< Zacarías 6 >
1 Y nuevamente alzando mis ojos vi cuatro carruajes de guerra que salían de entre las dos montañas; y las montañas eran montañas de bronce.
၁တဖန် ငါမျှော်ကြည့်၍၊ ကြေးဝါဖြင့် ပြီးသော တောင်နှစ်လုံးကြားမှ ရထားလေးစီးထွက်လာ၏။
2 En el primer carruaje de guerra había caballos rojos; y en el segundo, caballos negros;
၂ပဌမရထား၌ မြင်းနီ၊ ဒုတိယရထား၌ မြင်းနက်၊
3 Y en el tercero, caballos blancos; y en el cuarto, caballos pintos.
၃တတိယရထား၌မြင်းဖြူ၊ စတုတ္ထရထား၌ ခွန် အားကြီးသော မြင်းကျားတို့သည် ကလျက်ရှိကြ၏။
4 Y respondí y le dije al ángel que me estaba hablando: ¿Qué son estos, mi señor?
၄အကျွန်ုပ်သခင်၊ ထိုရထားတို့ကား အဘယ်သို့ နည်းဟု ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
5 Y el ángel, respondiendo, me dijo: Estos salen a los cuatro vientos del cielo desde su lugar delante del Señor de toda la tierra.
၅ကောင်းကင်တမန်က၊ ထိုရထားတို့သည်၊ မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ရှေ့ တော်၌ ရပ်နေရာမှ ထွက်သွားသော မိုဃ်းကောင်းကင် လေ လေးပါးဖြစ်၏။
6 El carruaje en el que están los caballos negros va en dirección al norte del país; los blancos van al oeste; y los pintos van en dirección al sur del país.
၆ကသော မြင်းနက်တို့သည် မြောက်ပြည်သို့ သွား ကြ၏။ မြင်းဖြူတို့သည် မြင်းနက်နောက်သို့ လိုက်ကြ၏။ မြင်းကျားတို့သည် တောင်ပြည်သို့ သွားကြ၏ဟု ဆို၏။
7 Y los rojos van al este; y pidieron que subieran y bajaran por la tierra; y él dijo: Sube y baja por la tierra. Entonces subieron y bajaron por la tierra.
၇ခွန်အားကြီးသော မြင်းတို့သည် ထွက်၍၊ မြေ ကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ခြင်းငှါ အား ထုတ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား၍ မြေကြီး ပေါ်မှာ တောင်မြောက်သို့ လှည်လည်ကြလော့ ဟုဆိုသည် အတိုင်း၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ၏။
8 Entonces clamando a mí, dijo: Mira, los que van al norte del país han dado descanso al espíritu del Señor en el norte del país.
၈ကောင်းကင်တမန်သည်လည်း ငါ့ကို ခေါ်၍၊ ကြည့်လော့။ မြောက်ပြည်သို့ သွားသော မြင်းတို့သည် ငါ့အမျက်ကို မြောက်ပြည်၌ တည်စေကြပြီဟု ဆို၏။
9 Y vino a mí la palabra del Señor, diciendo:
၉တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊
10 Tome las ofrendas de los que se fueron como prisioneros, de Heldai, Tobías y Jedaias, y de la familia de Josías, el hijo de Sofonías, que han venido de Babilonia;
၁၀အရင်သိမ်းသွားခြင်းကို ခံရ၍ ယခု ဗာဗုလုန် မြို့မှ ပြန်လာသော ဟေလဒဲအမျိုး၊ တောဘိယအမျိုး၊ ယေဒါယအမျိုးအချို့တို့ကို ခေါ်၍၊ တနေ့ခြင်းတွင် ဇေဖနိ၏သားယောရှိအိမ်သို့ သွားပြီးသော်၊
11 Y toma plata y oro y haz una corona y ponla sobre la cabeza de Zorobabel;
၁၁ရွှေငွေတို့ကို ယူ၍ သရဖူကို လုပ်ပြီးလျှင် ယောဇ ဒက်သား ယဇ်ပုရောဟိတ်မင်းယောရှု၏ ခေါင်းပေါ်မှာ တင်လော့။
12 Y dile: Estas son las palabras del Señor de los ejércitos: Mira, el hombre cuyo nombre es Renuevo, brotará de sus propias raíces y edificará el templo del Señor.
၁၂ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ၊ အညွန့်အမည် ရှိသော သူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ ပေါက်၍ ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။
13 Y él será el constructor del Templo del Señor; y la gloria será suya, y él tomará su lugar como gobernante en el asiento del poder, y será sacerdote de su trono y habrá consejo de paz entre ambos.
၁၃ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက် ပြီးလျှင်၊ ဘုန်းကြီး၍ မိမိရာဇပလ္လင်ပေါ်မှာ ထိုင်လျက် စိုးစံလိမ့်မည်။ ရာဇပလ္လင် တော် ပေါ်မှာ ယဇ်ပုရောဟိတ်လည်း ဖြစ်၍၊ ထိုနှစ်ပါးတို့သည် မိဿဟာယ ပဋိညာဉ်ကို ဖွဲ့ကြ လိမ့်မည်။
14 Y la corona será para Heldai y Tobías y Jedaias y el hijo de Sofonías, para mantener su memoria viviendo en la casa del Señor.
၁၄ထိုသရဖူသည်ဟေလင်၊ တောဘိယ၊ ယေဒါယ၊ ဇေဖနိ၏သား ဟင်တို့အဘို့၊ ထာဝရဘုရား၏ ဗိမာန် တော်၌ သက်သေဖြစ်ရမည်။
15 Y los que están lejos vendrán y serán constructores en el Templo del Señor, y les quedará claro que el Señor de los ejércitos me ha enviado a ustedes. Esto sucederá si con diligencia obedecen la voz del Señor su Dios.
၁၅ဝေးသော သူတို့သည်လည်းလာ၍ ထာဝရဘုရား၏ ဗိမာန်တော်၌ တည်ဆာက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို စေ့စေ့နားထောင်လျှင်၊ ဤသို့ ဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ၏။