< 2 Samweli 2 >

1 Ikawa baada ya mambo haya, Daudi akamuuliza Bwana, “Je, nipande kwenda katika mojawapo ya miji ya Yuda?” Bwana akasema, “Panda.” Daudi akauliza, “Je, niende wapi?” Bwana akajibu, “Nenda Hebroni.”
ထိုနောက် ဒါဝိဒ် က၊ အကျွန်ုပ်သည် ယုဒ မြို့ တစုံတမြို့သို့ သွား ရပါမည်လော ဟု ထာဝရဘုရား ထံတော်၌ မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့ဟုမိန့် တော်မူ၏။ ဒါဝိဒ် ကလည်း အဘယ် မြို့သို့ သွား ရပါမည်နည်းဟုမေးလျှောက် သော်၊ ဟေဗြုန် မြို့သို့ သွားလော့ဟု မိန့် တော်မူသည်အတိုင်း၊
2 Basi Daudi akakwea kwenda huko pamoja na wake zake wawili, Ahinoamu wa Yezreeli na Abigaili, mjane wa Nabali wa Karmeli.
ဒါဝိဒ် သည် မယား နှစ် ယောက်၊ ယေဇရေလ မြို့သူအဟိနောင် ၊ နာဗလ မယား ကရမေလ မြို့သူအဘိဂဲလ တို့နှင့်တကွ သွား လေ၏။
3 Pia Daudi akawachukua watu waliokuwa pamoja naye, kila mmoja na jamaa yake, nao wakaishi huko Hebroni na miji yake.
မိမိ ၌ ပါသော လူ များ၊ အိမ်ထောင် များတို့ကိုလည်း ဒါဝိဒ် သည် ခေါ် ခဲ့၍ သူတို့သည် ဟေဗြုန် မြို့ ရွာတို့၌ နေ ကြ၏။
4 Ndipo watu wa Yuda wakaja Hebroni, huko wakamtia Daudi mafuta awe mfalme juu ya nyumba ya Yuda. Daudi alipoambiwa kuwa ni watu wa Yabeshi-Gileadi waliomzika Sauli,
တဖန် ယုဒ လူ တို့သည် လာ ၍ ဘိသိက် ပေးသဖြင့် ဒါဝိဒ် ကို ယုဒ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။
5 akatuma wajumbe kwa watu wa Yabeshi-Gileadi kuwaambia, “Bwana awabariki kwa kuonyesha wema huu kwa kumzika Sauli bwana wenu.
ဂိလဒ် ပြည် ယာဗက်မြို့သား တို့သည် ရှောလု ကို သင်္ဂြိုဟ် ပါပြီဟု ဒါဝိဒ် အား ကြား လျှောက်သော် ၊ ဂိလဒ်ပြည် ယာဗက်မြို့သား တို့ရှိရာသို့ တမန် တို့ကိုစေလွှတ် ၍ ၊ သင် တို့သည် သင် တို့အရှင် ရှောလု ၌ ကရုဏာ ကျေးဇူးပြု ၍ အလောင်းတော်ကိုသင်္ဂြိုဟ် သောကြောင့် ၊ ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကို ခံရကြပါစေသော။
6 Sasa Bwana na awaonyeshe wema na uaminifu, nami pia nitawaonyesha wema ule ule kwa kuwa mmefanya jambo hili.
ထာဝရဘုရား သည် သင် တို့၌ ကရုဏာ ကျေးဇူး၊ သစ္စာ ကျေးဇူးပြု တော်မူပါစေသော။ သင်တို့သည် ဤ အမှု ကို ပြု သောကြောင့် သင် တို့ကျေးဇူး ကို ငါ လည်း ဆပ် မည်။
7 Sasa basi, kuweni hodari na mashujaa, kwa maana bwana wenu Sauli amekufa, nayo nyumba ya Yuda imenitia mafuta niwe mfalme juu yao.”
ယခု မှာ အားယူ ၍ ရဲရင့် ခြင်းသတ္တိရှိ ကြလော့။ သင် တို့အရှင် ရှောလု သေ ပြီ။ ယုဒ အမျိုးသား တို့သည် ဘိသိတ် ပေးသဖြင့် ငါ့ ကိုရှင်ဘုရင် အရာ ၌ ချီးမြောက်ကြပြီဟု မှာ လိုက်လေ၏။
8 Wakati huo Abneri mwana wa Neri, jemadari wa jeshi la Sauli, alikuwa amemchukua Ish-Boshethi mwana wa Sauli na kumleta hadi Mahanaimu.
သို့ရာတွင် ရှောလု ၏ဗိုလ်ချုပ် မင်းနေရ သား အာဗနာ သည်၊ ရှောလု သား ဣရှဗောရှက် ကိုယူ ၍ မဟာနိမ် မြို့သို့ ဆောင် သွားပြီးလျှင်၊
9 Akamweka awe mfalme juu ya nchi ya Gileadi, Waasheri, Yezreeli, Efraimu, Benyamini na Israeli yote.
ဂိလဒ် ပြည်၊ အာရှာ အမျိုးသားများ၊ ယေဇရေလ မြို့သားများ၊ ဧဖရိမ် ခရိုင်၊ ဗင်္ယာမိန် ခရိုင်အစရှိသော ဣသရေလ နိုင်ငံလုံးကို အစိုးရသောရှင် ဘုရင်အရာ၌ ချီးမြှောက်လေ၏။
10 Ish-Boshethi mwana wa Sauli alikuwa na umri wa miaka arobaini alipoanza kutawala Israeli, naye akatawala miaka miwili. Hata hivyo, nyumba ya Yuda ikamfuata Daudi.
၁၀ရှောလု ၏သား ဣရှဗောရှက် သည် အသက် လေး ဆယ်ရှိသော်၊ ဣသရေလ နိုင်ငံကို အစိုးရ၍ နှစ် နှစ် စိုးစံ လေ၏။ ယုဒ အမျိုး မူကား ဒါဝိဒ် နောက် သို့ လိုက် ကြ၏။
11 Muda ambao Daudi alikuwa mfalme juu ya nyumba ya Yuda huko Hebroni ilikuwa miaka saba na miezi sita.
၁၁ဒါဝိဒ် သည် ဟေဗြုန် မြို့၌ နေ ၍ ယုဒ အမျိုး ကို အစိုးရသောနှစ် ပေါင်း ကား ခုနစ် နှစ် နှင့် ခြောက် လ ဖြစ် သတည်း။
12 Abneri mwana wa Neri, pamoja na watu wa Ish-Boshethi mwana wa Sauli, wakatoka Mahanaimu kwenda Gibeoni.
၁၂တဖန် နေရ သား အာဗနာ သည် ရှောလု သား ဣရှဗောရှက် ၏ကျွန် များနှင့်တကွ ၊ မဟာနိမ် မြို့မှ ဂိဗောင် မြို့သို့ သွား ၍၊
13 Yoabu mwana wa Seruya na watu wa Daudi wakatoka na kukutana nao kwenye bwawa la Gibeoni. Kikundi kimoja kiliketi upande mmoja wa bwawa, na kikundi kingine upande wa pili.
၁၃ဇေရုယာ သား ယွာဘ နှင့် ဒါဝိဒ် ၏ကျွန် တို့သည် ဆီးကြိုသဖြင့် ၊ ဂိဗောင် ရေကန် အနား မှာဆုံ မိလျက် ရေကန် တစ်ဘက်တချက် ၌ ထိုင် ကြ၏။
14 Ndipo Abneri akamwambia Yoabu, “Tuwaweke baadhi ya vijana wasimame na wapigane ana kwa ana mbele yetu.” Yoabu akasema, “Sawa, na wafanye hivyo.”
၁၄အာဗနာ ကလည်း ၊ လုလင် တို့သည်ထ ၍ ငါ တို့ရှေ့ မှာကစား ကြပါလေစေဟုဆို သော် ၊ ယွာဘ က ထ ကြပါ လေစေဟုဆို သည်အတိုင်း၊
15 Kwa hiyo vijana wakasimama, wakahesabiwa: watu wa Benyamini na wa Ish-Boshethi mwana wa Sauli kumi na wawili, na upande wa Daudi kumi na wawili.
၁၅ရှောလု သား ဣရှဗောရှက် ၏ လူဗင်္ယာမိန် အမျိုးသားတကျိပ် နှစ် ယောက်နှင့် ဒါဝိဒ် ၏ကျွန် တကျိပ် နှစ် ယောက်တို့သည် ထ ၍ ကူး လာကြ၏။
16 Kisha kila mtu akakamatana na mpinzani wake kichwani na kuchomana kwa upanga, nao wakaanguka chini pamoja. Kwa hiyo mahali pale katika Gibeoni pakaitwa Helkath-Hasurimu.
၁၆သူတို့သည်လူ ချင်းတိုက်၍ လူတိုင်း မိမိ တိုက် ဘက်၏ ခေါင်း ကိုကိုင် လျက် ၊ နံဖေး ကိုထား နှင့်ထိုးလျက် တစုတည်း လဲ သေကြ၏။ သို့ဖြစ်၍ ဂိဗောင် မြို့နယ်၌ ရှိသော ထို အရပ် ကို ဟေလကသဇ္ဇုရိမ် ဟူသောအမည်ဖြင့် သမုတ် ကြ၏။
17 Siku hiyo vita vilikuwa vikali sana, naye Abneri na watu wa Israeli wakashindwa na watu wa Daudi.
၁၇ထို နေ့၌ ပြင်းစွာ စစ်တိုက် ၍ အာဗနာ နှင့် ဣသရေလ လူ တို့သည် ဒါဝိဒ် ၏ကျွန် တို့ရှေ့ မှာ ရှုံး ကြလေ၏။
18 Wana watatu wa Seruya walikuwako huko: nao ni Yoabu, Abishai na Asaheli. Basi huyo Asaheli alikuwa na mbio kama paa.
၁၈ဇေရုယာ သား သုံး ယောက်၊ ယွာဘ ၊ အဘိရှဲ ၊ အာသဟေလ ပါကြ၏။ အာသဟေလ သည်တော ၌ ကျင်လည်သော ဒရယ် ကဲ့သို့ လျင်မြန် ၏။
19 Asaheli akamfukuza Abneri, pasipo kugeuka kulia wala kushoto wakati akimfuata.
၁၉အာသဟေလ သည် လက်ျာ ဘက်လက်ဝဲ ဘက် သို့ မ လွှဲ အာဗနာ ကို လိုက် ၏။
20 Abneri akaangalia nyuma na kumuuliza, “Ni wewe, Asaheli?” Akamjibu, “Ndiyo.”
၂၀အာဗနာ သည်နောက် သို့ကြည့် ၍ ၊ သင် သည် အာသဟေလ မှန်သလောဟုမေး သော် ၊ မှန်သည်ဟု ပြန်ပြော ၏။
21 Ndipo Abneri akamwambia, “Geuka upande wa kulia au kushoto. Mchukue mmoja wa vijana wa kiume na umvue silaha zake.” Lakini Asaheli hakuacha kumfukuza.
၂၁အာဗနာ ကလည်း ၊ လက်ျာ ဘက်သော်၎င်း ၊ လက်ဝဲ ဘက်သော်၎င်းလှည့် သွားလျက် ၊ လုလင် တယောက် ကို ဘမ်းဆီး ၍ သူ ၏လက်နက် စုံကို လုယူ တော့ဟုဆို သော်လည်း ၊ အာသဟေလ သည် မ လှည့် ဘဲ လိုက် သေး၏။
22 Abneri akamwonya tena Asaheli akimwambia, “Acha kunifukuza! Kwa nini nikuue? Je, nitawezaje kumtazama ndugu yako Yoabu usoni?”
၂၂တဖန် အာဗနာ က ငါ့ ကိုမလိုက် နှင့်။ လှည့် သွားတော့။ သင့် ကို မြေ ပေါ်သို့ အဘယ်ကြောင့် ငါလှဲ ရမည်နည်း။ သို့ပြုလျှင် သင့် အစ်ကို ယွာဘ ရှေ့ မှာ ငါ့ မျက်နှာ ကို အဘယ်သို့ ငါပြ နိုင်မည်နည်းဟု ဆိုသော်လည်း၊
23 Lakini Asaheli alikataa kuacha kumfuatia, kwa hiyo Abneri akamchoma Asaheli tumboni kwa ncha butu ya mkuki wake, mkuki ukamtoboa ukatokea mgongoni mwake. Akaanguka na kufa papo hapo. Ikawa kila mtu alisimama alipofika mahali pale Asaheli alipoanguka na kufa.
၂၃အာသဟေလသည် နား မထောင်သောကြောင့် ၊ အာဗနာ သည် နောက် သို့လှံ နှင့် ထိုး လျှင် ၊ ဝမ်း ၌ လှံဖျားဝင်၍ ကျော ကိုထုတ်ချင်း ဖောက်သဖြင့် ၊ အာသဟေလသည် လဲ ၍ ထို အရပ်၌သေ ၏။ အာသဟေလ လဲ ၍ သေ သော ထို အရပ် သို့ ရောက် သော သူအပေါင်း တို့သည် ရပ် နေကြ၏။
24 Lakini Yoabu na Abishai walimfuata Abneri, na jua lilipokuwa linatua, wakafika kwenye kilima cha Ama, karibu na Gia kwenye njia ya kuelekea kwenye nyika ya Gibeoni.
၂၄ယွာဘ နှင့် အဘိရှဲ သည် အာဗနာ ကိုလိုက် ၍ ဂိဗောင် တော သို့ သွားသောလမ်း နား၊ ဂိအာ မြို့ရှေ့ မှာ ရှိသော အမ္မ တောင် သို့ ရောက် သောအခါ နေ ဝင် ၏။
25 Ndipo watu wa kabila la Benyamini wakakusanyika tena nyuma ya Abneri. Wakaunda kikosi na kujiimarisha juu ya kilima.
၂၅ဗင်္ယာမိန် အမျိုးသား တို့သည် အာဗနာ နောက် ၌ စုဝေး ၍ တတပ် တည်းဖွဲ့လျက် တောင် ပေါ် မှာ ရပ် နေကြ ၏။
26 Abneri akamwita Yoabu, akamwambia, “Je, ni lazima upanga uendelee kuangamiza milele? Hutambui kwamba jambo hili litaishia katika uchungu? Utaacha kuwaagiza watu wako waache kuwafuatilia ndugu zao hata lini?”
၂၆ထိုအခါ အာဗနာ က၊ ယွာဘ ကို ဟစ် ၍ ၊ ထား သွားသည် အစဉ် မပြတ်ကိုက်စား ရမည်လော။ နောက်ဆုံး ၌ ခါး သောအရသာကို တွေ့လိမ့်မည်ဟုမ သိ လော။ လူ များတို့သည် ညီအစ်ကို တို့ကိုမလိုက် ၊ ပြန် စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမ စီရင် ဘဲ နေမည်နည်းဟုဆို လျှင်၊
27 Yoabu akajibu, “Hakika kama aishivyo Mungu, kama hukusema, hawa watu wangeendelea kuwafuatia ndugu zao mpaka asubuhi.”
၂၇ယွာဘ က၊ ဘုရား သခင်အသက် ရှင်တော်မူသည်အတိုင်း သင်မ ပြော လျှင် ၊ မိုဃ်းလင်း မှသာ လူ များတို့သည် ညီအစ်ကို တို့ကိုမလိုက် ဘဲနေကြလိမ့်မည်ဟု ဆို လျက်၊
28 Basi Yoabu akapiga tarumbeta, nao watu wote wakasimama, hawakuwafuata Israeli tena, wala hawakuwapiga tena.
၂၈တံပိုး မှုတ် ၍ လူ များတို့သည် ဣသရေလ အမျိုးသားတို့ကို မ လိုက် ၊ စစ် မ တိုက်ဘဲရပ် နေကြ၏။
29 Usiku ule wote Abneri na watu wake wakatembea kupitia Araba. Wakavuka Mto Yordani, wakaendelea wakipitia nchi yote ya Bithroni wakafika Mahanaimu.
၂၉အာဗနာ နှင့် သူ ၏လူ တို့သည် တညဉ့်လုံး လွင်ပြင် သို့ ရှောက်သွား ၍ ယော်ဒန် မြစ်ကိုကူး ပြီးလျှင် ၊ ဗိသရုန် ပြည်ကိုလွန်၍ မဟာနိမ် မြို့သို့ ရောက် ကြ၏။
30 Basi Yoabu akarudi kutoka kumfuatia Abneri, na kuwakusanya watu wake wote. Pamoja na Asaheli, watu kumi na tisa wa Daudi walikuwa wamepotea.
၃၀ယွာဘ သည်လည်း အာဗနာ ကိုလိုက် ရာမှ ပြန် ၍ လူ အပေါင်း တို့ကို စုဝေး စေသောအခါ ၊ အာသဟေလ နှင့် ဒါဝိဒ် ၏ကျွန် တကျိပ် ကိုး ယောက်တို့သည် မ ရှိဆုံးကြပြီ။
31 Lakini watu wa Daudi walikuwa wamewaua watu wa kabila la Benyamini 360 waliokuwa pamoja na Abneri.
၃၁ဒါဝိဒ် ၏ကျွန် တို့သည် ဗင်္ယာမိန် အမျိုးသား၊ အာဗနာ ၏လူ သုံး ရာ ခြောက် ဆယ်တို့ကို သေ အောင် လုပ်ကြံ ကြပြီ။
32 Wakamchukua Asaheli, wakamzika katika kaburi la baba yake huko Bethlehemu. Kisha Yoabu na watu wake wakatembea usiku kucha na kufika huko Hebroni wakati wa mapambazuko.
၃၂အာသဟေလ ၏ အလောင်းကိုထမ်း သွား၍ ဗက်လင် မြို့၌ရှိသော သူ့ အဘ ၏သင်္ချိုင်း တွင် သင်္ဂြိုဟ် ကြ၏။ ယွာဘ နှင့် သူ ၏လူ တို့သည် တညဉ့်လုံး သွား ၍ ၊ မိုဃ်းလင်းစ တွင်ဟေဗြုန် မြို့သို့ ရောက်ကြ၏။

< 2 Samweli 2 >