< 2 Nyakati 24 >

1 Yoashi alikuwa na umri wa miaka saba alipoanza kutawala, naye akatawala huko Yerusalemu kwa miaka arobaini. Mama yake aliitwa Sibia aliyekuwa ametoka Beer-Sheba.
ယောရှ သည် အသက် ခုနစ် နှစ် ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ အနှစ် လေးဆယ် စိုးစံ ၏။ မယ်တော်ကား၊ ဗေရရှေဘ မြို့သူဇိဗိ အမည် ရှိ၏။
2 Yoashi akafanya yaliyo mema machoni pa Bwana miaka yote ya Yehoyada kuhani.
ယဇ်ပုရောဟိတ် ယောယဒ လက်ထက် ကာလ ပတ်လုံး ၊ ယောရှ သည် ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို ပြု ၏။
3 Yehoyada akamwoza wake wawili, akazaa watoto wa kiume na wa kike.
ယောယဒ ပေးစားသော မိန်းမ နှစ် ယောက်နှင့် စုံဘက်၍ သား သမီး တို့ကို မြင် ရ၏။
4 Baada ya muda, Yoashi akaamua kukarabati Hekalu la Bwana.
ထိုနောက်မှ ၊ ယောရှ သည် ဗိမာန် တော်ကို ပြုပြင် မည် အကြံ ရှိ လျက်၊
5 Akawaita pamoja makuhani na Walawi akawaambia, “Nendeni katika miji ya Yuda mkakusanye fedha wanazopaswa kulipa kila mwaka kutoka kwa Israeli wote, ili kukarabati Hekalu la Mungu wenu. Fanyeni hivyo sasa.” Lakini Walawi hawakufanya upesi.
ယဇ်ပုရောဟိတ် လေဝိ သားတို့ကို စုဝေး စေ၍ ၊ သင် တို့ဘုရားသခင် ၏အိမ် တော်ကို ပြုပြင် ခြင်းငှါ ၊ ယုဒ မြို့ တို့ကို လှည့်လည် သဖြင့် ၊ နှစ် တိုင်းအစဉ် ဣသရေလ လူအပေါင်း တို့မှ ငွေ ကိုခံယူ ၍ ၊ အမှု ပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့် တော်မူ၏။ သို့သော်လည်း ၊ လေဝိ သားတို့သည် မ ကြိုးစား ဘဲနေကြ၏။
6 Kwa hiyo mfalme akamwita Yehoyada kuhani mkuu na kumwambia, “Kwa nini hukuwaambia Walawi walete kutoka Yuda na Yerusalemu kodi iliyowekwa na Mose mtumishi wa Bwana pamoja na kusanyiko la Israeli kwa ajili ya Hema ya Ushuhuda?”
တဖန် ရှင် ဘုရင်သည် ယဇ်ပုရောဟိတ်အကြီး ယောယဒ ကို ခေါ် ၍ ၊ သက်သေခံ တော်မူချက် တဲ တော်အဘို့ ၊ ထာဝရဘုရား ၏ကျွန် မောရှေ နှင့် စည်းဝေး ရာ ဣသရေလ ပရိတ်သတ်ပြုသည်နည်းတူ၊ လေဝိ သားတို့သည် ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ၍ဆောင်ခဲ့ရမည်အကြောင်း၊ အဘယ်ကြောင့် မမှာထားဘဲနေသနည်းဟုမေး တော်မူ၏။
7 Kwa kuwa wana wa yule mwanamke mwovu Athalia, walikuwa wamevunja na kuingia katika Hekalu la Mungu, nao wakawa wamevitumia hata vile vitu vilivyowekwa wakfu kwa Bwana kwa mabaali.
အဓမ္မမိန်းမအာသလိ ၏သား တို့သည် ဗိမာန် တော်ကို ဖြိုဖျက် ၍ ၊ ဗိမာန် တော်၌ ပူဇော် သော ဘဏ္ဍာ ရှိသမျှ တို့ကိုလည်း ဗာလ ဘုရားတို့အား ပူဇော် ကြ၏။
8 Kwa amri ya mfalme, likatengenezwa kasha, nalo likawekwa nje kwenye lango la Hekalu la Bwana.
ရှင်ဘုရင် အမိန့် တော်အတိုင်း သေတ္တာ ကိုလုပ် ၍ ၊ ဗိမာန် တော်ပြင် ၊ တံခါး နား မှာထား ကြ၏။
9 Tangazo likatolewa katika Yuda na Yerusalemu kwamba inapasa wamletee Bwana kodi ile ambayo Mose, mtumishi wa Bwana alikuwa amewaagiza Israeli huko jangwani.
ဘုရားသခင် ၏ကျွန် မောရှေ သည်တော မှာ ဣသရေလ အမျိုး၌ ငွေ ခွဲသည်အတိုင်း ၊ ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရမည်ဟု ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ်၌ ကြော်ငြာ ကြ၏။
10 Maafisa wote na watu wote wakaleta michango yao kwa furaha, wakaweka kwenye kasha mpaka likajaa.
၁၀မင်း များနှင့် ပြည်သူ ပြည်သားများ အပေါင်း တို့ သည်၊ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့၍ ၊ လက်စသတ် သည်တိုင်အောင်သေတ္တာ ထဲသို့ သွင်းထားကြ၏။
11 Ikawa kila wakati kasha lilipoletwa ndani na Walawi kwa maafisa wa mfalme na kuona kwamba kuna kiasi kikubwa cha fedha, mwandishi wa mfalme na afisa wa kuhani mkuu walikuwa wanakuja na kumimina, kisha kulirudisha mahali pake. Walifanya hivi mara kwa mara, nao wakakusanya fedha nyingi sana.
၁၁ထိုသေတ္တာ ကို လေဝိ သားတို့သည် ဘဏ္ဍာ တော် တိုက်ထဲသို့ သွင်း ၍ ၊ ငွေ များ သည် ကို သိ မြင်လျှင် ၊ ရှင်ဘုရင် ၏စာရေး တော်ကြီးနှင့် ယဇ် ပုရောဟိတ်မင်း၏စာရေး သည်လာ ၍ ၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာ ကို သူ့ နေရာ ၌ ထားပြန် ၏။ ထိုသို့ နေ့ တိုင်းပြု ၍ များစွာ သောငွေ ကို စုထား ကြ၏။
12 Mfalme na Yehoyada wakawapa wale watu waliofanya kazi iliyotakiwa katika Hekalu la Bwana. Wakawaajiri waashi na maseremala ili kutengeneza Hekalu la Bwana, pia wafanyakazi za chuma na shaba ili kukarabati Hekalu la Bwana.
၁၂ရှင်ဘုရင် နှင့် ယောယဒ သည် ဗိမာန် တော်၏ အမှု တော်စောင့် တို့၌ ထိုငွေကိုအပ်၍ ဗိမာန် တော်ကို ပြုပြင် စေခြင်းငှါ ၊ ပန်းရန်သမား ၊ လက်သမား ၊ ပန်းပဲသမား ၊ ပန်းတဉ်းသမားတို့အား ပေး ဝေကြ၏။
13 Watu walioshughulika na kazi walikuwa wenye bidii, nayo kazi ya kukarabati ikaendelea vizuri mikononi mwao. Wakalitengeneza upya Hekalu la Bwana likarudi katika hali yake ya awali na kuliimarisha.
၁၃အလုပ် လုပ် သောသူတို့ သည် ကြိုးစား ၍ ပြုပြင် သဖြင့် ၊ ဗိမာန် တော်ကို ပကတိ အဖြစ်၌ ခိုင်ခံ့ စေကြ၏။
14 Walipokamilisha kazi hiyo ya kukarabati, wakaleta fedha zilizobaki wakampa mfalme na Yehoyada, nao kwa hizo wakatengeneza vyombo kwa ajili ya Hekalu la Bwana: Vyombo kwa ajili ya huduma na kwa ajili ya sadaka ya kuteketezwa, pia mabakuli na vitu vingine vya dhahabu na fedha. Wakati wote Yehoyada alipokuwa hai, sadaka za kuteketezwa zilitolewa wakati wote katika Hekalu la Bwana.
၁၄လက်စသတ် သောအခါ ၊ ကျန်ကြွင်း သောငွေ ကို ရှင်ဘုရင် နှင့် ယောယဒ ထံသို့ ယူခဲ့ ၍ ၊ ထိုငွေနှင့် ဗိမာန် တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေ ဖလား ၊ ငွေ ဖလား၊ ဇွန်း များကိုလုပ် ကြ၏။ ယောယဒ လက်ထက် ကာလ ပတ်လုံး၊ ဗိမာန် တော်၌ မီးရှို့ ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
15 Basi Yehoyada alikuwa mzee aliyeshiba siku wakati alipofariki. Alikufa akiwa na umri wa miaka 130.
၁၅ယောယဒ သည် အို ၍ ကာလ ပြည့်စုံ ရာရောက် လျက် ၊ အသက် တရာ သုံးဆယ် ရှိသော် သေ ၍၊
16 Wakamzika pamoja na wafalme katika Mji wa Daudi, kwa sababu ya mema aliyokuwa ametenda katika Israeli kwa ajili ya Mungu na Hekalu lake.
၁၆ဒါဝိဒ် မြို့ မှာ ရှင် ဘုရင်တို့တွင် သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ အကြောင်း မူကား၊ ဣသရေလ အမျိုးတွင် ဘုရားသခင် ၌၎င်း ၊ အိမ် တော်၌၎င်း ၊ ကျေးဇူး ပြု သောသူဖြစ် သတည်း။
17 Baada ya kifo cha Yehoyada, wakuu wa Yuda walikuja kumpa mfalme heshima, naye akawasikiliza.
၁၇ယောယဒ သေ သောနောက် ၊ ယုဒ မင်း တို့သည် ရှင်ဘုရင် ထံ တော်သို့ လာ ၍ ရှိခိုး ကြ၏။ သူ တို့စကားကို ရှင်ဘုရင် နားထောင် သဖြင့်၊
18 Wakaacha Hekalu la Bwana, Mungu wa baba zao, wakaabudu nguzo za maashera na sanamu. Kwa sababu ya hatia yao, hasira ya Mungu ikawajia Yuda na Yerusalemu.
၁၈သူ တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကိုစွန့် ၍ ၊ အာရှရ ပင်နှင့် ရုပ်တု တို့ကို ဝတ်ပြု ကြ၏။ ထို အပြစ် ကြောင့် အမျက် တော် သည် ယုဒ ပြည်နှင့် ယေရုရှလင် မြို့အပေါ် မှာ သက်ရောက် လေ၏။
19 Ingawa Bwana aliwatuma manabii wawarudishe watu kwake na ingawa waliwaonya, hawakuwasikiliza.
၁၉သူ တို့ကို ထာဝရဘုရား ထံ တော်သို့ သွေးဆောင် စေခြင်းငှါ ၊ ပရောဖက် တို့ကို စေလွှတ် တော်မူ၍ ၊ ပရောဖက်တို့သည် သက်သေခံ သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။
20 Ndipo Roho wa Bwana akaja juu ya Zekaria mwana wa Yehoyada kuhani. Akasimama mbele ya watu akasema, “Hili ndilo asemalo Mungu, ‘Kwa nini mnakataa kuzitii amri za Bwana? Hamtafanikiwa kwa kuwa mmemwacha Bwana, yeye naye amewaacha ninyi.’”
၂၀တဖန် ဘုရားသခင် ၏ ဝိညာဉ် တော်သည် ယဇ် ပုရောဟိတ် ယောယဒ သား ဇာခရိ အပေါ်မှာ သက်ရောက် ၍ ၊ သူသည် ပရိသတ် အလယ်၊ မြင့်သောအရပ်၌ ရပ် လျက်၊ ဘုရားသခင် မိန့် တော်မူသည်ကား ၊ သင်တို့သည် ကိုယ်အကျိုးကို ပျက်စေခြင်းငှါ၊ ထာဝရဘုရား ၏ပညတ် တော်တို့ကို အဘယ် ကြောင့်လွန်ကျုး ကြသနည်း။ သင်တို့သည် ထာဝရဘုရား ကို စွန့် သောကြောင့် ၊ သင် တို့ကိုလည်း စွန့် တော်မူပြီဟု မြွက်ဆို ၏။
21 Lakini wakafanya shauri baya juu yake na kwa amri ya mfalme wakampiga kwa mawe mpaka akafa katika ukumbi wa Hekalu la Bwana.
၂၁လူများတို့သည် သူ့ ကို မကောင်းသော အကြံနှင့် တိုင်ပင် ၍ ၊ ရှင်ဘုရင် အမိန့် တော်နှင့် ဗိမာန် တော်အတွင်း ၌ ကျောက်ခဲ နှင့် ပစ် ၍ သတ်ကြ၏။
22 Mfalme Yoashi hakukumbuka wema aliotendewa na Yehoyada baba yake Zekaria ila alimuua mwanawe, ambaye alisema wakati akiwa amelala akingojea kufa, “Bwana na alione hili na alipize kisasi.”
၂၂ထိုသို့ ယောရှ မင်းကြီး သည် ဇာခရိ အဘ ယောယဒ ပြု သော ကျေးဇူး ကို မ အောက်မေ့ ၊ သား ကိုသတ် လေ သည်တကား။ ဇာခရိ သေ သောအခါ ၊ ဤအမှုကို ထာဝရဘုရား သည် ကြည့်ရှု စစ်ကြော တော်မူမည်ဟုဆို ၏။
23 Mwishoni mwa ule mwaka, jeshi la Waaramu likaja dhidi ya Yoashi, likavamia Yuda na Yerusalemu na kuwaua viongozi wote wa watu. Wakapeleka nyara zao zote kwa mfalme wao huko Dameski.
၂၃ထိုနှစ် အဆုံး ၌ ၊ ရှုရိ တပ်သား တို့သည် စစ်ချီ ၍ လာကြသဖြင့် ၊ ယုဒ ပြည် ယေရုရှလင် မြို့သို့ ရောက် မှ၊ မှူးမတ် အရာရှိအပေါင်း တို့ကို သုတ်သင် ပယ်ရှင်း၍ ၊ လက် ရဥစ္စာရှိသမျှ တို့ကို ဒမာသက် ရှင်ဘုရင် ထံသို့ ပေး လိုက်ကြ၏။
24 Ingawa jeshi la Waaramu lilikuwa limekuja na watu wachache tu, Bwana akatia mikononi mwao jeshi kubwa kuliko lao. Kwa sababu Yuda walikuwa wamemwacha Bwana, Mungu wa baba zao, hukumu ilitekelezwa juu ya Yoashi.
၂၄ယုဒလူတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် သောကြောင့် ၊ များပြား သော အလုံးအရင်း ဖြစ်သော်လည်း၊ နည်း သောရှုရိ တပ် အလုံး အရင်းလက် သို့ ထာဝရဘုရား အပ် တော်မူ၍ ၊ ရှုရိလူတို့သည် ယောရှ ကို တရား စီရင် ကြ၏။
25 Waaramu walipoondoka, walimwacha Yoashi akiwa mgonjwa sana. Maafisa wake wakafanya hila dhidi yake kwa sababu alikuwa amemuua mwana wa Kuhani Yehoyada, nao wakamuulia kitandani mwake. Hivyo akafa na wakamzika katika Mji wa Daudi, lakini si katika makaburi ya wafalme.
၂၅ရန်သူ ထွက် သွားသောအခါ ၊ ယောရှသည် ကြီးစွာ သော ဒုက္ခ ကို ခံရလျက်နေရစ် သည်ဖြစ်၍ ၊ ယဇ်ပုရောဟိတ် ယောယဒ သား တို့ကိုသတ် သောအပြစ် ကြောင့် ၊ မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍၊ သာလွန် ပေါ် မှာ သေ အောင် လုပ်ကြံ ကြ၏။ ထိုမင်း ကို ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် သော်လည်း ၊ ရှင် ဘုရင်တို့တွင် မ သင်္ဂြိုဟ်။
26 Wale waliofanya hila mbaya dhidi yake walikuwa Zabadi, mwana wa Shimeathi mwanamke Mwamoni, Yehozabadi, mwana wa Shimrithi mwanamke Mmoabu.
၂၆လုပ်ကြံ သောသူကား ၊ အမ္မုန် အမျိုးသမီးရှိမတ် သား ယောဇဗဒ် နှင့် မောဘ အမျိုးသမီးရှိမရိတ် သား ယဟောဇဗဒ် တည်း။
27 Kwa habari za wanawe, unabii mwingi kumhusu na kumbukumbu za kutengenezwa upya kwa Hekalu la Mungu, zimeandikwa katika kitabu cha kumbukumbu za wafalme. Amazia mwanawe akawa mfalme baada yake.
၂၇ယောရှ သည် သား ရှိခြင်းအရာ၊ လေး သောအမှု ကို ထမ်းခြင်းအရာ၊ ဗိမာန် တော်ကို ပြုပြင် ခြင်း အရာတို့ သည် ရာဇဝင် နှင့်ဆက်သောစာ ၌ ရေးထား လျက်ရှိ၏။ သား တော်အာမဇိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

< 2 Nyakati 24 >