< Torati 6 >

1 Haya ndiyo maagizo, amri na sheria ambazo Bwana Mungu wenu aliniagiza niwafundishe ninyi ili mpate kuyashika katika nchi ambayo ninyi mnavuka Yordani kuimiliki,
``သင်​တို့​အား​သွန်​သင်​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော်​မူ​သော ပ​ညတ်​တော်​များ​သည်​ကား ဤ​သို့​တည်း။ သင် တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​တွင် ဤ​ပညတ် တော်​များ​ကို​လိုက်​နာ​စောင့်​ထိန်း​ကြ​လော့။-
2 ili kwamba ninyi, watoto wenu na watoto wao baada yao wamche Bwana Mungu wenu siku zote kwa kushika amri na maagizo yake yote ninayowapa, ili mweze kuyafurahia maisha marefu.
သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့ ရို​သေ​ရ​ကြ​မည်။ သင်​တို့​သည်​ထို​ပြည်​တွင် ကြာ​ရှည်​စွာ​နေ​ထိုင်​နိုင်​ရန် ငါ​ပေး​သော ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​နား​ထောင်​၍ စောင့်​ထိန်း​ကြ​လော့။-
3 Sikia, ee Israeli, nawe uwe mwangalifu kutii ili upate kufanikiwa na kuongezeka sana katika nchi itiririkayo maziwa na asali, kama Bwana, Mungu wa baba zenu, alivyowaahidi ninyi.
အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​ပညတ်​တော် များ​ကို​စောင့်​ထိန်း​လော့။ ထို​သို့​ပြု​လျှင်​ဘိုး ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့​သည်​ကြွယ်​ဝ ကောင်း​စား​၍​အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ် လာ​လိမ့်​မည်။ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ပြည်​တွင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။''
4 Sikia, ee Israeli: Bwana Mungu wako, Bwana ni mmoja.
``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဤ​အ​ချက် ကို​မ​မေ့​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် ငါ​တို့ ၏​ဘု​ရား​ဖြစ်​တော်​မူ​၏။-
5 Mpende Bwana Mungu wako kwa moyo wako wote, na kwa roho yako yote, na kwa nguvu zako zote.
သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့်​ချစ်​လော့။-
6 Amri hizi ninazokupa leo zitakuwa katika moyo wako.
ယ​နေ့​သင်​တို့​အား​ငါ​ပေး​သော​ပ​ညတ်​တော် များ​ကို မည်​သည့်​အ​ခါ​မျှ​မ​မေ့​နှင့်။-
7 Wafundishe watoto wako kwa bidii. Nena kuhusu amri hizi uketipo nyumbani na wakati utembeapo njiani, ulalapo na uamkapo.
ထို​ပ​ညတ်​များ​ကို သင်​တို့​၏​သား​သ​မီး​တို့ အား​သွန်​သင်​ရ​မည်။ အိမ်​၌​ရှိ​သည့်​အ​ခါ ဖြစ်​စေ၊ နား​နေ​သည့်​အ​ခါ​ဖြစ်​စေ၊ အ​လုပ် လုပ်​သည့်​အ​ခါ​ဖြစ်​စေ ထို​ပညတ်​တော်​များ ကို​သွန်​သင်​ရ​မည်။-
8 Zifunge kama alama juu ya mkono wako, na uzifunge juu ya paji la uso wako.
ထို​ပ​ညတ်​များ​ကို​သ​တိ​ရ​နေ​စေ​ရန် သင် တို့​၏​လက်​မောင်း​၌​လည်း​ကောင်း၊ န​ဖူး​၌ လည်း​ကောင်း​ချည်​ထား​ရ​မည်။-
9 Ziandike kwenye miimo ya milango ya nyumba yako na juu ya malango yako.
သင်​တို့​၏​အိမ်​တံခါး​တိုင်​နှင့်​ဝင်း​တံ​ခါး​တို့ တွင် ထို​ပ​ညတ်​တော်​များ​ကို​ရေး​ထား​ရ​မည်။''
10 Wakati Bwana Mungu wako atakapokuleta katika nchi aliyowaapia baba zako, Abrahamu, Isaki na Yakobo, kukupa wewe, nchi kubwa, ina miji inayopendeza ambayo hukuijenga,
၁၀``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​က​တိ ထား​တော်​မူ​သည်​အ​တိုင်း သင်​တို့​ကိုယ်​တိုင် မ​တည်​ဆောက်​သည့်​စည်​ပင်​သာ​ယာ​သော မြို့​ကြီး​များ​ကို သင်​တို့​အား​ပေး​တော်​မူ မည်။-
11 nyumba zilizojaa vitu vizuri vya aina nyingi ambavyo hukuvijaza, visima ambavyo hukuchimba, na mashamba ya mizabibu na mizeituni ambayo hukupanda wewe, basi, utakapokula na kushiba,
၁၁သင်​တို့​မ​စု​ဆောင်း​ဘဲ ကောင်း​မွန်​သော​အ​ရာ များ​နှင့်​ပြည့်​စုံ​သော​အိမ်​များ​ကို​လည်း​ကောင်း၊ သင်​တို့​မ​တူး​သော​ရေ​တွင်း​များ​ကို​လည်း ကောင်း၊ သင်​တို့​မ​စိုက်​ပျိုး​သော​စ​ပျစ်​ခြံ​နှင့် သံ​လွင်​ခြံ​များ​ကို​လည်း​ကောင်း သင်​တို့​အား ပေး​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​ကို​ပို့​ဆောင်​၍ ထို​ပြည်​သို့​ရောက်​သ​ဖြင့် သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​လင်​စွာ စား​ရ​သော​အ​ခါ၊-
12 jihadhari usije ukamwacha Bwana, aliyekutoa katika nchi ya Misri, kutoka nchi ya utumwa.
၁၂ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ် ဆောင်​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​လျော့​ရန်​သ​တိ​ပြု​ကြ​လော့။-
13 Utamcha Bwana Mungu wako, na umtumikie yeye peke yake na kuapa kwa jina lake.
၁၃သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​လော့။ ကိုယ်​တော်​ကို​သာ​ကိုး ကွယ်​လော့။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​သာ တိုင်​တည်​လျက်​က​တိ​သစ္စာ​ပြု​လော့။-
14 Usifuate miungu mingine, miungu ya mataifa yanayokuzunguka;
၁၄အ​ခြား​ဘုရား​များ​ကို​မ​ဆည်း​ကပ်​နှင့်။ သင် တို့​ပတ်​ဝန်း​ကျင်​တွင်​နေ​ထိုင်​သော​လူ​မျိုး တို့​၏​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​နှင့်။-
15 kwa kuwa Bwana Mungu wako, ambaye yuko katikati yako, ni Mungu mwenye wivu na hasira yake itawaka dhidi yako, naye atakuangamiza kutoka uso wa nchi.
၁၅သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​ခံ တော်​မ​မူ။ ထို့​ကြောင့်​သင်​တို့​သည်​အ​ခြား​သော ဘု​ရား​ကို​ဝတ်​ပြု​လျှင် အ​မျက်​တော်​သည်​မီး ကဲ့​သို့​တောက်​လောင်​၍ သင်​တို့​အ​ပေါင်း​ကို​သေ ကြေ​ပျက်​စီး​စေ​လိမ့်​မည်။''
16 Usimjaribu Bwana Mungu wako kama ulivyofanya huko Masa.
၁၆``သင်​တို့​သည်​မ​ဿာ​အ​ရပ်​မှာ​ကဲ့​သို့ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​စစ် အ​ကြော​မ​ပြု​ရ။-
17 Utayashika maagizo ya Bwana Mungu wako kwa bidii, na masharti na amri alizokupa.
၁၇ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း​တော်​မူ​သော ပ​ညတ် အား​လုံး​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​လော့။-
18 Fanya lililo haki na jema mbele za Bwana, ili upate kufanikiwa, uweze kuingia na kuimiliki nchi nzuri ambayo Bwana aliahidi kwa kiapo kwa baba zako,
၁၈သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် သင့်​မြတ်​မှန်​ကန်​သော​အ​မှု​တို့​ကို​ပြု​လျှင် အ​ရာ​ရာ​၌​အောင်​မြင်​လိမ့်​မည်။ သင်​တို့​၏ ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​က​တိ ထား​တော်​မူ​သော​သာ​ယာ​ဝ​ပြော​သည့် ပြည်​ကို​သိမ်း​နိုင်​လိမ့်​မည်။-
19 kuwafukuza kwa nguvu adui zako mbele yako kama Bwana alivyosema.
၁၉ကတိ​တော်​အ​တိုင်း​သင်​တို့​၏​ရန်​သူ​တို့​ကို လည်း​နှင်​ထုတ်​နိုင်​လိမ့်​မည်။''
20 Siku zijazo, mtoto wako atakapokuuliza, “Ni nini maana ya masharti haya, amri na sheria hizi ambazo Bwana Mungu wako alikuagiza wewe?”
၂၀``နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး​တို့​သည် သင်​တို့​အား`ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က ဤ​ပ​ညတ်​ရှိ​သ​မျှ​ကို​အ​ဘယ် ကြောင့်​ပြ​ဋ္ဌာန်း​တော်​မူ​ရ​သ​နည်း' ဟူ​၍ မေး ကြ​လျှင်၊-
21 Mwambie: “Tulikuwa watumwa wa Farao huko Misri, lakini Bwana alitutoa sisi kutoka Misri kwa mkono wenye nguvu.
၂၁`ငါ​တို့​သည်​အီ​ဂျစ်​ပြည်​ဘု​ရင်​ထံ​တွင်​ကျွန် ခံ​ခဲ့​ရ​စဉ်​က ထာ​ဝ​ရ​ဘု​ရား​သည်​မဟာ တန်​ခိုး​တော်​ဖြင့်​ငါ​တို့​အား​ကယ်​ဆယ်​ခဲ့ ၏။-
22 Bwana akapeleka mbele yetu ishara za miujiza na maajabu makubwa na ya kutisha mno juu ya Misri na Farao pamoja na nyumba yake yote.
၂၂ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့ အား​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​နှင့်​မှူး​မတ် အ​ရာ​ရှိ​အ​ပေါင်း​တို့​အား​လည်း​ကောင်း နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​၍​ကြောက်​မက်​ဖွယ်​သော ဘေး​ဥပဒ်​များ​ကျ​ရောက်​စေ​တော်​မူ​ခဲ့​ပုံ​ကို ငါ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​သည်။-
23 Lakini Mungu akatutoa huko, akatuleta na kutupa nchi hii ambayo aliwaahidi baba zetu kwa kiapo.
၂၃ငါ​တို့​၏​ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော်​မူ သည့်​အ​တိုင်း ငါ​တို့​ကို​အီဂျစ်​အ​မျိုး​သား​တို့ ၏​လက်​မှ​လွတ်​မြောက်​စေ​ပြီး​လျှင် ဤ​ပြည် တွင်​နေ​ထိုင်​ရန်​ပို့​ဆောင်​တော်​မူ​၏။-
24 Bwana akatuagiza tutii amri hizi zote na kumcha Bwana Mungu wetu, ili tupate kustawi na kuendelea kuwa hai kama ilivyo leo.
၂၄ထို​နောက်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ပ​ညတ်​အ​လုံး​စုံ​တို့​ကို​လိုက် နာ​ကျင့်​သုံး​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​အား ကြောက်​ရွံ့​ရို​သေ​ရန်​လည်း​ကောင်း​ပြ​ဋ္ဌာန်း တော်​မူ​၏။-
25 Kama tukizitii kwa bidii amri hizi zote mbele za Bwana Mungu wetu, kama alivyotuamuru sisi, hiyo itakuwa haki yetu.”
၂၅ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​နာ​ခံ​လျှင် ကိုယ်​တော်​သည်​ငါ တို့​၏​နိုင်​ငံ​ကို​အ​စဉ်​စောင့်​ရှောက်​၍​သာ​ယာ ဝ​ပြော​စေ​တော်​မူ​မည်။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​ပ​ညတ်​တော်​မူ​သ​မျှ​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား​နှစ်​သက်​တော်​မူ​လိမ့်​မည်' ဟူ​၍ ဖြေ​ကြား​လော့။''

< Torati 6 >