< Danieli 3 >

1 Mfalme Nebukadneza alitengeneza sanamu ya dhahabu, yenye kimo cha dhiraa sitini, na upana wa dhiraa sita, akaisimamisha kwenye tambarare ya Dura katika jimbo la nchi ya Babeli.
တရံရောအခါနေဗုခဒ်နေဇာ မင်းကြီး သည် အမြင့် အတောင် ခြောက် ဆယ်၊ အနံ ခြောက် တောင် ရှိသောရွှေ ရုပ်တု ကို လုပ် ပြီးမှ၊ ဗာဗုလုန် ကျေးလက် ဒုရ လွင်ပြင် ၌ တည် ထားတော်မူ၍၊
2 Kisha mfalme akaita wakuu, wasimamizi, watawala, washauri, watunza hazina, waamuzi, mahakimu na maafisa wengine wote wa jimbo kuja kuizindua sanamu ambayo Mfalme Nebukadneza alikuwa ameisimamisha.
စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန် တော်ဝန်၊ တိုင်ပင် မှူးမတ်၊ မြို့ စာရေး၊ နိုင်ငံ တော် အရာရှိ အပေါင်း တို့သည် မင်းကြီး တည် ထားတော်မူသော ရုပ်တု ကို သာဓု အနုမောဒနာခေါ်သောပွဲသို့ စုဝေး စေခြင်းငှါ အမိန့်တော်ရှိ၍၊
3 Basi wakuu, wasimamizi, watawala, washauri, watunza hazina, waamuzi, mahakimu na maafisa wengine wa jimbo walikusanyika ili kuizindua sanamu ile Mfalme Nebukadneza alikuwa ameisimamisha, nao wakasimama mbele ya hiyo sanamu.
စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန် တော်ဝန်၊ တိုင်ပင် မှူးမတ်၊ မြို့ စာရေး၊ နိုင်ငံ တော် အရာရှိ အပေါင်း တို့သည် စုဝေး ရောက်လာ၍၊ တည် ထား တော်မူသော ရုပ်တု ရှေ့ မှာ ရပ် နေကြ၏။
4 Ndipo mpiga mbiu akatangaza kwa sauti kubwa, “Enyi watu wa kabila zote, mataifa na watu wa kila lugha, hili ndilo mnaloamriwa kulifanya:
ထိုအခါ သံတော်ဆင့် တယောက်က၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုးတို့၊
5 Mara mtakaposikia sauti ya baragumu, filimbi, marimba, zeze, kinubi, zumari na aina zote za sauti za ala za uimbaji, lazima mwanguke chini na kuabudu sanamu ya dhahabu ambayo Mfalme Nebukadneza ameisimamisha.
တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်းအသံ ကို ကြား သောအခါ ၊ နေဗုခဒ်နေဇာ မင်းကြီး တည် ထားတော်မူသော ရွှေ ရုပ်တု ကို ပြပ်ဝပ် ကိုးကွယ် ရကြမည်။
6 Mtu yeyote ambaye hataanguka chini na kuiabudu sanamu hiyo, atatupwa saa iyo hiyo ndani ya tanuru iwakayo moto.”
မ ပြပ်ဝပ် မကိုးကွယ် ဘဲနေသော သူ မည်သည်ကို မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်စေဟု အမိန့် တော်မြတ်ရှိသည်ဟု ဟစ်ကြော် ၏။
7 Kwa hiyo, mara waliposikia sauti ya baragumu, filimbi, kinubi, zeze, kinanda na aina zote za ala za uimbaji, watu wa kabila zote, mataifa na watu wa kila lugha wakaanguka chini na kuiabudu ile sanamu ya dhahabu ambayo Mfalme Nebukadneza alikuwa ameisimamisha.
ထိုကြောင့် ၊ လူ အပေါင်း တို့သည် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တူရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ အသီးသီးအခြားခြားသော ဘာသာ စကားကိုပြောသော လူ အမျိုးမျိုးအပေါင်း တို့သည် ပြပ်ဝပ် ၍ ၊ နေဗုခဒ်နေဇာ မင်းကြီး တည် ထားသော ရွှေ ရုပ်တု ကို ကိုးကွယ် ကြ၏။
8 Wakati huo baadhi ya Wakaldayo walijitokeza na kuwashtaki Wayahudi.
ထိုအခါ၊ ခါလဒဲ လူ အချို့တို့သည် နေဗုခဒ်နေဇာမင်းကြီးထံ တော်သို့ ချဉ်းကပ် လျက်၊
9 Wakamwambia Mfalme Nebukadneza, “Ee mfalme, uishi milele!
အရှင် မင်းကြီး၊ အသက် တော်အစဉ်အမြဲ ရှင်ပါစေ ။
10 Ee mfalme, umetoa amri kwamba kila mmoja atakayesikia sauti ya baragumu, filimbi, kinubi, zeze, kinanda, zumari na aina zote za ala za uimbaji lazima aanguke chini na kuiabudu ile sanamu ya dhahabu,
၁၀တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်းအသံ ကို ကြား သော သူ ရှိသမျှ တို့သည် ရွှေ ရုပ်တု ကို ပြပ်ဝပ် ကိုးကွယ် ရကြမည်။
11 na kwamba yeyote ambaye hataanguka chini na kuiabudu atatupwa saa iyo hiyo ndani ya tanuru iwakayo moto.
၁၁မ ပြပ်ဝပ် မကိုးကွယ် ဘဲ နေသော သူ မည်သည်ကို မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချ ပစ်စေဟု အမိန့် တော်မြတ်ရှိပါ၏။
12 Lakini wako baadhi ya Wayahudi ambao umewaweka juu ya mambo ya jimbo la Babeli: yaani, Shadraki, Meshaki na Abednego, ambao hawakujali wewe, ee mfalme. Hawaitumikii miungu yako wala kuiabudu ile sanamu ya dhahabu uliyoisimamisha.”
၁၂အရှင် မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန် နိုင်ငံ တွင် ဝန်အရာ၌ ခန့်ထား တော်မူသော ယုဒ လူ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ အမည်ရှိသောသူ တို့ သည် အာဏာတော်ကို ပမာဏ မ ပြုပါ။ ကိုယ်တော် ၏ ဘုရား တို့ကို ဝတ် မ ပြုပါ။ တည် ထားတော်မူသော ရွှေ ရုပ်တု ကို လည်း မ ကိုးကွယ် ပါဟု၊ ယုဒလူတို့ကို အပြစ်တင် ၍ လျှောက်ထားကြ၏။
13 Mfalme Nebukadneza, akiwa amekasirika na mwenye ghadhabu kali, akawaita Shadraki, Meshaki na Abednego. Hivyo watu hawa wakaletwa mbele ya mfalme,
၁၃ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြင်းစွာ အမျက်ထွက်၍၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ခေါ်ချေဟုမိန့် တော်မူသည်အတိုင်း၊ သူ တို့သည် အထံ တော်သို့ ရောက် လျှင်၊
14 naye Nebukadneza akawauliza, “Je, ni kweli kwamba ninyi Shadraki, Meshaki na Abednego hamuitumikii miungu yangu wala kuiabudu sanamu ya dhahabu niliyoisimamisha?
၁၄ဟယ်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၊ ငါ ၏ဘုရား တို့ကို ဝတ် မ ပြုလော။ ငါတည် ထားသော ရွှေ ရုပ်တု ကို မ ကိုးကွယ် လော။
15 Basi wakati mtakaposikia sauti ya baragumu, filimbi, marimba, zeze, kinubi, zumari na aina zote za ala za uimbaji, kama mtakuwa tayari kusujudu na kuiabudu hiyo sanamu niliyoitengeneza, vyema sana. Lakini kama hamtaiabudu, mtatupwa saa iyo hiyo ndani ya tanuru iwakayo moto. Naye ni mungu yupi atakayeweza kuwaokoa ninyi, kutoka mkono wangu?”
၁၅ယခု တွင် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ ငါလုပ် သော ရွှေရုပ်တု ကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါအသင့် နေကြ။ သို့မဟုတ်လျှင်၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်မည်။ ငါ ၏လက် မှ ကယ် လွှတ်နိုင်သော ဘုရား ကား၊ အဘယ် ဘုရားရှိသနည်းဟု မိန့် တော်မူ၏။
16 Shadraki, Meshaki na Abednego wakamjibu mfalme, “Ee Nebukadneza, hatuhitaji kujitetea mbele zako kuhusu jambo hili.
၁၆ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကလည်း၊ အရှင် မင်းကြီးနေဗုခဒ်နေဇာ ၊ အကျွန်ုပ် တို့သည် ဤ အမှု၌ ပြန် လျှောက်ရမည်အကြောင်းမ ရှိပါ။
17 Ikiwa tutatupwa ndani ya tanuru iwakayo moto, Mungu tunayemtumikia anaweza kutuokoa na moto, naye atatuokoa kutoka mkononi mwako, ee mfalme.
၁၇အကျွန်ုပ် တို့ကိုးကွယ် သော ဘုရား သခင်သည်မီး လောင် လျက်ရှိသောမီးဖို ထဲက အကျွန်ုပ် တို့ကို ကယ်လွှတ် နိုင် တော်မူ၏။ ကိုယ်တော် ၏ လက် မှ လည်း ကယ် လွှတ်တော်မူလိမ့်မည်။
18 Lakini hata ikiwa hatatuokoa, ee mfalme, tunataka ufahamu kwamba, hatutaitumikia miungu yako wala kuiabudu sanamu ya dhahabu uliyoisimamisha.”
၁၈ထိုသို့ကယ်လွှတ်တော်မမူသော်လည်းအရှင် မင်းကြီး၊ ကိုယ်တော် ၏ဘုရား တို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည် ထားတော်မူသော ရွှေ ရုပ်တု ကို လည်း မ ကိုးကွယ် ပါဟု ပြန် လျှောက်ကြ၏။
19 Ndipo Nebukadneza akawa na ghadhabu kali sana kwa Shadraki, Meshaki na Abednego, nayo nia yake ikabadilika kwao. Akaagiza tanuru ichochewe moto mara saba kuliko kawaida yake
၁၉ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြင်းစွာအမျက် ထွက်သဖြင့်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ကြည့်ရှု၍ မျက်နှာ တော်ပျက် လျက်၊ မီးဖို ကို အရင်ထက် ခုနစ် ဆတိုး၍ ပူ စေခြင်းငှါ ၎င်း ၊
20 na kuwaamuru baadhi ya askari wake wenye nguvu zaidi katika jeshi lake kuwafunga Shadraki, Meshaki na Abednego na kuwatupa ndani ya tanuru iwakayo moto.
၂၀ခွန်အား ကြီးသော စစ် သူရဲတို့သည် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို တုပ်နှောင်၍၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချ ပစ်စေခြင်းငှါ ၎င်း အမိန့် တော် ရှိသည်အတိုင်း၊
21 Hivyo watu hawa, walifungwa na kutupwa ndani ya tanuru iwakayo moto wakiwa wamevaa majoho yao, suruali, vilemba na nguo zao nyingine.
၂၁ထို သူသုံးယောက်တို့ကို ပေါင်းဘီ ၊ အင်္ကျီ ၊ ဝတ်လုံ အစရှိသည် တို့နှင့်တကွတုပ် နှောင်၍၊ မီး လောင် လျက် ရှိသောမီးဖို ထဲသို့ ချ ပစ်ကြသောအခါ ၊
22 Amri ya mfalme ilikuwa ya haraka sana na tanuru ilikuwa na moto mkali kiasi kwamba miali ya moto iliwaua wale askari waliowapeleka Shadraki, Meshaki na Abednego.
၂၂ရှင် ဘုရင်၏ အမိန့် တော်ကျပ်တည်း ၍ မီးဖို သည် အလွန် ပူ သောကြောင့် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ဆွဲချ သော သူ တို့ သည် မီး လျှံ အရှိန်ကြောင့် သေ ကြ၏။
23 Watu hawa watatu walianguka ndani ya tanuru iwakayo moto wakiwa wamefungwa kwa uthabiti sana.
၂၃ထို သူသုံး ယောက်တို့မူကား၊ တုပ် နှောင်လျက် ပြင်းစွာလောင် သော မီးဖို ထဲသို့ ကျရောက် လေ၏။
24 Ndipo Mfalme Nebukadneza akashangaa, akainuka kwa haraka na kuwauliza washauri wake, “Je, hawakuwa watu watatu ambao tuliwafunga na kuwatupa ndani ya moto?” Washauri wakajibu, “Hakika, ee mfalme.”
၂၄ထိုအခါ နေဗုခဒ်နေဇာ မင်းကြီး သည် အံ့ဩမိန်းမော၍ အလျင် တဆောထ ပြီးလျှင်၊ လူ သုံး ယောက် တို့ကို တုပ် နှောင်၍ မီးထဲသို့ ချ ပစ်သည် မ ဟုတ်လောဟု တိုင်ပင် မှူးမတ်တို့အား မေး တော်မူ၏။ မှူးမတ်တို့ကလည်း ၊ မှန်ပါ၏ဘုရားဟု ပြန် လျှောက်ကြလျှင်၊
25 Mfalme akasema, “Tazama! Naona watu wanne wakitembeatembea ndani ya moto, hawajafungwa wala kudhurika, naye mtu yule wa nne anaonekana kama mwana wa miungu.”
၂၅ရှင်ဘုရင်က၊ လူ လေး ယောက်တို့သည် မ တုပ် မနှောင်ဘဲ မီး ထဲ၌ သွား လာ၍ ဘေးဥပဒ် နှင့် ကင်းလွတ် သည်ကို ငါ မြင် သည်တကား။ စတုတ္ထ သူသည်ဘုရား သား ၏ အဆင်း သဏ္ဌာန်ရှိ သည်ဟု မိန့် တော်မူ၍၊
26 Ndipo Nebukadneza akaukaribia mdomo wa ile tanuru iwakayo moto na kupaza sauti, “Shadraki, Meshaki na Abednego, watumishi wa Mungu Aliye Juu Sana, tokeni! Njooni hapa!” Ndipo Shadraki, Meshaki na Abednego wakatoka ndani ya moto.
၂၆မီး လောင် လျက်ရှိသောမီးဖိုဝ နားသို့ ချဉ်းကပ် ပြီးလျှင်၊ အမြင့် ဆုံးသော ဘုရား သခင်၏ကျွန် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၊ ထွက် ၍လာကြလော့ဟု မိန့် တော်မူသည်အတိုင်း၊ သူတို့သည် မီး ထဲက ထွက် လာကြ ၏။
27 Nao maliwali, wasimamizi, watawala na washauri wa mfalme wakakusanyika kuwazunguka. Waliona kwamba moto haukudhuru miili yao, wala unywele wa vichwa vyao haukuungua, majoho yao hayakuungua, wala hapakuwepo na harufu ya moto kwenye miili yao.
၂၇စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ၊ အတွင်းဝန် တို့သည် ဝိုင်း ၍မီး မ လောင် နိုင်သော ထို သူတို့ကို ကြည့်ရှု ကြ၏။ သူ တို့ဆံခြည် တပင်မျှ မ မြိုက် ၊ ဝတ်လုံ လည်း ခြားနား ခြင်း မ ရှိ၊ မီးလောင်သောအနံ့ လည်းကင်းလွတ် ၏။
28 Ndipo Nebukadneza akasema, “Ahimidiwe Mungu wa Shadraki, Meshaki na Abednego, ambaye amemtuma malaika wake na kuwaokoa watumishi wake. Walimtumaini na kukaidi amri ya mfalme, nao wakawa tayari kufa kuliko kutumikia au kuabudu mungu mwingine yeyote isipokuwa Mungu wao.
၂၈နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိ တို့ဘုရား မှတပါး အခြား သော ဘုရား ကို ဝတ်ပြု ကိုးကွယ်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည် ကိုးစား၍ မင်းကြီး အမိန့် တော်ကို ဆန် လျက်၊ မိမိ တို့ကိုယ် ကိုပင် အပ်နှံ သော ကျွန် တော်ရင်း တို့ရှိရာသို့ ၊ ထိုဘုရားသခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ကယ်တင် တော်မူပြီ။
29 Kwa hiyo ninaamuru kwamba watu wa taifa lolote au lugha yoyote watakaosema kitu chochote dhidi ya Mungu wa Shadraki, Meshaki na Abednego wakatwe vipande vipande na nyumba zao zifanywe kuwa malundo ya kokoto, kwa maana hakuna mungu mwingine awezaye kuokoa namna hii.”
၂၉ထိုကြောင့်၊ အရပ်ရပ်တို့၌ နေ၍အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုး တို့တွင် တစုံတယောက်သောသူသည်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်အား ပြစ်မှားသော စကား ကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်း စဉ်း စေ။ သူ ၏အိမ် ကိုလည်း နောက်ချေးပုံ ဖြစ်စေဟု ငါ အမိန့် တော် ရှိ၏။ အကြောင်း မူကား၊ ထိုမျှလောက် သော ကယ်တင် ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရား မျှ မ ပြုနိုင် ဟု မိန့်တော်မူပြီးမှ၊
30 Kisha mfalme akawapandisha vyeo Shadraki, Meshaki na Abednego katika jimbo la Babeli.
၃၀ဗာဗုလုန် နိုင်ငံ တွင် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ချီးမြှောက် တော်မူ၏။

< Danieli 3 >