< Torati 18 >

1 Makuhani ambao ni Walawi, yaani kabila lote la Lawi, hawatakuwa na mgawo wala urithi pamoja na Israeli. Wataishi kwa sadaka zitolewazo kwa ajili ya Bwana za kuteketezwa kwa moto, kwa maana huo ndio urithi wao.
``ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​ဖြစ်​သော​လေဝိ​အ​နွယ် ဝင်​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နယ် မြေ​ဝေ​စု​မ​ရ​ရှိ​စေ​ရ။ သို့​ရာ​တွင်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပူ​ဇော်​သော​လှူ ဖွယ်​များ​ကို​သုံး​ဆောင်​ကြ​ရ​မည်။-
2 Hawatakuwa na urithi miongoni mwa ndugu zao; Bwana ndiye urithi wao, kama alivyowaahidi.
အ​ခြား​သော​အ​မျိုး​သား​ချင်း​တို့​ကဲ့​သို့​ကိုယ် ပိုင်​နယ်​မြေ​မ​ရှိ​ရ။ သူ​တို့​၏​ရ​ပိုင်​ခွင့်​သည် ကား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ရ​သည့် အ​ခွင့်​ထူး​ပေ​တည်း။''
3 Hili ndilo fungu la makuhani kutoka kwa watu watakaotoa dhabihu ya fahali au kondoo: mguu wa mbele, mataya na matumbo.
``နွား​သို့​မ​ဟုတ်​သိုး​ကို​ယဇ်​ပူ​ဇော်​သော​အ​ခါ ပ​ခုံး၊ မေး​ရိုး​နှင့်​အ​စာ​အိမ်​ကို​ယဇ်​ပု​ရော ဟိတ်​တို့​အား​ပေး​ရ​မည်။-
4 Mtawapa malimbuko ya nafaka zenu, divai mpya, mafuta na sufu ya kwanza kutoka manyoya ya kondoo zenu,
စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​နှင့်​သိုး​မွေး​တို့ မှ​အ​ဦး​အ​ဖျား​ဝေ​စု​ကို​လည်း​ပေး​ရ​မည်။-
5 kwa kuwa Bwana Mungu wenu amewachagua pamoja na wazao wao kutoka makabila yenu kusimama na kuhudumu katika jina la Bwana siku zote.
ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ ထဲ​မှ​လေ​ဝိ​အ​နွယ်​အား မိ​မိ​၏​အ​မှု​တော် ကို​အ​မြဲ​ဆောင်​ရွက်​ရန်​ရွေး​ကောက်​တော် မူ​၏။''
6 Ikiwa Mlawi atahama kutoka mmojawapo ya miji yenu popote katika Israeli ambapo anaishi, akaja kwa moyo wote mahali ambapo Bwana atapachagua,
``ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​မည်​သည့်​မြို့​မှ​မ​ဆို လေ​ဝိ​အ​မျိုး​သား​မည်​သူ​မ​ဆို တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား​ရောက်​၍၊-
7 anaweza akahudumu katika jina la Bwana Mungu wake kama Walawi wenzake wote wanaohudumu hapo mbele za Bwana.
ထို​ဌာ​န​တော်​တွင်​အ​မှု​တော်​ကို​ထမ်း​ဆောင် လျက်​ရှိ​သည့် အ​ခြား​လေဝိ​အမျိုး​သား​များ နည်း​တူ​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ခွင့်​ရှိ သည်။-
8 Atashiriki sawa katika mafao yao, hata kama amepokea fedha kutoka mauzo ya mali ya jamaa yake.
သူ​သည်​အ​ခြား​သော​ယဇ်​ပု​ရော​ဟိတ်​များ​ရ ရှိ​သော​အ​စား​အ​စာ​ဝေ​စု​အ​တိုင်း​ရ​ရှိ​ရ မည့်​အ​ပြင် မိ​မိ​၏​မိ​သား​စု​ထံ​မှ​ပေး​ပို့ သ​မျှ​ကို​လည်း​ရ​ယူ​နိုင်​ခွင့်​ရှိ​သည်။''
9 Wakati mtakapoingia katika nchi ambayo Bwana Mungu wenu anawapa, msijifunze kuiga njia za machukizo za mataifa ya huko.
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်​သို့​ရောက်​ရှိ​ကြ သော​အ​ခါ သင်​တို့​သည်​ထို​ပြည်​တွင်​နေ​ထိုင် သည့် လူ​မျိုး​တို့​၏​ရွံ​ရှာ​ဖွယ်​သော​အ​လေ့ အ​ကျင့်​များ​ကို​မ​ကျင့်​ကြ​နှင့်။-
10 Asionekane mtu yeyote miongoni mwenu ampitishaye mwanawe au binti yake katika moto, atakayefanya uaguzi, ulozi, anayetabiri nyakati, anayejishughulisha na uchawi,
၁၀သင်​တို့​၏​သား​သ​မီး​များ​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​မ​ပူ​ဇော်​ရ။ သင်​တို့​သည်​မှော်​အ​တတ်၊ ဗေ​ဒင်​အ​တတ်၊ စုန်း​က​ဝေ​အ​တတ်၊-
11 wala arogaye kwa kupiga mafundo, wala mwaguzi au anayeabudu mizimu, wala awaombaye wafu.
၁၁အင်း​အိုင်​လက်​ဖွဲ့​စီ​ရင်​သည့်​အ​တတ်​နှင့်​သေ သူ​တို့​ထံ မေး​မြန်း​သည့်​အ​တတ်​တို့​ကို​မ​ကျင့် သုံး​ရ။-
12 Mtu yeyote afanyaye mambo haya ni chukizo kwa Bwana, tena ni kwa sababu ya matendo haya ya kuchukiza wayafanyayo ndiyo maana Bwana Mungu wenu atayafukuza mataifa hayo mbele yenu.
၁၂သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​ကဲ့​သို့​သော​ဋ္ဌ​လေ့​ကို​ကျင့်​သော​လူ​မျိုး​များ ကို​ရွံ​ရှာ​တော်​မူ​သော​ကြောင့် သင်​တို့​ချီ​တက် ရာ​လမ်း​ကြောင်း​မှ​သူ​တို့​ကို​နှင်​ထုတ်​လျက် ရှိ​တော်​မူ​၏။-
13 Kamwe msilaumiwe mbele za Bwana Mungu wenu.
၁၃သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​ကြွင်း မဲ့​သစ္စာ​ရှိ​ကြ​လော့'' ဟု​ဆို​၏။
14 Mataifa mtakayowafukuza husikiliza wale wafanyao ulozi na uaguzi. Lakini kwenu ninyi, Bwana Mungu wenu hajawaruhusu kufanya hivyo.
၁၄ထို့​နောက်​မော​ရှေ​က``သင်​တို့​သိမ်း​ယူ​မည့်​ပြည် တွင်​နေ​ထိုင်​သူ​တို့​သည်​မှော်​ဆ​ရာ၊ ဗေ​ဒင် ဆ​ရာ​တို့​ထံ​မှ​အ​ကြံ​ဉာဏ်​တောင်း​ခံ​လေ့ ရှိ​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​တောင်း​ခံ​ခြင်း ကို​သင်​တို့​အား​ခွင့်​ပြု​တော်​မ​မူ။-
15 Bwana Mungu wenu atawainulia nabii kama mimi kutoka miongoni mwa ndugu zenu wenyewe. Msikilizeni yeye.
၁၅ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​သား​ချင်း ထဲ​မှ ငါ​ကဲ့​သို့​သော​ပ​ရော​ဖက်​တစ်​ပါး​ကို စေ​လွှတ်​တော်​မူ​မည်​ဖြစ်​ရာ သူ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့။''
16 Kwa kuwa hivi ndivyo mlivyomwomba Bwana Mungu wenu kule Horebu siku ile ya kusanyiko, wakati mliposema, “Na tusiisikie sauti ya Bwana Mungu wetu, wala kuuona moto huu mkubwa tena, ama sivyo tutakufa.”
၁၆``သင်​တို့​သည်​သိ​နာ​တောင်​တွင်​စု​ရုံး​ရောက် ရှိ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​သံ ကို​နောက်​တစ်​ဖန်​မ​ကြား​ပါ​ရ​စေ​နှင့်။ မီး​လျှံ ကြီး​ကို​လည်း နောက်​တစ်​ဖန်​မ​မြင်​ပါ​ရ​စေ နှင့်​ဟူ​၍​တောင်း​ပန်​ခဲ့​ကြ​၏။ ကိုယ်​တော်​၏ အ​သံ​တော်​နှင့်​မီး​လျှံ​ကို​ကြား​ရ​မြင်​ရ လျှင် သင်​တို့​သေ​မည်​ကို​စိုး​ရိမ်​သော​ကြောင့် ယင်း​သို့​တောင်း​ပန်​ခြင်း​ဖြစ်​၏။-
17 Bwana akaniambia: “Wanachosema ni vyema.
၁၇ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`သူ​တို့ ၏​လျှောက်​ထား​ချက်​သည်​သင့်​မြတ်​ပေ​၏။-
18 Nitawainulia nabii kama wewe kutoka miongoni mwa ndugu zao; nitaweka maneno yangu kinywani mwake, naye atawaambia kila kitu nitakachomwamuru.
၁၈ငါ​သည်​သူ​တို့​၏​သား​ချင်း​ထဲ​မှ သင်​ကဲ့​သို့ သော​ပ​ရော​ဖက်​တစ်​ပါး​ကို​စေ​လွှတ်​မည်။ သူ့ အား​ငါ​ပ​ညတ်​သ​မျှ​တို့​ကို သူ​သည်​လူ တို့​အား​ဆင့်​ဆို​လိမ့်​မည်။-
19 Kama mtu yeyote hatasikiliza maneno yangu ambayo huyo nabii atayasema kwa Jina langu, mimi mwenyewe nitamwajibisha.
၁၉သူ​သည်​ငါ​၏​အ​ခွင့်​အာ​ဏာ​နှင့်​ဆင့်​ဆို​လိမ့် မည်။ ထို့​ကြောင့်​သူ​၏​စကား​ကို​နား​မ​ထောင် သော​သူ​အား​ငါ​ဒဏ်​ခတ်​မည်။-
20 Lakini nabii ambaye atathubutu kusema kwa Jina langu kitu chochote ambacho sikumwamuru akiseme, au nabii ambaye husema kwa jina la miungu mingine ni lazima auawe.”
၂၀ငါ​၏​အ​ခွင့်​အာ​ဏာ​မ​ရ​ဘဲ​နှင့် လူ​တို့​အား ဆင့်​ဆို​သော​ပ​ရော​ဖက်​သည်​လည်း​ကောင်း၊ အ​ခြား​သော​ဘု​ရား​များ​၏​အ​ခွင့်​အာ​ဏာ ဖြင့် ဆင့်​ဆို​သော​ပ​ရော​ဖက်​သည်​လည်း​ကောင်း သေ​ဒဏ်​ခံ​စေ​ရ​မည်' ဟု​မိန့်​တော်​မူ​၏။''
21 Mnaweza kuulizana wenyewe, “Tutawezaje kujua wakati ujumbe haukusemwa na Bwana?”
၂၁``ပ​ရော​ဖက်​တစ်​ဦး​က​ဆင့်​ဆို​သော​စ​ကား​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လာ​သည်​မ​လာ သည်​ကို​သင်​တို့​သိ​လို​လိမ့်​မည်။-
22 Ikiwa kile nabii anachotangaza kwa jina la Bwana hakikutokea au kutimia, huo ni ujumbe ambao Bwana hakusema. Nabii huyo amesema kwa ujuaji. Msimwogope huyo.
၂၂သူ​ဆင့်​ဆို​သော​စ​ကား​အ​တိုင်း​အ​ကောင်​အ​ထည် မ​ပေါ်​လာ​လျှင် သူ​၏​ဆင့်​ဆို​ချက်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​လာ​သည်​မ​ဟုတ်။ သူ​သည်​မိ​မိ ၏​အ​ခွင့်​အာ​ဏာ​ဖြင့်​သာ​ဆင့်​ဆို​ခြင်း​ဖြစ်​၍ သင် တို့​သည်​သူ့​ကို​မ​ကြောက်​နှင့်။''

< Torati 18 >