< Torati 25 >

1 Watu wanapokuwa na ugomvi, wapeleke mahakamani na waamuzi wataamua shauri hilo; watawaachia wasio na kosa na kuwahukumu wenye hatia.
လူ ချင်း အမှု ရှိ ၍ မင်း ထံ ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ် သောသူကို အပြစ် လွတ်စေခြင်းငှာ ၎င်း ၊ ဆိုး သောသူကို အရှုံး ခံစေခြင်းငှာ၎င်း စီရင် ရမည်။
2 Kama mtu mwenye hatia anastahili kuchapwa, mwamuzi atamwamuru alale chini ili achapwe mbele yake idadi ya viboko kulingana na kosa lake,
ဆိုး သောသူသည် အရိုက် ခံထိုက်လျှင် ၊ တရား သူကြီး သည် ကိုယ် မျက်မှောက်၌ သူ့ကို ချ ၍ ၊ အပြစ် နှင့် အလျောက်မည် မျှသော ဒဏ်ချက်ဖြင့် ရိုက် စေရမည်။
3 lakini kamwe asichapwe zaidi ya viboko arobaini. Ikiwa atachapwa zaidi ya viboko arobaini, nduguyo atadhalilika machoni pako.
သို့သော်လည်းဒဏ်ချက် လေးဆယ် ထက် မ လွန် စေရ။ လွန်၍ များစွာ သော ဒဏ်ချက် ဖြင့် ရိုက် လျှင် ၊ သင် ၏အမျိုးသား ချင်းသည် ယုတ်ညံ့ သောသူဖြစ် ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။
4 Usimfunge maksai kinywa anapopura nafaka.
စပါးနင်းနယ် သော နွား ၏နှုတ် ကို မ ချုပ်တည်းရ။
5 Ikiwa ndugu wanaishi pamoja na mmoja wao akafa bila kuacha mwana, kamwe mjane wake asiolewe nje ya jamaa hiyo. Ndugu wa mumewe atamchukua, amwoe na kutimiza wajibu wa shemeji kwake.
အတူ နေ သောညီအစ်ကို တို့ တွင် ၊ တစုံ တယောက်သောသူသည် သား မ ရှိဘဲသေ လျှင် ၊ သေ သောသူ ၏ မယား သည် အခြားတပါးသောလူစိမ်း နှင့် စုံဘက်ခြင်း ကို မ ပြု ရ။ သူ ၏လင် ညီသည် သူ့ ကို သိမ်းယူ ဆက်ဆံ၍ မရီး ၌ ပြု အပ်သောဝတ်ကို ပြုရမည်။
6 Mwana wa kwanza atakayemzaa atapewa jina la ndugu aliyekufa ili jina lake lisifutike katika Israeli.
ဣသရေလ အမျိုး၌ အစ်ကို အမည် ကို မ ပျောက် စေခြင်းငှာ ၊ အဦး ဘွားသော သားသည် သေ သောဘကြီး ၏ အရိပ် အရာကို ခံ ရမည်။
7 Hata hivyo, ikiwa ndugu huyo wa mume hataki kuoa huyo mke wa nduguye, mjane atawaendea wazee kwenye lango la mji na kusema, “Ndugu wa mume wangu anakataa kuendeleza jina la nduguye katika Israeli. Hataki kutimiza wajibu wa shemeji kwangu.”
ညီ သည် အစ်ကို မယားကို မ ယူ လို လျှင် ၊ မိန်းမ သည် အသက်ကြီး သူတို့ရှိရာ မြို့တံခါးဝ သို့ သွား ၍ ၊ ကျွန်မ ၏ လင် ညီသည် အစ်ကို အမည် ကို ဣသရေလ အမျိုး၌ မတည် စေလိုပါ။ သူပြု အပ်သောဝတ်ကို မ ပြုလို ပါဟု လျှောက် လျှင်၊
8 Ndipo wazee wa mji wake watamwita na kuzungumza naye. Kama atashikilia kukataa akisema, “Sitaki kumwoa,”
မြို့ ၌ အသက်ကြီး သူတို့သည် ထိုသူ ကို ခေါ် ၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမ ကို အကျွန်ုပ် မ ယူ လို ပါဟုဆို ၍ ခိုင်မာ စွာနေလျှင်၊
9 mjane wa nduguye atamwendea mbele ya wazee, atamvua kiatu kimoja na kumtemea mate usoni, na kusema, “Hivi ndivyo ambavyo hufanywa kwa mtu ambaye atakataa kuendeleza jamaa ya ndugu yake.”
သူ ၏မရီး သည် အသက်ကြီး သူတို့ရှေ့ မှာ သူ့ အပါးသို့ ချဉ်း ၍ သူ ၏ခြေနင်း ကို ချွတ် လျက် ၊ သူ ၏ မျက်နှာ ၌ တံထွေး ထွေးလျက် ၊ မိမိ အစ်ကို အိမ် ကို မ ဆောက် လိုသောသူ ၌ ဤသို့ ပြု သင့်သည်ဟု သူ့အား ပြန် ပြောရမည်။
10 Jamaa ya mtu huyo itafahamika katika Israeli kama Jamaa ya Aliyevuliwa Kiatu.
၁၀နောက်မှ ၊ ထိုသူ ကို ခြေနင်း ချွတ် ရသောအမျိုး ဟူ၍ဣသရေလ အမျိုး၌ ခေါ်ဝေါ် သမုတ်ရမည်။
11 Ikiwa watu wawili wanapigana na mke wa mmoja wao akaja kumwokoa mumewe na yule anayemshambulia, naye mke huyo akifika na kumkamata sehemu za siri,
၁၁လူ ချင်းခိုက်ရန် ပြုကြစဉ်တွင်၊ တယောက် သောသူ ၏မယား သည် အပါးသို့ချဉ်း ၍ မိမိ လင် ကို ကူညီ လိုသောငှာ ခိုက်ရန် ပြုသောသူ ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲ မိလျှင်၊
12 huyo mwanamke utamkata mkono wake. Usimhurumie.
၁၂ထိုမိန်းမ လက် ကို ဖြတ် ရမည်။ သင် ၏ မျက်စိ သည် သူ့ကို မ သနား ရ။
13 Usiwe na mawe ya kupimia ya aina mbili katika mkoba wako, moja zito na jingine jepesi.
၁၃သင့် အိတ် ၌ ကြီး သောအလေး ၊ ငယ် သောအလေး တည်းဟူသောခြားနားသော အလေးကို မ ရှိ စေရ။
14 Usiwe na vipimo viwili tofauti katika nyumba yako, kimoja kikubwa, kingine kidogo.
၁၄သင့် အိမ် ၌ ခြားနားသော ခြင် စရာတန်ဆာအကြီး အငယ် ကို မ ရှိ စေရ။
15 Ni lazima uwe na uzito na vipimo sahihi na vya haki, ili upate kuishi maisha marefu katika nchi anayokupa Bwana Mungu wako.
၁၅သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ သင် ၏အသက်တာ ရှည် မည်အကြောင်း ၊ မှန်ကန် သောအလေး ၊ မှန်ကန် သောခြင် စရာ တန်ဆာများကိုသာ သုံး ရမည်။
16 Kwa maana Bwana Mungu wako humchukia yeyote ambaye hufanya mambo kama haya, yeyote anayetenda kwa udanganyifu.
၁၆အထက် ဆိုခဲ့ပြီးသော အမှုကို ပြု သောသူအပေါင်း တို့နှင့် မတရား သဖြင့် ပြု သောသူအပေါင်း တို့ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။
17 Kumbuka kile Waamaleki walichowatendea mlipokuwa njiani mkitoka Misri.
၁၇သင် သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ခရီး သွားသောအခါ၊
18 Wakati mlipokuwa mmechoka na kuishiwa nguvu kwa safari yenu, wakawapiga wale wote waliokuja nyuma. Waamaleki hawakumwogopa Mungu.
၁၈သင် သည် အားကုန် ၍ မော လျက်နေစဉ်တွင်၊ သင့် နောက် ၌ လိုက်သောသူ၊ အားနည်း သောသူတို့ ကို အာမလက် အမျိုးသားတို့သည် လမ်း ၌ ဆီးကြို ၍ လုပ်ကြံ ကြောင်း ကို၎င်း ၊ ဘုရားသခင် ကို မ ကြောက်ရွံ့ ကြောင်းကို၎င်း ၊ အောက်မေ့ လော့။
19 Bwana Mungu wako atakapokupa pumziko mbali na adui zako wote wanaokuzunguka katika nchi akupayo kuimiliki kuwa urithi, utafutilia mbali kumbukumbu lote la Waamaleki chini ya mbingu. Usisahau!
၁၉သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ အပိုင် ပေး တော်မူသောပြည် ၌ သင့် ပတ်လည် ၌ နေသောရန်သူ အပေါင်း တို့၏ လက်မှ ကယ်လွှတ်၍ ချမ်းသာ ပေးတော်မူသောအခါ ၊ အာမလက် အမျိုးကို အောက်မေ့ စရာ မရှိစေခြင်းငှာ၊ ကောင်းကင် အောက် ၌ သုတ်သင် ပယ်ရှင်းရမည်။ ထိုအမှုကို မ မေ့ မလျော့ရ။

< Torati 25 >