< 1 Samweli 1 >

1 Kulikuwepo na mtu mmoja kutoka Rama, Msufi kutoka nchi ya vilima vya Efraimu, ambaye jina lake aliitwa Elikana mwana wa Yerohamu, mwana wa Elihu mwana wa Tohu, mwana wa Sufu, Mwefraimu.
ဧဖရတ် မြို့သားဇုဖ ၊ တောဟူ ၊ ဧလိဟူ ၊ ယေရောဟံ မှ ဆင်းသက်၍ ဧဖရိမ် တောင် ပေါ်မှာ ရာမသိမ် ဇုဖိမ်မြို့၌နေသောဧလကာန အမည် ရှိသောသူတယောက် ရှိ ၏။
2 Alikuwa na wake wawili, mmoja aliitwa Hana na mwingine Penina. Penina alikuwa na watoto, lakini Hana hakuwa na mtoto.
ထိုသူ သည် မယား နှစ် ယောက်ရှိ၏။ တယောက် ကား၊ ဟန္န ၊ တယောက်ကား ပေနိန္န အမည် ရှိ၏။ ပေနိန္န ၌ သားသမီး ရှိ ၏။ ဟန္န ၌ မ ရှိ။
3 Kila mwaka mtu huyu alikwea kutoka mji wake ili kuabudu na kutoa dhabihu kwa Bwana Mwenye Nguvu Zote huko Shilo, ambapo Hofni na Finehasi, wana wawili wa Eli, walikuwa makuhani wa Bwana.
ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ကို ကိုးကွယ် ၍ ယဇ် ပူဇော်ခြင်းငှါ ၊ မိမိ နေရာ မြို့ မှ ရှိလော မြို့သို့ နှစ် တိုင်းသွား မြဲရှိ၏။ ထာဝရဘုရား ၏ ယဇ်ပုရောဟိတ် ဧလိ ၏သား ဟောဖနိ နှင့် ဖိနဟတ် သည် ရှိလောမြို့၌ နေသတည်း။
4 Kila mara ilipofika siku ya Elikana kutoa dhabihu, aliwapa mafungu Penina mkewe na wanawe wote pamoja na binti zake.
ဧလကာန သည် ယဇ် ပူဇော်အချိန် ရောက် သောအခါ ၊ မယား ပေနိန္န နှင့် သူ ၏ သား သမီး အပေါင်း တို့အား ဝေမျှ ၏။
5 Lakini alimpa Hana fungu maradufu kwa sababu alimpenda, ingawa Bwana alikuwa amemfunga tumbo.
ဟန္န ကိုချစ် သောကြောင့် နှစ်ဆသောအဘို့ ကိုပေး ၏။ သို့ရာတွင် ထာဝရဘုရား သည် ဟန္န အား သား ဘွားသောအခွင့်ကိုပေးတော်မမူ။
6 Kwa sababu Bwana alikuwa amemfunga tumbo, mke mwenzake alikuwa anamchokoza ili kumuudhi.
ထိုသို့ ထာဝရဘုရား သည် အခွင့်ကိုပေးတော်မမူသောကြောင့် ၊ ဟန္န စိတ် ဆိုးညစ်အောင် ရန်သူ သည် အလွန်နှောင့်ယှက် တတ်၏။
7 Hili liliendelea mwaka baada ya mwaka. Kila mara Hana alipokwenda katika nyumba ya Bwana, mke mwenzake alikuwa akimkasirisha mpaka analia na kushindwa kula.
နှစ်စဉ် မပြတ်ထာဝရဘုရား ၏ အိမ် တော်သို့ သွား သောအခါ ၊ ရန်သူနှောင့်ရှက် သဖြင့် ဟန္နသည် အစာမ စား နိုင်၊ ငို လျက် နေတတ်၏။
8 Elikana mumewe akawa anamwambia, “Hana, kwa nini unalia? Kwa nini huli? Kwa nini kuvunjika moyo? Je, mimi si bora zaidi kwako kuliko watoto kumi?”
သူ ၏ ခင်ပွန်း ဧလကာန က၊ ဟန္န အဘယ်ကြောင့် ငို သနည်း။ အဘယ်ကြောင့် မ စား ဘဲနေသနည်း။ အဘယ်ကြောင့် စိတ် ညှိုးငယ် သနည်း။ သား တကျိပ် ထက် သင် ၌ ငါ သာ၍ ကောင်းသည် မ ဟုတ် လော ဟုဆို ၏။
9 Siku moja walipokuwa wamemaliza kula na kunywa huko Shilo, Hana alisimama. Wakati huo kuhani Eli alikuwa ameketi kwenye kiti pembeni mwa mwimo wa mlango wa Hekalu la Bwana.
ရှိလော မြို့၌ စား သောက် ကြသောနောက် ၊ ယဇ်ပုရောဟိတ် ဧလိ သည် ထာဝရဘုရား ၏ အိမ် တော် တိုင် နား မှာ ထိုင် စဉ်၊
10 Kwa uchungu wa rohoni Hana alilia sana na akamwomba Bwana.
၁၀ဟန္နသည် ညှိုးငယ် သောစိတ် နှင့် ထ၍၊ မျက်ရည် များစွာကျလျက် ထာဝရဘုရား ကို ဆုတောင်း သည် ကား၊
11 Naye akaweka nadhiri, akisema, “Ee Bwana Mwenye Nguvu Zote, laiti ungeangalia huzuni kuu ya mtumishi wako na kunikumbuka mimi, wala usimsahau mtumishi wako nawe ukampa mwana, basi huyo mwana nitamtoa kwa Bwana kwa siku zote za maisha yake, wala wembe hautapita kichwani mwake.”
၁၁အိုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် ၏ ကျွန် မကို မေ့လျော့ တော်မ မူဘဲ၊ ကိုယ်တော် ကျွန် မ၏ ဆင်းရဲ ခြင်းကို ကြည့်ရှု အောက်မေ့ သဖြင့် ၊ သား ယောက်ျား ကိုပေး သနားတော်မူလျှင်၊ သူ၏ ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တသက်လုံး ထာဝရဘုရား ၏ ကျွန်ဖြစ်စေခြင်းငှါကျွန်မအပ် ပါမည် ဟု သစ္စာ ဂတိပြုလေ၏။
12 Alipokuwa anaendelea kumwomba Bwana, Eli alichunguza kinywa chake.
၁၂ဟန္နသည် ထာဝရဘုရား ရှေ့ တော်၌ ကြာမြင့် စွာ ဆုတောင်း စဉ်၊ ဧလိ သည် သူ ၏ နှုတ် ကို ကြည့် မှတ် လေ၏။
13 Hana alikuwa akiomba moyoni mwake, midomo yake ikiwa inachezacheza lakini sauti haikusikika. Eli akafikiri alikuwa amelewa
၁၃စိတ် နှလုံးနှင့် ဆုတောင်း ၍ နှုတ်ခမ်း လှုပ် သော်လည်း၊ စကား သံမ ထွက်သောကြောင့်၊ ယစ်မူး သည်ဟု ဧလိ ထင် လျက်၊
14 naye akamwambia, “Utaendelea kulewa mpaka lini? Achilia mbali mvinyo wako.”
၁၄သင်သည် အဘယ်မျှ ကာလပတ်လုံး ယစ်မူး လိမ့်မည်နည်း။ သင် ၏ စပျစ်ရည် ကို ပယ် ရှောင်လော့ ဟု ဆို ၏။
15 Hana akajibu, “Si hivyo bwana wangu, mimi ni mwanamke mwenye huzuni kubwa. Mimi sijanywa mvinyo wala kileo, nilikuwa ninaumimina moyo wangu kwa Bwana.
၁၅ဟန္န ကလည်း၊ မ ဟုတ်ပါအရှင်။ ကျွန်မ သည် စိတ်ညှိုးငယ် သော မိန်းမ ဖြစ်ပါ၏။ စပျစ်ရည် ကို မသောက် ပါ၊ သေရည် သေရက်ကို မ သောက် ပါ၊ ထာဝရဘုရား ရှေ့ တော်၌ စိတ် နှလုံးကို သွန်းလောင်း လျက် နေပါ၏။
16 Usimdhanie mtumishi wako kuwa mwanamke mwovu; nimekuwa nikiomba hapa katika wingi wa uchungu mkuu na huzuni.”
၁၆ကိုယ်တော် ၏ ကျွန် မကို အဓမ္မ မိန်းမ ဟူ၍ မ မှတ် ပါနှင့်။ မြည်တမ်း စရာ အကြောင်း၊ ဝမ်းနည်း စရာ အကြောင်းများ သည်ဖြစ်၍၊ ယခု တိုင်အောင် လျှောက် နေပါသည်ဟု ပြန် ပြောသော်၊ ဧလိ က၊ ငြိမ်ဝပ် စွာသွား လော့။
17 Eli akamjibu, “Nenda kwa amani, naye Mungu wa Israeli na akujalie kile ulichomwomba.”
၁၇ယခု ဆုတောင်း သည်အတိုင်း၊ ဣသရေလ အမျိုး၏ ဘုရား သခင်ပေး သနားတော်မူပါစေသောဟု မြွက်ဆို ၏။
18 Hana akasema, “Mtumishi wako na apate kibali machoni pako.” Kisha akaondoka zake na kula chakula, wala uso wake haukuwa na huzuni tena.
၁၈ဟန္နကလည်း၊ ကိုယ်တော် ၏ ကျွန် မသည် ရှေ့ တော်၌ မျက်နှာ ရပါစေသောဟု လျှောက် ပြီးမှ ၊ ခြားနားသော မျက်နှာ နှင့် သွား ၍ အစာစား လေ၏။
19 Kesho yake asubuhi na mapema waliamka wakaabudu mbele za Bwana na kisha wakarudi nyumbani kwao huko Rama. Elikana akakutana kimwili na mkewe Hana, naye Bwana akamkumbuka.
၁၉ထိုသူတို့သည် နံနက် စောစောထ ၍ ထာဝရဘုရား ရှေ့ တော်၌ ကိုးကွယ် ပြီးလျှင် ၊ ရာမ မြို့မှာရှိသော မိမိ တို့အိမ် သို့ ပြန် သွားကြ၏။ ထိုအခါ ဧလကာန သည် မယား ဟန္န နှင့် ဆက်ဆံ ၍ ထာဝရဘုရား အောက်မေ့ တော်မူသဖြင့်၊
20 Hivyo wakati ulipotimia, Hana akapata mimba na akamzaa mwana. Hana akamwita jina lake Samweli, akasema, “Kwa kuwa nilimwomba kwa Bwana.”
၂၀ဟန္န သည် ပဋိသန္ဓေ ယူ၍ ကာလ အချိန်စေ့ သောအခါ ၊ သား ယောက်ျားကို ဘွားမြင် ပြီးလျှင် ၊ ထိုသားကို ထာဝရဘုရား ထံ၌ဆုတောင်း သောကြောင့် ၊ ရှမွေလ အမည် ဖြင့် မှည့် လေ၏။
21 Wakati huyo mtu Elikana alipanda pamoja na jamaa yake yote kutoa dhabihu ya mwaka kwa Bwana na kutimiza nadhiri yake,
၂၁ဧလကာန သည် အိမ်သူ အိမ်သားအပေါင်း တို့နှင့်အတူနှစ်စဉ် ပြုရသော ယဇ် ကို၎င်း၊ သစ္စာ ဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရား အား ပူဇော် ခြင်းငှါ တက် သွားသောအခါ -၊
22 Hana hakwenda. Alimwambia mume wake, “Baada ya mtoto kuachishwa kunyonya, nitamchukua na kumpeleka mbele za Bwana, naye ataishi huko wakati wote.”
၂၂ဟန္န က၊ နို့ နှင့်ကွာပြီးမှ သူငယ် ကို ဆောင် သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရား ရှေ့ တော်သို့ ရောက် ၍ အမြဲ နေ ရလိမ့်မည်ဟုဆို လျှင်၊
23 Elikana mumewe akamwambia, “Fanya lile unaloona ni bora zaidi kwako. Ukae hapa mpaka utakapomwachisha kunyonya, Bwana na akujalie kutimiza nadhiri yako.” Hivyo huyo mwanamke akakaa nyumbani na kumnyonyesha mwanawe mpaka alipomwachisha kunyonya.
၂၃ခင်ပွန်း ဧလကာန က၊ စိတ် ရှိသည် အတိုင်းပြု လော့။ နို့ နှင့်မကွာမှီတိုင်အောင် နေ လော့။ ထာဝရဘုရား ၏ ဂတိ တော်သာ တည် ပါစေသောဟု ဝန်ခံ၍၊ မယားသည် သူငယ် ကို နို့ တိုက်လျက် နို့ မကွာမှီတိုင်အောင် မသွားဘဲနေ ၏။
24 Baada ya mtoto kuachishwa kunyonya, Hana akamchukua huyo mtoto, akiwa mdogo hivyo hivyo, pamoja na fahali wa miaka mitatu, efa ya unga na kiriba cha divai, naye akamleta mtoto kwenye nyumba ya Bwana huko Shilo.
၂၄နို့ ကွာပြီးမှ၊ အသက်သုံး နှစ်ရှိသောနွားတကောင်၊ မုန့်ညက် တ ဧဖာ ၊ စပျစ်ရည် တဘူးနှင့်တကွသူငယ်ကို ဆောင် သွား၍၊ ရှိလော မြို့၌ ထာဝရဘုရား ၏ အိမ် တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ် သည် အသက် နုသေး၏။
25 Walipokwisha kumchinja yule fahali, wakamleta mtoto kwa Eli,
၂၅နွား ကိုသတ် ၍ သူငယ် ကို ဧလိ ထံသို့ သွင်း လျက်၊ ဟန္နက၊ ကျွန်မ၏သခင်၊
26 naye Hana akamwambia Eli, “Hakika kama uishivyo, bwana wangu, mimi ndiye yule mama ambaye alisimama hapa karibu nawe akiomba kwa Bwana.
၂၆ကိုယ်တော် အသက် ရှင်သည်အတိုင်း၊ ကျွန်မ သည် ယမန်တခါ ဤ အရပ်၌ ကိုယ်တော် အနား မှာ ရပ် လျက် ဆုတောင်း သော မိန်းမ ဖြစ်ပါ၏။
27 Niliomba mtoto huyu, naye Bwana amenijalia kile nilichomwomba.
၂၇ထိုအခါ ဤ သူငယ် ကို ရမည်အကြောင်းဆုတောင်း ပါ၏။ တောင်း သည်အတိုင်း ထာဝရဘုရား သည် ပေး သနားတော်မူပြီ။
28 Hivyo sasa ninamtoa kwa Bwana. Kwa maana maisha yake yote atakuwa ametolewa kwa Bwana.” Naye akamwabudu Bwana huko.
၂၈ထိုကြောင့် ကျွန်မ သည် သူ့ ကို ထာဝရဘုရား အား ငှါး ပါပြီ။ သူ သည် တသက်လုံး ထာဝရဘုရား ထံ တော်၌ အငှါး ခံ၍ နေ ရပါမည်သခင်ဟု လျှောက်ပြီးမှ ၊ ထို အရပ်၌ ထာဝရဘုရား ကို ကိုးကွယ် ကြ၏။

< 1 Samweli 1 >