< 1 Wafalme 19 >

1 Ahabu akamwambia Yezebeli kila kitu Eliya alichokuwa amefanya na jinsi alivyowaua manabii wote kwa upanga.
ဧလိယ ပြု သော အမှုနှင့် ပရောဖက် အပေါင်း တို့ကို ထား နှင့် ကွပ်မျက် သောအမှုကို၊ အာဟပ် သည် ယေဇဗေလ အား အကုန်အစင် ကြား ပြော၏။
2 Hivyo Yezebeli akamtuma mjumbe kwa Eliya, kusema, “Hao miungu initendee hivyo na kuzidi, kama kufikia kesho wakati kama huu sitaifanya roho yako kama mmojawapo wa hao manabii.”
ယေဇဗေလ က၊ နက်ဖြန် နေ့ယခုအချိန် ရောက်မှ၊ သင့် အသက် သည် ထိုပရောဖက်တို့၏ အသက် ကဲ့သို့ ငါမဖြစ် စေလျှင် ၊ ဘုရား တို့သည် ငါ၌ထိုမျှ မကပြု ပါစေသောဟု တမန် ကို ဧလိယ ထံသို့ စေလွှတ် ၍ ကြား လိုက်၏။
3 Eliya aliogopa, na akakimbia kuokoa maisha yake. Alipofika Beer-Sheba katika Yuda, akamwacha mtumishi wake huko,
ထိုအခါ ဧလိယသည်ကြောက် သဖြင့် ၊ ထ ၍ အသက် လွတ်အောင် ယုဒ ခရိုင် ဗေရရှေဘ မြို့သို့သွား ၏။ ထို မြို့၌ ကျွန် ကို ထား ခဲ့၍၊
4 lakini yeye mwenyewe akatembea mwendo wa kutwa nzima katika jangwa. Akafika kwenye mti wa mretemu, akakaa chini yake na kuomba ili afe. Akasema, “Yatosha sasa, Bwana, ondoa roho yangu, kwani mimi si bora kuliko baba zangu.”
သူ့ကိုယ်တိုင်သည် တော သို့ တနေ့ ခရီးသွား ပြီးလျှင် ၊ ရသမ် ပင်အောက် သို့ရောက် ၍ ထိုင် လေ၏။ ထိုအခါ ကိုယ် အသက် သေ ရမည်အကြောင်း ဆုတောင်း လျက် ၊ အိုထာဝရဘုရား ၊ ယခု တန် ပါ၏။ အကျွန်ုပ် အသက် ကို သိမ်းယူ တော်မူပါ။ အကျွန်ုပ် သည် ဘိုးဘေး တို့ ထက် သာ၍ မ ကောင်းပါဟု မြည်တမ်း ပြီးလျှင်၊
5 Kisha akajinyoosha chini ya mti, akalala usingizi. Mara malaika akamgusa na akamwambia, “Inuka na ule.”
ရသမ် ပင်အောက် မှာ အိပ်ပျော် ၏။ ထိုအခါ ကောင်းကင် တမန်က၊ ထ ၍စား လော့ဟု သူ့ ကို တို့ လျက် ဆို ၏။
6 Akatazama pande zote, napo hapo karibu na kichwa chake palikuwepo mkate uliookwa kwenye makaa ya moto na gudulia la maji. Akala na kunywa, kisha akajinyoosha tena.
ဧလိယသည် မျှော် ကြည့်သောအခါ ၊ မီး နှင့်ဖုတ်သော မုန့်ပြား နှင့် ခေါင်းရင်း ၌ ရေ ဘူး ရှိသည်ကို မြင် ၍ စား သောက် ပြီးမှ တဖန် အိပ်ပျော် ၏။
7 Yule malaika wa Bwana akaja tena mara ya pili, akamgusa akamwambia, “Inuka na ule, kwa kuwa safari ni ndefu kwako.”
ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ဒုတိယ အကြိမ်လာ ၍ သူ့ ကို တို့ လျက် ၊ သွားရမည့်ခရီး သည် အလွန် ဝေးသောကြောင့် ၊ ထ ၍စား ဦးလော့ဟုဆို သည် အတိုင်း၊
8 Kwa hiyo akainuka, akala na kunywa. Akiwa ametiwa nguvu na kile chakula, akasafiri siku arobaini usiku na mchana mpaka akafika Horebu, mlima wa Mungu.
ဧလိယသည်ထ ၍ စား သောက် ပြန်၏။ ထိုအစာ အာဟာရကို အမှီပြုလျက်၊ အရက် လေး ဆယ်ခရီးသွား ၍ ဘုရားသခင် နှင့်ဆိုင်သော ဟောရပ် တောင် သို့ ရောက် သဖြင့်၊
9 Huko akaingia katika pango, akalala humo usiku ule. Nalo neno la Bwana likamjia, kusema, “Unafanya nini hapa, Eliya?”
ဥမင် ထဲသို့ ဝင် ၍ နေ ၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက်လာသည်ကား၊ ဧလိယ ၊ သင် သည် ဤ အရပ်၌ အဘယ်သို့ ပြုလျက်နေသနည်းဟုမေး တော်မူ၏။
10 Akajibu, “Nimeona wivu mwingi kwa ajili ya Bwana Mungu Mwenye Nguvu Zote. Waisraeli wamelikataa Agano lako, wamevunja madhabahu zako na kuwaua manabii wako kwa upanga. Ni mimi, mimi peke yangu, niliyebaki, nao sasa wananitafuta ili waniangamize.”
၁၀ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင် ၊ ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ၍ ကိုယ်တော် ၏ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်း ကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကို ပင်သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေ၏။
11 Bwana akasema, “Toka nje ukasimame juu ya mlima mbele za Bwana, kwa kuwa Bwana yu karibu kupita hapo.” Kisha upepo mwingi na wenye nguvu ukapasua milima ile na kuvunjavunja miamba mbele za Bwana, lakini Bwana hakuwamo katika ule upepo. Baada ya upepo palikuwa na tetemeko la nchi, lakini Bwana hakuwamo kwenye lile tetemeko.
၁၁နှုတ်ကပတ်တော်ကလည်း ထွက် လော့။ ထာဝရဘုရား ရှေ့ တောင် ပေါ် မှာရပ် နေလော့။ ထာဝရဘုရား ရှောက် သွားမည်ဟုမိန့် တော်မူ၏။ ထိုအခါ အားကြီး သော လေ ပြင်း သည် တောင်ထိပ် တို့ကိုခွဲ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ကျောက် တို့ကိုချိုးဖဲ့ ၏။ သို့ရာတွင်ထာဝရဘုရား သည် လေ ၌ ရှိတော်မ မူ။ လေ နောက် မှာ မြေလှုပ် ခြင်းရှိ၏။ သို့ရာတွင်ထာဝရဘုရား သည် မြေ လှုပ်ရှားခြင်း၌ လည်းရှိတော်မ မူ။
12 Baada ya tetemeko la nchi ukaja moto, lakini Bwana hakuwamo katika ule moto. Baada ya moto ikaja sauti ya utulivu ya kunongʼona.
၁၂မြေ လှုပ်ခြင်းနောက် မှာမီး ရှိ၏။ သို့ရာတွင်ထာဝရဘုရား သည် မီး ၌ လည်းရှိတော်မ မူ၊ မီး နောက် မှာ ဖြည်းညှင်း သော အသံ ရှိ၏။
13 Eliya alipoisikia, akafunika uso kwa vazi lake, akatoka na kusimama kwenye mdomo wa pango. Kisha ile sauti ikamwambia, “Eliya, unafanya nini hapa?”
၁၃ထိုအသံကို ဧလိယ သည်ကြား လျှင် ၊ မျက်နှာ ကို ဝတ်လုံ နှင့် ဖုံးအုပ် လျက် ထွက် ၍ ဥမင် ဝ ၌ရပ် နေ၏။ ထိုအခါ ဧလိယ ၊ သင် သည်ဤ အရပ်၌ အဘယ်သို့ ပြုလျက် နေသနည်းဟု အသံ လာ၏။
14 Akajibu, “Nimeona wivu mwingi kwa ajili ya Bwana Mungu Mwenye Nguvu Zote. Waisraeli wamelikataa Agano lako, wamevunja madhabahu zako na kuwaua manabii wako kwa upanga. Ni mimi, mimi peke yangu, niliyebaki, nao sasa wananitafuta ili waniangamize.”
၁၄ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင်၊ ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ၍ ၊ ကိုယ်တော် ၏ ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်းကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကိုပင် သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေသော်၊
15 Bwana akamwambia, “Rudi kwa njia uliyoijia, uende kwenye Jangwa la Dameski. Wakati utakapofika huko, mtie Hazaeli mafuta awe mfalme wa Aramu
၁၅ထာဝရဘုရား က၊ ဒမာသက် တော သို့ ပြန် ၍ ခရီး သွား လော့။ ရောက် သောအခါ ဟာဇေလ ကို ရှုရိ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။
16 Pia mtie mafuta Yehu mwana wa Nimshi awe mfalme wa Israeli, na umtie Elisha mwana wa Shafati kutoka Abel-Mehola mafuta awe nabii badala yako.
၁၆နိမ်ရှိ သား ယေဟု ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။ အာဗေလမဟောလ မြို့နေ၊ ရှာဖတ် သား ဧလိရှဲ ကို သင့် ကိုယ်စား ပရောဖက် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။
17 Yehu atamuua yeyote atakayeutoroka upanga wa Hazaeli, naye Elisha atamuua yeyote atakayeutoroka upanga wa Yehu.
၁၇သို့ဖြစ်၍ ဟာဇေလ ထား နှင့်လွတ် သောသူကို ယေဟု သတ် လိမ့်မည်။ ယေဟု ထား နှင့်လွတ် သောသူကို ဧလိရှဲ သတ် လိမ့်မည်။
18 Hata sasa nimeweka akiba watu elfu saba katika Israeli, wote ambao hawajampigia Baali magoti, na wote ambao midomo yao haijambusu.”
၁၈သို့ရာတွင် ဗာလ ရှေ့ ၌ ဒူးထောက် ခြင်း၊ နမ်း ခြင်းကို မ ပြုသော သူအပေါင်း တည်းဟူသောဣသရေလ အမျိုးသားခုနစ် ထောင် တို့ကို ငါ့အဘို့ ငါကျန်ကြွင်း စေပြီ ဟု မိန့် တော်မူ၏။
19 Hivyo Eliya akaondoka kutoka huko na kumkuta Elisha mwana wa Shafati. Alikuwa akilima kwa jozi kumi na mbili za maksai, na yeye mwenyewe aliongoza ile jozi ya kumi na mbili. Eliya akapita karibu naye, akamrushia vazi lake.
၁၉ထို အရပ်မှ ဧလိယသည် သွား ပြီးလျှင် ၊ နွား ငါးယှဉ်းနှင့်လယ်ထွန် လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ် သား ဧလိရှဲ ကို တွေ့ ၍အနား၌ ရှောက် စဉ်တွင် ၊ မိမိ ဝတ်လုံ ကို သူ့ အပေါ် မှာ တင် လေ၏။
20 Kisha Elisha akawaacha maksai wake, akamkimbilia Eliya, akamwambia, “Niruhusu nikawabusu baba yangu na mama yangu, halafu nitafuatana nawe.” Eliya akajibu, “Rudi zako, kwani nimekutendea nini?”
၂၀ဧလိရှဲသည် နွား တို့ကို ပစ်ထား ၍ ဧလိယ နောက် သို့လိုက် လျက် ၊ အကျွန်ုပ်သည်မိ ဘ ကို နမ်း ပါရစေ။ သို့ပြီးမှ ကိုယ်တော် နောက် သို့ လိုက် ပါမည်ဟု အခွင့် တောင်း လျှင် ၊ ဧလိယကပြန် သွားလော့။ ငါသည် သင် ၌ အဘယ်သို့ ပြု ဘိသနည်းဟုဆို သော်၊
21 Basi Elisha akamwacha Eliya, naye akarudi. Akachukua ile jozi yake ya maksai na kuwachinja. Akaipika ile nyama kwa kutumia miti ya nira kama kuni na kuwapa watu, nao wakala. Kisha akaondoka, akamfuata Eliya, akamtumikia.
၂၁ဧလိရှဲသည်ပြန် သွား၍ နွား ယှဉ်းကိုသတ် ပြီးမှ ၊ နွားသား ကို လယ်ထွန်သော တန်ဆာ နှင့် ပြုတ် ၍ လူ များ တို့အား ကျွေး လေ၏။ သို့ပြီးမှ ထ ၍ ဧလိယ နောက် သို့ လိုက် လျက် လက်ထောက် ဖြစ်လေ၏။

< 1 Wafalme 19 >