< Marcos 9 >

1 Y les dijo: De cierto les digo, que hay algunos que no probarán la muerte hasta que vean venir el reino de Dios con poder.
ငါအမှန် ဆို သည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် တန်ခိုး နှင့်တကွတည် ကြောင်းကို ဤ အရပ်၌ ရှိ သောသူ အချို့ တို့သည် မ မြင် မှီသေ ခြင်းသို့ မ ရောက် ရကြ ဟုမိန့် တော်မူ၏။
2 Y después de seis días, Jesús tomó consigo a Pedro, a Santiago y a Juan, y los hizo subir con él a lo alto de la montaña solos; y fue transformado en apariencia delante de ellos.
ခြောက် ရက် လွန် သောအခါ ယေရှု သည် ပေတရု ၊ ယာကုပ် ၊ ယောဟန် တို့ကိုခေါ် ၍ ၊ အခြား သူမပါဘဲမြင့် လှစွာသော တောင် ပေါ်တွင်ဆိတ်ကွယ် ရာအရပ်သို့ ဆောင်ကြွ တော်မူ၏။ သူ တို့ရှေ့ ၌ထူးခြားသော အဆင်း အရောင်နှင့် ပြည့်စုံသည်ဖြစ်၍ ၊
3 Y su ropa se volvió resplandeciente, muy blanca, que por más que la lavara no quedaría así.
အဝတ် တော်လည်း ပြောင်လက် လျှက်၊ ဤမြေ ၌ အဘယ်ခဝါသည် မျှ မ တတ်နိုင် အောင် မိုဃ်းပွင့်ကဲ့သို့ အလွန် ဖြူ လျက်ရှိ၏။
4 Y vino delante de ellos Elías con Moisés, y ellos estaban hablando con Jesús.
မောရှေ နှင့် ဧလိယ သည် ထင်ရှား ၍ ယေရှု နှင့်အတူ စကားပြောလျက် ရှိ ၏။
5 Y Pedro le dijo a Jesús: Maestro, es bueno para nosotros estar aquí; y hagamos tres tiendas; una para ti, una para Moisés y otra para Elías.
ထိုအခါ ပေတရု က အရှင် ဘုရား၊ ဤ အရပ်၌ နေ ဘွယ်ကောင်း ပါ၏။ ကိုယ်တော် ဘို့ တဲတစ် ဆောင်၊ မောရှေ ဘို့တစ် ဆောင်၊ ဧလိယ ဘို့တစ် ဆောင်၊ တဲ သုံး ဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု လျှောက် လေ ၏။
6 Porque no estaba seguro de qué hablar, porque tenían un gran temor.
တပည့် တော်တို့သည် အလွန်ကြောက် သောကြောင့် ပေတရုသည် ယောင်ယမ်း ၍ ထိုသို့လျှောက် သတည်း။
7 Y una nube los cubrió; y una voz salió de la nube, diciendo: Este es mi Hijo amado, escuchenlo.
ထိုအခါ မိုဃ်းတိမ် သည် သူ တို့ကိုလွှမ်းမိုး ၍ ၊ ဤသူ သည်ငါ ၏ချစ် သား ပေတည်း ။ သူ ၏စကားကို နားထောင် ကြလော့ဟု မိုဃ်းတိမ် က အသံ တော်ဖြစ် လေ၏။
8 Y de repente mirando alrededor, ya no vieron a nadie, sino a Jesús solo con ellos.
ထိုခဏခြင်း တွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှု လျှင်၊ မိမိ တို့နှင့်အတူ ယေရှု တယောက်တည်း မှတပါး အဘယ်သူ ကိုမျှ မ မြင် ကြ။
9 Y mientras descendían del monte, les ordenó que no dieran noticia a ninguno de los hombres de lo que habían visto, hasta que el Hijo del hombre hubiera resucitado.
တောင် ပေါ် မှဆင်းကြွ သောအခါ ကိုယ်တော်က၊ လူ သား သည် သေ ခြင်းမှ မ ထမြောက် မှီတိုင်အောင်သင်တို့ ယခုမြင် သောအရာ ကို အဘယ်သူ အားမျှ မကြား မပြောကြနှင့်” ဟု တပည့် တော်တို့ကို ပညတ် တော်မူ၏။
10 Y guardaron el secreto entre ellos, preguntándose entre ellos que seria eso de resucitar.
၁၀တပည့်တော်တို့သည် ထိုစကား ကို မှတ်မိ ၍ သေ ခြင်းမှ ထမြောက် ခြင်းသည် အဘယ်သို့ ဆိုလို သနည်း ဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ ၏။
11 Y le preguntaron, diciendo: ¿Por qué dicen los escribas que Elías tiene que ser el primero?
၁၁ထိုအခါ တပည့်တော်တို့က၊ ဧလိယ သည် အရင် လာ မည်ဟု ကျမ်းပြု ဆရာတို့သည် အဘယ်ကြောင့် ဆို ပါသနည်းဟု မေးလျှောက် ကြလျှင် ၊
12 Y él les dijo: En verdad, Elías es el primero, y pone todo en orden; ¿y cómo se dice en las Escrituras que el Hijo del hombre sufrirá mucho y será hecho como nada?
၁၂ကိုယ်တော်က၊ ဧလိယ သည် အရင် လာ ၍ အလုံးစုံ တို့ကို ပြုပြင် ရသည် မှန် ပေ၏။ လူ သား သည်လည်း အလွန် ဆင်းရဲ ၍ ကဲ့ရဲ့ ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာ လာ၏။”
13 Pero yo les digo que Elías ha venido, y le hicieron todo lo que quisieron hacer, como lo dicen las Escrituras acerca de él.
၁၃ငါဆို သည်ကား၊ ဧလိယ သည် ရောက် လေပြီ။ သူ ၏အကြောင်း ကို ကျမ်းစာရေး ထားသည်အတိုင်း လူ များသည် သူ့ အားပြုချင် သမျှ ကို ပြု ကြပြီ” ဟုမိန့် တော်မူ၏။
14 Y cuando llegaron a los discípulos, vieron a una gran multitud de personas a su alrededor, y escribas que los interrogaban.
၁၄တပည့် တော်တို့ရှိရာ သို့ ရောက် တော်မူသောအခါ များစွာ သောလူ အစုအဝေးသည် သူ တို့ကို ဝိုင်း လျက် ၊ ကျမ်းပြု ဆရာတို့သည် သူ တို့နှင့် ဆွေးနွေး မေးမြန်းကြသည်ကို မြင် တော်မူ၏။
15 Y luego todo el pueblo, cuando lo vieron, se llenaron de asombro, y corriendo hacia él, le dieron culto.
၁၅စုဝေး လျက်ရှိသော လူအပေါင်း တို့သည် ကိုယ်တော် ကိုမြင် လျှင် ချက်ခြင်း အံ့ဩ မိန်းမောခြင်းရှိလျက် အထံ တော်သို့ ပြေး ၍ နှုတ်ဆက် ကြ၏။
16 Y él les preguntó a los escribas: ¿Que estaban discutiendo con ellos?
၁၆ကိုယ်တော်ကလည်း ၊ သင်တို့သည် သူ တို့နှင့် အဘယ်သို့ ဆွေးနွေး မေးမြန်းကြသနည်း ဟု ကျမ်းပြု ဆရာ တို့ကို မေး တော်မူလျှင်၊
17 Y uno de los que estaban en la multitud respondió: Maestro, vine a ti con mi hijo, que tiene un espíritu mudo;
၁၇လူ အစုအဝေး၌ ပါသော သူ တယောက် က၊ အရှင် ဘုရား၊ အ သောနတ် အစွဲခံရ သော အကျွန်ုပ် ၏သား ကို အထံ တော်သို့ ဆောင်ခဲ့ ပါပြီ။
18 Y donde quiera que lo encuentra y se posesiona de él, lo tira al suelo lo convulsiona echa espuma, rechina los dientes y se pone rígido; e hice un pedido a tus discípulos para que lo echaran, y ellos no pudieron.
၁၈နတ်သည် ဘမ်းစား လေ ရာရာ၌ သူ့ ကိုမြေပေါ်မှာလှဲ ၍ ၊ သူ သည်လည်း ခံတွင်း မှ အမြှုတ်ထွက်လျက် ၊ အံသွား ခဲကြိတ် လျက် ၊ ပိန်ခြောက် လျက်နေရပါ၏။ ထိုနတ် ကို နှင်ထုတ် ပါမည်အကြောင်း တပည့် တော်တို့အား အကျွန်ုပ်လျှောက် ၍ သူတို့သည် မ တတ်နိုင် ကြပါဟု လျှောက် သော်၊
19 Y les dijo a ellos en respuesta: ¡Oh generación sin fe, cuánto tiempo tendré que estar con ustedes! ¿Cuánto tiempo voy a aguantar su falta de fe? deja que venga a mí.
၁၉ကိုယ်တော်က၊ ယုံကြည် ခြင်းမရှိသောအမျိုး ၊ ငါသည် သင် တို့နှင့်တကွ အဘယ်မျှ ကာလ ပတ်လုံးနေ ရ မည်နည်း။ သင် တို့ကို အဘယ်မျှ ကာလ ပတ်လုံးသည်းခံ ရမည်နည်း။ သူငယ် ကို ငါ့ ထံသို့ ယူခဲ့ ကြ” ဟု မိန့် တော်မူသည်အတိုင်း ၊ယူခဲ့ ကြ၏။
20 Y lo llevaron a él; y cuando lo vio, el espíritu en él se volvió violento inmediatamente; y cayó al cielo, rodando y echando espuma por la boca.
၂၀ထိုနတ် သည် ကိုယ်တော် ကိုမြင် လျှင် ချက်ခြင်း သူငယ် ကို တောင့်မာ စေသဖြင့် သူငယ်သည် မြေ ပေါ်မှာ လဲ ၍ အမြှုတ် ထွက်လျက် ကိုယ်ကို လှိမ့် လျက်နေ၏။
21 Y Jesús preguntando al padre dijo: ¿Desde cuando ha estado así? Y él dijo: Desde niño.
၂၁ကိုယ်တော်ကလည်း၊ ဤသို့ ဖြစ် သည်ကား၊ အဘယ်မျှလောက် ကြာ ပြီနည်း” ဟု သူငယ် ၏အဘ အား မေး တော်မူလျှင် ၊ အဘက၊ ငယ် သောအရွယ်ကပင် ဖြစ်ပါ၏။
22 Y con frecuencia lo ha enviado al fuego y al agua, para su destrucción; pero sí puedes hacer algo, tenga piedad de nosotros y ayúdanos.
၂၂သူငယ် ကို သေ စေခြင်းငှာ မီး ၌ ၎င်း ၊ ရေ ၌ ၎င်း အကြိမ်ကြိမ် လဲ စေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင် တော်မူလျှင် အကျွန်ုပ် တို့ကို သနား ၍ကယ် တော်မူပါဟု လျှောက် လေ၏။
23 Y Jesús le dijo: ¡Si puedes creer! Todas las cosas son posibles para el que tiene fe.
၂၃ယေရှု ကလည်း ၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည် သောသူ ဖြစ် လျှင် ခပ်သိမ်း သောအမှုတို့ကို တတ်နိုင် သည်” ဟု မိန့် တော်မူ၏။
24 En seguida, el padre del niño dio un grito, diciendo: Tengo fe; hacer que mi débil fe sea más fuerte.
၂၄သူငယ် ၏အဘ သည် ချက်ခြင်း ဟစ်ကြော် ၍ အကျွန်ုပ်ယုံကြည် ပါ၏သခင်။ မယုံကြည် သည်ကို မစ တော်မူပါဟု မျက်ရည်နှင့် လျှောက် ပြန်လေ၏။
25 Y viendo Jesús que el pueblo corría, dio orden al espíritu inmundo, diciéndole: Espíritu tú, que eres la causa de su pérdida de voz y de oído, te digo que salgas de él, y nunca más entres en él.
၂၅ထိုအခါ လူ များတို့သည် စုဝေး လျက် ပြေးလာကြသည်ကို ယေရှု သည်မြင် လျှင်၊ နားပင်း ၍ စကား အ သောနတ် ၊ သူငယ် မှ ထွက် လော့၊ နောက်တစ်ဖန် မဝင် နှင့် ငါ အမိန့် ရှိ၏ ဟု ထိုညစ်ညူး သောနတ် ကို ဆုံးမ ၍ မိန့် တော်မူသဖြင့် ၊
26 Y después de dar voces y sacudirlo violentamente, salió; y el niño se quedó como un muerto; así que la mayoría de ellos dijo: Está muerto.
၂၆နတ်သည် အော်ဟစ် ၍ အလွန် တောင့်မာ စေပြီးမှ ထွက်သွား ၏။ သူငယ်သည် သေ သကဲ့သို့ ဖြစ် ၏။ သေ ပြီဟု လူများ ဆို ကြ၏။
27 Pero Jesús lo tomó de la mano y lo levantó; y él se levantó.
၂၇ယေရှု သည် သူ၏ လက် ကိုကိုင် ၍ ချီကြွ တော်မူသဖြင့် သူသည်ထ လေ၏။
28 Cuando entró en la casa, sus discípulos le dijeron en privado: ¿Por qué no hemos podido echarlo fuera?
၂၈အိမ် သို့ ဝင် တော်မူပြီးမှ တပည့် တော်တို့က၊ အကျွန်ုပ် တို့သည် ထိုနတ် ကို အဘယ်ကြောင့် မ နှင်ထုတ် နိုင် ပါသနည်းဟု တိတ်ဆိတ် စွာမေးလျှောက် ကြသော်၊
29 Y les dijo: Nada hará que salga este género, sino la oración y ayuno.
၂၉ကိုယ်တော်က၊ ဆုတောင်း ခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့ သောအားဖြင့် ထို နတ်မျိုး သည် မ ထွက် နိုင် ဟု မိန့် တော်မူ၏။
30 Y salieron de allí, por Galilea; y era su deseo que ningún hombre lo supiera;
၃၀ထို အရပ်မှထွက် ၍ ဂါလိလဲ ပြည်အလယ်၌ ရှောက်သွား ကြစဉ်တွင်အဘယ်သူ မျှသိ စေခြင်းငှာ အလို တော်မ ရှိ။
31 Porque enseñaba a sus discípulos y les decía: El Hijo del hombre es entregado en manos de hombres, y le matarán; y cuando él esté muerto, después de tres días volverá de entre los muertos.
၃၁အကြောင်းမူကား ၊ လူ သား သည် လူ တို့လက် သို့ အပ်နှံ ခြင်းကို၎င်း ၊ အသေ သတ်ခြင်းကို၎င်းခံရမည်။
32 Pero el dicho no era claro para ellos, y temían cuestionarlo al respecto.
၃၂ခံပြီးမှ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟူသော အကြောင်းများကို တပည့် တော်တို့အား ပြ တော်မူ၏။ ထိုအကြောင်း များကို သူ တို့သည် နားမလည် သော်လည်း ၊ ကိုယ်တော် ကို မမေး မ လျှောက်ဝံ့ကြ။
33 Y vinieron a Capernaúm; y estando él en la casa, les preguntó: ¿De qué estabas hablando en el camino?
၃၃ကပေရနောင် မြို့သို့ ရောက် ၍ အိမ် ၌ ရှိ တော်မူလျှင် ၊ သင်တို့သည် လမ်း ၌ အဘယ် အမှုကို အချင်းချင်း ငြင်းခုံ ကြသနည်းဟု မေး တော်မူသည်ကို၊
34 Pero no dijeron nada: porque habían tenido una discusión entre ellos en el camino, sobre quién era el mejor.
၃၄သူ တို့သည် တိတ်ဆိတ် စွာနေကြ၏။ အကြောင်းမူကား ၊ အဘယ်သူ သည်သာ၍ ကြီးမြတ်အံ့နည်းဟု လမ်း ၌ အချင်းချင်း ငြင်းခုံ ကြ၏။
35 Y sentándose, hizo venir a los doce; y les dijo: Si alguno tiene el deseo de ser el primero, será el último de todos y el servidor de todos.
၃၅ထိုအခါ ကိုယ်တော်သည် ထိုင် လျက် တစ်ကျိပ် နှစ်ပါးတို့ကိုခေါ် တော်မူ၍ ၊ အရင် အဦးဖြစ်လို သောသူ မည်သည်ကား နောက်ဆုံး ဖြစ် ရမည်။ အလုံးစုံ တို့၏ အစေခံ လည်း ဖြစ် ရမည်” ဟု မိန့် တော်မူ၏။
36 Y tomó un niño, y lo puso en medio de ellos; y tomándolo en sus brazos, les dijo:
၃၆သူငယ် တစ်ယောက်ကိုလည်း ယူ ၍ သူ တို့အလယ် ၌ ထား ပြီးမှ လက်တော်နှင့်ချီပိုက် လျက်၊
37 Cualquiera que dé honor a un niño tan pequeño en mi nombre, me honra; y el que me honra, no me honra, sino al que me envió.
၃၇အကြင်သူ သည် ငါ့ မျက်နှာ ကိုထောက်၍ဤကဲ့သို့ သော သူငယ် တစ်စုံတစ်ယောက် ကိုလက်ခံ ၏။ ထိုသူ သည် ငါ့ ကိုပင်လက်ခံ ၏။ ငါ့ ကိုလက်ခံ သောသူ သည်လည်း ငါ့ ကိုသာ လက်ခံ သည်မ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုပင် လက်ခံသည်” ဟု မိန့် တော်မူ၏။
38 Juan le dijo: Maestro, vimos a uno que expulsaba espíritus malos en tu nombre; y dijimos que no lo hiciera, porque no es uno de nosotros.
၃၈ယောဟန် ကလည်း၊ အရှင် ဘုရား၊ အကျွန်ုပ်တို့နှင့်အတူမလိုက်ဘဲလျက် ကိုယ်တော် ၏နာမ ကို အမှီပြု နတ်ဆိုး တို့ကိုနှင်ထုတ် သောသူတစ် ယောက်ကို အကျွန်ုပ်တို့ တွေ့ပါ၏။ သူသည်အကျွန်ုပ် တို့နှင့်အတူမ လိုက် သောကြောင့် အကျွန်ုပ်တို့သည် မြစ်တား ကြပါသည်ဟု လျှောက် လေသော်၊
39 Pero Jesús dijo: No digas; porque no hay varón que haga gran obra en mi nombre, y que al mismo tiempo diga mal de mí.
၃၉ယေရှု က၊ ထိုသူ ကိုမ မြစ်တား ကြနှင့်။ ငါ့ နာမ ကို အမှီပြု လျက် တန်ခိုး ကိုပြ ၍ ငါ့ ကိုအလွယ်တကူ ကဲ့ရဲ့ နိုင် သောသူ တစ်ယောက်မျှ မရှိ ။”
40 El que no está contra nosotros es por nosotros.
၄၀သင်တို့၏ရန်သူ ဘက်၌မ ရှိ သောသူ သည် သင်တို့ ဘက် ၌ရှိ ၏။”
41 El que les da un vaso de agua, porque son de Cristo, de cierto os digo que de ninguna manera estará sin su recompensa.
၄၁သင်တို့သည်ခရစ်တော် နှင့် ဆိုင် သည်ဟု ငါ့မျက်နှာကိုထောက်၍အကြင်သူ သည် သင် တို့အား ရေ တခွက် ကိုမျှပေး ၏။ ထိုသူသည် အကျိုး ကို မ ရဘဲမ နေရာ၊ ငါအမှန် ဆို ၏။”
42 Y cualquiera que cause problemas a uno de estos pequeños que tiene fe en mí, sería mejor para él que le pusieran una gran piedra en el cuello y lo tiraran al mar.
၄၂ငါ့ ကို ယုံကြည် သော ဤ သူငယ် တစ်စုံတစ်ယောက် ကို အကြင်သူ သည် မှားယွင်း စေ၏။ ထိုသူသည်လည်ပင်း ၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ ၍ ပင်လယ် ၌ ချ ခြင်းကိုခံရလျှင် အနေသာ၍ ကောင်း ၏။”
43 Y si tu mano te lleva al pecado, que sea cortada; es mejor para ti ir a la vida con una mano que tener dos manos e ir al infierno, al fuego eterno. (Geenna g1067)
၄၃သင် ၏လက် သည်သင့် ကိုမှားယွင်း စေလျှင် လက် ကိုဖြတ် လော့။”
44 Donde el gusano de ellos no muere y el fuego nunca se apaga.
၄၄ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲ အတွင်း မငြိမ်းနိုင် သော မီး ထဲသို့ လက် နှစ် ဘက်စုံနှင့် ဝင် ရသည်ထက် ၊ လက် ချို့တဲ့ ၍ အသက် ရှင်ခြင်းသို့ ဝင်စား သော် သာ၍ ကောင်း၏။” (Geenna g1067)
45 Y si tu pie te lleva al pecado, que sea cortado: es mejor para ti entrar en la vida con un pie que tener dos pies e ir al infierno. (Geenna g1067)
၄၅သင် ၏ခြေ သည် သင့် ကိုမှားယွင်း စေလျှင် ခြေ ကိုဖြတ် လော့။”
46 Donde el gusano de ellos no se muere y el fuego nunca se apaga.
၄၆ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲ အတွင်း မငြိမ်းနိုင်သောမီးထဲသို့ ခြေ နှစ် ဘက်စုံနှင့်ချ ခြင်းကို ခံရသည်ထက် ၊ ခြေ ချို့တဲ့၍ အသက် ရှင်ခြင်းသို့ ဝင်စား သော် သာ၍ ကောင်း၏။” (Geenna g1067)
47 Y si tu ojo te lleva al pecado, sácatelo: es mejor para ti entrar en el reino de Dios con un ojo que tener dos ojos para ir al infierno, (Geenna g1067)
၄၇သင် ၏မျက်စိ သည်လည်း သင့် ကိုမှားယွင်း စေလျှင် မျက်စိ ကိုထုတ် လော့။”
48 donde su gusano está siempre vivo y el fuego no se apaga.
၄၈ပိုး မ သေ ၊ မီး မ ငြိမ်း ရာ ၊ ငရဲ မီးထဲသို့ မျက်စိ နှစ် ဘက်စုံနှင့်ချ ခြင်းကို ခံရသည်ထက် ၊ မျက်စိ တစ်ဘက်နှင့် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင်စား သော် သာ၍ ကောင်း၏။” (Geenna g1067)
49 Todos serán salados con fuego y todo sacrificio será salado con sal.
၄၉ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ခပ်သိမ်း သောသူတို့သည် မီး ဆား ခတ်ခြင်းကို ခံရကြမည်။”
50 La sal es buena; pero si se hace insípida, ¿Con qué la sazonaras? Tengan sal en ustedes mismos, y estén en paz unos con otros.
၅၀ဆား သည်ကောင်း ၏သို့သော်လည်း အငန် ကင်းပျောက်လျှင် ၊ ငန်သောအရသာ ကို အဘယ်သို့ ရပြန်မည်နည်း။ သင် တို့၌ ဆား ရှိ စေကြလော့။ အချင်းချင်း အသင့်အတင့် နေကြလော့ ဟု မိန့်တော်မူ၏။

< Marcos 9 >