< Isaías 33 >
1 ¡Ay! de ti que destruyes y no has sido destruido; traicionado a los que no te traicionaron. Cuando hayas acabado de destruir, serás destruido, y después de tus traiciones, ellos harán lo mismo contigo.
၁သူတပါး လုယူ ခြင်းကို မ ခံဘဲလျက်၊ လုယူ တတ် သောသူ၊ သူတပါးဖျက်ဆီး ခြင်းကို မ ခံဘဲလျက်၊ ဖျက်ဆီး တတ်သောသူ၊ သင် သည်အမင်္ဂလာ ရှိ၏။ သင် သည် မလု မယူဘဲ နေသောအခါ လုယူ ခြင်းကိုခံ ရမည်။ ဖျက်ဆီး၍ မော သောအခါ ပျက်စီး ခြင်းသို့ရောက်လိမ့်မည်။
2 Señor, ten piedad de nosotros; porque hemos estado esperando tu ayuda; sé nuestra fuerza cada mañana, nuestra salvación en el tiempo de angustia.
၂အိုထာဝရဘုရား ၊ အကျွန်ုပ် တို့ကို သနား တော်မူ ပါ။ အကျွန်ုပ်တို့သည် ကိုယ်တော် ကို မြော်လင့် ကြပါ၏။ နံနက် တိုင်း အကျွန်ုပ်တို့၌ ခွန်အား ကိုပေး တော်မူပါ။ အမှု ရောက်သောအခါ ၊ အကျွန်ုပ် တို့ကို ကယ်တင် တော်မူ ပါ။
3 Ante el fuerte ruido de tu voz, los pueblos han huido; al levantarte tú, las naciones han ido en todas direcciones.
၃အလုံး အရင်း၏ အသံ ကြောင့် ၊ လူစု တို့သည် ပြေး ကြ၏။ ထ တော်မူသောအခါ ၊ လူမျိုး တို့သည် အရပ်ရပ် ကွဲပြား ကြ၏။
4 Y los bienes tomados en la guerra se juntarán como recoge la oruga; los hombres correrán sobre ellos como la ráfaga de saltamontes.
၄သူတပါးတို့သည် သင် တို့၏ ဥစ္စာ ကို ကျိုင်းကောင် သိမ်း ယူသကဲ့သို့ သိမ်း ယူကြလိမ့်မည်။ ကျိုင်းကောင် တို့သည် လူး လာပြေး သကဲ့သို့၊ သင်တို့၏ ဥစ္စာ ပေါ် မှာ လူးလာပြေးကြလိမ့်မည်။
5 El Señor es levantado; su lugar está en lo alto; y llena de justicia y juicio a Sion.
၅ထာဝရဘုရား သည် ချီးမြှောက် ခြင်းရှိတော်မူ၏။ မြင့် သောအရပ်၌ နေ တော်မူ၏။ ဇိအုန် မြို့ကို တရား သဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းနှင့် ပြည့် စေ တော်မူ၏။
6 Y ya no tendrá más miedo al cambio, estará llena de salvación, sabiduría y conocimiento, el temor del Señor es su riqueza.
၆ဉာဏ် နှင့် ပညာ သည် သင် ၏လက်ထက် ၌ တည်ကြည် ခြင်း၊ မြဲမြံ စွာ ကယ်တင် ခြင်းကို ဖြစ် စေလိမ့်မည်။ ထာဝရဘုရား ကို ကြောက်ရွံ့ခြင်းသဘော သည် လည်း သင် ၏ဘဏ္ဍာ ဖြစ် လိမ့်မည်။
7 Mira, los hombres de guerra están tristes fuera de la ciudad, los mensajeros de paz lloran amargamente.
၇သူရဲ တို့သည် ပြင် ၌ အော်ဟစ် ကြ၏။ မိဿဟာယ စကားကို ပြောသော တမန် တော်တို့သည် ပြင်း စွာငိုကြွေး ကြ၏။
8 Las carreteras son un derroche, ningún hombre está viajando allí; el acuerdo se rompe, ha desdeñado las ciudades, no piensa en el hombre.
၈လမ်း မတို့သည် ဆိတ်ညံ ကြ၏။ လမ်း ခရီး၌ သွား လာသောသူမရှိ။ ထိုမင်းသည် သစ္စာ ပျက် လေပြီ။ မြို့ များကိုလည်း ပယ် လေပြီ။ အဘယ်သူ၏ မျက်နှာကို မ မှတ် တတ်။
9 La tierra está triste y desgastada; El Líbano es avergonzado y se marchita; Sarón es como un desierto; y en Basán y Carmel caen las hojas.
၉ပြည် တော်သည် ငြိုငြင် ၍ အားလျော့ ၏။ လေဗနုန် တောသည် ရှက် ကြောက်၍ နွမ်းရိ ၏။ ရှာရုန် အရပ် သည် တော ကဲ့သို့ ဖြစ် ၏။ ဗာရှန် တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား ၏။
10 Ahora me levantaré, dice el Señor; ahora seré exaltado; ahora seré ensalzado.
၁၀ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု ငါထ မည်။ ယခု ချီးမြှောက် ခြင်းသို့ ရောက်မည်။ ကိုယ်ကို ကိုယ်ချီးမြှောက် မည်။
11 Concebiste paja, y darás a luz rastrojo; serás quemado por el fuego de mi aliento.
၁၁သင်တို့သည်ဖွဲ ကို ကိုယ်ဝန် ဆောင်၍၊ အမှိုက် ကို ဘွားမြင် ရလိမ့်မည်။ သင် တို့ စိတ် သဘောသည် မီး ဖြစ်၍၊ သင် တို့ကို ဖျက်ဆီး လိမ့်မည်။
12 Y los pueblos serán como la quema de cal, como espinos cortados, que se queman en el fuego.
၁၂လူ များတို့သည် ထုံး ကျောက်ကို ဖုတ် သကဲ့သို့၎င်း၊ ဆူး ပင်များကို ခုတ် ၍ မီး ရှို့ သကဲ့သို့၎င်း ဖြစ် ကြလိမ့်မည်။
13 Escucha, tú que estás lejos, a lo que he hecho, reconozcan mi poder, tú que estás cerca.
၁၃ဝေး သောသူတို့၊ ငါပြု သော အမှုကို မှတ် ကြလော့။ နီး သောသူတို့၊ ငါ့ တန်ခိုး ကို ဝန်ခံ ကြလော့။
14 Los pecadores en Sión están llenos de temor; los que odian a Dios tiemblan de asombro. ¿Quién de nosotros puede mantener su lugar ante el fuego ardiente? ¿Quién de nosotros habitará en las llamas eternas?
၁၄အပြစ် ရှိသောဇိအုန် မြို့သားတို့သည် ကြောက် ကြ၏။ အဓမ္မ ပြုသောသူတို့သည် ထိတ်လန့် ကြ၏။ ငါ တို့ တွင် အဘယ် သူသည် လောင် သောမီး ထဲမှာ နေ ရမည်နည်း။ ငါ တို့တွင် အဘယ် သူသည် ထာဝရ မီး လောင်ခြင်း ကိုခံ လျက်နေ ရမည်နည်း။
15 El, cuyos caminos son verdaderos, y cuyas palabras son rectas; el que desdeña los beneficios del lucro, cuyas manos sacude para no recibir soborno, él que no participa en la muerte de los hombres y cuyos ojos están cerrados contra el mal;
၁၅တရား သဖြင့်ကျင့် ၍ ဖြောင့်မတ် စွာ ပြော ထ သော၊ ညှဉ်းဆဲ ခြင်းအားဖြင့်ရသောငွေ ကို ရွံ၍၊ တံစိုး ကိုလည်း ငြင်းပယ် ထသော၊ လူအသက်သတ် ခြင်းအမှုကို နား မ ခံ၊ အဓမ္မ အမှုများကို မ ကြည့်မရှုသောသူသည် မြင့် သောအရပ်၌ နေ လိမ့်မည်။
16 Tendrá un lugar en lo alto; será su fortaleza, su lugar de refugio las rocas altas, se le dará su pan; sus aguas serán seguras.
၁၆ခိုင်ခံ့ သော ကျောက် မြို့၌ ခိုလှုံ လိမ့်မည်။ ထိုသူ အား အစာ ကို အစဉ်ပေး ရလိမ့်မည်။ သောက်ရေ လည်း မပြတ် ရ။
17 Tus ojos verán al rey en su gloria y estarán mirando una tierra lejana.
၁၇သင်သည် ရှင် ဘုရင်၏ တင့်တယ်ခြင်း အသရေ တော်ကို ကိုယ် မျက်စိ နှင့် မြင် ရ၍၊ ဝေး လှသောပြည် ကိုလည်း ကြည့် မြင်ရလိမ့်မည်။
18 Tu corazón pensará en la causa de tu temor: ¿dónde está el escriba, dónde está el que hizo un registro de los pagos, dónde está él que contó las torres?
၁၈သင်သည် ကြောက်လန့် ဘွယ်သော အခြင်းအရာကို အောက်မေ့ သောအခါ၊ စာရင်း ယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံ သောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုး တို့ကို ရေတွက် သောသူသည် အဘယ် မှာရှိသနည်း။
19 Nunca más verás a las personas crueles, personas cuya lengua no tiene sentido para ti; cuyo lenguaje te es extraño.
၁၉ကြမ်းတမ်း သောလူမျိုး ၊ နား မ ဝင်နိုင်အောင် နက်နဲ သောစကား ၊ နားမလည်နိုင်အောင် ခက်ခဲ သောစကား ကို ပြောသော လူမျိုး ကို သင်သည်မ တွေ့ မမြင်ရ။
20 Deja que tus ojos descansen sobre Sión, el pueblo de nuestras fiestas santas; verás Jerusalén, un lugar de descanso tranquilo, una tienda de campaña que no se moverá, cuyas estacas de tienda nunca serán levantadas, y cuyos cordones nunca serán rotos.
၂၀ငါ တို့ပွဲခံ ရာမြို့ ၊ ဇိအုန် မြို့ကို ကြည့်ရှု လော့။ တိုင် တခုမျှမ ရွှေ့ ၊ ကြိုး တခုမျှ မ ပြတ် ၊ အလျှင်း မ ပျက် ရသောတဲ တည်းဟူသော၊ ငြိမ်ဝပ် သောနေရာ ယေရုရှလင် မြို့ကို ကိုယ် မျက်စိ နှင့် မြင် ရလိမ့်မည်။
21 Pero allí estará el Majestuoso, Él Señor con nosotros en su gloria, y será para nosotros lugar de guerra ríos y arroyos anchos; donde ningún barco irá con remos, y ningún barco potente pasará por él.
၂၁ထို မြို့တွင် ဘုန်းကြီး သော ထာဝရဘုရား သည် ငါ တို့၌ ကျယ် သောမြစ် များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့်မည်။ ထိုအရပ် ၌ တက် သောရဲ လှေ ၊ အားကြီး သော သင်္ဘော တစင်းမျှ မ ရှောက် မသွားရ။
22 Porque el Señor es nuestro juez, el Señor es nuestro legislador, el Señor es nuestro rey; Él será nuestro salvador.
၂၂အကြောင်း မူကား၊ ထာဝရဘုရား သည် ငါ တို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ငါ တို့၏ ပညတ် တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ငါ တို့၏ ရှင် ဘုရင်ဖြစ်၍၊ ငါ တို့ကို ကယ်တင် တော်မူလိမ့်မည်။
23 Tus cuerdas se han aflojado; no pudieron hacer más fuerte él mástil, la vela no se estiró; entonces los ciegos tomarán mucha propiedad, los cojos harán la división de la abundancia del botín.
၂၃သင် ၏ သင်္ဘောရွက်ကြိုး များ ပြုတ် လျက်ရှိ၏။ ရွက်တိုင် ကို ခိုင်ခံ့ စွာမ ချည် ၊ ရွက် ကိုလည်း မ ဖြန့် နိုင်။ သို့ ဖြစ်၍၊ များစွာ သောဥစ္စာ ကို လုယူ ဝေငှ ရ၏။ ခြေဆွံ့ သောသူပင် လုယူရာ ဥစ္စာ ကို လုယူ ရ၏။
24 Y los hombres de Sion no dirán: Estoy enfermo; porque su pueblo tendrá perdón por su pecado.
၂၄မြို့သားကလည်း၊ ငါနာ သည်ဟုမ ဆို ရ။ ထိုမြို့ ၌ နေ သောသူ တို့သည် အပြစ် ပြေရှင်း ခြင်းသို့ ရောက်ရကြ လိမ့်မည်။