< 1 Wakorintho 1 >
1 Paulo, niliyeitwa kwa mapenzi ya Mungu kuwa mtume wa Kristo Yesu, na Sosthene ndugu yetu.
၁ဘုရားသခင် ၏အလို တော်အားဖြင့် ယေရှု ခရစ် ၏ တမန်တော် အရာ၌ ခန့်ထား သော ငါ ပေါလုနှင့် ငါ့ညီ သုဿင် သည်၊
2 Kwa kanisa la Mungu lililoko Korintho, kwa wale waliotakaswa katika Kristo Yesu na walioitwa kuwa watakatifu, pamoja na wale wote ambao kila mahali wanaliitia Jina la Kristo Yesu Bwana wetu, aliye Bwana wao na wetu pia:
၂ယေရှု ခရစ် အားဖြင့် အပြစ် နှင့်ကင်းစင်၍ သန့်ရှင်း သူအရာ၌ ခန့်ထား သောသူတည်းဟူသော၊ ကောရိန္သု မြို့၌ ရှိ သော ဘုရားသခင် ၏ အသင်းတော် မှစ၍ခပ်သိမ်း သောအရပ် ၌ ငါ တို့သခင် ယေရှု ခရစ် ကို ပဌနာ ပြုသောသူ အပေါင်း တို့ကို ကြားလိုက်ပါ၏။
3 Neema na amani itokayo kwa Mungu Baba yetu na kwa Bwana Yesu Kristo iwe nanyi.
၃ထိုသခင်သည် ငါ တို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
4 Ninamshukuru Mungu siku zote kwa ajili yenu kwa sababu ya neema yake mliyopewa katika Kristo Yesu.
၄အထက်ခရစ်တော် ၏ သက်သေ ကို သင် တို့တွင် တည် စေသည်ရှိသော်၊
5 Kwa kuwa katika Kristo mmetajirishwa kwa kila hali, katika kusema kwenu na katika maarifa yenu yote,
၅သင်တို့သည် ထိုခရစ်တော် အားဖြင့် ၊ အရာရာ ၌ နှုတ် သတ္တိ၊ ဉာဏ် သတ္တိအပေါင်း နှင့် ကြွယ်ဝ ပြည့်စုံကြ သည်ဖြစ်၍ ၊
6 kwa sababu ushuhuda wetu kumhusu Kristo ulithibitishwa ndani yenu.
၆ယေရှု ခရစ် အားဖြင့် သင် တို့အားပေး တော်မူသော ဆုကျေးဇူး တော်ကို ငါထောက် ၍၊ သင် တို့ အကြောင်း ကြောင့် ငါ့ ဘုရားသခင် ၏ကျေးဇူး တော်ကို အစဉ်မပြတ် ချီးမွမ်း၏။
7 Kwa hiyo hamkupungukiwa na karama yoyote ya kiroho wakati mnangoja kwa shauku kudhihirishwa kwa Bwana wetu Yesu Kristo.
၇ထိုကြောင့် သင် တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏ ပေါ်ထွန်း တော်မူခြင်းကို မြော်လင့် ၍နေစဉ်၊ ဆု တော် တစ်စုံတစ်ခု မျှမ လျော့ ဘဲ စုံလင်လျက်ရှိကြ၏။
8 Atawafanya imara mpaka mwisho, ili msiwe na hatia siku ile ya Bwana wetu Yesu Kristo.
၈သင်တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏ နေ့ရက် ၌ အပြစ်တင် စရာအခွင့်နှင့်ကင်းလွတ်မည်အကြောင်း၊ သင် တို့ကို အဆုံး တိုင်အောင် ခိုင်ခံ့ မြဲမြံစေတော်မူလိမ့်မည်။
9 Mungu ambaye mmeitwa naye ili mwe na ushirika na Mwanawe Yesu Kristo, Bwana wetu ni mwaminifu.
၉ငါ တို့သခင် တည်းဟူသောသား တော်မြတ်သခင် ယေရှု ခရစ် နှင့် ဆက်ဆံ ခြင်းကျေးဇူးတော်ကို သင်တို့ အား ပေး တော်မူသော ဘုရားသခင် သည် သစ္စာ နှင့်ပြည့်စုံတော်မူ၏။
10 Nawasihi ndugu zangu, katika Jina la Bwana wetu Yesu Kristo, kwamba mpatane nia zenu ninyi kwa ninyi, ili pasiwepo na matengano katikati yenu na kwamba mwe na umoja kikamilifu katika nia na katika kusudi.
၁၀ညီအစ်ကို တို့၊ သင်တို့ရှိသမျှ သည် စကား တညီတညွတ် တည်းဖြစ်၍ အချင်းချင်း မ ကွဲပြား ဘဲ စိတ် သဘော တသံ တသမတ်တည်းရှိ သည်နှင့် စေ့စပ် စုံလင်ကြမည်အကြောင်း၊ ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော် ကို အမှီပြု ၍ သင် တို့ကို ငါ နှိုးဆော်တောင်းပန်ပါ၏။
11 Ndugu zangu, nimepata habari kutoka kwa baadhi ya watu wa nyumbani mwa Kloe kwamba kuna magomvi katikati yenu.
၁၁အကြောင်းမူကား ၊ ငါ့ ညီအစ်ကို တို့၊ သင် တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်းရှိ သည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြော ကြ၏။
12 Maana yangu ni kwamba: Mmoja wenu husema, “Mimi ni wa Paulo”; mwingine, “Mimi ni wa Apolo”; mwingine, “Mimi ni wa Kefa,” na mwingine, “Mimi ni wa Kristo.”
၁၂သင် တို့က၊ ငါ သည်ပေါလု တပည့်ဖြစ် ၏။ ငါ သည် အာပေါလု တပည့်ဖြစ်၏။ ငါ သည်ကေဖ တပည့်ဖြစ်၏။ ငါ သည်ခရစ်တော် တပည့် ဖြစ်၏ဟု အသီးအသီး ပြော ကြသောကြောင့် ငါဆို ရ၏။
13 Je, Kristo amegawanyika? Je, Paulo ndiye alisulubishwa kwa ajili yenu? Je, mlibatizwa kwa jina la Paulo?
၁၃ခရစ်တော် သည် ကွဲပြား သလော။ ပေါလု သည် သင် တို့အတွက် လက်ဝါးကပ်တိုင် မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု ၏နာမ ၌ ဗတ္တိဇံ ကို ခံကြပြီလော။
14 Nashukuru kwamba sikumbatiza mtu yeyote isipokuwa Krispo na Gayo.
၁၄ကရိပ္ပု နှင့် ဂါယု မှတစ်ပါး ၊ သင် တို့တွင် အဘယ်သူ အားမျှ ဗတ္တိဇံ ကို ငါမပေးသည်ဖြစ်၍ ဘုရားသခင် ၏ ကျေးဇူး တော်ရှိပါ၏။
15 Kwa hiyo hakuna mtu yeyote anayeweza kusema kwamba alibatizwa kwa jina langu.
၁၅သို့ဖြစ်၍ ပေါလုသည်မိမိ နာမ ၌ ဗတ္တိဇံ ကို ပေးသည်ဟု အဘယ်သူ မျှဆို စရာအကြောင်း မ ရှိ။
16 (Naam, niliwabatiza pia watu wa nyumbani mwa Stefana. Lakini zaidi ya hao sijui kama nilimbatiza mtu mwingine yeyote.)
၁၆သတေဖန် ၏အိမ်သူ အိမ်သားတို့အားလည်း ဗတ္တိဇံကို ပေး ပြီ။ ထိုမှတစ်ပါးအခြား သောသူအား ဗတ္တိဇံ ပေးသည်ကိုငါမ မှတ်မိ ။
17 Kwa maana Kristo hakunituma ili kubatiza bali kuhubiri Injili; sio kwa maneno ya hekima ya kibinadamu, ili msalaba wa Kristo usije ukakosa nguvu yake.
၁၇ဗတ္တိဇံ ကိုပေးစေခြင်းငှာခရစ်တော် သည် ငါ့ ကို စေလွှတ် တော်မူသည်မ ဟုတ်။ ဧဝံဂေလိ တရားကို ဟောစေခြင်းငှာစေလွှတ်တော်မူ၏။ သို့သော်လည်း ၊ ခရစ်တော် ၏လက်ဝါးကပ်တိုင် ကို အချည်းနှီး မ ဖြစ် စေခြင်းငှာ ၊ နှုတ် ပညာ ကို အခွင့်မ ပေးဘဲနေတော်မူ၏။
18 Kwa maana ujumbe wa msalaba kwa wale wanaopotea ni upuzi, lakini kwetu sisi tunaookolewa ni nguvu ya Mungu.
၁၈အကြောင်းမူကား ၊ ဆုံးရှုံး ခြင်းသို့ရောက်သော သူ တို့၌ လက်ဝါးကပ်တိုင် တော်တရား သည် မိုက် သော တရားဖြစ် ၏။ ကယ်တင် ခြင်းသို့ ရောက်သောငါ တို့၌ ထိုတရားသည် ဘုရားသခင် ၏ တန်ခိုး တော် ဖြစ် ၏။
19 Kwa maana imeandikwa: “Nitaiharibu hekima ya wenye hekima, na kubatilisha akili ya wenye akili.”
၁၉ကျမ်းစာ လာသည်ကား ၊ ပညာရှိ တို့၏ ပညာ ကို ငါဖျက်ဆီး မည်။ ဉာဏ် ကောင်းသောသူ တို့၏ ဉာဏ် ကို လည်း ငါပယ် မည်ဟု လာသတည်း။
20 Yuko wapi mwenye hekima? Yuko wapi msomi? Yuko wapi mwanafalsafa wa nyakati hizi? Je, Mungu hakufanya hekima ya ulimwengu huu kuwa upumbavu? (aiōn )
၂၀ပညာရှိ ကားအဘယ်မှာ ရှိသနည်း။ ကျမ်းပြု ဆရာကား အဘယ်မှာ ရှိသနည်း။ ပြဿနာ ၌လေ့ကျက်သော ဆရာကား အဘယ်မှာ ရှိသနည်း။ လောကီ ပညာ ကို ဘုရားသခင် သည် မိုက် စေတော်မူသည် မ ဟုတ်လော။ (aiōn )
21 Kwa kuwa katika hekima ya Mungu, ulimwengu kwa hekima yake haukumjua yeye, ilimpendeza Mungu kuwaokoa wale walioamini kwa upuzi wa lile neno lililohubiriwa.
၂၁အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် ၏ ပညာ တော်စီရင်သည်နှင့်အညီ၊ လောကီသား တို့သည် မိမိ တို့ပညာ အားဖြင့် ဘုရားသခင် ကို မ သိ ဘဲနေကြသောအခါ၊ ဘုရားသခင် သည် ယုံကြည် သော သူတို့ ကို ဒေသနာ တော် မိုက်မဲ ခြင်းအားဖြင့် ကယ်တင် ခြင်းငှာစေတနာ ရှိတော်မူ၏။
22 Wayahudi wanadai ishara za miujiza na Wayunani wanatafuta hekima.
၂၂ယုဒ လူတို့သည် နိမိတ် လက္ခဏာကို တောင်း တတ်ကြ၏။ ဟေလသ လူတို့သည် ပညာ ကို ရှာ တတ် ကြ၏။
23 Lakini sisi tunamhubiri Kristo aliyesulubiwa: yeye kwa Wayahudi ni kikwazo na kwa Wayunani ni upuzi.
၂၃ငါ တို့မူကား ၊ လက်ဝါးကပ်တိုင် မှာ အသေခံတော်မူသော ခရစ်တော် ၏ အကြောင်းအရာကို ဟောပြော ကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒ အမျိုးသားထိမိ ၍ လဲစရာအကြောင်းဖြစ်၏။ တစ်ပါး အမျိုးသား၌ကား၊ မိုက်မဲ ခြင်းဖြစ်၏။
24 Lakini kwa wale ambao Mungu amewaita, Wayahudi na pia Wayunani, Kristo ndiye nguvu ya Mungu na pia hekima ya Mungu.
၂၄သို့သော်လည်း ၊ ယုဒ လူဖြစ်စေ၊ ဟေလသ လူဖြစ်စေ၊ ခေါ် တော်မူသောသူ တို့၌ ဘုရားသခင် ၏ တန်ခိုး တော်နှင့် ဘုရားသခင် ၏ပညာ တော်တည်းဟူသောခရစ်တော် ၏ တရားဖြစ်၏။
25 Kwa maana upumbavu wa Mungu una hekima zaidi kuliko hekima ya wanadamu, nao udhaifu wa Mungu una nguvu kuliko nguvu ya wanadamu.
၂၅ဘုရားသခင် ၏မိုက်မဲ ခြင်းအရာသည် လူ တို့၏ ပညာထက်သာ၍ပညာ ရှိ ၏။ ဘုရားသခင် ၏ အားနည်း ခြင်းအရာသည် လူ တို့၏ အစွမ်းထက်သာ၍အစွမ်း ရှိ၏။
26 Ndugu zangu, kumbukeni mlivyokuwa mlipoitwa. Kwa kipimo cha kibinadamu, si wengi wenu mliokuwa na hekima. Si wengi mliokuwa na ushawishi, si wengi mliozaliwa katika jamaa zenye vyeo.
၂၆ညီအစ်ကို တို့၊ သင် တို့ကို ခေါ် တော်မူခြင်း အကြောင်း အရာကို ဆင်ခြင် ကြလော့။ ခေါ်တော်မူသော သူတို့တွင် လောကီ ပညာရှိ အများ မ ပါ။ ထင်ရှားသော လူ ကြီးအများ မ ပါ။ မင်းအမျိုးအနွယ်ဖြစ်သော သူအများ မ ပါ။
27 Lakini Mungu alivichagua vitu vipumbavu vya ulimwengu ili awaaibishe wenye hekima, Mungu alivichagua vitu dhaifu vya ulimwengu ili awaaibishe wenye nguvu.
၂၇ဘုရားသခင် သည် ပညာရှိ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ မိုက်မဲ သော သူ တို့ကို ရွေးကောက် တော်မူ၏။ အစွမ်း သတ္တိရှိသော သူ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ အားနည်း သော သူ တို့ကို ရွေးကောက် တော်မူ၏။
28 Alivichagua vitu vya chini na vinavyodharauliwa vya dunia hii, vitu ambavyo haviko, ili avibatilishe vile vilivyoko,
၂၈မြတ်သောသူတို့ကို ရှက်ကြောက် စေခြင်းငှာလောကီ အရာ ၌ ဆင်းရဲ သောသူ၊ မ ရေရာ သောသူ ၊ ယုတ် သောသူ တို့ကို ရွေးကောက် တော်မူ၏။
29 ili mtu yeyote asijisifu mbele zake.
၂၉ထိုကြောင့် ၊ ဘုရားသခင် ရှေ့ ၌ အဘယ်သူမျှ ဝါကြွား စရာ အကြောင်းမ ရှိ။
30 Bali kwa yeye ninyi mmepata kuwa katika Kristo Yesu, aliyefanyika kwetu hekima itokayo kwa Mungu, yaani haki, na utakatifu na ukombozi.
၃၀ထိုဘုရားသခင် အားဖြင့် သင် တို့သည် ယေရှု ခရစ် ၌ တည်နေကြ၏။ ထိုသခင် မူကား ၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း၊ ငါ တို့၌ ပညာ မှစ၍ဖြောင့်မတ် ခြင်း၊ သန့်ရှင်း ခြင်း၊ ရွေးနှုတ် ခြင်းဖြစ်တော်မူ၏။
31 Hivyo, kama ilivyoandikwa: “Yeye ajisifuye na ajisifu katika Bwana.”
၃၁သို့ဖြစ်၍ ၊ ကျမ်းစာ လာသည်နှင့်အညီ ၊ ဝါကြွား သောသူ မည်သည်ကား၊ ထာဝရ ဘုရား၌ သာဝါကြွား စေ။