< Números 3 >

1 Estas son las generaciones de Aarón y Moisés, en el día en que la palabra del Señor vino a Moisés en el Monte Sinaí.
ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​သည့်​အ​ချိန် အ​ခါ​၌ အာ​ရုန်​နှင့်​မော​ရှေ​တို့​၏​မိ​သား​စု စာ​ရင်း​မှာ​ဤ​သို့​တည်း။-
2 Estos son los nombres de los hijos de Aarón: Nadab el mayor, y Abiú, Eleazar e Itamar.
အာ​ရုန်​တွင်​သား​ဦး​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ ဇာ​နှင့်​ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက် ရှိ​၏။-
3 Estos son los nombres de los hijos de Aarón, los sacerdotes, a quienes se puso el aceite santo, que fueron consagrados como sacerdotes.
သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဘိ​သိက် ခံ​ခဲ့​၍​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​ကြ​၏။-
4 Y Nadab y Abiú fueron condenados a muerte delante del Señor cuando hicieron una ofrenda de fuego extraño delante del Señor, en la tierra baldía del Sinaí, y no tuvieron hijos. Eleazar e Itamar hicieron el trabajo de los sacerdotes bajo la vigilancia de Aarón su padre.
သို့​ရာ​တွင်​နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​သိ​နာ တော​ကန္တာ​ရ​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော် အပ်​သော​မီး​ဖြင့်​ပူ​ဇော်​သော​ကြောင့်​သေ​ဆုံး​ခဲ့ ကြ​၏။ သူ​တို့​တွင်​သား​သ​မီး​များ​မ​ကျန်​ရစ် ခဲ့​ချေ။ ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​သည်​အာ​ရုန် ၏​လက်​အောက်​တွင်​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ကြ​ရ​သည်။
5 Y él Señor dijo a Moisés:
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
6 Haz que la tribu de Leví se acerque, y ponlos delante del sacerdote Aarón, para que sean sus ayudantes.
``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ဆင့်​ခေါ်​၍​ယဇ်​ပု​ရော ဟိတ်​အာ​ရုန်​၏​လက်​အောက်​တွင်​အ​မှု​တော်​ဆောင် ရွက်​စေ​လော့။-
7 Para que sean responsables ante él y ante todo Israel por el cuidado de la Tienda de reunión y por hacer el trabajo del santuario;
သူ​တို့​သည်​ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​ဆိုင် သော​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်။ ယဇ်​ပု​ရော ဟိတ်​များ​၏​ဝတ္တ​ရား​များ​နှင့်​ဣသ​ရေ​လ တစ်​မျိုး​သား​လုံး​နှင့်​ဆိုင်​သော​ဝတ္တ​ရား​များ ကို​ဆောင်​ရွက်​ရ​မည်။-
8 Y ellos cuidarán de todos los vasos de la Tienda de reunión y harán por los hijos de Israel todo el trabajo necesario del santuario.
သူ​တို့​သည်​တဲ​တော်​နှင့်​ဆိုင်​သော​ပစ္စည်း အား​လုံး​ကို​ထိန်း​သိမ်း​၍​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​တဲ​တော်​တွင်​အ​မှု​ထမ်း ရ​မည်။-
9 Den los levitas a Aarón y a sus hijos; para que sean suyos entre los hijos de Israel.
လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​အ​ဋ္ဌိ​က​တာ​ဝန် မှာ​အာ​ရုန်​နှင့် သူ​၏​သား​တို့​လက်​အောက်​၌ အ​မှု​ထမ်း​ခြင်း​ဖြစ်​သည်။-
10 Y da órdenes a Aarón y sus hijos para que guarden su lugar como sacerdotes; Cualquier persona extraña que se acerque será condenada a muerte.
၁၀သင်​သည်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား​ယဇ် ပု​ရော​ဟိတ်​၏​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ခန့် ထား​ရ​မည်။ မ​ဆိုင်​သူ​က​ယဇ်​ပု​ရော​ဟိတ် ဝတ္တ​ရား​များ​ကို​ဝင်​ရောက်​ဆောင်​ရွက်​လျှင် ထို​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်'' ဟု​မိန့် တော်​မူ​၏။
11 Y él Señor dijo a Moisés,
၁၁တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``လေ​ဝိ အ​နွယ်​ဝင်​တို့​ကို​ငါ​ပိုင်​၏။ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​၏​သား​ဦး​အား​လုံး​ကို​သေ ဒဏ်​ခတ်​စဉ်​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား မိ​သား​စု​တိုင်း​မှ​သား​ဦး​နှင့်​တိ​ရစ္ဆာန်​သား ဦး​ပေါက်​တို့​ကို​ငါ့​အ​တွက်​ရွေး​ချယ်​ခဲ့​သည်။ ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​စား​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ငါ့​အ​တွက် ရွေး​ယူ​ပြီ။ သူ​တို့​ကို​ငါ​ပိုင်​၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​သည်'' ဟု မိန့်​တော်​မူ​၏။
12 Mira, he sacado a los levitas de los hijos de Israel para que sean míos en lugar de los primeros hijos de los hijos de Israel;
၁၂
13 Porque todos los primeros hijos son míos; el día en que maté a todos los primeros hijos en la tierra de Egipto, santifique para mí cada primer nacimiento de hombre y bestia. Son míos; Yo soy el Señor.
၁၃
14 Y él Señor dijo a Moisés en la tierra del desierto del Sinaí:
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တော​ကန္တာ​ရ​တွင်၊-
15 Que todos los hijos de Leví sean contados por sus familias y las casas de sus padres; Que todos los hombres de un mes y más sean contados.
၁၅လေ​ဝိ​အ​နွယ်​ဝင်​ထဲ​မှ​တစ်​လ​သား​အ​ရွယ် နှင့်​အ​ထက်​ရှိ​သူ​တိုင်း​ကို သား​ချင်း​စု​နှင့် မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ရန်​အ​မိန့် ရှိ​တော်​မူ​သည့်​အ​တိုင်း၊-
16 Entonces Moisés hizo lo que el Señor le dijo, contándolos como se le había ordenado.
၁၆မော​ရှေ​လိုက်​နာ​ဆောင်​ရွက်​လေ​၏။-
17 Estos fueron los hijos de Leví de nombre: Gersón y Coat y Merari.
၁၇လေ​ဝိ​တွင်​ဂေ​ရ​ရှုန်၊ ကော​ဟတ်၊ မေ​ရာ​ရိ​ဟူ ၍​သား​သုံး​ယောက်​ရှိ​၏။ သူ​တို့​သည်​မိ​မိ​တို့ နာ​မည်​ခံ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​များ ဖြစ်​ကြ​သည်။ ဂေ​ရ​ရှုန်​တွင်​လိ​ဗ​နိ​နှင့်​ရှိ​မိ ဟူ​၍​သား​နှစ်​ယောက်၊ ကော​ဟတ်​တွင်​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​ဟူ​၍​သား လေး​ယောက်၊ မေ​ရာ​ရိ​တွင်​မ​ဟာ​လိ​နှင့် မု​ရှိ ဟူ​၍​သား​နှစ်​ယောက်​အ​သီး​သီး​ရှိ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နာ​မည်​ခံ​မိ​သား​စု များ​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။
18 Y estos son los nombres de los hijos de Gersón, por sus familias: Libni y Simei.
၁၈
19 Y los hijos de Coat, por sus familias: Amram e Izhar, Hebrón y Uziel.
၁၉
20 Y los hijos de Merari por sus familias: Mahli y Musi. Estas son las familias de los levitas en el orden de las casas de sus padres.
၂၀
21 De Gersón vienen los libnitas y los simeítas; estas son las familias de los gersonitas.
၂၁ဂေ​ရ​ရှုန်​၏​သား​ချင်း​စု​တွင်​လိ​ဗ​နိ​၏ မိ​သား​စု​နှင့်​ရှိ​မိ​၏​မိ​သား​စု​တို့​ပါ​ဝင်​၍၊-
22 Los contados de ellos, los varones de un mes y más, eran siete mil quinientos.
၂၂အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ​သူ ယောကျာ်း​ဦး​ရေ​စု​စု​ပေါင်း​မှာ​ခု​နစ်​ထောင့်​ငါး ရာ​ဖြစ်​သည်။-
23 Las tiendas de los gersonitas se colocarán en la parte posterior de la casa, al oeste.
၂၃ယင်း​သား​ချင်း​စု​သည်​တဲ​တော်​၏​အ​နောက် ဘက်​မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။-
24 El jefe de los gersonitas era Eliasaf, el hijo de Lael.
၂၄သူ​တို့​၏​ခေါင်း​ဆောင်​မှာ​လေ​လ​၏​သား​ဧ​လျာ သပ်​ဖြစ်​သည်။-
25 En la Tienda de la reunión, los Gersonitas deben tener el cuidado de la Casa, y la Tienda con su cubierta, y el velo para la puerta de la Tienda de la reunión,
၂၅သူ​တို့​သည်​တဲ​တော်​နှင့်​ဆိုင်​သော​အ​တွင်း​အ​မိုး၊ အ​ပြင်​အ​မိုး၊ တံ​ခါး​ဝ​ရှိ​ကန့်​လန့်​ကာ၊-
26 Y las cortinas para el atrio alrededor de la casa y el altar, y la cortina para su entrada, y todas las cuerdas necesarias para su uso.
၂၆တဲ​တော်​ဝင်း​ကို​ကာ​ရံ​ထား​သော​ကန့်​လန့်​ကာ များ​နှင့်​တဲ​တော်​ဝင်း​တံ​ခါး​ရှိ​ကန့်​လန့်​ကာ ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ​တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရ​ကြ​သည်။
27 De Coat vinieron los amramitas y los izharitas, los hebronitas y los uzielitas; estas son las familias de los coatitas.
၂၇ကော​ဟတ်​၏​သား​ချင်း​စု​တွင်​အာ​မ​ရံ​မိ​သား​စု၊ ဣ​ဇ​ဟာ​မိ​သား​စု၊ ဟေ​ဗြုန်​မိ​သား​စု၊ သြ​ဇေ​လ မိ​သား​စု​တို့​ပါ​ဝင်​၍၊-
28 Los contados de ellos, los varones de un mes y más, eran ocho mil seiscientos, que eran los responsables del cuidado del lugar santo.
၂၈အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ သူ​ယောကျာ်း​ဦး​ရေ စု​စု​ပေါင်း​မှာ​ရှစ်​ထောင့် ခြောက်​ရာ​ဖြစ်​သည်။-
29 Las tiendas de los coatitas se colocarán en el lado sur de la tienda de reunión.
၂၉ယင်း​သား​ချင်း​စု​သည်​တဲ​တော်​၏​တောင်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။-
30 Su jefe es Elizafan, el hijo de Uziel.
၃၀သူ​တို့​၏​ခေါင်း​ဆောင်​မှာ​သြ​ဇေ​လ​၏​သား ဧ​လိ​ဇာ​ဖန်​ဖြစ်​သည်။-
31 A su cuidado están él cofre del pacto, la mesa, las luces, los altares y todas las vasijas que se usan en el lugar santo, y el velo, y todo para lo que sirven.
၃၁သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ၊ စား​ပွဲ၊ မီး​ခုံ​တိုင်၊ ယဇ်​ပလ္လင်​များ၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် ယဇ်​ပု​ရော​ဟိတ်​များ​အ​သုံး​ပြု​သော​ခွက် ယောက်​များ​နှင့်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တံ​ခါး​ဝ​ရှိ​ကန့်​လန့်​ကာ​စ​သည်​တို့​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ​တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ကြ​ရ​သည်။
32 Eleazar, el hijo del sacerdote Aarón, encabezará a todos los levitas y supervisará a los responsables del cuidado del lugar santo.
၃၂လေ​ဝိ​အ​မျိုး​သား​တို့​၏​အ​ကြီး​အ​ကဲ​မှာ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ ဖြစ်​သည်။ သူ​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော် တွင်​တာ​ဝန်​ကျ​သူ​တို့​အား​ကြီး​ကြပ် ကွပ်​ကဲ​ရ​သည်။
33 De Merari vienen los mahlitas y los musitas; estas son las familias de merari.
၃၃မေ​ရာ​ရိ​၏​သား​ချင်း​စု​တွင်​မ​ဟာ​လိ မိ​သား​စု​နှင့်​မု​ရှိ​မိ​သား​စု​ပါ​ဝင်​၍၊-
34 Los contados de ellos, los varones de un mes y más, eran seis mil doscientos.
၃၄အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက် ရှိ​သူ​ယောကျာ်း​ဦး​ရေ​စု​စု​ပေါင်း​မှာ ခြောက်​ထောင့်​နှစ်​ရာ​ဖြစ်​သည်။-
35 El jefe de las familias de Merari fue Zuriel, el hijo de Abihail: sus tiendas se ubicarán en el lado norte de la Tienda de reunión.
၃၅ယင်း​သား​ချင်း​စု​သည်​တဲတော်​၏​မြောက်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။ သူ​တို့​၏​ခေါင်း ဆောင်​မှာ​အ​ဘိ​ဟဲ​လ​၏​သား​ဇု​ရေ​လ ဖြစ်​သည်။-
36 Y en su cuidado deben estar todas las tablas de la Tienda, con sus varillas, pilares y basas, y todos los instrumentos, y todo lo que se utiliza,
၃၆သူ​တို့​သည်​တဲ​တော်​ဘောင်​များ၊ တန်း​များ၊ တိုင်​များ၊ အောက်​ခံ​ခုံ​များ​နှင့်​ယင်း​တို့​နှင့် စပ်​လျက်​ရှိ​သော​တန်​ဆာ​များ​တို့​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို​ထိန်း​သိမ်း စောင့်​ရှောက်​ရ​ကြ​သည်။-
37 Y los pilares del espacio abierto a su alrededor, con sus bases y estacas y cuerdas.
၃၇သူ​တို့​သည်​တဲ​တော်​ဝင်း​ရှိ​တိုင်​များ၊ အောက်​ခံ ခုံ​များ၊ ကြက်​ဆူး​များ၊ ကြိုး​များ​ကို​လည်း ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။
38 Y aquellos cuyas tiendas deben colocarse en el lado este delante de la Tienda frente a la Tienda de reunión, mirando al amanecer, son Moisés y Aarón y sus hijos, quienes harán la obra del lugar santo por los hijos de israel; y cualquier persona extraña que se acerque será muerta.
၃၈မော​ရှေ၊ အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​တဲ တော်​အ​ရှေ့​ဘက်​မျက်​နှာ​တွင်​စ​ခန်း​ချ​ရ မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် ကိုး​ကွယ်​ဝတ်​ပြု​မှု​ဆိုင်​ရာ​ကိစ္စ​အ​ဝ​ဝ​တို့ ကို​ဆောင်​ရွက်​ရ​သည်။ မ​ဆိုင်​သူ​က​ဝင်​ရောက် ဆောင်​ရွက်​လျှင်​ထို​သူ​အား​သေ​ဒဏ်​စီ​ရင် ရမည်။-
39 Todos los levitas contados por Moisés y Aarón por orden del Señor, todos los varones de un mes de edad y más contados en el orden de sus familias, eran veintidós mil.
၃၉ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း မော​ရှေ​သည်​အ​သက်​တစ်​လ​သား​အ​ရွယ် နှင့်​အ​ထက်​ရှိ​လေ​ဝိ​အ​နွယ်​ဝင်​ယောကျာ်း တို့​ကို​သား​ချင်း​စု​အ​လိုက်​စာ​ရင်း​ကောက် ယူ​ရာ လူ​ဦး​ရေ​စု​စု​ပေါင်း​နှစ်​သောင်း​နှစ် ထောင်​ရ​ရှိ​လေ​သည်။
40 Y el SEÑOR dijo a Moisés: Sea contados los primeros hijos varones, y toma el número de sus nombres.
၄၀ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သား​ဦး​ရှိ​သ​မျှ​တို့​သည် ငါ​နှင့်​ဆိုင်​၏။ သို့​ဖြစ်​၍​အ​သက်​တစ်​လ​သား အ​ရွယ်​နှင့်​အ​ထက်​ရှိ​သား​ဦး​အား​လုံး​တို့ ၏​နာ​မည်​စာ​ရင်း​ကို​ကောက်​ယူ​လော့။ သို့​ရာ တွင်​ထို​သူ​တို့​ကို​ငါ​ပိုင်​ဆိုင်​ရာ​အ​ဖြစ်​ရွေး ချယ်​မည့်​အ​စား​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း တို့​ကို​ရွေး​ချယ်​၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ ထို့​အ​ပြင်​သိုး​နွား​တိ​ရစ္ဆာန် သား​ဦး​ပေါက်​အား​လုံး​ကို​ငါ​ပိုင်​ဆိုင်​ရာ အ​ဖြစ်​ရွေး​ချယ်​မည့်​အ​စား​ငါ​သည်​လေ​ဝိ အ​နွယ်​ဝင်​တို့​၏​သိုး​နွား​တိ​ရစ္ဆာန်​တို့​ကို ငါ​ရွေး​ချယ်​၏'' ဟု​မိန့်​တော်​မူ​၏။-
41 Y dame a los levitas (yo soy el Señor) en lugar de los primeros hijos de los hijos de Israel; y el ganado de los levitas en lugar de los primeros nacimientos entre el ganado de los hijos de Israel.
၄၁
42 Así que Moisés hizo que todos los primeros hijos de los hijos de Israel fueran contados, como el Señor le dijo.
၄၂မော​ရှေ​သည်​ထာ​ဝ​ရ​ဘုရား​၏​အ​မိန့်​တော် အ​တိုင်း၊-
43 Cada primer hijo de un mes o más fue numerado por su nombre, y el número llegó a veintidos mil doscientos setenta y tres.
၄၃အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ ကို​စာ​ရင်း​ကောက်​ယူ​ရာ​စု​စု​ပေါင်း​နှစ်​သောင်း နှစ်​ထောင့်​နှစ်​ရာ​ခု​နစ်​ဆယ့်​သုံး​ယောက်​ရှိ​၏။
44 Y él Señor dijo a Moisés:
၄၄တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
45 Toma a los levitas en lugar de todos los primeros hijos de los hijos de Israel, y al ganado de los levitas en lugar de su ganado; los levitas han de ser míos; Yo soy el Señor.
၄၅``ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား ဦး​အ​ပေါင်း​တို့​အ​စား​လေ​ဝိ​အ​မျိုး​သား တို့​ကို​ငါ့​အား​ဆက်​ကပ်​လော့။ လေ​ဝိ​အ​မျိုး သား​တို့​၏​သိုး​နွား​တိ​ရစ္ဆာန်​သား​ဦး​ပေါက် တို့​ကို​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​သား​ဦး​ပေါက်​တို့​အ​စား ငါ့​အား​ဆက်​ကပ်​လော့။-
46 Y el precio que debes dar a los doscientos setenta y tres primeros hijos de los hijos de Israel, que se suman al número de los levitas.
၄၆ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​ရေ​အ​တွက်​သည်​လေ​ဝိ​အ​မျိုး​သား​ဦး ရေ​ထက်​နှစ်​ရာ​ခု​နစ်​ဆယ့်​သုံး​ယောက်​ပို​သော ကြောင့်​ပို​များ​သော​ဦး​ရေ​ကို​ရွေး​ယူ​ရ​မည်။-
47 Serán cinco siclos por cada uno, según la escala del lugar santo (el siclo es veinte gerahs);
၄၇တစ်​ဦး​လျှင်​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ​ရ​မည်။-
48 Y este dinero, el precio de aquellos sobre el número de los levitas, debe ser dado a Aarón y sus hijos.
၄၈ထို​ငွေ​ကို​အာ​ရုန်​နှင့်​သူ​၏​သား​တို့​လက်​သို့ ပေး​အပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
49 Entonces Moisés tomó el dinero, el precio de aquellos cuyo lugar no había sido tomado por los levitas;
၄၉မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် အ​တိုင်း​ရ​ရှိ​သော၊-
50 De los primeros hijos de Israel lo tomó, mil trescientos sesenta y cinco siclos, por la escala del lugar santo;
၅၀ငွေ​သား​တစ်​ထောင့်​သုံး​ရာ​ခြောက်​ဆယ့်​ငါး ကျပ်​ကို၊-
51 Y dio el dinero a Aarón y a sus hijos, como el Señor le había dicho a Moisés.
၅၁အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား​ပေး​အပ်​လေ သည်။

< Números 3 >