< Salmos 146 >
1 Dejen que el Señor sea alabado. Alaba al Señor, alma mía.
၁အိုငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကိုချီးမွမ်း လော့။
2 Mientras respiro, alabaré al Señor; haré melodía a mi Dios mientras tenga mi ser.
၂ငါ သည် အသက်ရှင် စဉ်အခါ ၊ ထာဝရဘုရား ကို ချီးမွမ်း မည်။ ငါ ဖြစ်စဉ် ကာလ ပတ်လုံး၊ ငါ ၏ဘုရား သခင်ကို ထောမနာသီချင်း ဆိုမည်။
3 No pongas tu fe en los gobernantes, o en el hijo del hombre, en quien no hay salvación.
၃မင်း များမှစ၍ မကယ်တင် နိုင်သော လူသား ကို မ ကိုးစား ကြနှင့်။
4 El aliento del hombre se apaga, vuelve a ser polvo; en ese día todos sus propósitos llegan a su fin.
၄သူ သည်အသက် ထွက် ၍ မြေ သို့ ပြန် သွားတတ် ၏။ ထို နေ့ခြင်းတွင်၊ သူ ၏အကြံ အစည်တို့သည် ပျက်စီး ကြ၏။
5 Bienaventurado el hombre que tiene al Dios de Jacob por su ayuda, cuya esperanza está en el Señor su Dios:
၅ယာကုပ် အမျိုး၏ ဘုရား သခင်မစ တော်မူသောသူ၊ မိမိ ဘုရား သခင် ထာဝရဘုရား ကို မြော်လင့် သောသူသည် မင်္ဂလာ ရှိ၏။
6 Que hizo los cielos y la tierra, el mar y todas las cosas en ellos; quien guarda verdad para siempre.
၆ထိုဘုရားသခင်သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ နှင့်တကွ အရပ်ရပ် ၌ ရှိသမျှတို့ကို ဖန်ဆင်း တော်မူ၏။ သစ္စာ တော်ကို အစဉ် အမြဲစောင့် တော်မူ၏။
7 Él da sus derechos a los que son oprimidos y da comida a aquellos que la necesitan; el Señor libera a los prisioneros;
၇ညှဉ်းဆဲ ခြင်းကိုခံရသောသူတို့ အား တရား ပြု တော်မူ၏။ ငတ်မွတ် သောသူတို့ ကိုကျွေးမွေး တော်မူ၏။ ထာဝရဘုရား သည် ချုပ်ထား ခြင်းကို ခံရသောသူတို့ကို လွှတ် တော်မူ၏။
8 El Señor abre los ojos de los ciegos; el Señor levanta a los caídos; el Señor es un amante de los rectos;
၈ထာဝရဘုရား သည် မျက်စိ ကန်းသောသူတို့ကို မြင် စေတော်မူ၏။ ထာဝရဘုရား သည် နှိမ့်ချ သောသူတို့ ကို ကြွ ပင့်တော်မူ၏။ ထာဝရဘုရား သည် ဖြောင့်မတ် သောသူတို့ ကို ချစ် တော်မူ၏။
9 El Señor cuida a los que están en tierra extraña; él ayuda a la viuda y al niño que no tiene padre; pero él envía destrucción en el camino de los pecadores.
၉ထာဝရဘုရား သည် ဧည့်သည် တို့ကို စောင့်မ တော်မူ၍ ၊ မုတ်ဆိုးမ နှင့်မိဘ မရှိသောသူတို့ ကို ထောက်မတော်မူ၏။ မ တရားသောသူတို့၏ လမ်း ကိုကား ၊ ကွေ့ကောက် စေတော်မူ၏။
10 El Señor será Rey para siempre; tu Dios, oh Sion, será Rey por todas las generaciones. Alabado sea el Señor.
၁၀အိုဇိအုန် မြို့၊ သင် ၏ဘုရား သခင် တည်း ဟူသော ထာဝရဘုရား သည် ကာလ အစဉ်အမြဲ ကမ္ဘာ အဆက်ဆက်စိုးစံ တော်မူ လတံ့ သတည်း။ ဟာလေလုယ။