< 1 Wafalme 5 >

1 Hiramu mfalme wa Tiro aliposikia kuwa Solomoni ametiwa mafuta awe mfalme mahali pa Daudi baba yake, akatuma wajumbe kwa Solomoni, kwa sababu Hiramu siku zote alikuwa na uhusiano mzuri wa kirafiki na Daudi.
ရှောလမုန် ကို ခမည်းတော် အရာ ၌ ဘိသိက် ပေး ကြောင်း ကို တုရု မင်းကြီး ဟိရံ သည် ကြား လျှင် ၊ ဒါဝိဒ် နှင့် အစဉ် မိတ်ဆွေ ဖွဲ့သောသူဖြစ်၍ ၊ မိမိ ကျွန် တို့ကို စေလွှတ် လေ၏။
2 Solomoni akapeleka ujumbe huu kwa Hiramu:
တဖန် ရှောလမုန် သည်လည်း၊ ဟိရံ ထံသို့ စေလွှတ် လျက်၊
3 “Unajua kwamba kwa sababu ya vita vilivyopiganwa dhidi ya baba yangu Daudi kutoka pande zote, hakuweza kujenga Hekalu kwa ajili ya Jina la Bwana Mungu wake, hadi Bwana alipowaweka adui zake chini ya miguu yake.
ငါ့ အဘ ဒါဝိဒ် သည် အရပ်ရပ်၌ စစ်တိုက် ရ သောကြောင့် ၊ ထာဝရဘုရား သည် ရန်သူတို့ကို အဘခြေဘဝါး တော်အောက် သို့ နှိမ့်ချ တော်မမူမှီတိုင်အောင် ၊ မိမိ ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို မ တည် မဆောက်ရဟု မင်းကြီးသိ ၏။
4 Lakini sasa Bwana Mungu wangu amenipa utulivu kila upande hakuna adui wala maafa.
ယခု မူကား ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား သည် အရပ်ရပ် ၌ ငြိမ်ဝပ် မည်အကြောင်းစီရင်တော်မူသဖြင့်၊ ရန်ဘက် ပြုသောသူ၊ ဆီးတား သောသူ မ ရှိသည် ဖြစ်၍၊
5 Kwa hiyo, ninakusudia kujenga Hekalu kwa ajili ya Jina la Bwana, Mungu wangu, kama Bwana alivyomwambia baba yangu Daudi, wakati aliposema, ‘Mwanao nitakayemweka kwenye kiti cha ufalme mahali pako, ndiye atajenga Hekalu kwa ajili ya Jina langu.’
ထာဝရဘုရား က၊ ငါ့ အဘ ဒါဝိဒ် အား သင့် ကိုယ်စား သင် ၏ရာဇ ပလ္လင်ပေါ် မှာ ငါတင် သော သင် ၏ သား သည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ရမည်ဟု မိန့် တော်မူသည်အတိုင်း ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် မည်ဟု ငါ အကြံ ရှိ၏။
6 “Hivyo toa amri ili mierezi ya Lebanoni ikatwe kwa ajili yangu. Watu wangu watafanya kazi na watu wako, nami nitawalipa watu wako kwa ujira wowote utakaoupanga. Unajua kwamba hatuna mtu yeyote mwenye ustadi katika kukata miti kama Wasidoni.”
မင်းကြီး၏ ကျွန်တို့သည် ငါ့ အဘို့ လေဗနုန် တောင်ပေါ် မှာ အာရဇ် ပင်တို့ကို ခုတ်လှဲ စေခြင်းငှါ စီရင် ပါ။ ငါ့ ကျွန် တို့သည် မင်းကြီး ကျွန် တို့နှင့် ဝိုင်း၍ လုပ်ကိုင် ကြလိမ့်မည်။ မင်းကြီးစီရင် သည်အတိုင်း ၊ မင်းကြီး ၏ ကျွန် တို့အား အခ ကိုပေး ပါမည်။ ဇိဒုန် အမျိုးသားတို့သည် သစ် ခုတ် တတ် သကဲ့သို့ ငါ တို့တွင် အဘယ်သူ မျှမခုတ်တတ် သည်ကို မင်းကြီး သိ သည်ဟု မှာလိုက်လေ၏။
7 Hiramu aliposikia ujumbe wa Solomoni, akafurahishwa sana akasema, “Ahimidiwe Bwana leo, kwa kuwa amempa Daudi mwana mwenye hekima kutawala juu ya taifa hili kubwa.”
ရှောလမုန် မင်း၏စကား ကို ဟိရံ မင်းသည် ကြား လျှင် အလွန် ဝမ်းမြောက် ၍ ၊ ထို လူမျိုး ကြီး ကို အစိုးရသောသား ကို ဒါဝိဒ် အား ပေး တော်မူသော ထာဝရဘုရား သည် ယနေ့ မင်္ဂလာ ရှိတော်မူစေသတည်းဟု ဆို လျက်၊
8 Hiramu akatuma neno kwa Solomoni: “Nimepokea ujumbe ulionipelekea na nitafanya yote unayohitaji katika kukupatia magogo ya mierezi na misunobari.
မင်းကြီးမှာ လိုက်သော အမှု ကို ငါဆင်ခြင် ပြီ။ အာရဇ် သစ်သား ၊ ထင်ရူး သစ်သား လို သမျှ ကို ပေး ပါမည်။
9 Watu wangu watayakokota kutoka Lebanoni hadi kwenye bahari, nami nitayafunga mafungu mafungu yaelee juu ya maji hadi utakapoelekeza. Huko nitayatenganisha, nawe utaweza kuyachukua. Wewe utakidhi haja yangu kwa kunipatia chakula kwa ajili ya watu wa nyumbani mwangu.”
ငါ့ ကျွန် တို့သည် လေဗနုန် တောင်မှ ပင်လယ် သို့ ချ ပြီးလျှင် ၊ ဘောင် လုပ်၍ မင်းကြီးစီရင် သော အရပ် သို့ ပင်လယ် လမ်းဖြင့် ဆောင် ခဲ့၍ ၊ ထို အရပ်၌အပ် သဖြင့် မင်းကြီး ခံယူ ရမည်။ မင်းကြီး သည်လည်း ၊ ငါ ၏နန်းတော် သားစားစရာ ရိက္ခါကိုပေး ၍ ငါ့ အလို ကိုလည်း ပြည့်စုံ စေရမည်ဟု ရှောလမုန် ထံသို့ လူကိုစေလွှတ် ၍ ပြန်ပြော ၏။
10 Kwa njia hii Hiramu akampa Solomoni miti yote ya mierezi na magogo ya misunobari kama alivyohitaji,
၁၀ထိုသို့ ဟိရံ သည် ရှောလမုန် အလို ရှိသမျှ သော အာရဇ် သစ်သား ၊ ထင်းရူး သစ်သား ကိုပေး ၏။
11 naye Solomoni akampa Hiramu kori 20,000 za ngano kama chakula kwa ajili ya watu wa nyumbani mwake, pamoja na mafuta safi ya zeituni yaliyokamuliwa bathi 20,000. Solomoni aliendelea kumfanyia Hiramu hivyo mwaka baada ya mwaka.
၁၁ရှောလမုန် သည်လည်း ၊ ဟိရံ ၏နန်းတော် သား များ စားစရာ ဘို့ တနှစ် တနှစ်လျှင် ဂျုံ ဆန်ကောရ နှစ် သောင်း၊ စစ် ပြီးသော ဆီ ကောရ နှစ် ဆယ်ကိုပေး ၏။
12 Bwana akampa Solomoni hekima, kama alivyomwahidi. Palikuwepo na uhusiano wa amani kati ya Hiramu na Solomoni, na wote wawili wakafanya mkataba.
၁၂ထာဝရဘုရား သည်လည်း ၊ ဂတိ တော်ရှိသည် အတိုင်း ၊ ရှောလမုန် အား ပညာ ကိုပေး တော်မူ၏။ ဟိရံ မင်းနှင့် ရှောလမုန် မင်းနှစ် ပါးတို့သည် စစ်တိုက် ခြင်း မရှိ။ မိဿဟာယ ဖွဲ့ ကြ၏။
13 Mfalme Solomoni akakusanya wafanyakazi 30,000 kutoka Israeli yote.
၁၃ရှောလမုန် မင်းကြီး သည်လည်း ၊ ဣသရေလ လူ အပေါင်း တို့တွင် လူ သုံး သောင်းတို့ကို ခွဲခန့် ၍၊
14 Akawapeleka Lebanoni kwa zamu za watu 10,000 kwa mwezi, hivyo walikaa Lebanoni kwa mwezi mmoja na miezi miwili nyumbani. Adoniramu ndiye alikuwa kiongozi wa shokoa.
၁၄အလှည့် အလှည့်တလ လျှင်တသောင်း စီ၊ လေဗနုန် တောင်သို့ စေလွှတ် သဖြင့် ၊ ထိုလူတို့သည် လေဗနုန် တောင် ပေါ် မှာတလ ၊ ကိုယ် နေရာ အရပ်၌ နှစ် လ နေ ရကြ၏။ ထိုလူ တို့ကို အဒေါနိရံ အုပ်ရ၏။
15 Solomoni alikuwa na wachukuzi wa mizigo 70,000 na wachonga mawe 80,000 huko vilimani,
၁၅ထမ်းရွက် သောသူခုနစ် သောင်း၊ တောင်ရိုး ပေါ် မှာ သစ်ခုတ် သောသူရှစ် သောင်းတို့ကိုလည်း စေခိုင်းတော်မူ ၍၊
16 pamoja na wasimamizi 3,300 ambao walisimamia kazi hiyo na kuwaongoza wafanyakazi.
၁၆အုပ်ချုပ် သောမင်း အရာရှိမှတပါး လုပ်ဆောင် သောသူတို့ ကို စီရင် သောသူ သုံး ထောင် သုံး ရာ ရှိ၏။
17 Kwa amri ya mfalme walitoa kwenye machimbo ya mawe, mawe makubwa, yaliyo bora kwa kujengea msingi wa nyumba yaliyochongwa kwa ajili ya Hekalu.
၁၇ရှင်ဘုရင် ၏ အမိန့် တော်အတိုင်း အိမ် တော် တိုက်မြစ် အဘို့ ကြီး သောကျောက် ၊ အဘိုး ထိုက်သော ကျောက် ၊ ဆစ် ပြီးသောကျောက် တို့ကို ဆောင် ခဲ့ကြ၏။
18 Mafundi wa Solomoni, wa Hiramu na watu wa Gebali walikata na kuandaa mbao na mawe kwa ajili ya ujenzi wa Hekalu.
၁၈ထိုသို့ ရှောလမုန် မင်း၏ လက်သမား တို့နှင့် ဟိရံ မင်း၏လက်သမား တို့သည် ဂေဗာလ အမျိုးသားတို့ နှင့်တကွ ၊ အိမ် တော်ကို တည်ဆောက် စရာဘို့ သစ်သား များ၊ ကျောက် များတို့ကို ပြင်ဆင် ကြ၏။

< 1 Wafalme 5 >