်နက် ကို ကာသတ် နိုင် သော ယုံကြည် ခြင်းတည်းဟူသောလွှား ကို လည်းခပ်သိမ်း သော လက်နက်တို့အပေါ်မှာထပ်ဆင့်၍ ယူဆောင် ကြလော့။
17 Vaeni chapeo ya wokovu na mchukue upanga wa Roho, ambao ni Neno la Mungu.
၁၇ကယ်တင် ခြင်းတည်းဟူသောသံ ခမောက်လုံးကို၎င်း ၊ ဘုရားသခင် ၏နှုတ်ကပတ် တည်းဟူသောဝိညာဉ် တော်၏ဓား ကို၎င်း ယူ ကြလော့။
18 Mkiomba kwa Roho siku zote katika sala zote na maombi, mkikesha kila wakati mkiwaombea watakatifu wote.
၁၈ကာလ အစဉ် စိတ် နှလုံးပါလျက် ဆုတောင်း ပဌာနာ ပြုခြင်းအမျိုးမျိုး တို့ဖြင့် ဆုတောင်း ကြလော့။ ထိုသို့ ဆုတောင်းခြင်းငှာ အားမလျော့ ဘဲလျက် ၊ ငါမှစ၍သန့်ရှင်း သူအပေါင်း တို့အဘို့ ဆုတောင်း လျက် စောင့်ရှောက် ကြလော့။
19 Niombeeni na mimi pia, ili kila nifunguapo kinywa changu, nipewe maneno ya kusema, niweze kutangaza siri ya Injili kwa ujasiri,
၁၉ငါသည် ဧဝံဂေလိ တရားကြောင့် သံကြိုး နှင့် ချည်နှောင်ခြင်းကိုခံလျက်၊
20 ambayo mimi ni balozi wake katika vifungo. Ombeni ili nipate kuhubiri kwa ujasiri kama inipasavyo.
၂၀သံတမန် အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲ သောအရာကိုဖော်ပြ ခြင်းငှာငါ သည်နှုတ် ကို ရဲရင့် စွာ ဖွင့်လှစ် ခြင်း အခွင့်ရှိ မည်အကြောင်း ကို၎င်း၊ ထိုတရား ကိုဟောပြောအပ် သည်နှင့်အညီ ၊ ရဲရင့် စွာဟောပြော မည်အကြောင်း ကို၎င်း၊ ငါ့ အဘို့ လည်း ဆုတောင်းကြလော့။
21 Tikiko, aliye ndugu mpendwa na mtumishi mwaminifu katika Bwana, atawaambia kila kitu, ili pia mpate kujua hali yangu na kile ninachofanya sasa.
၂၁သင် တို့သည် ငါ ၌ ဖြစ်သော အကြောင်း အရာများကို သိ စေခြင်းငှာ ၊ သခင် ဘုရားထံ၌ သစ္စာ ရှိသော ဆရာ တည်းဟူသောငါချစ် သောညီ တုခိတ် သည် အလုံးစုံ တို့ကို သင် တို့အား ဖော်ပြ လိမ့်မည်။
22 Ninamtuma kwenu kwa ajili ya kusudi hili hasa, ili mpate kujua hali yetu, na awatie moyo.
၂၂သင်တို့သည်ငါ တို့၏အကြောင်း အရာများကို သိ မည်အကြောင်း နှင့်၊ ထို သူ သည်သင် တို့စိတ်နှလုံး ကို သက်သာ စေမည်အကြောင်း ၊ ထိုသူ ကိုသင် တို့ဆီသို့ ငါစေလွှတ် ၏။
23 Amani iwe kwa ndugu, na pendo pamoja na imani kutoka kwa Mungu Baba na Bwana Yesu Kristo.
၂၃ညီအစ်ကို တို့၌ ငြိမ်သက် ခြင်းရှိပါစေသော။ ခမည်းတော် ဘုရား နှင့် သခင် ယေရှု ခရစ် ပေးတော်မူသောယုံကြည် ခြင်းနှင့် ချစ် ခြင်းမေတ္တာရှိပါစေသော။
24 Neema iwe na wote wampendao Bwana wetu Yesu Kristo kwa upendo wa dhati. Amen.
၂၄ငါ တို့သခင် ယေရှု ခရစ် ကို အမှန် ချစ် သော သူ အပေါင်း တို့၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။

< Waefeso 6 >