< 2 Nyakati 30 >
1 Hezekia akatuma ujumbe kuwaita Israeli wote na Yuda, pia akaandika barua kwa Efraimu na Manase, kuwakaribisha ili waje hekaluni mwa Bwana huko Yerusalemu kuadhimisha Pasaka kwa Bwana, Mungu wa Israeli.
၁တဖန် ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးနှင့်တကွ ဣသရေလ အမျိုး၊ ယုဒ အမျိုးသားအပေါင်း တို့သည် ယေရုရှလင် မြို့၊ ဗိမာန် တော်သို့ လာ ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အား ၊ ပသခါ ပွဲကို ခံ စေခြင်းငှါ ၊ ဟေဇကိ သည် စာ ရေး ၍ ပေး လိုက်လေ၏။
2 Mfalme na maafisa wake pamoja na kusanyiko lote katika Yerusalemu waliamua kuadhimisha Pasaka katika mwezi wa pili.
၂ဒုတိယ လ တွင် ၊ ပသခါ ပွဲကိုခံ ခြင်းငှါ ရှင် ဘုရင်သည် တိုင်ပင် ၍ ၊ မှူး တော်မတ်တော်တို့နှင့် ယေရုရှလင် မြို့၌ စည်းဝေး သော သူအပေါင်း တို့သည် စီရင်ကြပြီ။
3 Kwa sababu makuhani hawakuwa wamejitakasa idadi ya kutosha na watu wakawa hawajakusanyika huko Yerusalemu, hawakuwa wameweza kuadhimisha Pasaka kwa wakati wake wa kawaida.
၃ယဇ် ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက် နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်း စွာမ ပြုကြသေး။ ပြည်သူ ပြည်သားတို့သည် ယေရုရှလင် မြို့၌ မ စည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မ ခံ နိုင် ကြ။
4 Mpango huu ukaonekana wafaa kwa mfalme na kusanyiko lote.
၄ရှင်ဘုရင် နှင့် စည်းဝေး သော သူအပေါင်း တို့ သည် ထိုအမှု ကို နှစ်သက် သောကြောင့် ၎င်း၊ ကျမ်းစာ ၌ လာသည်အတိုင်း ၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊
5 Wakaamua kupeleka tangazo Israeli kote, kuanzia Beer-Sheba hadi Dani, wakiwaita watu waje Yerusalemu kuadhimisha Pasaka ya Bwana, Mungu wa Israeli. Ilikuwa haijaadhimishwa na idadi kubwa ya watu kama hiyo kufuatana na yale yaliyokuwa yameandikwa.
၅အရပ်ရပ်တို့ကလာ ၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အား ၊ ယေရုရှလင် မြို့၌ ပသခါ ပွဲကိုခံ စေခြင်းငှါ ၊ ဣသရေလ ပြည်တရှောက်လုံး ၊ ဗေရရှေဘ မြို့မှစ၍ ဒန် မြို့တိုင်အောင် ၊ ကြော်ငြာစေမည် အကြောင်းအမိန့်တော်နှင့်စီရင်ကြ၏။
6 Kwa amri ya mfalme, matarishi wakapita katika Israeli na Yuda kote wakiwa na barua kutoka kwa mfalme na kutoka kwa maafisa wake zikisema: “Watu wa Israeli, mrudieni Bwana, Mungu wa Abrahamu, Isaki na Israeli, ili naye awarudie ninyi mliosalia, mlionusurika kutoka mikononi mwa wafalme wa Ashuru.
၆ရှင်ဘုရင် နှင့် မှူးမတ် တို့ပေးလိုက်သောစာ ကို စာပို့ လုလင်တို့သည် ယူ၍၊ အမိန့် တော်အတိုင်း ဣသရေလ ပြည်နှင့် ယုဒ ပြည်တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ပြန်လာ ကြလော့။ အာရှုရိ ရှင် ဘုရင်တို့လက် မှ လွတ် ၍ ၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန် လာတော်မူမည်။
7 Msiwe kama baba zenu na ndugu zenu, ambao hawakuwa waaminifu kwa Bwana, Mungu wa baba zao, hivyo akawafanya kitu cha kushangaza kama mnavyoona.
၇ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား သော သင် တို့၏အဘ များ၊ ညီအစ်ကို များကဲ့သို့ မ ပြု ကြနှင့်။ ပြစ်မှားသော ထိုသူ တို့ကို သင် တို့မြင် သည် အတိုင်း ၊ သုတ်သင် ပယ်ရှင်းခြင်းသို့ အပ် တော်မူပြီ။
8 Msiwe na shingo ngumu, kama baba zenu walivyokuwa, bali nyenyekeeni kwa Bwana. Njooni mahali patakatifu, alipopatakasa milele. Mtumikieni Bwana Mungu wenu, ili hasira yake kali igeuziwe mbali nanyi.
၈သင် တို့အဘ များကဲ့သို့ ခိုင်မာ သောသဘော မ ရှိကြနှင့်။ ထာဝရဘုရား ၌ ကိုယ်ကို အပ်နှံ ကြလော့။ အစဉ် သန့်ရှင်း စေတော်မူသော သန့်ရှင်း ရာဌာနတော်သို့ လာ ကြလော့။ ပြင်းစွာ သော အမျက် တော်သည် သင် တို့မှ လွှဲ သွားမည်အကြောင်း ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ၏အမှု တော်ကို စောင့်ကြလော့။
9 Kama mkimrudia Bwana ndipo wale ndugu zenu waliotekwa pamoja na watoto wenu watakapoonewa huruma na wale waliowateka na kuwaachia warudi katika nchi hii, kwa kuwa Bwana Mungu wenu ni mwenye neema na huruma, hatageuzia uso wake mbali nanyi kama ninyi mkimrudia yeye.”
၉သင် တို့သည် ထာဝရဘုရား ထံတော်သို့ ပြန်လာ လျှင် ၊ သင် တို့၏ညီအစ်ကို သားသမီး တို့သည် သိမ်းသွား သောသူတို့ ထံ မှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤ ပြည် သို့ တဖန် ပြန် လာကြလိမ့်မည်။ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် ကျေးဇူး ပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့် ၊ သင် တို့သည် အထံ တော်သို့ ပြန် လာလျှင် ၊ မျက်နှာ တော်ကို သင်တို့မှ လွှဲ တော် မ မူဟု စာ၌ပါသတည်း။
10 Matarishi wakaenda mji hadi mji katika Efraimu na Manase, wakafika mpaka Zabuloni, lakini watu wakawadharau na kuwadhihaki.
၁၀စာပို့ လုလင်တို့သည် ဧဖရိမ် ခရိုင် ၊ မနာရှေ ခရိုင် တရှောက်လုံး၊ ဇာဗုလုန် ခရိုင်တိုင်အောင် တမြို့ မှ တမြို့သို့ ပြေး ကြ၏။ ပြည်သား တို့သည် ပြက်ယယ် ပြု၍ ကဲ့ရဲ့ ကြ၏။
11 Lakini, baadhi ya watu wa Asheri, Manase na Zabuloni, wakajinyenyekeza wakaja Yerusalemu.
၁၁သို့ရာတွင် အာရှာ ခရိုင်သား၊ မနာရှေ ခရိုင်သား၊ ဇာဗုလုန် ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ ၍ ယေရုရှလင် မြို့သို့ လာ ကြ၏။
12 Pia katika Yuda mkono wa Mungu ulikuwa juu ya watu kuwapa umoja katika kutenda yale ambayo mfalme na maafisa wake waliwaamuru, kulingana na neno la Bwana.
၁၂ယုဒ ပြည်သားတို့သည် ထာဝရဘုရား အမိန့် တော်အတိုင်း ၊ ရှင်ဘုရင် နှင့် မှူးမတ် တို့ စီရင် သည်အတိုင်း၊ တညီညွတ် တည်း ပြု ချင်သော စေတနာစိတ်ကို၊ ဘုရားသခင် တန်ခိုး တော်ကြောင့် ရ ကြ၏။
13 Basi umati mkubwa wa watu ukakusanyika huko Yerusalemu kuadhimisha Sikukuu ya Mikate Isiyotiwa Chachu katika mwezi wa pili.
၁၃ဒုတိယ လ တွင် အဇုမ ပွဲ ကို ခံ လိုသောငှါ ၊ များစွာ သောလူ တို့သည် ယေရုရှလင် မြို့၌ စည်းဝေး ကြ၍ ၊ အလွန် ကြီး သောပရိသတ် ဖြစ်လေ၏။
14 Wakajitia kazini kuyaondoa yale madhabahu yaliyokuwa huko Yerusalemu, wakayaondoa pia yale madhabahu ya kufukizia uvumba kwa miungu na kuyatupa Bonde la Kidroni.
၁၄သူတို့သည်ထ ၍ ၊ ယေရုရှလင် မြို့၌ ရှိသောယဇ် ပလ္လင်တို့ကို၎င်း ၊ နံ့သာပေါင်း မီးရှို့ရာ ယဇ်ပလ္လင်ရှိသမျှ တို့ကို၎င်းပယ်ရှင်း ၍ ၊ ကေဒြုန် ချောင်း ထဲသို့ ပစ်ချ ကြ၏။
15 Kisha wakamchinja mwana-kondoo wa Pasaka katika siku ya kumi na nne ya mwezi wa pili. Makuhani na Walawi waliona aibu, wakajitakasa na kuleta sadaka za kuteketezwa katika Hekalu la Bwana.
၁၅ဒုတိယ လ တဆယ် လေး ရက်နေ့တွင် ၊ ပသခါ သိုးသငယ်ကိုသတ် ကြ၏။ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့ သည် သတိရ ၍ ကိုယ်ကိုသန့်ရှင်း စေလျက် ၊ မီးရှို့ ရာယဇ် တို့ကို ဗိမာန် တော်ထဲသို့ သွင်း ကြ၏။
16 Kisha wakachukua nafasi zao za kawaida kama ilivyoelezwa katika Sheria ya Mose mtu wa Mungu. Makuhani wakanyunyiza ile damu waliyokabidhiwa na Walawi.
၁၆ဘုရားသခင် ၏လူ မောရှေ ပညတ် တရား၌ စီရင် သော ထုံးစံအတိုင်း ၊ မိမိ တို့နေရာ ၌ ရပ် နေလျက် ၊ ယဇ် ပုရောဟိတ်တို့သည် လေဝိ သားတို့ လက် မှ အသွေး ကို ယူ၍ ဖြန်း ကြ၏။
17 Kwa kuwa wengi waliokuwa katika lile kusanyiko walikuwa hawajajitakasa, iliwapasa Walawi wachinje wana-kondoo wengine wa Pasaka kwa ajili ya wale watu ambao hawakuwa safi, kwa kufuata taratibu za ibada ili kuwatakasa kwa Bwana.
၁၇မ သန့်ရှင်း သောသူ အများ တို့သည် ပရိသတ် ၌ ပါသောကြောင့် ၊ ထိုမ သန့်ရှင်း သောသူ ရှိသမျှ တို့ကို၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေခြင်းငှါ ၊ ပသခါ သိုးသငယ်သတ် ခြင်းအမှုကို၊ လေဝိ သားတို့သည် စောင့်ရကြ၏။
18 Ingawa watu wengi miongoni mwa wale waliotoka Efraimu, Manase, Isakari na Zabuloni walikuwa hawajajitakasa, hata hivyo walikula Pasaka kinyume na ilivyoandikwa. Lakini Hezekia akawaombea, akisema, “Bwana, ambaye ni mwema na amsamehe kila mmoja
၁၈များစွာ သောလူ တည်းဟူသော၊ ဧဖရိမ် အမျိုး၊ မနာရှေ အမျိုး၊ ဣသခါ အမျိုး၊ ဇာဗုလုန် အမျိုးသားအများ တို့သည် ကျမ်းစာ ၌ ပါသောတရားသို့မ လိုက်၊ ကိုယ်ကိုမ သန့်ရှင်း စေဘဲ၊ ပသခါ သိုးသငယ်ကိုစား ကြ ၏။
19 ambaye anauelekeza moyo wake kumtafuta Mungu, Bwana, Mungu wa baba zake, hata kama yeye si safi kulingana na sheria za mahali patakatifu.”
၁၉သို့ရာတွင် ၊ ဟေဇကိ က၊ သန့်ရှင်း ရာဌာနထုံးစံအတိုင်း ၊ သန့်ရှင်းခြင်း မရှိသော်လည်း ၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ဆည်းကပ် ခြင်းငှါ ၊ သဘောကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ် သော ထာဝရဘုရား သည် လွှတ် တော်မူပါစေသောဟု ထိုသူ တို့ အဘို့ ဆုတောင်း သဖြင့်၊
20 Naye Bwana akamsikia Hezekia akawaponya watu.
၂၀ထာဝရဘုရား သည် ဟေဇကိ စကားကို နားထောင် တော်မူ၍ ၊ လူများတို့ကို ချမ်းသာပေးတော်မူ၏။
21 Waisraeli waliokuwa Yerusalemu wakaadhimisha Sikukuu ya Mikate Isiyotiwa Chachu kwa muda wa siku saba, nao Walawi na makuhani walikuwa wakiimba kila siku, wakiwa na ala za uimbaji za kumsifu Bwana.
၂၁ယေရုရှလင် မြို့၌ စည်းဝေး သောဣသရေလ အမျိုးသား တို့သည်၊ ခုနစ် ရက် ပတ်လုံးအလွန် ရွှင်လန်း သောစိတ်နှင့် အဇုမ ပွဲ ကိုခံ ကြ၏။ ယဇ်ပုရောဟိတ် လေဝိ သားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ ညဉ့် မပြတ် ထာဝရဘုရား အား ထောမနာ သီချင်းဆိုကြ၏။
22 Hezekia akazungumza akiwatia moyo Walawi wote, ambao walionyesha ustadi katika kumtumikia Bwana. Hivyo watu wakala chakula cha sikukuu kwa siku saba, wakitoa sadaka za amani na kumshukuru Bwana, Mungu wa baba zao.
၂၂ထာဝရဘုရား ၏ တရား တော်မြတ် ကို သွန်သင် သော လေဝိ သားအပေါင်း တို့ကို၊ ဟေဇကိ သည် အားပေးသောစကား နှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ် ရက် ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿဟာယ ပူဇော် သက္ကာကိုပြုလျက်၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား အား တောင်းပန် လျက်နေကြ၏။
23 Kisha kusanyiko lote likakubali kuendelea na sikukuu kwa siku saba zaidi, kwa hiyo kwa siku saba nyingine wakaendelea kuiadhimisha kwa furaha.
၂၃စည်းဝေး သောသူအပေါင်း တို့သည် ခုနစ် ရက် ထပ်၍ ပွဲခံ ခြင်းငှါ တိုင်ပင် ပြီးမှ ၊ ရွှင်လန်း သောစိတ်နှင့် ခုနစ် ရက် ထပ်၍ပွဲခံ ကြ၏။
24 Hezekia, mfalme wa Yuda akatoa mafahali 1,000, kondoo na mbuzi 7,000 kwa ajili ya kusanyiko, nao maafisa wakatoa mafahali 1,000 pamoja na kondoo na mbuzi 10,000. Idadi kubwa ya makuhani wakajiweka wakfu.
၂၄ယုဒ ရှင်ဘုရင် ဟေဇကိ သည် နွား တထောင် နှင့် သိုး ခုနစ် ထောင် တို့ကို၎င်း၊ မှူးမတ် တို့သည် နွား တထောင် နှင့် သိုး တသောင်း ကို၎င်း ၊ စည်းဝေး သောသူတို့အား ပေး ကြ ၏။ များစွာ သောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကိုသန့်ရှင်း စေကြ၏။
25 Kusanyiko lote la Yuda, pamoja na makuhani na Walawi na lile kusanyiko lote lililotoka Israeli, pamoja na wale wageni waliotoka Israeli na wale walioishi katika Yuda wakafurahi.
၂၅ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့နှင့်တကွ ယုဒ ပရိတ်သတ် များ၊ ဣသရေလ ပြည်မှ လာ သော ပရိတ်သတ် များ ၊ ယုဒ ပြည်၌ နေ သောတပါးအမျိုးသား၊ ဣသရေလ ပြည် မှ လာ သော တပါး အမျိုးသားတို့သည် ဝမ်းမြောက် ဝမ်းသာကြ၏။
26 Kulikuwa na furaha kubwa katika Yerusalemu, kwa sababu tangu siku za Mfalme Solomoni mwana wa Daudi mfalme wa Israeli halijakuwepo jambo kama hili katika Yerusalemu.
၂၆ထိုသို့ ယေရုရှလင် မြို့၌ ကြီးစွာ သောဝမ်းမြောက် ခြင်းရှိ ၏။ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် သား ရှောလမုန် လက်ထက် မှသည်၊ နောက်တဖန်ယေရုရှလင် မြို့၌ ထိုမျှလောက် ကြီးစွာသော ဝမ်းမြောက်ခြင်းမ ရှိ။
27 Ndipo makuhani na Walawi wakasimama wakawabariki watu, naye Mungu akawasikia, kwa sababu maombi yao yalifika mbinguni, makao yake matakatifu.
၂၇ထိုအခါ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် ထ ၍ လူ များတို့ကို ကောင်းကြီး ပေးကြ၏။ သူ တို့စကား သံကို ဘုရားသခင်ကြား တော်မူ၏။ သန့်ရှင်း သော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင် ဘုံသို့ ပဌနာ စကားတက် လေ၏။