< 2 Wakorintho 4 >

1 Kwa hiyo, kwa kuwa tuna huduma hii kwa rehema za Mungu, hatukati tamaa.
ထိုကြောင့် ငါတို့သည် ထိုသို့သော တရား ၏ အမှုကိုဆောင်ရွက် သောသူဖြစ်၍၊ ကရုဏာ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ ၊ အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ် ကြ၏။
2 Tumekataa mambo ya siri na ya aibu, wala hatufuati njia za udanganyifu, tukichanganya Neno la Mungu na uongo. Kinyume cha hayo, tunadhihirisha kweli waziwazi na kujitambulisha wenyewe kwenye dhamiri ya kila mtu mbele za Mungu.
ဆိတ်ကွယ် ရာအရပ်၌ပြုသော ရှက်ဘွယ် သော အမှုများကိုပယ် ကြ၏။ ပရိယာယ် ကိုမ သုံး ၊ ဘုရားသခင် နှုတ်ကပတ် တရားတော်ကိုထိမ်ဝှက် မှောက်လှန်ခြင်းမ ရှိ။ သမ္မာတရား ကိုအတည့်အလင်း ဖော်ပြ ၍ ၊ ဘုရားသခင့် ရှေ့ တော်၌ လူ အပေါင်း တို့၏ စိတ် အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။
3 Hata nayo Injili yetu kama imetiwa utaji, ni kwa wale tu wanaopotea.
ငါ တို့ဟောပြောသော ဧဝံဂေလိ တရားသည် ဖုံးအုပ် လျက် ရှိ လျှင် ၊ ဆုံးရှုံး ခြင်းသို့ရောက်သော သူ တို့အားသာ ဖုံးအုပ် လျက်ရှိ ၏။
4 Kwa habari yao, mungu wa dunia hii amepofusha akili za wasioamini, ili wasione nuru ya Injili ya utukufu wa Kristo, aliye sura ya Mungu. (aiōn g165)
ထိုသို့ မယုံကြည် သောသူ တို့ကား၊ ဘုရားသခင် ၏ ပုံသဏ္ဍာန် တော် တည်းဟူသော ခရစ်တော် ၏ ဘုန်း အသရေနှင့်ပြည့်စုံသော ဧဝံဂေလိ တရား၏ အရောင် သည် အလင်း ကိုမ ပေးစေခြင်းငှာ၊ ဤ လောက ကို အစိုးရသော ဘုရား သည်သူ တို့၏ ဉာဏ် မျက်စိကိုကွယ် စေ၏။ (aiōn g165)
5 Kwa maana hatujihubiri sisi wenyewe ila tunamhubiri Yesu Kristo kuwa ni Bwana na sisi ni watumishi wenu kwa ajili ya Yesu.
ငါတို့သည်ကိုယ် အကြောင်း ကို ဟောပြော ကြသည်မ ဟုတ်။ ယေရှု ခရစ် သည် သခင် ဖြစ်တော်မူကြောင်း ကို၎င်း ၊ ငါတို့သည်ယေရှု အတွက် သင် တို့၏ ကျွန် ဖြစ်ကြောင်းကို၎င်း ဟောပြောကြ၏။
6 Kwa kuwa Mungu, yeye aliyesema, “Nuru na ingʼae gizani,” ameifanya nuru yake ingʼae mioyoni mwetu ili kutupatia nuru ya maarifa ya utukufu wa Mungu katika uso wa Kristo.
မှောင်မိုက် ထဲက အလင်း ထွန်းလင်း မည်အကြောင်း မိန့် တော်မူသောဘုရားသခင် သည်၊ ယေရှု ခရစ် ၏ မျက်နှာ ၌ ထွန်းလင်းသော ဘုရားသခင် ၏ ဘုန်း တော်ကိုသိ သော ဉာဏ်၏အရောင် ကိုပေးလိုသောငှာ၊ ငါ တို့စိတ် နှလုံးထဲ၌ အလင်းကို ထွန်းလင်း စေတော်မူ၏။
7 Lakini tunayo hazina hii katika vyombo vya udongo, ili ijulikane wazi kwamba uwezo huu wa ajabu unatoka kwa Mungu wala si kwetu.
သို့သော်လည်း တန်ခိုး တော်၏ဂုဏ်သရေ သည် ငါ တို့နှင့် မ ဆိုင်၊ ဘုရားသခင် နှင့် ဆိုင် မည်အကြောင်း ၊ ထို ဘဏ္ဍာ သည်မြေ အိုး ထဲမှာ ထည့်ထားလျက်ငါတို့၌ရှိ ၏။
8 Twataabika kila upande lakini hatuangamizwi; twaona wasiwasi lakini hatukati tamaa;
ငါတို့သည်အမျိုးမျိုး သော နှောင့်ရှက် ခြင်းကို ခံရ သော်လည်း ၊ အကျိုး နည်းခြင်းသို့မ ရောက်။ မ ကြံစည်နိုင်အောင်ရှိသော်လည်း စိတ် မ ပျက်။
9 twateswa lakini hatuachwi; twatupwa chini lakini hatupondwi.
ညှင်းဆဲ ခြင်းကိုခံရသော်လည်း ဆုံးရှုံး ခြင်းမ ရှိ။ အောက် သို့လှဲခြင်းကိုခံရသော်လည်း ဆုံး ရာသို့မ ရောက်။
10 Siku zote twachukua katika mwili kufa kwake Yesu ili kwamba uzima wa Yesu uweze kudhihirika katika miili yetu.
၁၀သခင်ယေရှု သည် အသက် ရှင်တော်မူကြောင်း ကို ငါ တို့ကိုယ်ခန္ဓါ ၌ ထင်ရှား စေခြင်းငှာ ။ ယေရှု ၏ သေ တော်မူခြင်းကိုအစဉ်မပြတ် ငါတို့၏ ကိုယ်ခန္ဓါ ၌ ဆောင် ရကြ၏။
11 Kwa maana sisi tulio hai siku zote tumetolewa tufe kwa ajili ya Yesu, ili kwamba uzima wake upate kudhihirishwa katika mwili wetu upatikanao na mauti.
၁၁အဘယ်သို့ နည်းဟူမူကား၊ ယေရှု သည်အသက် ရှင်တော်မူကြောင်း ကို၊ ငါ တို့၏သေ တတ်သော ခန္ဓာ ကိုယ်၌ ထင်ရှား စေခြင်းငှာ ၊ ငါ တို့သည်အသက် ရှင်စဉ်တွင်ယေရှု ကြောင့် သေ ခြင်းလက်သို့ အစဉ် အပ်နှံ ခြင်း ကို ခံရကြ၏။
12 Hivyo basi, mauti inatenda kazi ndani yetu, bali uzima unatenda kazi ndani yenu.
၁၂သို့ဖြစ်၍ သေ ခြင်းတရားသည် ငါ တို့၌ ပြုပြင် တတ်၏။ သင် တို့၌ ကား ၊ အသက် ရှင်ခြင်းတရားသည် ပြုပြင်တတ်၏။
13 Imeandikwa, “Niliamini, kwa hiyo nimesema.” Kwa roho yule yule wa imani pia tuliamini na hivyo tunasema,
၁၃ထိုသို့သောယုံကြည် ခြင်းစိတ် ရှိ သည်ဖြစ်၍ ၊ ငါသည်ယုံကြည် သောကြောင့် မြွတ်ဆို ၏ဟု ကျမ်းစာ လာ သည်နှင့်အညီ ၊ ငါ တို့သည် ယုံကြည် ခြင်းစိတ်ရှိသောကြောင့် မြွတ်ဆိုဟောပြော ကြ၏။
14 kwa sababu tunajua kwamba yeye aliyemfufua Bwana Yesu kutoka kwa wafu, atatufufua sisi pia pamoja na Yesu na kutuleta sisi pamoja nanyi mbele zake.
၁၄သခင် ယေရှု ကို ထမြောက် စေတော်မူသောသူ သည် ယေရှု အားဖြင့် ငါ တို့ကိုလည်း ထမြောက် စေ၍ ၊ သင် တို့နှင့်အတူ အထံတော်၌ သွင်းတော်မူမည်ဟု ငါတို့သိ ကြ၏။
15 Haya yote ni kwa faida yenu, ili kwamba neema ile inavyowafikia watu wengi zaidi na zaidi, ipate kusababisha shukrani nyingi kwa utukufu wa Mungu.
၁၅အများ သောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်း သည်နှင့်၊ ထိုကြွယ်ဝ သောကျေးဇူးတော် သည် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ထင်ရှား စေမည် အကြောင်း ၊ ခပ်သိမ်း သော အရာတို့သည် သင် တို့အဘို့ အလို့ငှာဖြစ်သတည်း။
16 Kwa hiyo, hatukati tamaa. Ingawa utu wetu wa nje unachakaa, utu wetu wa ndani unafanywa upya siku kwa siku.
၁၆ထိုကြောင့် ငါတို့သည် အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ် ကြ၏။ ငါ တို့၏ပြင် လူ သည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း ၊ အတွင်း လူမူကား တစ်နေ့ ထက် တစ်နေ့ ပြုပြင် ခြင်းကိုခံရ၏။
17 Kwa maana dhiki yetu nyepesi iliyo ya kitambo inatutayarisha kwa ajili ya utukufu wa milele unaozidi kuwa mwingi kupita kiasi, (aiōnios g166)
၁၇အကြောင်းမူကား ၊ မျက်မှောက် ၌ထင်ရှား သော အရာ တို့သည် ခဏ သာတည်၍ မ ထင်ရှား သောအရာ တို့သည် အစဉ်အမြဲ တည်ကြောင်းကို ငါ တို့သည် ထောက်လျက်၊ ထင်ရှား သော အရာ တို့ကို မ ကြည့်မမှတ်ဘဲ မ ထင်ရှား သောအရာ တို့ကို ကြည့်မှတ်စဉ်အခါ၊ (aiōnios g166)
18 kwa sababu hatuangalii yale yanayoweza kuonekana bali yale yasiyoweza kuonekana. Kwa maana yale yanayoweza kuonekana ni ya kitambo tu, bali yale yasiyoweza kuonekana ni ya milele. (aiōnios g166)
၁၈ယခုခဏ ခံရ၍ ပေါ့ပါး သော ဆင်းရဲ ခြင်းဒုက္ခသည် အတိုင်း ထက်အလွန်ကြီးမြတ် လေးလံ သော နိစ္စ ထာဝရဘုန်း အသရေကို ငါ တို့အဖို့ ဖြစ် စေတတ်၏။ (aiōnios g166)

< 2 Wakorintho 4 >