< Abdías 1 >

1 La visión de Abdías. Esto es lo que el Señor ha dicho acerca de Edom: Hemos recibido noticias del Señor, y se ha enviado un representante entre las naciones, diciendo: ¡Levántense! y hagamos la guerra contra ella.
ဤ​ကျမ်း​စောင်​သည်​ဧ​ဒုံ​ပြည်​ကို​ရည်​မှတ်​၍ သြ​ဗ​ဒိ​အား အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင်​ရှင် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော် ကို​ဖော်​ပြ​ရာ​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့ ထံ​သို့ မိ​မိ​၏​သံ​တ​မန်​ကို​စေ​လွှတ်​တော် မူ​လေ​ပြီ။ ``အ​သင့်​ပြင်​ဆင်​ကြ​လော့။ ဧ​ဒုံ​ပြည်​သို့​ငါ​တို့​စစ်​ချီ​ကြ​ကုန်​အံ့'' ဟူ​၍ ကြွေး​ကြော်​စေ​တော်​မူ​သံ​ကို​ငါ​တို့​ကြား ရ​ကြ​၏။
2 Mira, te he hecho pequeño entre las naciones: eres muy menospreciado.
ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​ဒုံ​ပြည်​အား ``ငါ​သည်​သင့်​ကို​အား​အင်​ချည့်​နဲ့​စေ​မည်။ လူ​အ​ပေါင်း​တို့​သည်​သင့်​ကို​ရွံ​ရှာ စက်​ဆုတ်​ကြ​လိမ့်​မည်။
3 Has sido engañado por el orgullo de tu corazón, oh tú, cuyo lugar de vida está en las cuevas de la roca, cuya casa está en lo alto; quien dijo en su corazón: ¿Quién me hará bajar a la tierra?
သင်​၏​မာန်​မာ​န​သည်​သင့်​ကို​လှည့်​စား ထား​လေ​ပြီ။ သင်​၏​မြို့​တော်​သည်​ကျောက်​တုံး​ကျောက်​ခဲ ဖြင့် ပြီး​သော​ခံ​တပ်​မြို့​ဖြစ်​၍၊ သင်​၏​တည်​နေ​ရာ​သည်​မြင့်​မား​သော တောင်​ပေါ်​တွင်​ဖြစ်​သ​ဖြင့်၊ `ငါ့​အား​အ​ဘယ်​သူ​ဆွဲ​ချ​နိုင်​ပါ​နည်း' ဟု သင်​သည်​တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။
4 Aunque subas a lo alto como un águila, aunque tu casa esté colocada entre las estrellas, te haré descender desde allí, dice el Señor.
သင်​သည်​လင်း​ယုန်​ငှက်​၏​အ​သိုက်​တ​မျှ မြင့်​မား​ရာ​တွင်​တည်​နေ​သ​ဖြင့်၊ ကြယ်​တာ​ရာ​တို့​အ​လယ်​သို့​ပင် ရောက်​ရှိ​နေ​စေ​ပါ​မူ၊ သင့်​ကို​ငါ​ဆွဲ​ချ​မည်။
5 Si vinieran ladrones, o robadores de noche, cómo quedarías destruido! ¿no robarían hasta que tuvieran lo suficiente? si vinieran los cortadores de uvas, ¿no dejarían racimos?
``သူ​ခိုး​တို့​သည်​ညဥ့်​အ​ခါ​လာ​ခဲ့​သော်၊ မိ​မိ​တို့​အ​လို​ရှိ​ရာ​ပစ္စည်း​များ​ကို​သာ လျှင် ယူ​ငင်​သွား​ကြ​၏။ စ​ပျစ်​သီး​ဆွတ်​ခူး​ရန်​လာ​သော​သူ​တို့​သည် လည်း၊ စ​ပျစ်​သီး​အ​နည်း​ငယ်​ကို​ချန်​ထား​ခဲ့​တတ် ကြ​၏။ သို့​ရာ​တွင်​သင်​၏​ရန်​သူ​တို့​မူ​ကား၊သင်​၏ ပစ္စည်း​များ​ကို အ​ကုန်​အ​စင်​သိမ်း​ယူ​သွား​ကြ​လေ​ပြီ။
6 ¡Cómo son escudriñadas las cosas de Esaú! ¡Cómo se buscan sus tesoros escondidos!
ဧ​သော​၏​သား​မြေး​တို့၊ သင်​တို့​၏​ဥစ္စာ​ဘဏ္ဍာ​များ​ကို တိုက်​ခိုက်​လု​ယက်​သွား​ကြ​လေ​ကုန်​ပြီ။
7 Todos tus hombres aliados te engañaran, te echaron hasta la frontera de la tierra; los hombres que estaban en paz contigo te han vencido; los que comen contigo tenderán emboscada contra ti; no hay en él entendimiento.
သင်​တို့​၏​မ​ဟာ​မိတ်​များ​သည်​လိမ်​လည် လှည့်​စား​လျက်၊ သင်​တို့​အား​မိ​မိ​တို့​ပြည်​မှ​နှင်​ထုတ်​ကြ လေ​ပြီ။ သင်​တို့​နှင့်​အ​တူ​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ခဲ့ သူ​များ​က၊ ယ​ခု​သင်​တို့​အား​လွှမ်း​မိုး​လိုက်​ကြ​လေ​ပြီ။ သင်​တို့​နှင့်​အ​တူ​စား​သောက်​ခဲ့​သည့် မိတ်​ဆွေ​များ​သည်​သင်​တို့​အ​တွက်​ထောင် ချောက်​ကို ထောင်​ထား​ကြ​လေ​ပြီ။ သူ​တို့​သည်​သင်​တို့​ကို​ရည်​မှတ်​၍ ဤ​သူ​တို့​၏​အ​သိ​အ​လိမ္မာ​ကား​အ​ဘယ် သို့ ရောက်​ရှိ​သွား​လေ​ပြီ​နည်း​ဟု​ဆို​ကြ​၏။
8 ¿No, en ese día, dice el Señor, quitaré a los sabios de Edom, y la sabiduría del monte de Esaú?
``ငါ​သည်​ဧ​ဒုံ​ပြည်​ကို​အ​ပြစ်​ဒဏ်​ခတ်​ချိန်​၌၊ သူ​၏​ပ​ညာ​ရှိ​များ​ကို​သုတ်​သင်​၍၊ အ​သိ​ပ​ညာ​ရှိ​သ​မျှ​ကို ပယ်​ရှင်း​ပစ်​မည်။
9 Y tus hombres de guerra, oh Temán, serán vencidos por el miedo, para que cada uno de ellos sea cortado del monte de Esaú.
လက်​နက်​ကိုင်​စွဲ​သူ​တေ​မန်​မြို့​သား​တို့​သည် ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဧ​ဒုံ​ပြည်​ရှိ​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့ သည် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။
10 Debido a que fuiste la causa de una muerte violenta y por tu cruel comportamiento con tu hermano Jacob, estarás cubierto de vergüenza y quedarás aislado para siempre.
၁၀``သင်​သည်​မိ​မိ​၏​ညီ​အစ်​ကို​များ​ဖြစ်​သည့်၊ ယာ​ကုပ်​သား​မြေး​တို့​အား​လု​ယက် သတ်​ဖြတ်​ခဲ့​သည်​ဖြစ်​၍၊ သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​စဉ်​အ​သ​ရေ​ပျက်​လိမ့်​မည်။
11 Porque estabas allí observando cuando hombres de otras tierras le quitaron sus bienes, y hombres extraños entraron por sus puertas y pusieron el destino de Jerusalén a la decisión del azar; eras como uno de ellos.
၁၁ရန်​သူ​များ​သည်၊ထို​သူ​တို့​၏​မြို့​တံ​ခါး များ​ကို​ဖြို​ချ​ချိန်​၌၊ သင်​သည်​နံ​ဘေး​သို့​ဖယ်​၍​ရပ်​နေ​ခဲ့​၏။ သင်​သည်၊ယေ​ရု​ရှ​လင်​မြို့​၏​စည်း​စိမ်​ဥစ္စာ များ​ကို သိမ်း​ယူ​ကာ၊မိ​မိ​တို့​အ​ချင်း​ချင်း​တို့​အား ခွဲ​ဝေ​ပေး​သူ​လူ​မျိုး​ခြား​များ​နှင့်​မ​ခြား၊ ဆိုး​ယုတ်​သူ​ဖြစ်​ပေ​သည်။
12 No debiste ver con placer el mal día de tu hermano, el día de su destino, y no debiste alegrarte por los hijos de Judá el día de su destrucción, ni debiste burlarte el día de su angustia.
၁၂သင်​သည်​ယု​ဒ​ပြည်​ရှိ​မိ​မိ​၏​ညီ​အစ်​ကို​များ၊ ကံ​ကြမ္မာ​ဆိုး​နှင့်​ကြုံ​တွေ့​ရ​သည်​ကို​ကျိတ်​၍၊ နှစ်​ထောင်း​အား​ရ​မ​ဖြစ်​သင့်။ သူ​တို့​ဆုံး​ပါး​ပျက်​စီး​ချိန်​၌​ဝမ်း​မြောက် ဝမ်း​သာ​မ​ဖြစ်​သင့်။ သူ​တို့​စိတ်​ဒုက္ခ​ရောက်​ကြ​သော​အ​ခါ၊ သင်​သည်​မ​ဝါ​ကြွား​သင့်။
13 No debiste entrar por las puertas de mi pueblo el día de su caída; no debiste mirar con agrado sus problemas el día de su caída, ni debiste robar sus bienes el día de su caída.
၁၃သင်​သည်​ငါ​၏​လူ​မျိုး​တော် ဆင်း​ရဲ​ဒုက္ခ​ရောက်​ရ​ကြ​သည်​ကို​ကျိတ်​၍ နှစ်​ထောင်း​အား​ရ​ဖြစ်​ကာ၊ သူ​တို့​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ ချိန်​၌ သူ​တို့​၏​မြို့​ထဲ​သို့​မ​ဝင်​သင့်။ သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​မ​သိမ်း​မ ယူ​သင့်။
14 Y no debiste ocupar tu lugar en la encrucijada, matando a su pueblo que huía; y no debiste entregar a los que todavía estaban allí en el día de la angustia.
၁၄သင်​သည်​ကြိုး​စား​၍​ထွက်​ပြေး​ကြ​သူ​တို့ အား​ဖမ်း​ဆီး​ရန် လမ်း​ဆုံ​လမ်း​ခွ​များ​တွင်​ရပ်​လျက်​မ​နေ​သင့်။ ထို​သူ​တို့​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ ချိန်​၌ သူ​တို့​အား​ရန်​သူ​လက်​သို့​မ​အပ်​သင့်။
15 Porque el día del Señor viene pronto sobre todas las naciones; como tú lo has hecho, se te hará contigo; la recompensa de tus actos vendrá sobre tu cabeza.
၁၅``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ တို့​အား၊ တ​ရား​စီ​ရင်​တော်​မူ​မည့်​နေ့​ရက်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။ အို ဧ​ဒုံ​ပြည်​သူ​တစ်​ပါး​တို့​အား သင်​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း၊ သူ​တစ်​ပါး​တို့​သည်​သင့်​အား​ပြု​ကျင့်​ကြ လိမ့်​မည်။ သူ​တို့​နှင့်​သင်​ဆက်​ဆံ​ခဲ့​သည့်​နည်း​အ​တိုင်း သူ​တို့​သည်​သင်​နှင့်​ဆက်​ဆံ​ကြ​လိမ့်​မည်။
16 Porque como has estado bebiendo en mi santo monte, así seguirán bebiendo todas las naciones sin fin; seguirán bebiendo y el vino les caerá por la garganta, y desaparecerán como si nunca hubieran estado.
၁၆ငါ့​လူ​မျိုး​တော်​သည်​ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သော တောင်​တော်​ပေါ်​တွင်၊ ငါ​၏​ဆိုး​ရွား​သော​အ​မျက်​တော်​စ​ပျစ် ရည်​ကို သောက်​ရ​ကြ​လေ​ပြီ။ အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ထို​ထက်​ပင်​ပို​မို​ဆိုး​ရွား​သည့်​အ​မျက်​တော် စ​ပျစ်​ရည်​ကို​သောက်​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက် ပြီး​နောက်၊ ကွယ်​ပျောက်​၍​သွား​ကြ​လိမ့်​မည်။
17 Pero en el monte de Sión, algunos serán salvados, y será santo; y los hijos de Jacob tomarán su herencia.
၁၇``သို့​ရာ​တွင်၊ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​ဘေး လွတ်​သူ​လူ​အ​ချို့​ရှိ​လိမ့်​မည်။ ထို​တောင်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​ရာ အ​ရပ်​ဖြစ်​လိမ့်​မည်။ ယာ​ကုပ်​၏​မျိုး​ဆက်​တို့​သည်​မိ​မိ​တို့ ပိုင်​ဆိုင်​ခွင့်​ရှိ​သည်။ ပြည်​တော်​ကို​အ​ပိုင်​ရ​ကြ​လိမ့်​မည်။
18 Y los hijos de Jacob serán un fuego y los de José una llama, y los hijos de Esaú serán rastrojo, quemados por ellos hasta que todo se haya ido; y no habrá gente viviendo en Esaú; porque el Señor lo ha dicho.
၁၈ယာ​ကုပ်​၏​မျိုး​ဆက်​များ​နှင့်​ယော​သပ်​၏ မျိုး​ဆက်​များ​သည်​မီး​နှင့်​တူ​လိမ့်​မည်။ မီး​သည်​အ​မှိုက်​သ​ရိုက်​ကို​ကျွမ်း​လောင်​စေ သ​ကဲ့​သို့၊ သူ​တို့​သည်​ဧ​သော​၏​မျိုး​ဆက်​များ​ကို သုတ်​သင်​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ဧ​သော​၏​သား​မြေး​တစ်​စုံ​တစ်​ယောက်​မျှ အ​သက် မ​သေ​ဘဲ​ကျန်​ရှိ​လိမ့်​မည်​မဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။
19 Y tomarán el sur, y las tierras bajas, y el país de Efraín y Galaad, como su herencia.
၁၉``ယု​ဒ​ပြည်​တောင်း​ပိုင်း​မှ​လူ​တို့​သည် ဧ​ဒုံ​ပြည် ကို​လည်း​ကောင်း၊ အ​နောက်​တောင်​ခြေ​ဒေ​သ​များ​မှ​လူ​တို့​က ဖိ​လိတ္တိ​ပြည်​ကို​လည်း​ကောင်း​သိမ်း​ယူ​ကြ လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ဧ​ဖ​ရိမ်​နှင့် ရှ​မာ​ရိ​နယ်​မြေ​များ​ကို​ပိုင်​ဆိုင်​ရ​ကြ​လျက်၊ ဗင်္ယာ​မိန်​လူ​မျိုး​တို့​က​ဂိ​လဒ်​ပြည်​ကို​ရ​ရှိ​ကြ လိမ့်​မည်။
20 Y los de los hijos de Israel que fueron los primeros en ser llevados prisioneros, tendrán su herencia entre los cananeos hasta Sarepta; y los que fueron sacados de Jerusalén, que están en Sefarad, tendrán las ciudades del sur.
၂၀ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​ပြည်​နှင်​ဒဏ် သင့်​သူ​တို့​၏​တပ်​မ​တော်​သည်​ပြန်​လာ​၍၊ မြောက်​ဘက်​ရှိ​ဇ​ရတ္တ​မြို့​တိုင်​အောင်​ဖို​နိ​ရှ ပြည်​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​မှ​ပြည်​နှင်​ဒဏ်​သင့်​၍ သေ​ဖ​ရဒ်​မြို့​သို့ ရောက်​ရှိ​နေ​သူ​များ​သည် ယု​ဒ​ပြည်​တောင်​ပိုင်း​မြို့​များ​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။
21 Y los que han sido salvados subirán del monte Sión para ser jueces del monte de Esaú; y el reino será del Señor.
၂၁အောင်​ပွဲ​ရ​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ ဧ​ဒုံ​ပြည်​ကို​တိုက်​ခိုက်​အုပ်​စိုး​ကြ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ထို​ပြည်​တွင်​နန်း​စံ​တော်​မူ​လိမ့်​မည်။'' ပ​ရော​ဖက်​သြ​ဗ​ဒိ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ပြီး​၏။

< Abdías 1 >