< San Mateo 1 >
1 El libro de las generaciones de Jesucristo, el hijo de David, el hijo de Abraham.
၁အာဗြဟံ နှင့် ဒါဝိဒ် တို့မှ ဆင်းသက် တော်မူသောယေရှု ခရစ် ၏ဆွေ တော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား၊
2 El hijo de Abraham fue Isaac; y el hijo de Isaac fue Jacob; y los hijos de Jacob fueron Judá y sus hermanos;
၂အာဗြဟံ သား ဣဇာက် ။ ဣဇာက် သား ယာကုပ် ။ ယာကုပ် သား ယုဒ မှစ၍ ညီနောင် တစ်စု။
3 Y los hijos de Judá y Tamar fueron Fares y Zara; y el hijo de Fares fue Esrom; y el hijo de Esrom fue Aram;
၃ယုဒ သည် မိမိခင်ပွန်းတာမာ တွင် မြင် သောသားဖာရက် နှင့် ဇာရ ။ ဖာရက် သား ဟေဇရုံ ။ ဟေဇရုံ သား အာရံ ။
4 Y el hijo de Aram fue Aminadab; y el hijo de Aminadab fue Naasón; y el hijo de Naasón fue Salmón;
၄အာရံ သား အမိနဒပ် ။ အမိနဒပ် သား နာရှုန် ။ နာရှုန် သား စာလမုန် ။
5 Y el hijo de Salmón y Rahab fue Booz; y el hijo de Booz y Rut fue Obed; y el hijo de Obed fue Isai;
၅စာလမုန် သည် မိမိခင်ပွန်းရာခပ် တွင် မြင် သော သားဗောဇ ။ ဗောဇ သည် မိမိခင်ပွန်းရုသ တွင် မြင် သော သားဩဗက် ။ ဩဗက် သား ယေရှဲ ။ ယေရှဲ သား ဒါဝိဒ် မင်းကြီး တည်း။
6 Y el hijo de Isaí fue David el rey; y el hijo de David fué Salomón con la que había sido mujer de Urías;
၆ဒါဝိဒ် မင်းကြီးသည် ဥရိယ ၏ခင်ပွန်းဖြစ်ဘူးသော မိန်းမ တွင် မြင် သောသားရှောလမုန် ။
7 Y el hijo de Salomón fue Roboam; y el hijo de Roboam fue Abías; y el hijo de Abías fue Asa;
၇ရှောလမုန် သား ရောဗောင် ။ ရောဗောင် သား အဘိယ ။ အဘိယ သား အာသ ။
8 Y el hijo de Asa fue Josafat; y el hijo de Josafat fue Joram; y el hijo de Joram fue Uzías;
၈အာသ သား ယောရှဖတ် ။ ယောရှဖတ် သား ယဟောရံ ။ ယဟောရံ သား ဩဇိ ။
9 Y el hijo de Uzías fue Jotam; y el hijo de Jotam fue Acaz; y el hijo de Acaz fue Ezequías;
၉ဩဇိ သား ယောသံ ။ ယောသံ သား အာခတ် ။ အာခတ် သား ဟေဇကိ ။
10 Y el hijo de Ezequías fue Manasés; y el hijo de Manasés fue Amón; y el hijo de Amón fue Josías;
၁၀ဟေဇကိ သား မနာရှေ ။ မနာရှေ သား အာမုန် ။ အာမုန် သား ယောရှိ ။
11 Y los hijos de Josías fueron Jeconías y sus hermanos, en el tiempo de la deportación a Babilonia.
၁၁ယောရှိ သား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန် မြို့သို့ နေရာပြောင်း ခါနီးတွင် မြင်သောသား ယေခေါနိ မှစ၍ ညီနောင် တစ်စုတည်း။
12 Y después de la deportación a Babilonia, Jeconías tuvo un hijo Salatiel; y Salatiel a Zorobabel;
၁၂ဗာဗုလုန် မြို့သို့ နေရာပြောင်း သည့်နောက် ၊ ယေခေါနိ သား ရှာလသေလ ။ ရှာလသေလ သား ဇေရုဗဗေလ ။
13 Y Zorobabel tuvo a Abiud; y Abiud tuvo a Eliaquim; y Eliaquim a Azor;
၁၃ဇေရုဗဗေလ သား အဗျုဒ် ။ အဗျုဒ် သား ဧလျာကိမ် ။ ဧလျာကိမ် သား အာဇော် ။
14 Y Azor a Sadoc; y Sadoc tuvo Aquim; y Aquim tuvo a Eliud;
၁၄အာဇော် သား ဇာဒုတ် ။ ဇာဒုတ် သား အာခိမ် ။ အာခိမ် သား ဧလုဒ် ။
15 Y Eliud tuvo a Eleazar; y Eleazar a Matán; y Matán tuvo a Jacobo;
၁၅ဧလုဒ် သား ဧလာဇာ ။ ဧလာဇာ သား မဿန် ။ မဿန် သား ယာကုပ် ။
16 Y el hijo de Jacobo fue José, marido de María, que dio a luz a Jesús, llamado el Cristo.
၁၆ယာကုပ် မြင် သောသားကား ၊ မာရိ ၏ ခင်ပွန်း ယောသပ် တည်း။ ထိုမာရိသည် ခရစ် ဟုခေါ်ဝေါ် သမုတ်သော ယေရှု ၏ မယ်တော် ဖြစ်၏။
17 De manera que todas las generaciones desde Abraham hasta David son catorce generaciones; y desde David hasta la deportación a Babilonia, catorce generaciones; y de la deportación a Babilonia a la venida de Cristo, catorce generaciones.
၁၇ဤသို့ လျှင်၊ မျိုးစဉ် နွယ်ဆက်ပေါင်း ကား၊ အာဗြဟံ မှ သည် ဒါဝိဒ် တိုင်အောင် တစ်ဆယ်လေး ဆက် ၊ ဒါဝိဒ် မှ သည် ဗာဗုလုန် မြို့သို့ နေရာပြောင်း သည်တိုင်အောင် တစ်ဆယ်လေး ဆက် ၊ ဗာဗုလုန် မြို့သို့ ပြောင်း ပြီးမှသည် ခရစ်တော် တိုင်အောင် တစ်ဆယ်လေး ဆက် ဖြစ်သတည်း။
18 Ahora el nacimiento de Jesucristo fue de esta manera: cuando su madre, María, iba a casarse con José, antes de que se unieran, se descubrió que estaba encinta por el Espíritu Santo.
၁၈ယေရှု ခရစ် သည် ဘွားမြင် ခြင်းကို ခံ တော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော် မာရိ သည် ယောသပ် နှင့် ထိမ်းမြား ဆောင်နှင်း၍ မ ရှက်တင် မှီတွင် သန့်ရှင်း သောဝိညာဉ် တော်ကြောင့် ပဋိသန္ဓေ စွဲနေ၏။
19 Y José, su esposo, siendo un hombre recto, y no deseando infamarla públicamente, tuvo la intención de dejarla en privado.
၁၉သူ ၏ခင်ပွန်း ယောသပ် သည် သူတော်ကောင်း ဖြစ် ၍ ၊ မာရိ အသရေ ကို မ ပျက်စေချင် သောကြောင့် တိတ်ဆိတ် စွာစွန့်ပယ် မည်ဟု အကြံရှိ ၏။
20 Pero cuando pensaba en estas cosas, un ángel del Señor vino a él en sueños, y le dijo: José, hijo de David, no temas tomar a María por esposa. porque el hijo que va a tener es del Espíritu Santo.
၂၀ထိုသို့ ကြံစည် ၍နေစဉ်တွင် အိပ်မက် ကိုမြင်ရသည်မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည် ထင်ရှား ၍၊ ဒါဝိဒ် အမျိုး ယောသပ် ၊ သင် ၏ခင်ပွန်း မာရိ ကို ထိန်းသိမ်း ရမည်အခွင့်ကို မ စိုးရိမ် နှင့်။ ဤပဋိသန္ဓေ သည် သန့်ရှင်း သောဝိညာဉ် တော်ကြောင့် ဖြစ် ၏။
21 Y dará a luz un hijo; y le pondrás el nombre de Jesús; porque él dará a su pueblo la salvación de sus pecados.
၂၁သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထိုသား သည် မိမိ လူ တို့ကိုအပြစ် မှ ကယ်ချွတ် မည်သူ ဖြစ်သောကြောင့် ၊ ယေရှု ဟူသောအမည် ဖြင့် မှည့် ရမည်ဟု ကောင်းကင်တမန်ဆို ၏။
22 Todo esto sucedió para que la palabra del Señor por medio del profeta se cumpliera,
၂၂ထိုအကြောင်း အရာမူကား ၊ ထာဝရ ဘုရားသည် ပရောဖက် ဖြင့် ထားတော်မူသောဗျာဒိတ် တော် ပြည့်စုံ မည် အကြောင်း တည်း ။
23 Mira, la virgen concebirá y dará a luz un hijo, y le pondrán por nombre Emanuel, es decir, Dios con nosotros.
၂၃ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှု လော့။ သတို့သမီး ကညာသည် ပဋိသန္ဓေ စွဲယူ ၍ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရကြလတံ့ဟုလာသတည်း။ ဧမာနွေလ အနက် ကား ငါ တို့နှင့်အတူ ရှိတော်မူသောဘုရားသခင် ဟု ဆိုလို သတည်း။
24 Y José hizo como el ángel del Señor le había dicho, y la tomó por esposa;
၂၄ယောသပ် သည် အိပ်ပျော် ရာမှ နိုး လျှင် ထာဝရ ဘုရား၏ကောင်းကင်တမန် မှာထား သည့်အတိုင်း ပြု ၍ မိမိ ခင်ပွန်း ကို ထိန်းသိမ်း လေ၏။
25 Y no vivieron como esposos hasta que dio a luz a su hijo primogénito; y le dio el nombre de Jesús.
၂၅သို့သော်လည်း ၊ သား ဦးကို မ ဘွား မှီတိုင်အောင် သံဝါသ မ ပြုဘဲနေ၏။ ထိုသား ကိုလည်း ယေရှု ဟူသောအမည် ဖြင့် မှည့် လေ၏။