< San Lucas 1 >
1 Como varios intentos se han hecho para poner en orden el relato de aquellos eventos que tuvieron lugar entre nosotros,
၁ရှေ့ဦးစွာ မှစ၍ ကိုယ်တိုင်မြင်သောသက်သေ ဖြစ်လျက်၊ နှုတ်ကပတ် တော်မှုကိုဆောင်ရွက် သောသူ တို့သည်၊
2 Tal como nos lo transmitieron por aquellos que lo vieron desde el principio y fueron predicadores de la palabra,
၂ငါ တို့သည် ထင်ရှားစွာဖြစ်လေပြီး သော အတ္ထုပ္ပတ္တိ များကို ငါ တို့အားကြားပြော သည် အစဉ် အတိုင်းမှတ်သားသောစာ ကို စီရင် ရေးထားသောသူ အများ ရှိကြသည်ဖြစ်၍၊
3 Yo tambien excelentísimo Teófilo me pareció bien, después de haber hecho la investigación, con gran cuidado, de todas las cosas de los acontecimientos desde su origen, y poner los hechos por escrito.
၃ငါ သည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံ တို့ကို ရှေ့ဦးစွာ မှစ၍၊
4 Para que conozcas bien la verdad de aquellas cosas sobre las cuales te enseñaron.
၄စေ့စေ့ ဖွေရှာလိုက်စစ် ပြီးလျှင်၊ ကိုယ်တော်သင် ပြီးသောအကြောင်းအရာတို့သည်ဧကန်အမှန် ဖြစ် ကြောင်းကို ကိုယ်တော်သိ စေခြင်းငှာ အစဉ် အတိုင်းရေးထား ၍ ကြားလိုက်မည်အကြံရှိ ပါ၏၊ အလွန်မြတ် သော သော်ဖိလု ။
5 En los días de Herodes, rey de Judea, había un sacerdote, llamado Zacarías, del orden de Abías; y él tenía una esposa de la familia de Aarón, y su nombre era Elisabet.
၅ယုဒ ပြည်ကို အစိုးရသော ဟေရုဒ် မင်းကြီး လက်ထက် ၊ အဘိယ အသင်း အဝင်ဖြစ် ၍၊ ဇာခရိ အမည် ရှိ သော ယဇ် ပုရောဟိတ်တစ်ပါး ရှိ၏။ သူ ၏ခင်ပွန်း သည် အာရုန် အမျိုးအနွယ်ဖြစ်၏။ သူ့ အမည် ကား ဧလိရှဗက် တည်း။
6 Ellos eran justos a los ojos de Dios, guardando todas las reglas y órdenes de Dios, y no haciendo nada malo.
၆ထိုသူနှစ် ယောက်တို့သည် ထာဝရ ဘုရား၏ ပညတ်တရား တော်အမျိုးမျိုး တို့ကို ကျင့်ဆောင် ၍ အပြစ်တင်ခွင့်နှင့်လွတ် သဖြင့်၊ ဘုရားသခင် ရှေ့ တော်၌ ဖြောင့်မတ် ခြင်း ပါရမီရှိ ကြ၏။
7 Y estaban sin hijos, porque Elisabet era estéril, y ambos eran muy viejos.
၇ဧလိရှဗက် သည် မြုံ သောကြောင့် သူတို့သည်သား မ ရှိ ။ ထိုသူ နှစ် ယောက်တို့သည် အသက် အရွယ်ကြီးရင့် ကြ၏။
8 Ahora sucedió que ejerciendo su turno actuando como sacerdote ante Dios según el orden de su clase,
၈ဇာခရိသည် မိမိ အသင်း နှင့်တကွအလှည့် သင့်၍ ၊ ဘုရားသခင့် ရှေ့ တော်၌ ယဇ် ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင် ၊
9 Como era costumbre conforme al oficio del sacerdocio, le tocó en suerte entrar al Templo para quemar el incienso al Señor.
၉ယဇ် ပုရောဟိတ်ထုံးစံ အတိုင်း စာရေးတံ ချသဖြင့်၊ သူ သည်ထာဝရ ဘုရား၏ ဗိမာန် တော်အတွင်း သို့ ဝင် ၍နံ့သာပေါင်း ကိုမီးရှို့၏။
10 Y todas las personas estaban ofreciendo oraciones fuera, en el momento de la quema de incienso.
၁၀ထိုသို့နံ့သာပေါင်း ကို မီးရှို့သည့်အချိန် တွင်၊ လူ အများ အပေါင်း တို့သည် ပြင် ၌ဆုတောင်း လျက် နေ ကြ ၏။
11 Y vio a un ángel del Señor en su lugar al lado derecho del altar.
၁၁ထိုအခါ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည်ထင်ရှား ၍၊ နံ့သာပေါင်း ကိုရှို့သော ယဇ်ပလ္လင် လက်ျာဘက် ၌ ရပ် နေသည်ကို၊
12 Y Zacarías se turbó cuando lo vio, y vino temor sobre él.
၁၂ဇာခရိ သည်မြင် လျှင် ၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့် ခြင်းသို့ရောက် ၏။
13 Pero el ángel dijo: No temas, Zacarías, porque tu oración ha llegado a los oídos de Dios, y tu mujer Elisabet tendrá un hijo, y su nombre será Juan.
၁၃ကောင်းကင် တမန်ကလည်း ၊ ဇာခရိ ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင် ပြုသော ပဌနာ ကိုနာခံ တော်မူပြီ။ သင် ၏ခင်ပွန်း ဧလိရှဗက် သည် သား ယောက်ျားကိုဘွားမြင် လိမ့်မည်။ ထိုသား ကို ယောဟန် အမည် ဖြင့် မှည့် ရ မည်။
14 Y te alegrarás y te deleitarás; y muchas personas tendrán alegría de su nacimiento.
၁၄သင် သည်ဝမ်းသာ ရွင်မြူး ခြင်း ရှိ လိမ့်မည်။ ထိုသား ကိုဘွားမြင် သောကြောင့် လူအများ တို့သည်လည်း ဝမ်းမြောက် ခြင်းသို့ရောက်ကြလိမ့်မည်။
15 Porque él será grande a los ojos del Señor; no tomará vino ni bebida fuerte; y él estará lleno del Espíritu de Dios desde su nacimiento.
၁၅အကြောင်းမူကား ၊ ထိုသားသည် ထာဝရ ဘုရားရှေ့ တော်၌ ကြီးမြတ် သောသူဖြစ် လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုး ကို မ သောက် ဘဲနေ၍ ၊ အမိ ဝမ်း ထဲ ကပင် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်ဝ လိမ့်မည်။
16 Y por él se convertirán muchos de los hijos de Israel al Señor su Dios.
၁၆ဣသရေလ အမျိုးသား အများ တို့ကို သူ တို့ဘုရားသခင် ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲ စေလိမ့်မည်။
17 Y él irá delante de él, en el espíritu y en el poder de Elías, volviendo los corazones de los padres a sus hijos, y los rebeldes al camino de la prudencia y justicia; para preparar al Señor un pueblo cuyos corazones han sido bien dispuestos.
၁၇အဘ တို့နှင့် သား တို့ကို အသင့်အတင့်ဖြစ်စေခြင်းငှာ၎င်း၊ ငြင်းဆန် သောသူတို့ကို သူတော်ကောင်း တို့၏ သတိပညာ လမ်းသို့ ပြောင်းလဲ စေသောအားဖြင့်၊ ထာဝရ ဘုရားအဘို့အလိုငှာ ပြင်ဆင် သောလူမျိုး ဖြစ် စေခြင်းငှာ၎င်း၊ သူ သည်ဧလိယ ၏ စိတ်ဝိညာဉ် တန်ခိုး နှင့် ပြည့်စုံလျက်၊ ဘုရားသခင် ရှေ့ တော်သို့ သွား လိမ့်မည်ဟု ကောင်းကင်တမန်ပြောဆို ၏။
18 Y Zacarías le dijo al ángel: ¿Cómo puedo estar seguro de esto? Porque yo soy un hombre viejo, y mi esposa está muy avanzada en años.
၁၈ဇာခရိ ကလည်း ၊ ထိုသို့ ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့ သိ ရပါမည်နည်း။ အကျွန်ုပ် သည် လူအို ဖြစ် ပါ၏။ အကျွန်ုပ် မယား သည်လည်း အသက် အရွယ်ကြီးရင့် ပါပြီဟုကောင်းကင်တမန် အား ပြောဆို လျှင်၊
19 Y respondiendo el ángel, dijo: Yo soy Gabriel, cuyo lugar es delante de Dios; Me ha enviado para decirte estas palabras y darte esta buena noticia.
၁၉ကောင်းကင် တမန်က၊ ငါ သည် ဘုရားသခင့် အထံ တော်၌ ခစား သောဂါဗြေလ ဖြစ် ၏။ သင့် ကို နှုတ်ဆက် ၍ ဤ ဝမ်းမြောက်စရာသိတင်းကို ကြားပြော စေခြင်းငှာငါ့ကိုစေလွှတ် တော်မူ၏။
20 Ahora, mira, estarás sin voz ni lenguaje hasta el día en que esto ocurra, porque no has creído en mis palabras, que tendrán efecto en el momento correcto.
၂၀သင် သည် ငါ့ စကား ကိုမ ယုံသောကြောင့် ဤအကြောင်းအရာမ ဖြစ် မှီနေ့ တိုင်အောင်စကား မ ပြောနိုင် ဘဲ၊ အ လျက် နေ လိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန် လျှင် ပြည့်စုံ လိမ့်မည်ဟု ပြောဆို ၏။
21 Y la gente estaba esperando a Zacarías y se sorprendieron porque estuvo en el Templo por largo tiempo.
၂၁လူ များတို့သည် ဇာခရိ ကို ငံ့လင့် ၍ ၊ ဗိမာန် တော်အတွင်း ၌ ကြာမြင့် စွာနေသည်ကိုအံ့ဩ ခြင်းရှိကြ၏။
22 Y cuando salió, no pudo decir nada, y se dieron cuenta que había visto una visión en el Templo; y les estaba haciendo señas y permaneció mudo.
၂၂သူသည်ထွက်လာ သောအခါ စကားမ ပြော နိုင် သည်ဖြစ်၍ ၊ ဗိမာန် တော်၌ ဗျာဒိတ် ရူပါရုံကို မြင် ပြီဟု ရိပ်မိ ကြ၏။ ဇာခရိ သည်သူ တို့အား အရိပ် အမှတ်ကိုသာပေး၍ စကားအ လျက် နေ ၏။
23 Y cuando terminaron los días de su ministerio en el Templo, regresó a su casa.
၂၃ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရသောအချိန် ကာလကုန် သောအခါ ၊ ဇာခရိသည် မိမိ အိမ် သို့ သွား လေ၏။
24 Después de ese tiempo, Elisabet, segura de que iba a ser madre, se mantuvo apartada de los ojos de los hombres durante cinco meses, diciendo:
၂၄ထိုနောက် သူ ၏ခင်ပွန်း ဧလိရှဗက် သည် ပဋိသန္ဓေ စွဲ၍ ၊
25 El Señor me ha hecho esto, porque sus ojos estaban puestos en mí para quitarme la vergüenza. ante los ojos de los hombres.
၂၅ငါသည်လူတို့ တွင် ခံရသော ကဲ့ရဲ့ခြင်း အကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း ခြင်းငှာငါ့ ကို ကြည့်ရှု တော်မူစဉ် တွင်၊ ဤ ကျေးဇူးတော်ကို ပြု တော်မူပြီဟုဆို လျက် ၊ ငါး လ ပတ်လုံးအိမ်တွင်း၌အောင်း၍ နေလေ ၏။
26 En el sexto mes, el ángel Gabriel fue enviado por Dios a una ciudad en Galilea, llamada Nazaret,
၂၆ငါးလ လွန် သောအခါ ၊ ဂါလိလဲ ပြည် နာဇရက် မြို့၌ ဒါဝိဒ် အမျိုးသား ၊ ယောသပ် အမည် ရှိသောလူ နှင့် ထိမ်းမြားဆောင်နှင်း ၍၊
27 A una virgen que iba a casarse con un hombre llamado José, de la familia de David; y el nombre de la virgen era María.
၂၇မရှက်တင်သေးသော သတို့သမီး ကညာဆီသို့ ဘုရားသခင် သည် ကောင်းကင်တမန် ဂါဗြေလ ကို စေလွှတ် တော်မူ၏။ သတို့သမီး ကညာကား ၊ မာရိ အမည် ရှိ၏။
28 Y el ángel entró a donde ella estaba, y dijo: Paz favorecida de Dios, á la cual se ha dado gracia especial; el Señor está contigo.
၂၈ကောင်းကင်တမန်သည် ရောက်လာ လျှင် ၊ ကျေးဇူး တော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း။ ထာဝရ ဘုရားသည် သင် နှင့်အတူ ရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို ၏။
29 Pero ella se turbó mucho con estas palabras, y se dijo a sí misma: ¿Cuál puede ser el propósito de estas palabras?
၂၉မာရိ သည် ထို စကားကိုကြားလျှင် စိတ် နှလုံးမငြိမ်မဝပ်ရှိ၍ ၊ ဤ နှုတ်ဆက် ခြင်းကား အဘယ်သို့ သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင် ၍နေ ၏။
30 Y el ángel le dijo: No temas, María, porque tienes la aprobación de Dios.
၃၀ကောင်းကင် တမန်ကလည်း ၊ မာရိ ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင်သည် ဘုရားသခင် ရှေ့တော်၌ မျက်နှာ ရ ပြီ။
31 Y mira, darás a luz un hijo, y su nombre será Jesús.
၃၁သင်သည် ပဋိသန္ဓေ စွဲယူ၍ သား ယောက်ျားကိုဘွားမြင် လိမ့်မည်။ ထိုသား ကို ယေရှု အမည် ဖြင့် မှည့် ရ မည်။
32 Él será grande, y será nombrado el Hijo del Altísimo; y el Señor Dios le dará el reino de David, su padre.
၃၂ထိုသား သည်ကား၊ ကြီးမြတ် သောသူ ဖြစ် လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့ အဘ ဒါဝိဒ် ၏ ရာဇပလ္လင် ကို ထာဝရ အရှင်သခင် သည် သူ့ အားပေး တော်မူမည်။
33 Él tendrá dominio sobre la casa de Jacob para siempre, y su reino no tendrá fin. (aiōn )
၃၃ထိုသူသည်လည်း ယာကုပ် အမျိုးအနွယ် ကို အစဉ်မပြတ် အုပ်စိုး လိမ့်မည်။ သူ ၏နိုင်ငံ သည်လည်း ဆုံး ခြင်းမ ရှိ ရဟုပြောဆို ၏။ (aiōn )
34 Y María le dijo al ángel: ¿Cómo puede ser esto, porque no conozco varón?
၃၄မာရိ ကလည်း ၊ ဤအမှုအရာ သည် အဘယ်သို့ ဖြစ် လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျား နှင့် မ ဆက်ဆံ ပါဟု ကောင်းကင်တမန် အား ပြန်ပြော ၏။
35 Y respondiendo el ángel, le dijo: El Espíritu Santo vendrá sobre ti, y el poder del Altísimo reposará sobre ti; y el que nacerá, será llamado santo, Hijo de Dios.
၃၅ကောင်းကင် တမန်ကလည်း ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် ၏အပေါ်မှာ သက်ရောက် တော်မူ၍ ၊ အမြင့်ဆုံး သောဘုရား၏တန်ခိုးအာနုဘော် တော်သည် သင့် ကိုလွှမ်းမိုး လိမ့်မည်။ ထို အကြောင်းကြောင့် ထိုသန့်ရှင်း သောသားသည် လည်း ဘုရားသခင် ၏သား တော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။
36 Incluso ahora Elisabet, que es de tu familia, ella ha concebido; y este es el sexto mes para ella, la que llamaban estéril.
၃၆ထိုမှတပါး ၊ အမြုံမ ဟူ၍ခေါ်ဝေါ် သောသင် ၏ အဆွေအမျိုး ဧလိရှဗက် သည် ပဋိသန္ဓေ စွဲယူ၍ ယခု ခြောက် လ အဝင်ရှိ ပြီ။
37 Porque no hay nada imposible para Dios.
၃၇ဘုရားသခင် တတ်နိုင် တော်မမူသောအမှုမ ရှိဟုပြောဆို လျှင် ၊
38 Y María dijo: Yo soy sierva del Señor; hágase conmigo como me dices. Y el ángel se fue.
၃၈မာရိ က၊ အကျွန်ုပ်သည် ထာဝရ ဘုရား၏ကျွန် မဖြစ်ပါ၏၊ ကိုယ်တော် ၏စကား အတိုင်း အကျွန်ုပ် ၌ ဖြစ် ပါစေသောဟု ဝန်ခံပြီးမှ ၊ ကောင်းကင်တမန် သည် မာရိ ထံမှ သွား လေ၏။
39 Entonces María se levantó y fue rápidamente a las montañas, a una ciudad de Judá;
၃၉ထို အခါ မာရိ သည်ထ ၍ ၊ တောင် ကြားအရပ်၌ ရှိ သောယုဒ မြို့တစ်မြို့ သို့ အလျင်အမြန် သွား ပြီးလျှင်၊
40 Y entró en la casa de Zacarías, y saludó a Elisabet.
၄၀ဇာခရိ အိမ် သို့ ဝင် ၍ ဧလိရှဗက် ကို နှုတ်ဆက် လေ၏။
41 Y cuando la voz de María llegó a los oídos de Elisabet, el bebé hizo un movimiento repentino dentro de ella; entonces Elisabeth estaba llena del Espíritu Santo,
၄၁ထို နှုတ်ဆက် ခြင်းစကားကို ဧလိရှဗက် သည် ကြား စဉ် တွင် မိမိ ဝမ်း ၌ ရှိသောသူငယ် သည်ခုန် ၍ ၊ မိမိသည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်ဝ လျက်၊
42 Y ella dijo a gran voz: Bendita eres entre las mujeres, y bendito es el fruto de tu vientre.
၄၂သင် သည် မိန်းမ တကာတို့ ထက်မြတ်စွာသောမင်္ဂလာ ရှိ၏။ သင် ၏ဝမ်း ၌ရှိသောသူငယ် သည်လည်း မြတ်စွာသော မင်္ဂလာ ရှိ၏။
43 ¿Cómo es que la madre de mi Señor viene a mí?
၄၃အကျွန်ုပ် သခင် ၏ မယ်တော် သည် အကျွန်ုပ် ဆီသို့ ကြွလာ သောကျေးဇူးကို အဘယ် အကြောင်းကြောင့် အကျွန်ုပ် ခံရပါသနည်း။
44 Porque, verdaderamente, cuando el sonido de tu voz vino a mis oídos, el bebé en mi cuerpo hizo un movimiento repentino de alegría.
၄၄သင် ၏နှုတ်ဆက် ခြင်းစကား သံကို အကျွန်ုပ် ကြား စဉ် တွင်၊ အကျွန်ုပ် ဝမ်း ထဲ၌ သူငယ် သည်ရွှင်မြူး သော စိတ်နှင့် ခုန် ၏။
45 Dichosa la que creyó, porque se cumplira lo que le fue dicho por parte del Señor.
၄၅ယုံကြည် သောမိန်းမ သည်မင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ ထိုမိန်းမ အား ထာဝရ ဘုရားမိန့် တော်မူသောစကား သည် ပြည့်စုံ လိမ့်မည်ဟု ကြီး သောအသံ နှင့် မြွက်ဆို ၏။
46 Y María dijo: Mi alma glorifica a Dios;
၄၆မာရိ ကလည်း ၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို ချီးမွမ်း ၏။
47 Mi espíritu se alegra en Dios mi Salvador.
၄၇ငါ့ ကိုကယ်တင် တော်မူသောအရှင်ဘုရားသခင် ကို အမှီပြု ၍ ငါ့ ဝိညာဉ် သည် ရွှင်လန်း ခြင်းရှိ၏။
48 Porque ha tenido compasión de su sierva, aunque es pobre y humilde: desde ahora, todas las generaciones me dirán bienaventurada.
၄၈အကြောင်းမူကား ၊ မိမိ ကျွန် မ၏နှိမ့်ချသောအဖြစ် ကိုကြည့်ရှု တော်မူပြီ။ နောင် ကာလ၌ ခပ်သိမ်း သောလူ အစဉ်အဆက်တို့သည် ငါ့ ကိုမင်္ဂလာ ရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။
49 Porque él poderoso me ha hecho grandes cosas; y Santo es su Nombre.
၄၉တန်ခိုး နှင့်ပြည့်စုံတော်မူသောဘုရား သည် အံ့ဘွယ် သောကျေးဇူးတော်ကို ငါ့ အားပြု တော်မူပြီ၊ ထိုဘုရား နာမ တော်သည် ရိုသေ ဘွယ်ဖြစ်တော်မူ၏။
50 Su misericordia es para todas las generaciones a los que le temen.
၅၀ထာဝရ ဘုရားကို ကြောက်ရွံ့ သောသူ တို့သည် သနား တော်မူခြင်း ကျေးဇူးကိုအစဉ်မပြတ် ခံစားကြ၏။
51 Con su brazo ha hecho actos de poder; esparció a los soberbios en el pensamiento de sus corazones.
၅၁လက်ရုံး တော်အားဖြင့် တန်ခိုး ကိုပြ တော်မူပြီ။ မာနထောင်လွှား သောသူတို့ကို ကွဲလွင့် စေတော်မူပြီ။
52 Ha derribado reyes de sus tronos, levantando en alto a los humildes.
၅၂ဘုရင် တို့ကို ရာဇပလ္လင် ပေါ် မှချ ၍ နှိမ့်ချ သောသူတို့ကို ချီးမြှောက် တော်မူပြီ။
53 Los que no tenían comida los llenaban de cosas buenas; a los hombres ricos los despachó sin nada en sus manos;
၅၃ငတ်မွတ် သောသူတို့ကို ကောင်းမွန် စွာကျွေး ၍ ရ တတ်သောသူတို့ကို လက်ချည်း လွှတ် လိုက်တော်မူပြီ။
54 Su ayuda ha dado a Israel, su siervo, y no se olvidó de tratarlo con misericordia,
၅၄ငါ တို့ဘိုးဘေး များတို့အား ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊
55 Como él dio su palabra a nuestros padres. Para con Abraham y su descendencia para siempre. (aiōn )
၅၅အာဗြဟံ မှစသောသူ ၏အမျိုးအနွယ် အား သနား ခြင်းကျေးဇူးတော်ကို အစဉ်အမြဲ ပြုခြင်းငှာသတိ ထား၍မိမိ ကျွန် ဣသရေလ ကို မစ တော်မူပြီဟုဆို ၏။ (aiōn )
56 Y María estuvo con ella por cerca de tres meses y luego regresó a su casa.
၅၆မာရိ သည်လည်း ဧလိရှဗက် ထံမှာ သုံး လ ခန့် နေ ပြီးမှ မိမိ အိမ် သို့ ပြန် လေ၏။
57 Ahora era tiempo de que Elisabeth diera a luz, y ella tuvo un hijo.
၅၇ဧလိရှဗက် သည် ဘွား အံ့သောနေ့ လစေ့ သောအခါ သား ယောက်ျားကိုဘွားမြင် ၏။
58 Y llegó a oídos de sus vecinos y parientes que el Señor había sido muy bueno con ella, y ellos tomaron parte en su alegría.
၅၈ထာဝရ ဘုရားသည် ထူးမြတ် သောသနား ခြင်းကျေးဇူးတော်ကို ဧလိရှဗက် အား ပြုတော်မူသည်ကို ၊ အိမ်နီးချင်း အဆွေအမျိုး တို့သည် ကြား လတ်သော်၊ သူ နှင့်အတူဝမ်းမြောက်ဝမ်းသာ ကြ၏။
59 Y al octavo día vinieron a circuncidar al niño, y le hubiesen dado el nombre de Zacarías, el nombre de su padre;
၅၉ရှစ် ရက်မြောက်သောနေ့ ၌ အရေဖျားလှီး ခြင်းကို သူငယ် အားပေးအံ့သောငှာလာ ကြ၍၊ အဘ ၏အမည် ဖြစ်သော ဇာခရိ အမည်ဖြင့် မှည့် သောအခါ အမိ က၊ ထိုသို့မ မှည့်ရ။
60 Pero su madre respondió y dijo: No, su nombre es Juan.
၆၀ယောဟန် အမည်ဖြင့် မှည့် ရမည်ဟုဆို လျှင် ၊ သူတို့က၊
61 Y dijeron: Ninguno de tus parientes tiene ese nombre.
၆၁ယောဟန် အမည် ဖြင့် သင် ၏အဆွေအမျိုး တွင် တစ်ယောက် ကိုမျှမမှည့် ဟုဆို ၍ ၊
62 E hicieron señales a su padre, para saber qué nombre le iban a dar.
၆၂အဘ သည်အဘယ်သို့ မှည့် စေ လိုသနည်းဟု အမှတ် အားဖြင့်မေး ကြ၏။
63 Y envió a escribir y poner por escrito: Su nombre es Juan; y todos estaban sorprendidos.
၆၃အဘသည်လည်း သင်ပုံး ကိုတောင်း ၍ ၊ သူ ၏အမည် ကားယောဟန် ဖြစ် ၏ဟု ရေး လေသော်၊ ထိုသူ အပေါင်း တို့သည် အံ့ဩ ခြင်းရှိကြ၏။
64 Y de inmediato su boca estaba abierta y volvió a hablar y alabó a Dios.
၆၄ထိုခဏခြင်း တွင် ဇာခရိ သည်နှုတ် ဖွင့် ခြင်း၊ လျှာ လွတ်ခြင်းရှိသည်ဖြစ်၍၊ စကား အားဖြင့်ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်းလေ၏။
65 Y vino temor a todos los que vivían en sus alrededores; y se habló mucho de todas estas cosas en toda la región montañosa de Judea.
၆၅အိမ်နီးချင်း ရှိသမျှ တို့သည် ကြောက်ရွံ့ ခြင်းရှိ ကြ၍ ထို အမှုအရာ များသည် ယုဒ ပြည်တောင် ကြားအရပ် တို့၌ အနှံ့အပြား ကျော်စော လေ၏။
66 Y todos los que tenían noticias de ellos, los tuvieron en mente, y dijeron: ¿Qué será este niño? Porque la mano del Señor estaba con él.
၆၆ကြား သောသူ အပေါင်း တို့သည် နှလုံး ထဲ၌ မှတ်သား ၍ ၊ ဤ သူငယ် သည် အဘယ်သို့ သောသူဖြစ် လိမ့်မည်နည်းဟုဆို ကြ၏။ ထာဝရ ဘုရား၏ လက် တော်သည်လည်း သူငယ် နှင့်အတူ ရှိ တော်မူ၏။
67 Y su padre, Zacarías, estaba lleno del Espíritu Santo, y con voz de profeta dijo estas palabras:
၆၇သူ ၏အဘ ဇာခရိ သည် သန့်ရှင်း သောဝိညာဉ် တော်နှင့်ပြည့်ဝ လျက် ၊
68 Bendito sea el Señor, el Dios de Israel, porque ha venido a su pueblo y lo ha hecho libre,
၆၈ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။
69 Levantando un poderoso salvador para nosotros en la casa de su siervo David,
၆၉အကြောင်းမူကား ၊ ကမ္ဘာ ဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်း သောပရောဖက် တို့နှုတ် ဖြင့် ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊
70 (Como dijo, por boca de sus santos profetas, desde los tiempos más remotos, ) (aiōn )
၇၀ငါ တို့ သည် ရန်သူ ဘေး နှင့် ကင်းလွတ် ၍ ဘုရားသခင့် ရှေ့ တော်၌ တသက်လုံး သန့်ရှင်း ဖြောင့်မတ် ခြင်းပါရမီအားဖြင့် ဘုရား ဝတ်ကိုရဲရင့် စွာပြုရ သောအခွင့်ကိုပေး မည်ဟု (aiōn )
71 Salvación de los que están contra nosotros, y de las manos de aquellos que nos odian;
၇၁ငါ တို့အဘ အာဗြဟံ အား ကျိန်ဆို ခြင်းဂတိ တော်တည်းဟူသော သန့်ရှင်း သောပဋိညာဉ် တရားကို အောက်မေ့ တော်မူသဖြင့် ၎င်း၊
72 Para hacer actos de misericordia que prometió a nuestros padres y tener en cuenta su santa palabra,
၇၂ငါ တို့ ဘိုးဘေး များနှင့် ဝန်ခံတော်မူသော သနား ခြင်းကျေးဇူးကို ပြု တော်မူသဖြင့်၎င်း၊
73 El juramento que le hizo a Abraham, nuestro padre, Que nos había de conceder,
၇၃မိမိ လူမျိုး ကို အကြည့်အရှု ကြွလာလျက် ရွေးနှုတ် ခြင်းကျေးဇူးကိုပြု တော်မူ၍ ၊
74 Para que nosotros, siendo libres del temor de los que están en contra de nosotros, podamos darle adoración,
၇၄ငါ တို့ကိုရန်သူ လက် မှ ၎င်း ၊ မုန်း သောသူ ရှိသမျှ တို့လက်မှ ၎င်း ကယ်လွှတ် မည်အကြောင်း၊
75 En justicia y vida santa delante de él todos nuestros días.
၇၅ကယ်လွှတ် ခြင်းဦးချို ကို မိမိ ကျွန် ဒါဝိဒ် အမျိုး ထဲ၌ ငါ တို့အားပေါ်ထွန်း စေတော်မူပြီ။
76 Y tú, niño, serás llamado profeta del Altísimo; irás delante de la presencia del Señor, para preparar sus caminos;
၇၆အချင်းသူငယ် ၊ သင် သည်လည်း အမြင့်ဆုံး သောဘုရား၏ ပရောဖက် ဟုခေါ်ဝေါ် ခြင်းကို ခံရလိမ့်မည်။
77 Para dar conocimiento de la salvación a su pueblo, por el perdón de los pecados,
၇၇အကြောင်းမူကား ၊ ငါ တို့ဘုရားသခင် ၏ သနား တော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ် ဖြေ ၍ ကယ်တင် ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင် ၏လူမျိုး အား ဖော်ပြ သဖြင့်၊ ထာဝရ ဘုရား၏ လမ်းခရီး တော် ကို ပြင်ဆင် ခြင်းငှာသင်သည် ရှေ့ တော်၌သွား ရလိမ့်မည်။
78 Por la entrañable misericordias de nuestro Dios, nos trae de lo alto del sol, un nuevo dia,
၇၈ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင် မှ နေအာရုဏ် သည် ငါ တို့အပေါ်သို့တက် သဖြင့်၊
79 Para dar luz a los que están en las tinieblas, y en sombra de la muerte, para que nuestros pies puedan ser guiados en el camino de la paz.
၇၉မှောင်မိုက် နှင့် သေမင်း ၏ အရိပ် ထဲ တွင်ရှိ နေသောသူ တို့၌ အလင်းပေါ်ထွန်း ၍၊ ငါ တို့အား ငြိမ်သက် ခြင်းလမ်း ကို ပြ လျက်ရှိသည်ဟု ပရောဖက် ဉာဏ်နှင့် ဟောလေ၏။
80 Y el niño crecía y se fortalecía en el espíritu; y él vivió en el desierto hasta el día en que se dio a conocer a Israel.
၈၀ထိုသူငယ် သည်ကား ၊ ကြီးပွား ၍ ဉာဏ် သတ္တိ နှင့်ပြည့်စုံ၏။ ဣသရေလ လူ တို့အား မ ထင်ရှား မှီ တိုင်အောင်တော အရပ်၌ နေ လေ၏။