< Mhubiri 10 >

1 Kama vile nzi waliokufa huacha harufu mbaya kwenye manukato, ndivyo upumbavu kidogo huzidi nguvu hekima na heshima.
အထုံသမားလုပ် သော နံ့သာ ဆီကို သေ သော ယင်ကောင် သည် နံ စေသကဲ့သို့၊ အနည်းငယ် သောအမိုက် သည် ပညာ နှင့်ဂုဏ် အသရေထင်ရှား သောသူကို ထိုအတူ ဖြစ်စေတတ်၏။
2 Moyo wa mwenye hekima huelekea kuume, lakini moyo wa mpumbavu huelekea kushoto.
ပညာရှိ သောသူ၏ နှလုံး သည် မိမိ လက်ျာ လက် ၌ ရှိ၏။ မိုက် သောသူ၏နှလုံး မူကား ၊ မိမိ လက်ဝဲ လက်၌ ရှိ၏။
3 Hata anapotembea barabarani, mpumbavu hukosa ufahamu na kudhihirisha kwa kila mmoja jinsi alivyo mpumbavu.
မိုက် သောသူသည်လမ်း ၌ သွား စဉ်တွင်ပင် သတိ လစ် ၍ ၊ ငါသည် လူမိုက် ဖြစ်၏ဟု ခပ်သိမ်း သောသူတို့အား ပြော တတ်၏။
4 Kama hasira ya mtawala ikiwaka dhidi yako, usiache mahali pako, utulivu huweza kuzuia makosa mengi.
မင်း သည် သင့် ကို စိတ်ဆိုး လျှင် ၊ ကိုယ် နေသင့်ရာ အရပ် မှ မ ရွေ့ နှင့်။ သည်းခံ ခြင်းသည် ကြီး သောအပြစ် ကို ဖြေ တတ်၏။
5 Kuna ubaya niliouona chini ya jua, aina ya kosa litokalo kwa mtawala:
မင်း မှားယွင်း ခြင်းအားဖြင့် ဖြစ် တတ်သော ၊ နေ အောက် ၌ ငါမြင် ရသောအမှု ဆိုးဟူမူကား၊
6 Wapumbavu kuwekwa kwenye nafasi nyingi za juu, wakati matajiri hushika nafasi za chini.
မိုက် သောသူတို့သည် မြင့် သောအရပ်၊ သူဌေး တို့ သည် နိမ့် သောအရပ်၌ ထိုင် ရသောအမှု၊
7 Mimi nimeona watumwa wamepanda farasi, wakati wakuu wakitembea kwa miguu kama watumwa.
ကျွန် တို့သည် မြင်း ကိုစီး၍ မှူးမတ် တို့သည် ကျွန် ကဲ့သို့ မြေ ပေါ် မှာ ခြေဖြင့်သွား ရသောအမှုကို ငါမြင် လေပြီ။
8 Yeye achimbaye shimo aweza kutumbukia ndani yake, yeyote abomoaye ukuta anaweza kuumwa na nyoka.
တွင်း ကို တူး သောသူသည် ထို တွင်းထဲသို့ ကျ လိမ့်မည်။ ခြံ ကိုဖျက် သောသူသည် မြွေ ကိုက် ခြင်းကိုခံရလိမ့်မည်။
9 Yeyote apasuaye mawe inawezekana yakamuumiza, yeyote apasuaye magogo inawezekana yakamuumiza.
ကျောက် တို့ကို ရွှေ့ သောသူသည် ဖိ ခြင်းကိုခံရလိမ့်မည်။ ထင်း ခုတ် သောသူသည်လည်း ရှန လိမ့်မည်။
10 Kama shoka ni butu na halikunolewa, nguvu nyingi zinahitajika, lakini ustadi utaleta mafanikio.
၁၀ပုဆိန် တုံး သောအခါ မ သွေး ဘဲနေလျှင် သာ၍အားထုတ် ရမည်။ ပညာ သည် အမှုဆောင် ရသောအခွင့် ကိုပေး ၍ ကျေးဇူး ကြီး၏။
11 Kama nyoka akiuma kabla ya kufanyiwa uaguzi, mwaguzi hatahitajika tena.
၁၁မြွေ သည် ပြုစား ခြင်းကိုမ ခံ။ ကိုက် မိလျှင် အလမ္ပယ် သမား ကျေးဇူး မ ရှိ။
12 Maneno yatokayo kinywani mwa mtu mwenye hekima yana neema, bali mpumbavu huangamizwa na midomo yake mwenyewe.
၁၂ပညာရှိ သောသူ၏စကား သည် လျောက်ပတ် ၏။ မိုက် သောသူ၏ နှုတ် မူကား သူ့ ကိုယ်ကိုမျို တတ်၏။
13 Mwanzoni maneno yake ni upumbavu, mwishoni ni wazimu mbaya,
၁၃သူ ၏စကား အစ သည် မိုက် ခြင်း၊ အဆုံး သည် အပြစ် ပြုတတ်သော ရူး ခြင်းဖြစ်၏။
14 naye mpumbavu huzidisha maneno. Hakuna yeyote ajuaye linalokuja, ni nani awezaye kueleza ni jambo gani litakalotokea baada yake?
၁၄မိုက် သောသူသည် စကား များ တတ်၏။ သို့သော်လည်းဖြစ် လတံ့သောအရာ ကို လူ သည်မ ပြော နိုင်ရာ။ လူ နောက် ၌ အဘယ်သို့ဖြစ်လတံ့သည်ကို အဘယ်သူပြောနိုင်သနည်း။
15 Kazi ya mpumbavu humchosha mwenyewe, hajui njia iendayo mjini.
၁၅မြို့ သို့ သွား သောလမ်းကို မ သိ သောသူကဲ့သို့မိုက် သောသူသည် ကြိုးစား အားထုတ်သော်လည်း ၊ သူတပါး တို့ကို ပင်ပန်း စေတတ်၏။
16 Ole wako, ee nchi ambayo mfalme wako alikuwa mtumwa na ambayo wakuu wako hufanya karamu asubuhi.
၁၆ငယ်သား အစိုးရ ၍ မှူးမတ် များအချိန်မဲ့နံနက် စောစောစားသောက် တတ်သောပြည် သည် အမင်္ဂလာ ရှိ၏။
17 Heri wewe, ee nchi ambayo mfalme wako ni wa uzao wenye kuheshimika na ambayo wakuu wako hula chakula kwa wakati unaofaa: ili kupata nguvu na si kwa ajili ya ulevi.
၁၇မင်းသား အစိုးရ ၍ ၊ မှူးမတ် တို့သည် လွန်ကျူး စွာ မ စားမသောက်ဘဲ၊ အချိန်တန် မှအားဖြည့် ခြင်းငှါ သာ၊ စားသောက် တတ်သော ပြည် သည် မင်္ဂလာ ရှိ၏။
18 Kama mtu ni mvivu paa la nyumba huinama, kutokana na mikono milegevu, nyumba huvuja.
၁၈အလွန်ပျင်းရိ ခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ်၏။ လက် နှင့်မ ပြုပြင်ဘဲနေလျှင် အိမ် မိုးယို တတ်၏။
19 Karamu hufanywa kwa ajili ya kicheko, nao mvinyo hufurahisha maisha, lakini fedha ni jawabu la mambo yote.
၁၉ပျော်မွေ့ ခြင်းငှါ ပွဲ ကိုလုပ် တတ်၏။ စပျစ်ရည် သည်လည်း ရွှင်လန်း စေတတ်၏။ ငွေ မူကား ၊ အရာရာ ၌ နိုင် တတ်၏။
20 Usimshutumu mfalme hata ikiwa ni katika mawazo yako, au kumlaani tajiri katika chumba chako cha kulala, kwa sababu ndege wa angani wanaweza kuchukua maneno yako, naye ndege anayeruka anaweza kutoa taarifa ya yale uliyosema.
၂၀ရှင် ဘုရင်ကို စိတ် ဖြင့် မျှ မ ကျိန်ဆဲ နှင့်။ လူကြီး ကို အိပ် ခန်း ထဲ ၌မ ကျိန်ဆဲ နှင့်။ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် သည် ထိုအသံ ကို ဆောင်သွား လိမ့်မည်။ ပျံ တတ်သော အကောင်သည် ထိုအမှုကို ဘော်ပြ လိမ့်မည်။

< Mhubiri 10 >