< Matendo 2 >
1 Siku ya Pentekoste ilipowadia, waamini wote walikuwa mahali pamoja.
၁ပင်တေကုတ္တေ ပွဲနေ့ ရောက် သောအခါ ထိုသူအပေါင်း တို့သည် တစ်ညီတစ်ညွတ် တည်းစည်းဝေး ၍နေ ကြ၏
2 Ghafula sauti kama mvumo mkubwa wa upepo mkali uliotoka mbinguni ukaijaza nyumba yote walimokuwa wameketi.
၂ထိုအခါ လေ ပြင်း မုန်တိုင်းကဲ့သို့သော အသံ သည်တခဏခြင်း တွင် ကောင်းကင် မှ လာ၍၊ ထိုသူ တို့ နေ ထိုင်သောအိမ် ကိုဖြည့် လေ၏။
3 Zikatokea ndimi kama za moto zilizogawanyika na kukaa juu ya kila mmoja wao.
၃ထိုခဏခြင်းတွင်ကွဲပြား သော လျှာ တို့သည်မီး လျှာကဲ့သို့ ထင်ရှား ၍ ၊ ထိုသူ အသီးသီး တို့အပေါ် ၌တည်နေကြ၏။
4 Wote wakajazwa na Roho Mtakatifu, wakaanza kunena kwa lugha nyingine, kama Roho alivyowajalia.
၄ထိုသူအပေါင်း တို့သည်လည်း သန့်ရှင်း သောဝိညာဉ် တော်နှင့်ပြည့် ၍၊ ဝိညာဉ် တော်သည်ဟောပြော သော အခွင့်ကို ပေး တော်မူသည်အတိုင်း အမျိုးမျိုး သောဘာသာ စကားအားဖြင့်ဟောပြော ကြ၏။
5 Basi walikuwepo Yerusalemu Wayahudi wanaomcha Mungu kutoka kila taifa chini ya mbingu.
၅ထို ကာလအခါ၊ ကောင်းကင် အောက် တွင်ရှိ လေသမျှသောလူမျိုး ထဲက ဘုရားကိုရိုသေ သော ယုဒ လူတို့ သည် ယေရုရှလင် မြို့၌ တည်း နေကြသတည်း။
6 Waliposikia sauti hii, umati wa watu ulikusanyika pamoja wakistaajabu, kwa sababu kila mmoja wao aliwasikia wakisema kwa lugha yake mwenyewe.
၆ထို အသံ ကိုကြားရသောအခါ၊ လူများ တို့သည်စုဝေး လာကြလျှင်၊ အသီးသီး အခြားခြားသော မိမိ တို့ ဘာသာ စကားဖြင့် တမန်တော် တို့ဟောပြော သည်ကိုကြား ရ၍ မှိုင်တွေ လျက်ရှိနေကြ၏။
7 Wakiwa wameshangaa na kustaajabu wakauliza, “Je, hawa wote wanaozungumza si Wagalilaya?
၇ထိုလူအပေါင်းတို့သည် အံ့ဩ မိန်းမော တွေဝေလျက်ရှိ၍၊ ယခု ဟောပြော သောသူအပေါင်း တို့သည် ဂါလိလဲ လူဖြစ် ကြသည် မ ဟုတ်လော။
8 Imekuwaje basi kila mmoja wetu anawasikia wakinena kwa lugha yake ya kuzaliwa?
၈သို့ဟုတ်လျှင်ငါ တို့သည် အသီးသီး မွေးဘွား ရာဌာန၏ ဘာသာ စကားများကို ကြား ရသည်ကား အဘယ်သို့ နည်း။
9 Wapathi, Wamedi, Waelami, wakazi wa Mesopotamia, Uyahudi, Kapadokia, Ponto na Asia,
၉ပါသိ ပြည်မှစ၍ မေဒိ ပြည်၊ ဧလံ ပြည်၊ မေသောပေါဘာမိ ပြည်၊ ယုဒ ပြည်၊ ကပ္ပဒေါကိ ပြည်၊ ပုန္တု ပြည်၊ အာရှိ ပြည်၊
10 Frigia, Pamfilia, Misri na pande za Libya karibu na Kirene na wageni kutoka Rumi,
၁၀ဖြူဂိ ပြည်၊ ပမ်ဖုလိ ပြည်၊ အဲဂုတ္တု ပြည်၌နေသောသူ၊ ကုရေနေ မြို့နှင့်စပ်သော လိဗု ကျေးလက် ၌ နေသော သူ၊ ရောမ မြို့မှလာသောဧည့်သည် များ၊ ယုဒ လူဖြစ်စေ ၊ ဘာသာဝင် ဖြစ်စေ၊
11 Wayahudi na waongofu, Wakrete na Waarabu, sote tunawasikia watu hawa wakisema mambo makuu ya ajabu ya Mungu katika lugha zetu wenyewe.”
၁၁ကရေတေ ပြည်သား၊ အာရပ် ပြည်သား၊ အသီးအသီးဖြစ်ကြသောငါတို့အားဤသူ များသည် ဘုရားသခင် ၏ အံ့ဘွယ် သောအမှုတို့ကို ငါ တို့အမျိုးဘာသာ စကားဖြင့် ဟောပြော ကြသည်ကိုကြား ရပါသည်တကားဟု အချင်းချင်းပြောဆို ကြ၏။
12 Wakiwa wameshangaa na kufadhaika wakaulizana, “Ni nini maana ya mambo haya?”
၁၂ထိုလူအပေါင်း တို့သည် မိန်းမော တွေးတော သောစိတ်ရှိသည်နှင့် ၊ ဤအမှုအရာသည်အဘယ်သို့ သော အမှုအရာဖြစ် သနည်းဟု တစ် ယောက်ကိုတစ်ယောက်ပြောဆို ကြ၏။
13 Lakini wengine wakawadhihaki wakasema, “Hawa wamelewa divai!”
၁၃လူအချို့ တို့က၊ ဤသူတို့ သည်ချိုသောစပျစ်ရည် နှင့် ပြည့်ဝ သည်ဟု ကဲ့ရဲ့ ပြောဆို ကြ၏။
14 Ndipo Petro akasimama pamoja na wale mitume kumi na mmoja, akainua sauti yake na kuhutubia ule umati wa watu, akasema: “Wayahudi wenzangu na ninyi nyote mkaao Yerusalemu, jueni jambo hili mkanisikilize.
၁၄ထိုအခါတကျိပ် တပါးသော တမန်တော်တို့နှင့်တကွ ပေတရု သည်ထ လျက် ၊ ထိုသူ တို့ကို ကျယ်သော အသံ နှင့်ဟောပြော သည်ကား၊ ယေရုရှလင် မြို့သား တို့နှင့် ယုဒ လူ အပေါင်း တို့၊ သင် တို့သည် ဤ အရာကို သိမှတ် ၍ ငါ့ စကား ကိုစေ့စေ့နာခံ ကြလော့။
15 Hakika watu hawa hawakulewa kama mnavyodhania, kwa kuwa sasa ni saa tatu asubuhi!
၁၅ယခုအချိန်ကားနံနက် တချက်တီး အချိန် သာရှိသည် ဖြစ်၍ ၊ သင် တို့ထင် သည်အတိုင်း ဤသူ တို့သည် ယစ်မူး ကြသည်မ ဟုတ်။
16 La, hili ni jambo lililotabiriwa na nabii Yoeli, akisema:
၁၆ဤ အရာကားပရောဖက် ယောလ ဟော ဘူးသောအရာ ဖြစ် သတည်း။
17 “‘Katika siku za mwisho, asema Mungu, nitamimina Roho wangu juu ya wote wenye mwili. Wana wenu na binti zenu watatabiri, vijana wenu wataona maono, na wazee wenu wataota ndoto.
၁၇ဟောဘူးအချက်ကား၊ နောင် ကာလ ၌ လူမျိုး တကာ တို့အပေါ်သို့ ငါ ၏ဝိညာဉ် တော်ကိုငါသွန်းလောင်း မည်။ သင် တို့၏သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက် ငယ်သောသူ တို့သည် ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။ အသက်ကြီး သောသူ တို့သည်လည်း နိမိတ်အိပ်မက် တို့ကိုမြင်မက် ရ ကြလိမ့်မည်။
18 Hata juu ya watumishi wangu, wanaume kwa wanawake, katika siku zile nitamimina Roho wangu, nao watatabiri.
၁၈ထိုကာလ ၌ လည်း ငါ ၏အမှုကိုဆောင်ရွက်သောယောက်ျားမိန်းမ တို့အပေါ်သို့ ငါ ၏ဝိညာဉ် တော်ကို ငါ သွန်းလောင်း ၍၊ သူတို့သည် ပရောဖက် ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
19 Nami nitaonyesha maajabu juu mbinguni, na ishara chini duniani: damu, moto, na mawimbi ya moshi.
၁၉အထက် မိုးကောင်းကင် ၌ အံ့ဘွယ် သောအရာတို့ကို၎င်း ၊ အောက် အရပ်မြေကြီး ပေါ်၌ သွေး ၊ မီးလျှံ ၊ မီးခိုး တည်းဟူသောပုပ္ပ နိမိတ်တို့ကို၎င်း ငါပြ မည်။
20 Jua litakuwa giza na mwezi utakuwa mwekundu kama damu, kabla ya kuja siku ile kuu ya Bwana iliyo tukufu.
၂၀ထာဝရ ဘုရား၏ ထူးမြတ် သောနေ့ ကြီး မတိုင်မှီ ၊ နေ သည်မှောင်မိုက် အတိဖြစ်လိမ့်မည်။ လ သည်လည်း သွေး ဖြစ်လိမ့်မည်။
21 Na kila mtu atakayeliitia jina la Bwana, ataokolewa.’
၂၁ထိုအခါထာဝရ ဘုရားကို ပဌနာ ပြုသောသူ ရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ရောက်ရကြ လတံ့ဟု ဘုရား ဗျာဒိတ် တော်ရှိ၏။
22 “Enyi Waisraeli, sikilizeni maneno haya nisemayo: Yesu wa Nazareti alikuwa mtu aliyethibitishwa kwenu na Mungu kwa miujiza, maajabu na ishara, ambayo Mungu alitenda miongoni mwenu kupitia kwake, kama ninyi wenyewe mjuavyo.
၂၂ဣသရေလ လူ တို့၊ ငါ့စကား ကိုနားထောင် ကြလော့။ သင်တို့သိ ကြသည့်အတိုင်း နာဇရက် မြို့သားယေရှု သည် ထူးဆန်းသောတန်ခိုး ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို သင် တို့တွင် ပြု ရသော အခွင့်နှင့် ဘုရားသခင် ပေးတော်မူသောသက်သေ ကို ရသောသူ ဖြစ်၍၊
23 Huyu mtu akiisha kutolewa kwa shauri la Mungu lililokusudiwa kwa kujua kwake Mungu tangu zamani, ninyi, kwa mikono ya watu wabaya, mlimuua kwa kumgongomea msalabani.
၂၃ဘုရားသခင် ပြဌာန်း တော်မူသော အလို တော်အားဖြင့်၎င်း ၊ အနာဂတံသဉာဏ် တော်အားဖြင့် ၎င်း၊ အပ်နှံ ခြင်းကိုခံသော ထို ယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရား သော သူတို့လက် ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက် ၍ ကွပ်မျက် ကြပြီ။
24 Lakini Mungu alimfufua kutoka kwa wafu akamwondolea uchungu wa mauti, kwa sababu haikuwezekana yeye kushikiliwa na nguvu za mauti.
၂၄ထိုသူ ကို သေ ခြင်းဝေဒနာသည် အစဉ်ချည်နှောင် ချုပ်ကိုင်၍မ ဖြစ် နိုင်သည်နှင့်၊ ထိုဝေဒနာ ကို ဘုရားသခင် သည် ချွတ်ပယ် ၍ထမြောက် စေတော်မူပြီ။
25 Kwa maana Daudi asema kumhusu yeye: “‘Nalimwona Bwana mbele yangu daima. Kwa sababu yuko mkono wangu wa kuume, sitatikisika.
၂၅ထိုသူ ကိုအကြောင်းပြုလျက် ဒါဝိဒ် မင်းက၊ ငါ သည်ထာဝရဘုရား ကို အစဉ်မပြတ် မျက်မှောက် ပြု၏။ အကြောင်းမူကား ငါ့ လက်ျာ ဘက်၌ တည်ရှိ တော်မူသည်ဖြစ်၍ငါသည်လှုပ်ရှား ခြင်းမ ရှိရ။
26 Kwa hiyo moyo wangu unafurahia, na ulimi wangu unashangilia; mwili wangu nao utapumzika kwa tumaini.
၂၆ထိုကြောင့် ငါ့ စိတ် နှလုံးသည် သာယာ ခြင်း၊ ငါ့ ဝိညာဉ် သည်လည်း ရွှင်လန်း ခြင်းရှိ၏။ ထိုမှတပါး ငါ့ အသား သည် မြော်လင့် လျက် ကျိန်းဝပ် လိမ့်မည်။
27 Kwa maana hutaniacha kaburini, wala hutamwacha Aliye Mtakatifu wako kuona uharibifu. (Hadēs )
၂၇အကြောင်းမူကား ၊ ကိုယ်တော်သည်အကျွန်ုပ် ၏ဝိညာဉ် ကို မရဏာ နိုင်ငံ၌ ပစ် ထားတော်မ မူ။ ကိုယ်တော် ၏သန့်ရှင်း သောသူ အားလည်း ပုပ်စပ် ခြင်းကိုရှိ စေတော်မ မူဘဲလျက်၊ အသက် ရှင်ခြင်းလမ်း ကို ပြညွှန် တော်မူလိမ့်မည်။ (Hadēs )
28 Umenionyesha njia za uzima, utanijaza na furaha mbele zako.’
၂၈မျက်နှာ တော်ကို ဖူးမြင်ရသောအားဖြင့်ဝမ်းမြောက် သောစိတ်နှင့် အကျွန်ုပ် ကိုပြည့်စုံ စေတော်မူလိမ့်မည်ဟုဒါဝိဒ်ဆို သတည်း။
29 “Ndugu zangu Waisraeli, nataka niwaambie kwa uhakika kwamba baba yetu Daudi alikufa na kuzikwa, nalo kaburi lake lipo hapa mpaka leo.
၂၉ညီအစ်ကို တို့၊ အမျိုး၏အဘ ဖြစ်သော ဒါဝိဒ် ၏အကြောင်း ကို ငါသည် သင် တို့အား အတည့်အလင်း ပြော ပါရစေ ။ ထို ဒါဝိဒ်သည် သေ ၍ သင်္ဂြိုဟ် သောတွင်း သည် ယခု တိုင်အောင် ငါ တို့၌ ရှိ ၏။
30 Lakini alikuwa nabii na alijua ya kuwa Mungu alikuwa amemwahidi kwa kiapo kwamba angemweka mmoja wa wazao wake penye kiti chake cha enzi.
၃၀ထို သူသည် မိမိ အမျိုးအနွယ်ထဲက လူဇာတိ အားဖြင့် ခရစ်တော် ကို ဘုရားသခင် ထမြောက်စေ၍ မိမိ ပလ္လင် ပေါ်မှာ တင် တော်မူမည်အကြောင်း ဓိဋ္ဌာန် ကျိန်ဆို တော်မူသည်ကို ပရောဖက် ဥာဏ်အားဖြင့်သိ ၍၊
31 Daudi, akiona mambo yaliyoko mbele, akanena juu ya kufufuka kwa Kristo, kwamba hakuachwa kaburini, wala mwili wake haukuona uharibifu. (Hadēs )
၃၁ခရစ်တော် ၏ထမြောက် ခြင်းအကြောင်း ကိုရည်မှတ် လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏာ နိုင်ငံ၌ ပစ် ထားတော်မ မူ။ အသား သည်လည်း ပုပ်စပ် ခြင်းသို့မ ရောက် ဟု အနာဂတံသဥာဏ်နှင့် ဟော လေ၏။ (Hadēs )
32 Mungu alimfufua huyu Yesu na sisi sote ni mashahidi wa jambo hilo.
၃၂ထို ယေရှု ကို ဘုရားသခင် ထမြောက် စေတော်မူသည်ကို ငါ တို့ရှိသမျှ သည် သက်သေခံ ဖြစ် ကြ၏။
33 Basi ikiwa yeye ametukuzwa kwa mkono wa kuume wa Mungu, amepokea kutoka kwa Baba ahadi ya Roho Mtakatifu, naye amemimina kile mnachoona sasa na kusikia.
၃၃ထိုသို့ ဘုရားသခင် သည် လက်ျာ လက်တော်နှင့် ချီးမြှောက် တော်မူသဖြင့်၊ ထိုသခင်သည် ဂတိ တော်နှင့် ယှဉ်သောသန့်ရှင်း သောဝိညာဉ် တော်ကို ခမည်းတော် ထံ၌ ခံ ပြီဖြစ်၍သင် တို့သိမြင် ကြား ရသောအရာကို သွန်းလောင်း တော်မူ၏။
34 Kwa kuwa Daudi hakupaa kwenda mbinguni, lakini anasema, “‘Bwana alimwambia Bwana wangu: “Keti mkono wangu wa kuume,
၃၄ဒါဝိဒ် သည် ကောင်းကင် သို့ မ တက် သေး၊
35 hadi nitakapowaweka adui zako chini ya miguu yako.”’
၃၅သို့ရာတွင် ထာဝရ ဘုရားက၊ သင် ၏ရန်သူ တို့ကို သင် ၏ ခြေ တင်ရာငါမ ချ မထားမှီတိုင်အောင်ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ့ သခင် အားမိန့် တော်မူသည်ဟု ဒါဝိဒ် စကားရှိ၏။
36 “Kwa hiyo Israeli wote na wajue jambo hili kwa uhakika kwamba: Mungu amemfanya huyu Yesu, ambaye ninyi mlimsulubisha, kuwa Bwana na Kristo.”
၃၆ထို့ကြောင့် သင် တို့သည်လက်ဝါးကပ်တိုင် မှာ ကွပ်မျက်သောယေရှု ကိုဘုရားသခင် သည် ခရစ်တော် ၌ ၎င်း ၊ အစိုးရသောအရှင် အရာ၌၎င်း ခန့်ထား တော်မူသည်အကြောင်း ကို ဣသရေလ အမျိုးသား အပေါင်း တို့ အတပ် အမှန် သိမှတ် ကြလော့ဟု ပေတရုဟောလေ၏။
37 Watu waliposikia maneno haya yakawachoma mioyo yao, wakawauliza Petro na wale mitume wengine, “Ndugu zetu tufanye nini?”
၃၇ထိုသူတို့သည်ကြား ရလျှင် စိတ် နှလုံးပူပန် ခြင်းရှိ၍၊ ညီအစ်ကို တို့၊ အဘယ်သို့ ပြု ရပါမည်နည်းဟု ပေတရု မှစ၍ အခြား သောတမန်တော် တို့အား မေးမြန်း ကြ၏။
38 Petro akawajibu, “Tubuni, mkabatizwe kila mmoja wenu kwa jina la Yesu Kristo, ili mpate kusamehewa dhambi zenu, nanyi mtapokea kipawa cha Roho Mtakatifu.
၃၈ပေတရု ကလည်း ၊ သင် တို့၏အပြစ် ကိုလွတ် စေခြင်းငှာ နောင်တရ ၍ တစ်ယောက်မျှမကြွင်း၊ ယေရှု ခရစ် ၏ နာမ ၌ ဗတ္တိဇံ ကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်း သောဝိညာဉ် တော်တည်းဟူသောဆုကျေးဇူး တော်ကို ခံရ ကြလိမ့်မည်။
39 Kwa kuwa ahadi hii ni kwa ajili yenu na watoto wenu, na kwa wote walio mbali, na kila mtu ambaye Bwana Mungu wetu atamwita amjie.”
၃၉အကြောင်းမူကား ၊ ဂတိ တော်သည် သင် တို့နှင့်၎င်း ၊ သင် တို့၏သားသမီး တို့နှင့် ၎င်း၊ ဝေး သော သူ တို့တွင် ငါ တို့၏ဘုရားသခင် ထာဝရ ဘုရား ခေါ် တော်မူသမျှ သောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော ၏။
40 Petro akawaonya kwa maneno mengine mengi na kuwasihi akisema, “Jiepusheni na kizazi hiki kilichopotoka.”
၄၀ထိုမှတစ်ပါးသဘော မဖြောင့်သော ဤ အမျိုး မှ ကယ်တင် ခြင်းသို့ ရောက်ကြလော့ဟူ၍အထူးထူး အပြားပြားသောစကား နှင့် သက်သေခံ ၍ တိုက်တွန်း သွေးဆောင် လေ၏။
41 Wale wote waliopokea ujumbe wa Petro kwa furaha wakabatizwa na siku ile waliongezeka watu wapatao 3,000.
၄၁ထိုစကား ကို အသင့်နှလုံး သွင်းမိသော သူ တို့သည် ဗတ္တိဇံ ကိုခံ၍ ၊ ထို နေ့ ၌ အရေအတွက်အားဖြင့်သုံးထောင် မျှလောက် သော သူ တို့သည်ဝင် ကြ၏။
42 Nao wakawa wanadumu katika mafundisho ya mitume, katika ushirika, katika kumega mkate na katika kusali.
၄၂ထိုသူများသည် တမန်တော် တို့၏ ဆုံးမ ဩဝါဒကိုခံခြင်း၊ အပေါင်း အသင်းဖွဲ့ခြင်း၊ မုန့် ကိုဖဲ့ ခြင်း၊ ပဌာနာ ပြုခြင်းတို့ကို အမြဲဆောင်ရွက် ၍နေကြ၏။
43 Kila mtu akaingiwa na hofu ya Mungu, nayo miujiza mingi na ishara zikafanywa na mitume.
၄၃လူ အပေါင်း တို့သည်ကြောက်လန့် ခြင်းရှိသည်ဖြစ် ၍ တမန်တော် တို့သည် များစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြု ကြ၏။
44 Walioamini wote walikuwa mahali pamoja, nao walikuwa na kila kitu shirika.
၄၄ယုံကြည် သော သူ အပေါင်း တို့သည် တစုတဝေး တည်းနေ ကြသဖြင့်၊ မိမိတို့၌ရှိသမျှ ကိုဆက်ဆံ ၍ သုံးဆောင်ကြ၏။
45 Waliuza mali zao na vitu walivyokuwa navyo, kila mtu akagawiwa kadiri ya mahitaji yake.
၄၅မိမိတို့ဥစ္စာ ပစ္စည်း များကိုရောင်း ပြီးလျှင်၊ လူများ ဆင်းရဲ သည်အတိုင်း အသီးအသီး တို့အား ဝေငှ ခြင်းကို ပြု ကြ၏။
46 Siku zote kwa moyo mmoja walikutana ndani ya ukumbi wa Hekalu, wakimega mkate nyumba kwa nyumba, wakila chakula chao kwa furaha na moyo mweupe,
၄၆ထိုသူတို့သည်လည်း ဗိမာန် တော်၌ နေ့တိုင်း အစဉ်တစ် ညီတစ်ညွတ်တည်းနေ ၍ ၊ ကိုယ်အိမ် ၌ မုန့် ကိုဖဲ့ လျက် ကြည်ဖြူ ရွှင်လန်း ဝမ်းမြောက်သောစိတ် နှင့် အစာ အာဟာရကိုသုံးဆောင် ကြ၏။
47 wakimsifu Mungu na kuwapendeza watu wote. Kila siku Bwana akaliongeza kanisa wale waliokuwa wakiokolewa.
၄၇ဘုရားသခင် ကိုလည်း ချီးမွမ်း ၍ လူ အပေါင်း တို့ရှေ့ မှာ မျက်နှာ ပွင့်လန်းခြင်း အခွင့်ကိုရ ကြ၏။ ကယ်တင် ခြင်းသို့ ရောက်သောသူ တို့ကိုလည်း နေ့စဉ်မပြတ်သခင် ဘုရားသည် သင်းဝင်စေတော်မူ၏။