< Génesis 30 >
1 Y Raquel, porque no tenía hijos, estaba llena de envidia de su hermana; y ella le dijo a Jacob: Si no me das hijos, no seguiré viviendo.
၁ရာခေလ သည် ယာကုပ် အား သား မ ဘွား ကြောင်း ကို မိမိသိမြင် သောအခါ ၊ အစ်မ ကို ငြူစူ သောစိတ် ရှိ၍ ၊ ငါ့ အား သား ကိုပေး ပါ။ သို့မဟုတ် ငါ သေ တော့ အံ့ဟု ယာကုပ် ကို ဆို လေ၏။
2 Pero Jacob se enojó contra Raquel, y dijo: ¿Soy yo en el lugar de Dios, que ha impedido que tu cuerpo tenga fruto?
၂ယာကုပ် ကလည်း ၊ ငါ သည် သင့် အား သား ဘွားသောအခွင့်ကိုပေး တော်မမူသော ဘုရားသခင် ကိုယ်စား တော်ဖြစ်သလောဟု၊ ရာခေလ ကို အမျက် ထွက် ၍ ပြန်ဆို ၏။
3 Entonces ella dijo: Aquí está mi sierva Bilha, ve a ella, para que ella tenga un niño sobre mis rodillas, y yo pueda tener una familia junto a ella.
၃ရာခေလကလည်း၊ အကျွန်ုပ် ၌ ကျွန် မဗိလဟာ ရှိ ပါ၏။ သူ့ ထံသို့ ဝင် ပါ။ သူသည် အကျွန်ုပ် ဒူး ပေါ် မှာ သားဘွား ၍ ၊ သူ့ အားဖြင့် အကျွန်ုပ် သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်ဟု ဆို လျက်၊
4 Entonces ella le dio a su sierva Bilha como esposa, y Jacob se unió a ella.
၄ကျွန် မဗိလဟာ ကို ယာကုပ် ၏ မယား ဖြစ် စေခြင်းငှါအပ် ၍ ၊ သူ့ ထံ သို့ယာကုပ် ဝင် လေ၏။
5 Y Bilhah engendró, y dio a luz un hijo.
၅ဗိလဟာ သည် ပဋိသန္ဓေ ယူ၍ ၊ ယာကုပ် အား သား ကို ဘွားမြင် သည်ရှိသော်၊
6 Entonces dijo Raquel: Dios es mi juez, y ha prestado oído a mi voz, y me ha dado un hijo; así que se llamó Dan.
၆ရာခေလ က၊ ဘုရားသခင် သည် ငါ့ ဘက်၌ တရားစီရင် တော်မူပြီ။ ငါ့ စကား ကို ကြား ၍ သား ကို ပေး သနားတော်မူပြီဟု ဆို သည်နှင့်အညီ ၊ ထို သားကို ဒန် အမည် ဖြင့် မှည့် လေ၏။
7 Y otra vez Bilha, sierva de Raquel, estaba encinta, y dio a luz un segundo hijo.
၇တဖန် ရာခေလ ၏ကျွန်မ ဗိလဟာ သည် ပဋိသန္ဓေ ယူပြန်၍ ၊ ယာကုပ် အား နှစ် ကြိမ်မြောက်သော သား ကိုဘွား မြင်သည်ရှိသော်၊
8 Y dijo Raquel: He tenido una gran pelea con mi hermana, y la he vencido; y ella le dio el nombre de Nephtali al niño.
၈ရာခေလ က၊ ငါသည် ငါ့ အစ်မ နှင့် ကျပ်ကျပ် လုံးထွေး၍ နိုင် ခဲ့ပြီဟု ဆို ၍ ၊ ထို သားကို နဿလိ အမည် ဖြင့် မှည့် လေ၏။
9 Cuando a Lea le quedó claro que no tendría más hijos por un tiempo, dio a Zilpa, su sierva, a Jacob como esposa.
၉လေအာ သည် သား ပြတ်၍ မဘွားဘဲနေ ကြောင်းကို မိမိသိမြင် သောအခါ ၊ မိမိ ကျွန် မ ဇိလပ ကို ယူ ၍ ၊ ယာကုပ် ၏မယား ဖြစ် စေခြင်းငှါအပ် လေ၏။
10 Y Zilpa, sierva de Lea, dio a luz un hijo.
၁၀လေအာ ၏ ကျွန် မဇိလပ သည်လည်း ယာကုပ် အား သား ကိုဘွား မြင်သည်ရှိသော်၊
11 Y Lea dijo: Me ha ido bien, y le dio el nombre de Gad.
၁၁လေအာ က၊ ကောင်းကျိုး လာသည်ဟု ဆို ၍ ၊ ထို သားကို ဂဒ် အမည် ဖြင့် မှည့် လေ၏။
12 Y Zilpa, sierva de Lea, dio a luz un segundo hijo.
၁၂တဖန် လေအာ ၏ ကျွန် မဇိလပ သည် ယာကုပ် အား နှစ် ကြိမ်မြောက်သောသား ကို ဘွားမြင် သည် ရှိသော်၊
13 Y Lea dijo: ¡Feliz yo! y todas las mujeres darán testimonio de mi alegría: y ella le dio el nombre de Aser.
၁၃လေအာ က၊ ငါ ၌ မင်္ဂလာ ရှိ၏။ လူ သမီးတို့သည် ငါ့ ကိုမင်္ဂလာ ရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု ဆို သဖြင့် ၊ ထို သားကို အာရှာ အမည် ဖြင့် မှည့် လေ၏။
14 En el momento de cortar el grano, Rubén vio algunas mandrágoras en el campo, y se las llevó a su madre Lea. Y Raquel le dijo: Dame algunas de las mandrágoras de tu hijo.
၁၄ထိုနောက် ၊ ဂျုံ စပါးကို စုသိမ်း သော အချိန် ကာလ ၌ ၊ ရုဗင် သည် လယ်ပြင် သို့ ထွက်သွား ပြီးလျှင် ၊ အနုဆေးသီး ကိုတွေ့ ၍ ၊ မိမိ အမိ လေအာ ထံ သို့ ဆောင် ခဲ့လေ ၏။ ရာခေလ ကလည်း ၊ သင် ၏သား ရခဲ့သော အနုဆေးသီး အချို့ကိုပေး ပါလော့ဟု၊ လေအာ ကို တောင်း လျှင်၊
15 Pero Lea le dijo: ¿Es poco lo que me has quitado a mi marido? y ahora tomarías las mandrágoras de mi hijo? Entonces Raquel dijo: Puedes tenerlo esta noche a cambio de las mandrágoras de tu hijo.
၁၅လေအာက၊ သင်သည် ငါ့ လင် ကိုယူ ၍ အတွက် မရှိထင်သလော။ ငါ့ သား ၏ အနုဆေးသီး ကိုလည်း ယူ ချင် သေးသည်တကားဟု ဆို လေသော် ၊ ရာခေလ က၊ သို့ဖြစ်လျှင် ၊ သင့် သား ၏ အနုဆေးသီး အတွက် ၊ လင်သည် ယနေ့ညဉ့်တွင် သင် နှင့် အိပ်ရမည်ဟု ဆို၏။
16 Por la tarde, cuando Jacob vino del campo, Lea salió a él y le dijo: Esta noche vendrás a mí, porque yo te he alquilado por las mandrágoras de mi hijo. Y él fue a ella esa noche.
၁၆ညဦး အချိန်၌ ၊ လယ်ပြင် မှ ယာကုပ် လာ သောအခါ ၊ လေအာ သည် ခရီးဦးကြိုပြု ခြင်းငှါ သွား ၍ ၊ သင် သည် အကျွန်ုပ် ထံသို့ ဝင် ရမည်။ အကျွန်ုပ် ၏သား ရခဲ့ သော အနုဆေးသီး နှင့် သင့် ကို အကျွန်ုပ်ငှါး သည် မှန်ပါ ၏ဟုဆို သဖြင့် ၊ ထို နေ့ညဉ့် တွင် သူ နှင့် အိပ် ရလေ၏။
17 Y Dios la oyó y ella engendró, y dio a Jacob un quinto hijo.
၁၇လေအာ စကားကို ဘုရားသခင် နားထောင် တော်မူသဖြင့် ၊ သူသည် ပဋိသန္ဓေ ယူ၍ ၊ ယာကုပ် အား ပဉ္စမ သား ကို ဘွားမြင် လေသော်၊
18 Entonces dijo Lea: Dios me ha pagado por haberle dado mi sierva a mi marido, y le dio a su hijo el nombre de Isacar.
၁၈ငါ့ ကျွန် မကို ငါ့ လင် အား ပေး သောကြောင့် ၊ ဘုရားသခင် သည် ငါ့ အား အခ ကို ပေး တော်မူပြီဟုဆို ၍ ၊ ထို သားကို ဣသခါ အမည် ဖြင့် မှည့် လေ၏။
19 Y otra vez Lea se hizo concebir, y ella dio a Jacob un sexto hijo.
၁၉တဖန် လေအာ သည် ပဋိသန္ဓေ ယူပြန် ၍ ၊ ယာကုပ် အား ဆဌမ သား ကို ဘွားမြင် လေသော်၊
20 Y ella dijo: Dios me ha dado un buen dote; ahora, por fin, tendré a mi esposo viviendo conmigo, porque le he dado seis hijos; y ella le dio el nombre de Zabulón.
၂၀ဘုရားသခင် သည် ကောင်း သောလက် ဖွဲ့ကိုပေး သနားတော်မူပြီ။ ငါ့ လင် အား သား ခြောက် ယောက်ကို ဘွားမြင် သောကြောင့် ၊ ယခု ငါ နှင့် အမြဲ နေလိမ့်မည်ဟု ဆို ၍ ၊ ထို သားကို ဇာဗုလုန် အမည် ဖြင့် မှည့် လေ၏။
21 Después de eso ella tuvo una hija, a quien le dio el nombre de Dina.
၂၁ထိုနောက်မှ သမီး ကိုဘွား ၍ ၊ ဒိန အမည် ဖြင့် မှည့် လေ၏။
22 Entonces Dios pensó en Raquel, y al escuchar su oración la hizo fértil.
၂၂ထိုအခါ ဘုရားသခင် သည် ရာခေလ ကို အောက်မေ့ တော်မူ၏။ သူ ၏စကားကို နားထောင် ၍ ၊ သား ဘွားသောအခွင့် ကိုပေး တော်မူသဖြင့်၊
23 Y ella estaba encinta, y dio a luz un hijo; y ella dijo: Dios se ha llevado mi vergüenza.
၂၃သူသည် ပဋိသန္ဓေ ယူ၍ သား ကိုဘွားမြင် လျှင် ၊ ငါ ခံရသောကဲ့ရဲ့ ခြင်းအကြောင်းကို ဘုရားသခင် သည် ပယ် တော်မူပြီဟူ၍၎င်း၊
24 Y le dio el nombre de José, diciendo: ¡Que el Señor me dé otro hijo!
၂၄ထာဝရဘုရား သည် အခြား သောသား ကို ထပ် ၍ပေးတော်မူပါစေသောဟူ၍၎င်း ဆိုလျက်၊ ထို သားကို ယောသပ် အမည် ဖြင့် မှည့် လေ၏။
25 Y después del nacimiento de José, Jacob dijo a Labán: Déjame ir a mi lugar y a mi país.
၂၅ရာခေလ သည် ယောသပ် ကို ဘွားမြင် ပြီး သော နောက်၊ ယာကုပ် က၊ အကျွန်ုပ် သည် ကိုယ် နေရင်း ပြည် သို့ သွား မည်အကြောင်း အကျွန်ုပ် ကို လွှတ် ပါလော့။
26 Dame mis mujeres y mis hijos, por quienes he sido tu siervo, y déjame ir, porque tú tienes conocimiento de todo el trabajo que he hecho por ti.
၂၆ကျွန်ုပ် သည် အစေခံ ၍ရသော မယား နှင့် သား တို့ကို ဆောင်ယူ၍၊ သွား ရသောအခွင့် ကိုပေး ပါလော့။ ကျွန်ုပ် အစေခံ သည်အကြောင်း ကို အဘ သိ ပါသည်ဟု လာဗန် အား ဆို လျှင်၊
27 Y Labán dijo: Si me permites que lo diga, no te vayas; porque he visto por las señales de que el Señor ha sido bueno conmigo por causa de ti.
၂၇လာဗန် က၊ သင် ၏စိတ် နှင့် တွေ့ ပါစေ။ ထာဝရဘုရား သည် သင် ၏အကြောင်း ကြောင့် ငါ့ အား ကောင်းကြီး ပေးတော်မူသည်ကို ငါရိပ်မိ ပြီ။
28 Di, entonces, cuál será tu pago y yo te lo daré.
၂၈ငါ ပေးရမည့်အခ ကို ပြော ပါ၊ ငါပေး မည်ဟု ဆို လေသော်၊
29 Entonces Jacob dijo: Tú has visto lo que he hecho por ti, y cómo tu ganado ha hecho bien bajo mi cuidado.
၂၉ကျွန်ုပ်သည် အဘ၌ အဘယ်သို့ အစေခံ သည် ကို၎င်း အဘ၏တိရစ္ဆာန် တို့သည် ကျွန်ုပ် ၌ အဘယ်သို့ ရှိ နေသည်ကို၎င်းအဘ သိ ပါ၏။
30 Porque antes de que yo llegara tenías poco, y ha sido grandemente aumentado; y el Señor te ha dado una bendición en todo lo que hice; pero ¿cuándo debo hacer algo por mi familia?
၃၀အထက် က အဘ ၏ ဥစ္စာနည်း လှ၏။ ယခု တိုးပွါး ၍ များပြား လျက်ရှိ၏။ ကျွန်ုပ် သွား လာလုပ် ကိုင်သောအားဖြင့်၊ ထာဝရဘုရား သည် အဘ အား ကောင်းကြီး ပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ် သည် ကိုယ် အိမ်သူအိမ်သား တို့ကို အဘယ် သောအခါ ကျွန်ုပ်ပြု စု ရပါအံ့နည်းဟု ဆိုလေ၏။
31 Y Labán dijo: ¿Qué he de darte? Y Jacob dijo: No me des nada; pero volveré a ocuparme del cuidado de tu rebaño si solo haces esto por mí:
၃၁လာဗန်ကလည်း၊ အဘယ် အခကို ပေး ရ မည်နည်းဟုမေး ပြန်လျှင် ၊ ယာကုပ် က၊ ဘာကိုမျှ မ ပေး ပါနှင့်၊ ကျွန်ုပ် ၌ ကျေးဇူးတခု ပြု လိုလျှင် ၊ အဘ၏သိုး စု၊ ဆိတ်စုကို တဖန် ကျွေးမွေးစောင့်ထိန်း ပါဦးမည်။
32 Déjame ir a través de todos tus rebaños hoy, sacando de entre ellos todas las ovejas que están marcadas o coloreadas o negras, y todas las cabras marcadas o de color: estas serán mi pago.
၃၂ယနေ့ သိုးစု၊ ဆိတ်စုတရှောက်လုံး ကို ကျွန်ုပ် သွား ၍ ၊ ပြောက် ကျား သောဆိတ် များ ညို သော သိုး များ၊ ရှိသမျှ တို့ကိုရွေးနှုတ် ခွဲထားပါမည်။ နောက်မှပြောက်ကျားသောဆိတ်၊ ညိုသောသိုး တို့သည် ကျွန်ုပ် ၏ အခ ဖြစ် စေလော့။
33 Y así podrás poner a prueba mi honor en el futuro; si ves entre mis rebaños a las cabras que no están marcadas o coloreadas, o cualquier oveja que no sea negra, puedes tomarme por un ladrón.
၃၃သို့ဖြစ်၍ ၊ နောင် ကာလ ၌ ကျွန်ုပ် ၏အခ သည်၊ အဘရှေ့ သို့ ရောက် သောအခါ ၊ ကျွန်ုပ် ၏ဖြောင့်မတ် ခြင်း သည် ကျွန်ုပ် ကို စောင့်ရှောက် ပါလိမ့်မည်။ မ ပြောက် မကျားသော ဆိတ် ၊ မညို သောသိုး ရှိသမျှ တို့ကို ၊ ကျွန်ုပ် ခိုး သော အကောင်ဟူ၍မှတ်စေလော့ဟု ဆိုလေ၏။
34 Y Labán dijo: Deja que sea como dices.
၃၄လာဗန် ကလည်း၊ သင် ပြော တိုင်း ဖြစ် လော့ဟု ဝန်ခံ ၍ ၊ ထိုနေ့ ၌ ပင်၊ ပြောက် ကျားသော ဆိတ် ထီး၊ ပြောက် ကျားသောဆိတ် မ၊
35 Y tomó aquel día todos los machos cabríos que estaban listados o pintados, y todas las colas que estaban marcadas o coloreadas o tenían marcas blancas, y todas las ovejas negras, y las puso al cuidado de sus hijos;
၃၅အဖြူ ပါသော ဆိတ်ရှိသမျှ တို့နှင့် ၊ အဆင်းညို သော သိုးရှိသမျှ တို့ကိုရွေး ၍ ၊ မိမိ သား တို့လက် သို့ အပ် ပေးလေ၏။
36 Y los envió a tres días de viaje, y Jacob se hizo cargo del resto del rebaño de Labán.
၃၆ကိုယ် နေရာ အရပ်နှင့် ၊ ယာကုပ် နေရာအရပ်ကို သုံး ရက် ခရီး ကွာ စေခြင်းငှါ စီရင် သေး၏။ ယာကုပ် သည် ကြွင်း သော လာဗန် ၏သိုး ဆိတ်များကို ထိန်း လျက် နေရ လေ၏။
37 Entonces Jacob tomó ramas verdes de árboles, y cortó la piel para que la madera blanca se viera en bandas.
၃၇ထိုအခါ ယာကုပ် သည်၊ စိမ်း သောလိဗနာ ပင်၊ လုဇ ပင်၊ အာရမုန် ပင်တို့၏ အခက် တံဖျားများကိုယူ ၍၊ အဖြူ ၊ အစိမ်း၊ အတန့်တန့်ပေါ် အောင်အခွံ ကို လှီး ခွာ ပြီးလျှင်၊
38 Y él puso los palos con bandas en los bebederos donde el rebaño iba a buscar agua; y procrearon cuando venían a beber.
၃၈ရေသောက် လာ သောသိုး ၊ ဆိတ်အထီးအမ ရှက်တင် စေမည်အကြံရှိ၍၊ ရေသောက် လာ သောအခါ ၊ အခွံ ခွာပြီးသော တံဖျား တို့ကို ရေ သောက်ကျင်း၊ သောက် ခွက်တို့၌ သိုး ဆိတ်တို့ ရှေ့ မှာစိုက်ထား လေ၏။
39 Y debido a esto, el rebaño dio a luz a los borregos que fueron marcados con bandas de color.
၃၉သိုး ဆိတ်တို့သည် တံဖျာ များရှေ့ မှာ ရှက်တင် ၍ ၊ အပြောက် အကျား စသည်တို့ကို ဘွား ကြ၏။
40 Estos corderos Jacob se mantuvieron separados; y él puso su rebaño en un lugar solo y no con el rebaño de Labán.
၄၀ယာကုပ် သည် သိုး ၊ ဆိတ်သငယ်တို့ကိုလည်း ခွဲ ထား၍ ၊ လာဗန် ၏သိုး စု၊ ဆိတ်စုတွင် အဆင်း ပြောက် ကျားသော အကောင်၊ အဆင်း ညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုး ဆိတ်များကိုမျက်နှာ ပြု စေ၏။ မိမိတိရစ္ဆာန် များနှင့်လာဗန် ၏ တိရစ္ဆာန် များကိုလည်း မ ရော မနှော စေဘဲ၊ တစုစီခွဲထားလေ၏။
41 Y cuando los más fuertes del rebaño se unían para tener crías, Jacob les ponía los palos en los bebederos, para que en el momento de unirse vieran los palos.
၄၁အားကြီး သောအကောင်တို့သည် ရှက်တင် သောအခါ ၊ တံဖျာ တို့တွင် ရှက်တင် စေခြင်းငှါ ၊ ယာကုပ် သည် တံဖျာများကို ရေကျင်း၌၊ သူတို့ မျက်မှောက် တွင် ထား တတ်၏။
42 Pero cuando las ovejas más flacas, no les puso los palos; de modo que las bandadas más débiles eran de Labán y las más fuertes eran de Jacob.
၄၂အားနည်း သောအကောင် တို့ရှေ့ မှာ တံဖျာ တို့ကို မ ပြ မထား။ ထိုကြောင့် အားနည်း သောအကောင်တို့သည် လာဗန် ၏ ဥစ္စာဖြစ်လေ၏။ အားကြီး သော အကောင်တို့မူကား၊ ယာကုပ် ၏ ဥစ္စာဖြစ်လေ၏။
43 Así que la riqueza de Jacob se incrementó en gran manera; tenía grandes rebaños y sirvientas y sirvientes, camellos y asnos.
၄၃ထိုသို့ ယာကုပ် ၌ စည်းစိမ်တိုးပွား ၍ ၊ သိုး ၊ ဆိတ်၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် ၊ မြည်း အများ ရှိ ကြ၏။