< Jeremías 28 >
1 Y sucedió que en ese año, cuando Sedequías se convirtió en rey de Judá, en el cuarto año, en el quinto mes, Hananías, hijo del profeta Azur, que vino de Gabaón, dijo a Jeremías en el Casa del Señor, delante de los sacerdotes y de todo el pueblo, diciendo:
၁ထိုနှစ်တည်းဟူသောဇေဒကိမင်းနန်းစံ စတုတ္ထနှစ်ပဉ္စမလ၌အာဇုရ၏သား ဂိဘောင်မြို့နေပရောဖက်ဟာနနိသည် ယေရမိအားဗိမာန်တော်ထဲတွင်ယဇ်ပုရော ဟိတ်များနှင့်ပြည်သူတို့၏ရှေ့၌၊-
2 Estas son las palabras del Señor de los ejércitos, el Dios de Israel: por mí se ha roto el yugo del rey de Babilonia.
၂ဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်ဗာဗုလုန်မင်း၏အာဏာ တန်ခိုးကိုချိုးနှိမ်တော်မူပြီ။-
3 En el espacio de dos años enviaré de vuelta a este lugar todos los recipientes de la casa del Señor que Nabucodonosor, rey de Babilonia, se llevó de este lugar a Babilonia:
၃ဤဗိမာန်တော်မှာဗာဗုလုန်မြို့သို့နေဗုခဒ် နေဇာမင်းသိမ်းယူသွားသောဘဏ္ဍာမှန်သမျှ ကို နှစ်နှစ်အတွင်းဤဌာနတော်သို့ငါပြန် လည်ယူဆောင်လာမည်။-
4 Y dejaré que Jeconías, hijo de Joacim, rey de Judá, regrese a este lugar con todos los prisioneros de Judá que fueron a Babilonia, dice el Señor, porque tendré el yugo del rey de Judá. Babilonia roto.
၄ငါသည်ယောယကိမ်၏သားယုဒဘုရင် ယေခေါနိကိုလည်း ယုဒပြည်မှဗာဗုလုန် မြို့သို့လိုက်ပါသွားရကြသည့်သုံ့ပန်းများ နှင့်အတူပြန်လည်ခေါ်ဆောင်ခဲ့မည်။ ဗာဗု လုန်မင်း၏အာဏာတန်ခိုးကိုအမှန်ပင် ငါချိုးနှိမ်တော်မူမည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူကြောင်းပြောကြားလေ၏။
5 Entonces el profeta Jeremías dijo al profeta Hananías, delante de los sacerdotes y de todas las personas que habían venido a la casa del Señor:
၅ထိုအခါငါသည်ပရောဖက်ဟာနနိအား ဗိမာန်တော်ထဲတွင်ရပ်လျက်နေသော ယဇ်ပု ရောဟိတ်များနှင့်ပြည်သူအပေါင်းတို့၏ ရှေ့၌၊-
6 El profeta Jeremías dijo: Así sea, que el Señor lo haga; que el Señor dé efecto a las palabras que has dicho, y deja los recipientes de la casa del Señor y todas las personas que han sido llevadas, regresen de Babilonia a este lugar.
၆``သင်ပြောသည့်အတိုင်းပင်ဖြစ်ပါစေသော။ ထာဝရဘုရားသည် ဤအတိုင်းပင်ပြုတော် မူလိမ့်မည်ဟုလည်းငါမျှော်လင့်ပါ၏။ ကိုယ် တော်သည်သင်၏ဟောကြားချက်များကို အကောင်အထည်ပေါ်စေတော်မူလိမ့်မည် ဟူ၍လည်းကောင်း၊ ဗာဗုလုန်မြို့သို့သိမ်း ယူသွားသောဗိမာန်တော်ဘဏ္ဍာများနှင့် သုံ့ပန်းအဖြစ်ဖမ်းဆီးသွားသည့်သူ အပေါင်းတို့အား ပြန်လည်ခေါ်ဆောင်လာ တော်မူလိမ့်မည်ဟူ၍လည်းကောင်းငါ မျှော်လင့်ပါ၏။-
7 Pero aún así, escucha esta palabra que te estoy diciendo a ti y a todo el pueblo:
၇သို့ရာတွင်သင်နှင့်တကွပြည်သူအပေါင်း တို့အား ငါပြောဆိုသည့်စကားကိုနား ထောင်လော့။-
8 Los profetas, que fueron antes de mí y antes de ti, desde los primeros tiempos dieron aviso a varios países y grandes reinos sobre la guerra y la destrucción y la enfermedad.
၈သင်နှင့်ငါတို့၏ခေတ်မတိုင်မီရှေးအခါ၌ ဟောကြားခဲ့သောပရောဖက်များကလူမျိုး တကာတို့သည်လည်းကောင်း၊ တန်ခိုးကြီး သောနိုင်ငံများသည်လည်းကောင်း၊ စစ်မက် အန္တရာယ်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးသင့်ကြရလိမ့်မည်ဟု ဖော်ပြခဲ့ကြ၏။-
9 El profeta cuyas palabras son de paz, cuando sus palabras se hagan realidad, se verá como un profeta a quien el Señor ha enviado.
၉သို့ရာတွင်ငြိမ်းချမ်းသာယာမှုရှိလိမ့်မည် ဟုကြိုတင်ဟောကြားသည့်ပရောဖက်ကို မူ သူ၏စကားမှန်လျက်နေသည်ကိုတွေ့ရှိ ရသောအခါမှသာလျှင် သူသည်ထာဝရ ဘုရားအမှန်ပင်စေလွှတ်တော်မူသော ပရောဖက်ဖြစ်ကြောင်းအသိအမှတ် ပြုနိုင်ပါလိမ့်မည်'' ဟုဆို၏။
10 Entonces el profeta Hananías quitó el yugo del cuello del profeta Jeremías y se lo rompió con las manos.
၁၀ထိုအခါဟာနနိသည်ငါ၏လည်ဂုတ် ပေါ်မှထမ်းပိုးကိုဖြုတ်ယူ၍ အပိုင်းပိုင်း ချိုးပစ်ပြီးလျှင်၊-
11 Y antes de todo el pueblo, Hananías dijo: El Señor ha dicho: “De esta manera, permitiré que el yugo del rey de Babilonia se rompa de la cabeza de todas las naciones en el espacio de dos años”. Entonces el profeta Jeremías se fue.
၁၁လူအပေါင်းတို့၏ရှေ့၌ငါ့အား``လူမျိုးတကာ တို့အပေါ်သို့နေဗုခဒ်နေဇာမင်းတင်သော ထမ်းပိုးကို ဤနည်းအတိုင်းပင်ချိုးပစ်တော် မူမည်။ နှစ်နှစ်အတွင်းဤအမှုကိုဖြစ်ပွား စေတော်မူမည်ဟု ထာဝရဘုရားမိန့်တော် မူပါ၏'' ဟုပြော၏။ ထိုအခါငါသည် ထွက်ခွာခဲ့၏။
12 Luego que el profeta Hananías le quitará el yugo del cuello del profeta Jeremías, vino la palabra del Señor a Jeremías, diciendo:
၁၂ကာလအနည်းငယ်ကြာသောအခါ ထာဝရဘုရားသည်ငါ့အား၊-
13 Ve y dile a Hananías: Esto es lo que ha dicho el Señor: Tú has roto los yugos de madera, pero en su lugar harás yugos de hierro.
၁၃ဟာနနိထံသို့သွား၍``သင်သည်သစ်သားထမ်း ပိုးကိုချိုးပစ်နိုင်စွမ်းရှိသော်လည်း ကိုယ်တော် သည်သံထမ်းပိုးဖြင့်အစားထိုးတော်မူမည်။-
14 Porque el Señor de los ejércitos, el Dios de Israel, ha dicho: He puesto un yugo de hierro en el cuello de todas estas naciones, haciéndolos siervos a Nabucodonosor, rey de Babilonia; y ellos serán sus siervos, y además le he dado las bestias del campo.
၁၄ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် လူမျိုး တကာတို့အပေါ်သို့သံထမ်းပိုးကိုတင် တော်မူမည်ဖြစ်၍ ထိုသူတို့သည်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာ၏အစေကိုခံရကြ လိမ့်မည်ဟုမိန့်တော်မူလေပြီ။ ထာဝရဘုရား ကတောတိရစ္ဆာန်များအားပင်လျှင်နေဗုခဒ် နေဇာ၏အစေကိုခံစေမည်ဟုမိန့်တော်မူ လေပြီ'' ဟုပြောကြားရန်စေခိုင်းတော်မူ၏။-
15 Entonces el profeta Jeremías dijo al profeta Hananías: Escucha, ahora, Hananías; el Señor no te ha enviado; Pero estás haciendo que esta gente ponga su fe en lo que es falso.
၁၅ထိုနောက်ငါသည်ဟာနနိအား``ဟာနနိ၊ နားထောင်လော့။ ထာဝရဘုရားသည်သင့် အားစေလွှတ်တော်မူသည်မဟုတ်။ သင်သည် ဤပြည်သူတို့အားမုသားစကားကို ယုံကြည်အောင်ပြုလျက်နေသည်ဖြစ်၍၊-
16 Por esta razón, el Señor ha dicho: Mira, te enviaré fuera de la faz de la tierra, este año la muerte te alcanzará, porque has dicho palabras contra el Señor.
၁၆သင့်အားဖယ်ရှားပစ်တော်မူမည်ဖြစ်ကြောင်း ထာဝရဘုရားကိုယ်တော်တိုင်မိန့်တော်မူ လေပြီ။ သင်သည်ပြည်သူတို့အား ထာဝရ ဘုရားကိုပုန်ကန်ရန်လှုံ့ဆော်ပြောဆိုသည် ဖြစ်၍ဤနှစ်မကုန်မီသေရလိမ့်မည်'' ဟု ဆို၏။
17 Y la muerte llegó al profeta Hananías el mismo año, en el séptimo mes.
၁၇ပရောဖက်ဟာနနိသည်ထိုနှစ်သတ္တမလ ၌ပင်သေဆုံးသွားလေသည်။