< Jueces 11 >

1 Jefté el galaadita era un gran hombre de guerra; era hijo de una mujer prostituta, y Galaad era su padre.
သူ​ရဲ​ကောင်း​တစ်​ဦး​ဖြစ်​သူ​ယေ​ဖ​သ​သည် ပြည့်​တန်​ဆာ​မ​တစ်​ယောက်​၏​သား​ဖြစ်​၏။ သူ​၏​ဖ​ခင်​ဂိ​လဒ်​၌၊-
2 Y la mujer de Galaad dio a luz hijos, y cuando sus hijos se convirtieron en hombres, enviaron a Jefté lejos, diciendo: No tienes parte en la herencia de la casa de nuestro padre, porque eres hijo de otra mujer.
မ​ယား​နှင့်​ရ​သော​သား​များ​လည်း​ရှိ​၏။ ထို သူ​တို့​သည်​ကြီး​ပြင်း​လာ​သော​အ​ခါ ယေ ဖ​သ​အား​နေ​အိမ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။ သူ​တို့​က``သင်​သည်​အ​ခြား​မိန်း​မ​နှင့်​ရ သော​သား​ဖြစ်​သ​ဖြင့် ငါ​တို့​ဖခင်​၏​အ​မွေ ကို​ခံ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-
3 Entonces Jefté huyó de sus hermanos y vivía en la tierra de Tob, donde varios hombres desalmados, que se unían a Jefté, salieron con él hacer redadas.
ယေ​ဖ​သ​သည်​လည်း​မိ​မိ​၏​ညီ​အစ်​ကို​များ ထံ​မှ​ထွက်​ပြေး​၍ တော​ဘ​ပြည်​၌​နေ​ထိုင် လေ​သည်။ ထို​အ​ရပ်​၌​သူ​သည်​အ​ခြေ​အ​နေ မဲ့​သူ​လူ​တစ်​စု​၏​လေး​စား​မှု​ကို​ခံ​ရ သ​ဖြင့် ထို​သူ​တို့​သည်​သူ​၏​နောက်​သို့ လိုက်​ကြ​လေ​သည်။
4 Después de un tiempo, los hijos de Amón hicieron la guerra contra Israel.
ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အမ္မုန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နှင့်​စစ်​ဖြစ်​ကြ​၏။-
5 Y cuando los hijos de Amón hicieron la guerra contra Israel, los hombres responsables de Galaad mandaron traer a Jefté de la tierra de Tob;
ထို​အ​ခါ​ဂိ​လဒ်​ပြည်​၏​ခေါင်း​ဆောင်​တို့​သည် ယေ​ဖ​သ​ကို​ခေါ်​ယူ​ရန်​တော​ဘ​ပြည်​သို့​သွား​၍၊-
6 Y dijeron a Jefté: Ven y sé nuestro jefe, para que podamos hacer la guerra contra los hijos de Amón.
သူ့​အား``အမ္မုန်​အ​မျိုး​သား​များ​ကို​တိုက်​ခိုက် ရန် ငါ​တို့​အား​ဦး​ဆောင်​ပါ'' ဟု​ပြော​ကြား ကြ​၏။
7 Pero Jefté dijo a los hombres responsables de Galaad: ¿No me enviaron, lejos de la casa de mi padre, por su odio hacia mí? ¿Por qué vienen a mí ahora cuando están en problemas?
သို့​ရာ​တွင်​ယေ​ဖ​သ​က``သင်​တို့​သည်​ငါ့​ကို အ​လွန်​မုန်း​သ​ဖြင့်​အ​ဖ​အိမ်​မှ​နှင်​ထုတ်​ခဲ့ ကြ​၏။ ယ​ခု​ဒုက္ခ​ရောက်​သော​အ​ခါ​ကျ​မှ အ​ဘယ်​ကြောင့်​ငါ့​ထံ​သို့​လာ​ကြ​ပါ​သ​နည်း'' ဟု​ပြန်​ပြော​လေ​သည်။
8 Y los responsables de Galaad dijeron a Jefté: Por eso hemos vuelto a ti; Así que ve con nosotros y pelea contra los hijos de Amón, y te haremos nuestra cabeza sobre toda la gente de Galaad.
သူ​တို့​သည်​ယေ​ဖ​သ​အား``ယ​ခု​သင့်​ထံ​သို့ ငါ​တို့​လာ​ကြ​သည်​မှာ​အမ္မုန်​အ​မျိုး​သား​တို့ အား ငါ​တို့​နှင့်​အ​တူ​သွား​ရောက်​တိုက်​ခိုက်​ရန် နှင့်​ဂိလဒ်​ပြည်​သား​အ​ပေါင်း​တို့​အား​ခေါင်း ဆောင်​စေ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။
9 Entonces Jefté dijo a los hombres responsables de Galaad: Si me llevan para hacer la guerra contra los hijos de Amón, y si con la ayuda del Señor los venceré, ¿me harán su jefe?
ယေ​ဖ​သ​က``အ​ကယ်​၍​သင်​တို့​သည်​အမ္မုန် အ​မျိုး​သား​တို့​အား တိုက်​ခိုက်​ရန်​ငါ့​ကို​အိမ် သို့​ပြန်​လည်​ခေါ်​ဆောင်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား က​လည်း​ငါ့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သည် ဆို​ပါ​လျှင် ငါ​သည်​သင်​တို့​၏​ဘု​ရင်​ဖြစ်​လာ ရ​မည်'' ဟု​ပြန်​ပြော​လေ​သည်။
10 Y los hombres responsables de Galaad dijeron a Jefté: Que el Señor sea nuestro testigo: ciertamente haremos lo que tu digas.
၁၀ထို​သူ​တို့​က​လည်း``ငါ​တို့​သ​ဘော​တူ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​အ​သိ​သက်​သေ ပင်​ဖြစ်​ပါ​၏'' ဟု​ဖြေ​ကြား​ကြ​၏။-
11 Entonces Jefté fue con los hombres responsables de Galaad, y la gente le hizo cabeza y jefe sobre ellos; Y Jefté dijo todas estas cosas delante del Señor en Mizpa.
၁၁ထို့​ကြောင့်​ယေ​ဖ​သ​သည်​ဂိ​လဒ်​ပြည်​ခေါင်း​ဆောင် များ​နှင့်​အ​တူ​လိုက်​သွား​လေ​သည်။ လူ​တို့​သည် လည်း​သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ခေါင်း​ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ချီး​မြှောက်​ကြ​၏။ ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့ ၌​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် မိ မိ​တောင်း​ဆို​ချက်​များ​ကို​ပြန်​လည်​ဖော် ပြ​လျှောက်​ထား​၏။
12 Entonces Jefté envió hombres al rey de los hijos de Amón, diciendo: ¿Qué tienes contra mí que has venido a hacer guerra contra mi tierra?
၁၂ထို​နောက်​သူ​သည်​အမ္မုန်​ဘုရင်​ထံ​သို့​စေ​တ​မန် များ​ကို​လွှတ်​၍``သင်​နှင့်​ငါ​တို့​တွင်​အ​ဘယ် ရန်​စ​ရှိ​ပါ​သ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့် ငါ​တို့​ပြည်​သို့​ချဉ်း​နင်း​ဝင်​ရောက်​ရ​ပါ သ​နည်း'' ဟု​မေး​၏။
13 Entonces el rey de los hijos de Amón dijo a los hombres enviados por Jefté: Porque Israel, cuando subió de Egipto, se llevó mi tierra, desde Arnón hasta el Jaboc y hasta el Jordán; Ahora, devuélveme esas tierras tranquilamente.
၁၃အမ္မုန်​ဘု​ရင်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ငါ​၏​နယ်​မြေ​ကို​အာ​နုန်​မြစ်​မှ​ယဗ္ဗုတ်​မြစ် နှင့်​ယော်​ဒန်​မြစ်​တိုင်​အောင်​သိမ်း​ယူ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ယ​ခု​အ​ခါ​ထို​နယ် မြေ​ကို ငါ့​အား​ငြိမ်း​ချမ်း​စွာ​ပြန်​လည်​ပေး အပ်​ရ​ကြ​မည်'' ဟု​စေ​တ​မန်​တို့​အား​ပြန် ကြား​စေ​၏။
14 Y Jefté volvió a enviar al rey de los hijos de Amón:
၁၄ယေ​ဖ​သ​သည်​အမ္မုန်​ဘု​ရင်​ထံ​သို့​စေ​တ​မန် များ​ကို​ပြန်​လည်​စေ​လွှတ်​ကာ​ဤ​သို့​ဖြေ ကြား​၏။ ``မော​ဘ​ပြည်​ကို​သော်​လည်း​ကောင်း၊ အမ္မုန်​ပြည်​ကို​သော်​လည်း​ကောင်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သိမ်း​ယူ​ခဲ့​ကြ​သည်​ဆို​သည် မှာ​မ​ဟုတ်​မ​မှန်​ပါ။-
15 Y díjole: Esta es la palabra de Jefté: Israel no quitó la tierra de Moab ni la tierra de los hijos de Amón;
၁၅
16 Pero cuando subieron de Egipto, Israel atravesó las tierras baldías hasta el Mar Rojo y llegó a Cades;
၁၆အ​ဖြစ်​မှန်​မှာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ၌​သူ​တို့​သည်​သဲ​ကန္တာ​ရ​ကို​ဖြတ်​၍ အာ​က ဘာ​ပင်​လယ်​ကွေ့​အ​နီး​ကာ​ဒေ​ရှ​မြို့​သို့ ရောက်​ရှိ​ကြ​၏။-
17 Entonces Israel envió a los hombres al rey de Edom, diciendo: Déjame pasar ahora por tu tierra; Pero el rey de Edom no les prestó oído. Y de la misma manera envió al rey de Moab, pero él no quiso; Israel siguió viviendo en Cades.
၁၇ထို​အ​ခါ​သူ​တို့​သည်​ဧဒုံ​ဘု​ရင်​ထံ​သို့​စေ တ​မန်​များ​ကို​လွှတ်​၍ ဧ​ဒုံ​ပြည်​ကို​ဖြတ်​သွား ခွင့်​ပြု​ရန်​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ဧ​ဒုံ ဘု​ရင်​က​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​သည်​မော​ဘ ဘု​ရင်​အား​လည်း​ထို​နည်း​တူ​လျှောက်​ထား​ကြ ပြန်​၏။ ထို​ဘု​ရင်​က​လည်း​ခွင့်​မ​ပြု​ချေ။ သို့ ဖြစ်​၍​ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ကာ ဒေ​ရှ​မြို့​တွင်​နေ​ထိုင်​ရ​ကြ​၏။-
18 Luego pasó a través del desierto rodeando la tierra de Edom y la tierra de Moab, y llegó al lado este de la tierra de Moab, y puso sus tiendas al otro lado del Arnón; no llegaron al límite de Moab, porque el Arnón era el límite de Moab.
၁၈ထို​နောက်​သူ​တို့​သည်​ဧ​ဒုံ​ပြည်​နှင့်​မော​ဘ ပြည်​တို့​ကို​ပတ်​၍​သဲ​ကန္တာ​ရ​ကို​ဖြတ်​ပြီး လျှင် မော​ဘ​ပြည်​၏​အ​ရှေ့​ဘက်၊ အာ​နုန်​မြစ် တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ထို​အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​၏။ အာ​နုန်​မြစ် သည်​မော​ဘ​ပြည်​၏​နယ်​နိ​မိတ်​ဖြစ်​သ​ဖြင့် ထို​မြစ်​ကို​သူ​တို့​မ​ကူး​မ​ဖြတ်​ကြ။-
19 E Israel envió hombres a Sehón, rey de los amorreos, rey de Hesbón; Y le dijo Israel: Déjame pasar ahora por tu tierra a mi lugar.
၁၉ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟေ​ရှ​ဘုန်​မြို့​ရှိ​အာ​မော​ရိ​လူ​မျိုး​တို့​၏ ဘု​ရင်၊ ရှိ​ဟုန်​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်​သူ ၏​ပြည်​ကို​ဖြတ်​ကျော်​ကာ မိ​မိ​တို့​ပြည်​သို့ သွား​ရောက်​ခွင့်​ပြု​ရန်​ပန်​ကြား​လျှောက် ထား​ကြ​၏။-
20 Pero Sehón no cedió y no dejó que Israel pasara por su tierra; y Sehón reunió a todo su pueblo y puso a su ejército en posición en Jahaz, e hizo la guerra a Israel.
၂၀သို့​ရာ​တွင်​ရှိ​ဟုန်​မင်း​က​ခွင့်​မ​ပြု​ချေ။ သူ သည်​မိ​မိ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို​စု​ရုံး စေ​ပြီး​လျှင် ယာ​ဟတ်​မြို့​သို့​လာ​ရောက်​စ​ခန်း ချ​ကာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား တိုက်​ခိုက်​လေ​သည်။-
21 Y él Señor, el Dios de Israel, dio a Sehón y a todo su pueblo en manos de Israel, y los vencieron; así toda la tierra de los amorreos, la gente de esa tierra, se convirtió en la de Israel.
၂၁သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ရှိ​ဟုန်​မင်း​နှင့်​တပ်​မ တော်​ကို​နှိမ်​နင်း​အောင်​မြင်​ခွင့်​ပေး​တော်​မူ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို ပြည်​၌​နေ​ထိုင်​သော​အာ​မော​ရိ​အ​မျိုး​သား တို့​၏​နယ်​မြေ​ရှိ​သ​မျှ​ကို​သိမ်း​ယူ​ကြ​၏။-
22 Todo el límite de los amorreos era suyo, desde Arnón hasta Jaboc y desde el desierto hasta el Jordán.
၂၂သူ​တို့​သည်​တောင်​သို့​လား​သော်​အာ​နုန်​မြစ်၊ မြောက်​သို့​လား​သော်​ယဗ္ဗုတ်​မြစ်​တိုင်​အောင် လည်း​ကောင်း၊ အ​ရှေ့​သို့​လား​သော်​သဲ​ကန္တာ​ရ၊ အ​နောက်​သို့​လား​သော်​ယော်​ဒန်​မြစ်​တိုင်​အောင် လည်း​ကောင်း​အာ​မော​ရိ​နယ်​မြေ​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​၏။-
23 Así que ahora el Señor, el Dios de Israel, les ha quitado su tierra a los amorreos y se la ha dado a su pueblo Israel; ¿ahora quieres quitarnos de lo que él Señor les quitó a los amorreos y nos dio a nosotros?
၂၃သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် အမ္မုန်​အ​မျိုး​သား တို့​အား​နှင်​ထုတ်​ပေး​တော်​မူ​သော​အ​ရှင်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။-
24 ¿No guardas las tierras de aquellos a quienes Quemos tu dios les ha dado? Así guardaremos todas las tierras de aquellos a quienes el Señor nuestro Dios nos ha dado en propiedad.
၂၄သင်​သည်​ထို​နယ်​မြေ​ကို​ပြန်​လည်​ရ​ယူ​ရန် ကြိုး​စား​ပါ​မည်​လော။ သင်​၏​ဘု​ရား​ခေ​မု​ရှ ပေး​အပ်​သ​မျှ​နယ်​မြေ​ကို​သင်​သိမ်း​ပိုက်​ထား နိုင်​ပါ​၏။ ငါ​တို့​အ​တွက်​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သိမ်း​ယူ​တော်​မူ​သော​နယ် မြေ​ရှိ​သ​မျှ​ကို​ငါ​တို့​သိမ်း​ပိုက်​ထား​မည်။-
25 ¡Qué! ¿Eres mejor que Balac, el hijo de Zipor, rey de Moab? ¿Alguna vez tomó una causa contra Israel o hizo guerra contra ellos?
၂၅သင်​သည်​မိ​မိ​ကိုယ်​ကို​မော​ဘ​ဘု​ရင်၊ ဇိ​ဖော် ၏​သား​ဗာ​လက်​ထက်​ပို​မို​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​ပါ​သ​လော။ သူ​သည်​ဣ​သ​ရေ​လ လူ​မျိုး​ကို​ရန်​ပြု​၍​တိုက်​ခိုက်​ဖူး​ပါ​သ လော။-
26 Mientras Israel vivía en Hesbón, y sus aldeas y en Aroer y sus aldeas y en todas las ciudades que están al lado del Arnón, durante trescientos años, ¿por qué no las recuperaron en todo ese tiempo?
၂၆ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဟေ​ရှ​ဘုန် မြို့​နှင့်​အာ​ရော်​မြို့​တို့​ကို​လည်း​ကောင်း၊ ထို​မြို့ များ​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​တို့​နှင့်​အာ​နုန်​မြစ် ကမ်း​ပေါ်​ရှိ​မြို့​မှန်​သ​မျှ​ကို​လည်း​ကောင်း နှစ် ပေါင်း​သုံး​ရာ​တိုင်​တိုင်​သိမ်း​ပိုက်​ထား​စဉ်​က သင်​သည်​အ​ဘယ်​ကြောင့်​ထို​မြို့​တို့​ကို​ပြန် လည်​မ​သိမ်း​မ​ယူ​ခဲ့​ပါ​သ​နည်း။-
27 No he hecho nada malo contra ti, pero me estás haciendo mal al luchar contra mí: que el Señor, que es el Juez hoy, sea juez entre los hijos de Israel y los hijos de Amón.
၂၇ငါ​သည်​သင့်​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား။ သင်​သာ​လျှင်​ငါ့​အား​စစ်​တိုက်​ခြင်း​ဖြင့် အ​မှား​ကို​ပြု​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား သူကြီး​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​နှင့်​အမ္မုန်​အ​မျိုး​သား တို့​စပ်​ကြား​၌ ယ​နေ့​တ​ရား​စီ​ရင်​ဆုံး ဖြတ်​တော်​မူ​ပါ​လိမ့်​မည်။-''
28 El rey de los hijos de Amón, sin embargo, no escuchó las palabras que Jefté le envió.
၂၈သို့​ရာ​တွင်​အမ္မုန်​ဘု​ရင်​သည်​ယေ​ဖ​သ​ပြန် လည်​ဖြေ​ကြား​သော​စ​ကား​ကို​မည်​သို့​မျှ ပ​မာ​ဏ​မ​ပြု​ချေ။
29 Entonces vino el espíritu del Señor sobre Jefté, y pasó por Galaad y Manasés, y llegó a Mizpa de Galaad; y de Mizpa de Galaad para invadir el territorio de los hijos de Amón.
၂၉ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော် သည် ယေ​ဖ​သ​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​၏။ ယေ​ဖ​သ​သည်​ဂိ​လဒ်​ပြည်​နှင့်​မ​နာ ရှေ​ပြည်​တစ်​လျှောက်​သို့​သွား​ပြီး​လျှင် ဂိ​လဒ် ပြည်​မိ​ဇ​ပါ​မြို့​သို့​ပြန်​လာ​သည်။ ထို နောက်​အမ္မုန်​ပြည်​သို့​ချီ​တက်​လေ​၏။-
30 Entonces Jefté hizo un juramento al Señor y dijo: Si entregas los hijos de Amón en mis manos,
၃၀သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဤ​သို့​သစ္စာ က​တိ​ပြု​၏။ ``အ​ကယ်​၍​ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​အမ္မုန်​အ​မျိုး​သား​တို့​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်​ဆို​ပါ​က၊-
31 Entonces, cualquiera que salga por la puerta de mi casa, encontrándome cuando regrese de la batalla de los hijos de Amón, será del Señor y le daré en ofrenda quemada.
၃၁အ​ကျွန်ုပ်​အား​ခ​ရီး​ဦး​ကြို​ပြု​ရန်​အိမ်​မှ ဦး​စွာ​ပ​ထ​မ​ထွက်​လာ​သူ​အား မီး​ရှို့​ရာ ယဇ်​အ​ဖြစ်​ဖြင့်​ကိုယ်​တော်​အား​ပူ​ဇော်​ဆက် သ​ပါ​မည်။''
32 Entonces Jefté se acercó a los hijos de Amón para hacerles la guerra; Y el Señor los entregó en sus manos.
၃၂သို့​ဖြစ်​၍​ယေ​ဖ​သ​သည်​မြစ်​ကို​ကူး​ဖြတ် ပြီး​လျှင် အမ္မုန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် ရာ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​အောင်​ပွဲ ခံ​စေ​တော်​မူ​၏။-
33 E hizo un ataque contra ellos desde Aroer hasta Minit, invadiendo veinte ciudades, hasta las viñas de Abel-keramim, y mató Jefté a muchos enemigos. Y los hijos de Amón fueron dominados por los hijos de Israel.
၃၃သူ​သည်​ရန်​သူ​များ​ကို​အာ​ရော်​မြို့​မှ​အ​စ​ပြု ၍ မိန္နိတ်​မြို့​၏​ပတ်​ဝန်း​ကျင်​ဒေ​သ​တစ်​လျှောက် ရှိ​မြို့​ပေါင်း​နှစ်​ဆယ်​ကို​လည်း​ကောင်း၊ အာ​ဗေ လ​ခေ​ရ​မိမ်​မြို့​သို့​တိုင်​အောင်​လည်း​ကောင်း လိုက် လံ​တိုက်​ခိုက်​ရာ​လူ​သတ်​ပွဲ​ကြီး​ဖြစ်​ခဲ့​၏။ သို့ ဖြစ်​၍​အမ္မုန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​စစ်​တိုက်​ရာ​တွင်​အ​ရေး ရှုံး​နိမ့်​သွား​လေ​၏။
34 Entonces Jefté volvió a su casa en Mizpa, y salió su hija, encontrándose con él en el camino con música y bailes; ella era su única hija; No tuvo otros hijos o hijas.
၃၄ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့​နေ​အိမ်​သို့​ပြန်​လာ သော​အ​ခါ သ​မီး​ဖြစ်​သူ​သည်​ပတ်​သာ​ကို​တီး ၍​က​ခုန်​လျက် သူ့​အား​ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​လာ​၏။ သူ​သည်​ကား​တစ်​ဦး​တည်း​သော သ​မီး​ဖြစ်​သတည်း။-
35 Y cuando la vio, se llenó de dolor, y dijo: ¡Ah! ¡mi hija! Que gran dolor me causas, y eres tú quien es la causa principal de mi problema; porque he hecho un juramento al Señor y no puedo retirarlo.
၃၅ယေ​ဖ​သ​သည်​သူ့​ကို​မြင်​သော​အ​ခါ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက် မိ​မိ​အ​ဝတ်​ကို​ဆွဲ ဆုတ်​ကာ``အို ငါ့​သမီး၊ သင်​သည်​ငါ​၏​စိတ်​နှ​လုံး ကို​ကြေ​ကွဲ​စေ​လေ​ပြီ။ ငါ့​အား​စိတ်​ဝေ​ဒ​နာ ခံ​စား​စေ​သူ​မှာ​အ​ဘယ်​ကြောင့်​သင်​ဖြစ်​ရ ပါ​သ​နည်း။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကြီး​လေး​သည့်​သစ္စာ​က​တိ​ကို​ပြန်​လည်​ရုတ် သိမ်း​၍​မ​ရ​တော့​ပါ'' ဟု​ပြော​၏။
36 Y ella le dijo: Padre mío, has hecho juramento al Señor; Hazme entonces lo que has dicho; porque el Señor ha enviado una recompensa completa a tus enemigos, a los hijos de Amón.
၃၆သူ​ငယ်​မ​က​လည်း``အ​ကယ်​၍​ဖ​ခင်​သည် ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​က​တိ​ပြုထား​ပြီး​ပြီ​ဟု​ဆို လျှင် ထို​သစ္စာ​က​တိ​အ​တိုင်း​ကျွန်​မ​အား​ပြု ပါ​လေ။ ထာ​ဝ​ရ​ဘု​ရား​သည်​ဖ​ခင်​အား​မိ​မိ ၏​ရန်​သူ​တို့​အ​ပေါ်​၌​လက်​စား​ချေ​ခွင့်​ကို ပေး​တော်​မူ​ပါ​ပြီ။-
37 Entonces ella le dijo a su padre: Sólo haz esto por mí: déjame tener dos meses para irme a las montañas con mis amigos, llorando por mi triste destino.
၃၇သို့​ရာ​တွင်​ကျွန်မ​တစ်​ခု​တောင်း​ခံ​ပါ​ရ​စေ။ ကျွန်​မ​သည်​အ​ပျို​စင်​ဘ​ဝ​ဖြင့်​အ​သက်​ကုန် ဆုံး​ရ​သည့်​အ​တွက် အ​ပေါင်း​အ​ဖော်​များ​နှင့် အ​တူ​တောင်​ရိုး​ပေါ်​တွင်​လှည့်​လည်​၍ ငို​ကြွေး မြည်​တမ်း​နိုင်​ရန်​နှစ်​လ​မျှ​ကျွန်​မ​အား လွတ်​လွတ်​လပ်​လပ်​နေ​ခွင့်​ပြု​ပါ'' ဟု​တောင်း ပန်​၏။-
38 Y él dijo: Ve, pues. Así que la despidió por dos meses; y ella fue con sus amigos a las montañas, llorando por su triste destino.
၃၈ယေ​ဖ​သ​သည်​သမီး​ဖြစ်​သူ​အား​နှစ်​လ​မျှ ခွင့်​ပြု​၍ ထွက်​ခွာ​သွား​စေ​လေ​သည်။ သူ​ငယ်​မ သည်​အိမ်​ထောင်​မ​ကျ၊ သား​သ​မီး​မ​ရ​ဘဲ သေ​ဆုံး​ရ​တော့​မည်​ဖြစ်​၍ သူ​နှင့်​တ​ကွ​သူ ၏​အ​ပေါင်း​အ​ဖော်​တို့​သည်​တောင်​ရိုး​ပေါ် သို့​တက်​၍​ငို​ကြွေး​မြည်​တမ်း​ကြ​ကုန်​၏။-
39 Y al cabo de dos meses regresó con su padre, quien hizo con ella lo que había dicho en su juramento: y nunca había sido tocada por un hombre. Así se convirtió en una regla en Israel,
၃၉နှစ်​လ​မျှ​ကြာ​သော​အ​ခါ​သူ​သည်​မိ​မိ​၏ ဖ​ခင်​ထံ​သို့​ပြန်​လာ​လေ​သည်။ ဖ​ခင်​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​သစ္စာ​က​တိ ပြု​ထား​သည့်​အ​တိုင်း​ပြု​သ​ဖြင့် သူ​ငယ်​မ သည်​အ​ပျို​စင်​အ​ဖြစ်​နှင့်​ပင်​လျှင်​ဘ​ဝ ဆုံး​ရ​လေ​တော့​၏။ ဤ​အ​ဖြစ်​အပျက်​ကြောင့်၊-
40 Que las mujeres vayan año tras año lamentando a la hija de Jefté la galaadita, cuatro días al año.
၄၀ဣ​သ​ရေ​လ​ပြည်​ဂိ​လဒ်​မြို့​သား​ယေ​ဖ​သ ၏​သ​မီး​အ​တွက်​နှစ်​စဉ်​နှစ်​တိုင်း​လေး​ရက်​မျှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်​ထွက်​၍ ငို​ကြွေး​မြည်​တမ်း​ကြ​သည့်​ဋ္ဌ​လေ့​ထုံး​စံ​ရှိ သတည်း။

< Jueces 11 >