< Jeremías 5 >

1 Recorre rápidamente las calles de Jerusalén y ve ahora, adquiere conocimiento y busca en sus lugares amplios si hay un hombre, si hay uno que sea recto, que mantenga la fe; y ella tendrá mi perdón.
ယေရုရှလင် မြို့ကို အပြစ် မှ ငါလွှတ်မည် အကြောင်း၊ တရား သဖြင့် ကျင့် သောမြို့သား၊ သစ္စာ စောင့် သောမြို့သား တစုံတယောက်မျှရှိ လျှင် ၊ ထိုသူ ကို တွေ့ အံ့သောငှါ ၊ မြို့လမ်း တို့၌ တောင်မြောက်ပြေး ၍၊ ကျယ် သော အရပ်တို့၌ ရှာဖွေ ကြည့်ရှု ကြလော့။
2 Y aunque dicen: Por el Señor viviente; Verdaderamente sus juramentos son falsos.
သူတို့က၊ ထာဝရဘုရား အသက် ရှင်တော်မူသည် ဟုဆို သော်လည်း ၊ အကယ်စင်စစ်မဟုတ် မမှန်ကျိန်ဆို တတ်ကြ၏။
3 Oh Señor, ¿no ven tus ojos buena fe? Les has dado un castigo, pero no les dolió; les enviaste destrucción, pero rehusaron recibir corrección; les endureció la cara más que una roca; han rechazado arrepentirse.
အို ထာဝရ ဘုရား၊ ကိုယ်တော်သည် သစ္စာ တရားကို ထောက်ရှု တော်မူသည် မဟုတ် လော။ ကိုယ်တော်သည် ဒဏ်ခတ် တော်မူသော်လည်း သူ တို့သည် ညှိုးငယ် သောစိတ်မ ရှိကြပါ။ ဖျက်ဆီး တော်မူသော်လည်း၊ သူ တို့သည် ဆုံးမ ခြင်းကို ငြင်းပယ် ကြပါပြီ။ မိမိ တို့ မျက်နှာ ကို ကျောက် ထက် သာ၍မာ စေကြပါပြီ။ ငါတို့သည် ပြန် ၍ မလာဟု ငြင်းဆန် လျက်နေကြပါပြီ။
4 Entonces dije: Pero estos son los pobres; son tontos, porque no tienen conocimiento del camino del Señor ni del comportamiento deseado por su Dios.
ငါ ကလည်း ၊ အကယ်စင်စစ်ဤသူ တို့သည် ဆင်းရဲ သားဖြစ်ကြ၏။ ထာဝရဘုရား ၏ တရား တော်ကို၎င်း၊ မိမိ တို့ ဘုရား သခင်စီရင် တော်မူရာကို၎င်း မ သိ သောကြောင့် မိုက် ကြ၏။
5 Iré a los grandes hombres y hablaré con ellos; porque tienen conocimiento del camino del Señor y del comportamiento deseado por su Dios. Pero en cuanto a estos, también quebrantaron el yugo y rompieron las coyundas.
လူကြီး များထံသို့ ငါသွား ၍ ပြော မည်။ သူ တို့သည် ထာဝရဘုရား ၏ တရား တော်ကို၎င်း၊ မိမိ တို့ဘုရား သခင်စီရင် တော်မူရာကို၎င်း သိ ကြ၏ဟုဆိုသော်လည်း ၊ သူ တို့ သည် ထမ်းဘိုး တော်ကိုချိုး ၍၊ အနှောင် အဖွဲ့တော်တို့ကို ဖြတ် ကြပြီ။
6 Y así, un león del bosque los matará, un lobo del desierto los destruirá, un leopardo vigilará sus pueblos, y todos los que salgan de ellos serán alimento para las bestias; por el gran número de sus pecados y el aumento de sus malas acciones.
ထိုကြောင့်၊ တော မှ လာသော ခြင်္သေ့ သည် သူ တို့ ကိုသတ် လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူ တို့ကို ကိုက်စား လိမ့်မည်။ ကျားသစ် သည် သူ တို့မြို့ ကို စောင့် ၍၊ မြို့ပြင်သို့ထွက်သွား သောသူ အပေါင်းတို့ကို အပိုင်းပိုင်းကိုက်ဖြတ် လိမ့်မည်။ အကြောင်း မူကား ၊ သူ တို့ပြစ်မှားသော အပြစ် များ ၍၊ အကြိမ်ကြိမ်အထပ်ထပ်ဖောက်ပြန် ကြပြီ။
7 ¿Cómo es posible que tengas mi perdón por esto? tus hijos me han abandonado, dando su juramento para aquellos que no es Dios; cuando les había dado comida en toda su medida, eran infieles a sus esposas, complaciéndose en las casas de rameras en compañía.
ထို သို့သော အပြစ်မှ သင့် ကို အဘယ် သို့ငါလွှတ် နိုင်သနည်း။ သင် ၏ သားသမီး တို့သည် ငါ့ ကိုစွန့် ၍ ၊ ဘုရား မ ဟုတ်သောသူတို့ ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ။ ငါသည်ဝ စွာကျွေးသောအခါသူ တို့သည် ပြည်တန်ဆာ အိမ် ၌ စည်းဝေး ၍ မှားယွင်း ကြပြီ။
8 Estaban llenos de deseo, como caballos después de una comida de grano; todos iban tras la esposa de su vecino.
ဝစွာစား ရသောမြင်း ကဲ့သို့ဖြစ်၍၊ အသီးအသီး အိမ်နီးချင်းမယား တို့ကို တပ် သောစိတ်နှင့် ဟီ ကြပြီ။
9 ¿No debo castigar por estas cosas? dice el Señor: ¿no he de dar su merecido a una nación como esta?
ထို သို့သောအပြစ်တို့ကို ငါသည် မ စစ်ကြော ဘဲ နေရမည်လော။ ထို သို့သောအမျိုး ကို ဒဏ် ပေး၍၊ ငါ့ စိတ် ချင်ရဲမ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။
10 Sube sus paredes y haz destrucción; pero no los destruyas por completo; quita sus ramas, porque no son las del Señor.
၁၀မြို့ရိုး ပေါ် သို့တက် ၍ ဖျက်ဆီး ကြလော့။ ပျက်စီး ခြင်းကို မ စဲ စေကြနှင့်။ ခြေ လက်တို့ကို ပယ်ရှင်း ကြလော့။ ထာဝရဘုရား ဆိုင်တော်မ မူ။
11 Porque el pueblo de Israel y el pueblo de Judá han sido desleales conmigo, dice el Señor.
၁၁ဣသရေလ အမျိုး နှင့် ယုဒ အမျိုး တို့သည် ငါ့ ထံ ၌ ခံဘူးသော သစ္စာ ကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့် တော်မူ ၏။
12 Negaron al Señor, diciendo: él no es, Él no hará nada, y ningún mal vendrá a nosotros; no veremos la espada ni hambre.
၁၂သူတို့က၊ ထာဝရဘုရား မ ရှိ။ ငါ တို့အပေါ် ၌ ဘေးဥပဒ် မ ရောက် ရ။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးကို ငါတို့သည် မ တွေ့ ရကြ။
13 Y los profetas se convertirán en viento, y la palabra no está en ellos; así se les hará.
၁၃ပရောဖက် တို့သည် လေ သက်သက် ဖြစ် ကြ၏။ သူ တို့၌ နှုတ်ကပတ် တော်မ ရှိ။ သူတို့ဟောပြောသည် အတိုင်း သူ တို့ခံရ လိမ့်မည်ဟု ထာဝရဘုရား ကို ငြင်းပယ် လျက် ဆို တတ်ကြ၏။
14 Por esta razón, el Señor, el Dios de los ejércitos, ha dicho; Por lo que has dicho, haré que mis palabras en tu boca se conviertan en fuego, y esta gente en madera, y serán quemados por ella.
၁၄သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူတို့သည် ထိုသို့ဆို သောကြောင့် ၊ ငါ့ စကား ကို သင် ၏နှုတ် ၌ မီး ကဲ့သို့ ၎င်း ၊ ဤ လူမျိုး ကိုထင်း ကဲ့သို့၎င်း ငါ ဖြစ် စေ၍ သူ တို့ကို မီးလောင် ရလိမ့်မည်။
15 Mira, te enviaré una nación de muy lejos, oh pueblo de Israel, dice el Señor; una nación fuerte y una nación antigua, una nación cuyo lenguaje te es extraño, para que no puedas percibir el sentido de sus palabras.
၁၅ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ဣသရေလ အမျိုး ၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေး သော အရပ်က ငါ ဆောင် ခဲ့မည်။ အားကြီး သောအမျိုး ၊ ရှေး ကာလ၌ ဖြစ်ဘူးသောအမျိုး ၊ သူ တို့စကား ကို သင်မ သိ နား မ လည်သော အမျိုး ဖြစ်လိမ့်မည်။
16 Sus flechas dan muerte segura, todos son hombres de guerra.
၁၆သူ တို့ မြှားတောင့် သည် ဖွင့် ထားသော သင်္ချိုင်း တွင်းဖြစ်၏။ ထိုသူ အပေါင်း တို့သည် ခွန်အား ကြီးသောသူဖြစ် ကြ၏။
17 Ellos comerán todo lo que produzcan en tus campos, que habría sido alimento para tus hijos y tus hijas: comerán tus rebaños y reses; comerán todas tus viñedos y tus higueras: y con la Espada destruirán tus ciudades amuralladas en que tu confias.
၁၇ထိုသူတို့သည် သင် ၏အသီးအနှံ နှင့် သင် ၏မုန့် ကို စား ကြလိမ့်မည်။ သင် ၏သား သမီး တို့ကိုလည်း စား ကြ လိမ့်မည်။ သင် ၏သိုး နွား တို့ကိုလည်း စား ကြလိမ့်မည်။ သင် ၏စပျစ် နွယ်ပင်နှင့် သင်္ဘောသဖန်း ပင်တို့ကိုလည်း စား ကြလိမ့်မည်။ သင် ခိုလှုံ ၍ ခိုင်ခံ့ သောမြို့ တို့ကိုလည်း တိုက် ၍ လုပ်ကြံ ကြလိမ့်မည်။
18 Pero aun en esos días, dice el Señor, no permitiré que tu destrucción sea completa.
၁၈သို့ရာတွင် ၊ ထို ကာလ ၌ ငါသည် သင် ၏အမှုကို မ ဆုံးဖြတ် သေးဟု ထာဝရဘုရား မိန့် တော်မူ၏။
19 Y sucederá cuando digas: ¿Por qué el Señor nuestro Dios nos ha hecho todas estas cosas? les dirás: “Así como abandonaron al Señor, haciéndote siervos de dioses extraños en su propia tierra, serán siervos de hombres extranjeros en una tierra que no es tuya”.
၁၉သူတို့ကလည်း၊ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ငါ တို့၌ ဤ အမှုအလုံးစုံ တို့ကို အဘယ်ကြောင့် စီရင် တော်မူသနည်းဟုမေး ကြသောအခါ ၊ သင်တို့သည် ငါ့ ကိုစွန့်ပစ် ၍ ၊ ကိုယ် ပိုင်သော ပြည် ၌ တကျွန်း တနိုင်ငံဘုရား တို့၏ အမှုကိုဆောင်ရွက် သကဲ့သို့ ၊ ကိုယ် မ ပိုင် သော ပြည် ၌ တကျွန်း တနိုင်ငံသားတို့၏ အမှုကိုဆောင်ရွက် ရကြလိမ့်မည်ဟု၊ သင်သည်သူ တို့အား ဆင့်ဆို ရမည်။
20 Di esto abiertamente en la casa de Jacob y procamenlo en Judá, diciendo:
၂၀ယာကုပ် အမျိုးနေရာ ယုဒ ပြည်၌ ဟော ပြောကြွေးကြော် ရမည်မှာ၊
21 Escuchen ahora esto, oh necios sin entendimiento; que tienen ojos pero no ven nada, y oídos sin el poder de oír.
၂၁အို မျက်စိ ရှိလျက် နှင့် မ မြင် ၊ နား ရှိလျက် နှင့် မ ကြား ၊ ဉာဏ် မဲ့ သော လူမိုက် တို့၊ နားထောင် ကြလော့။
22 ¿No me temes? dice el Señor ¿No tiemblan de miedo ante mí, que he puesto la arena como límite para el mar, por un orden eterno, para que no pueda pasarlo? y aunque está siempre en movimiento, no puede seguir su camino; Aunque el sonido de sus ondas es fuerte, no pueden pasarlo.
၂၂ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပင်လယ် မ လွန် နိုင်အောင် ဆီးတား ဘို့ရာ သဲ ကိုထာဝရ အပိုင်း အခြားခန့် ထားသော ငါ့ ကို သင်တို့သည် မ ကြောက် ကြ သလော။ ငါ ၏ရှေ့ တော်၌ မ တုန်လှုပ် ကြသလော။ ပင်လယ် လှိုင်း တံပိုးတို့သည် ထ ၍ မ နိုင် ၊ ဟုန်း ၍မကျော် မ လွန်နိုင်သော်လည်း၊
23 Pero el corazón de este pueblo está descontrolado y rebelde; Me han abandonado y se han ido.
၂၃ဤ လူ မျိုးသည် ပြစ်မှားပုန်ကန် သော သဘော ရှိ ၍ ၊ အစဉ်ပုန်ကန် တတ်ကြ၏။
24 Y no dicen en sus corazones: Ahora, adoremos a nuestro Dios, que da la lluvia, el invierno y la lluvia de la primavera, en el momento adecuado; Quién nos guarda las semanas ordenadas del corte de grano.
၂၄အချိန်တန်မှ အရင်မိုဃ်း နှင့် နောက်မိုဃ်း ကို ရွာ စေ၍၊ အသီးအနှံ သိမ်းမြဲ သိမ်းရာ ကာလ ကို ငါ တို့အဘို့ သို ထားတော်မူသောငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ယခု ကြောက် ကြကုန်အံ့ဟု၊ သူ တို့သည် စိတ် နှလုံးထဲ ၌မဆိုတတ်ကြ။
25 Por tu maldad, estas cosas han sido rechazadas y tus pecados te han ocultado el bien.
၂၅သင် တို့ဒုစရိုက် သည် ထို သို့သော အရာတို့ကို လွှဲ ၍၊ သင် တို့အပြစ် သည် သင် တို့၏ မင်္ဂလာ ကို ဆီးတား လေပြီ။
26 Porque hay pecadores entre mi pueblo; ellos vigilan, como los hombres que observan las aves; Ponen una red y se llevan hombres.
၂၆ဝပ် လျက်နေသောမုဆိုး ကဲ့သို့ ချောင်းမြောင်း သော လူဆိုး တို့သည် ငါ ၏လူ တို့တွင် ရှိ ကြ၏။ လူတို့ကို ထောင် ခြင်းငှါထောင်ချောက် ကို ထား ကြပြီ။
27 Como la casa de las aves está llena de pájaros, también están sus casas llenas de engaño; por esta razón se han hecho grandes y tienen riqueza.
၂၇ငှက်ထောင် အိမ်သည် ငှက် တို့နှင့် ပြည့် သကဲ့သို့ ၊ သူ တို့အိမ် သည် လှည့်စားခြင်းပရိယာယ် နှင့်ပြည့် ၏။ ထိုသို့သူတို့သည် အားတိုးပွါး ၍ ရတတ် ခြင်းသို့ ရောက် ကြ၏။
28 Se han vuelto gordos y fuertes; han ido muy lejos en las obras del mal; no apoyan la causa del huérfano, para que prospere; Ni defienden los derechos del pobre.
၂၈ဝ လျက်၊ မျက်နှာပြောင် လျက်ရှိကြ၏။ ဆိုး သောသူတို့ ထက်သာ၍ဆိုးကြ၏။ တရားသဖြင့်မစီရင်ကြ။ မိဘမရှိ သောသူငယ်၏အမှု ကို စောင့် ၍ အနိုင် မ ပေးကြ။ ဆင်းရဲ သော သူဘက်၌ တရား သဖြင့် မ စီရင် ကြ။
29 ¿No debo castigar por estas cosas? dice el Señor: ¿no he de dar su merecido a una nación como esta?
၂၉ထို သို့သော အပြစ်တို့ကို ငါသည် မ စစ်ကြော ဘဲ နေရမည်လော။ ထို သို့သော အမျိုး ကို ဒဏ် ပေး၍၊ ငါ စိတ် ချင်ရဲမ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။
30 Una cosa de asombro y temor ha ocurrido en la tierra;
၃၀အံ့ဩ ရွံရှာ ဘွယ်သော အမှုကို ပြည် တော်၌ ပြု ကြ၏။
31 Los profetas dan palabras falsas y los sacerdotes toman decisiones por su cuenta; y mi gente se alegra de tenerlo así, ¿y qué harás al final?
၃၁ပရောဖက် တို့သည် မဟုတ် မမှန်ဟော ပြောကြ ၏။ ယဇ် ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရ ကြ၏။ ထို သို့သောအမှုကို ငါ ၏လူ တို့သည် နှစ်သက် ကြ၏။ ထို အမှုဆုံး သောအခါ သင်တို့သည် အဘယ် သို့ပြု ကြလိမ့်မည်နည်း။

< Jeremías 5 >