< Génesis 27 >

1 Y cuando Isaac era viejo, y se nublaron sus ojos, y no pudo ver, envió a buscar a Esaú, su primer hijo, y le dijo: Mi hijo, y él dijo: Heme aquí.
ထိုနောက်ဣဇာက် သည် အို ၍ မျက်စိ မှုန် သဖြင့် မမြင် နိုင်သောအခါ ၊ သား အကြီး ဧသော ကို၊ ငါ့ သား ဟု ခေါ် လျှင် ၊ အကျွန်ုပ် ရှိ ပါ၏ဟု ထူး လေ၏။
2 Y él dijo: Mira ahora, soy viejo, y mi muerte puede tener lugar en cualquier momento:
အဘကလည်း၊ ယခု ငါအို လှပြီ။ အဘယ်သောအခါ သေ ရမည်ကို ငါမ သိ။
3 Así que toma tus flechas y tu arco y sal al campo a buscar carne para mí;
မ သေ မှီ ငါ့ ဝိညာဉ် သည် သင့် ကို ကောင်းကြီး ပေးမည်အကြောင်း ၊ သင် ၏လက်နက် တည်းဟူသောလေး နှင့် မြှား တောင့်ကို ဆောင်ယူ လျက် တော သို့ သွား၍ ၊ ငါစားစရာ ဘို့ အမဲ ကောင်ကို ရအောင်ရှာပြီးလျှင်၊
4 Y hazme un alimento, bueno para el gusto, como el que me agrada, y ponlo delante de mí, para que yo pueda tener una comida y darte mi bendición antes de que la muerte venga a mí.
ငါမြိန်ရှက် တတ်သော အမဲဟင်း လျာကို ချက် ၍ ငါ့ ထံသို့ ယူ ခဲ့ပါလော့ဟု ပြောဆို၏။
5 . Las palabras de Isaac a su hijo fueron escuchadas por Rebeca. Entonces Esaú salió a buscar la carne de caza.
ထိုသို့ ဣဇာက် သည် သား ဧသော အား ပြောဆို သောစကားကို၊ ရေဗက္က ကြား သည်ဖြစ်၍ ၊ ဧသော သည် အမဲသား ကို ရအောင်တော သို့ အရှာသွား စဉ်တွင်၊
6 Y Rebeca dijo a Jacob, su hijo: escuche a tu padre decir a tu hermano Esaú,
ရေဗက္က သည် သား ယာကုပ် ကို ခေါ် ၍၊
7 Ve a buscar carne de caza y hazme una buena comida, para que yo pueda estar lleno y darte mi bendición delante del Señor antes de mi muerte.
သင် ၏အဘ က၊ ငါ မ သေ မှီ ထာဝရ ဘုရား၏ ရှေ့ တော်မှာ သင့် ကို ငါကောင်းကြီး ပေးမည်အကြောင်း ၊ ငါစား စရာဘို့ အမဲသား ကို ယူ ခဲ့၍၊ အမဲဟင်း လျာကို ချက် ပါဟု သင် ၏အစ်ကို ဧသော အား ပြော သည်ကို ငါကြား ပြီ။
8 Ahora, hijo mío, haz lo que digo.
သို့ဖြစ်၍ ငါ့ သား ၊ ငါ မှာ ထားသမျှသော စကား ကို နားထောင် ပါ လော့။
9 Ve al rebaño y tráeme dos cabritos gordos; y haré de ellos una comida para el gusto de tu padre:
ယခု ဆိတ် စုရှိရာသို့ သွား ၍၊ ကောင်းသော ဆိတ် သငယ် နှစ် ကောင်ကို ငါ့ ထံသို့ ယူ ခဲ့ပါလော့။ သင် ၏အဘ မြိန်ရှက် တတ်သော အမဲဟင်းလျာကို ငါချက် မည်။
10 Y se lo llevarás, para que tenga una buena comida y te dé su bendición antes de su muerte.
၁၀သင် ၏အဘ မ သေ မှီ သင့် ကို ကောင်းကြီး ပေး မည်အကြောင်း ၊ ထိုအစာကို အဘ စား စေခြင်းငှါသင် သည် အဘထံသို့ ပို့ဆောင် ရမည်ဟု ဆိုလေ၏။
11 Y Jacob respondió a Rebeca, su madre: Pero mi hermano Esaú está cubierto de pelo, y yo estoy limpio;
၁၁ယာကုပ် ကလည်း ၊ ကျွန်ုပ် အစ်ကို ဧသော ကား အမွေး ရှိသောသူ ၊ ကျွန်ုပ် ကားချောမွှတ် သောသူ ဖြစ် ၏။
12 Si por casualidad mi padre me pone la mano encima, le parecerá que le estoy engañando, y él me maldecirá en lugar de una bendición.
၁၂ကျွန်ုပ် အဘ သည် ကျွန်ုပ် ကို စမ်းသပ်ကောင်း စမ်းသပ် လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စား သော သူဟူ၍ ထင် သဖြင့်၊ ကျွန်ုပ် သည် မင်္ဂလာ ကိုမ ရဘဲ ကျိန်ခြင်း အမင်္ဂလာကိုသာ ခံရ လိမ့်မည်ဟု အမိ ကိုဆို လေ၏။
13 Y su madre dijo: Sea maldición sobre mí, hijo mío; haz como yo digo, y ve y tráemelos por mí.
၁၃အမိ ရေဗက္ကလည်း၊ ငါ့ သား ၊ သင် ခံရသောကျိန်ခြင်း အမင်္ဂလာသည် ငါ ၌ သင့်ရောက်ပါစေ။ ငါ့ စကား ကို နားထောင် ၍ ဆိတ်သငယ်တို့ကိုသာ ယူ ခဲ့ပါဟု ဆိုသည်အတိုင်း၊
14 Entonces él fue, los tomó y se los llevó a su madre; y ella hizo una comida para el gusto de su padre.
၁၄သူသည် သွား ၍ ဆိတ်သငယ်တို့ကို အမိ ထံသို့ ယူ ခဲ့သဖြင့် ၊ အမိ သည်လည်း အဘ မြိန်ရှက် တတ်သော အမဲဟင်းလျာကိုချက် လေ၏။
15 Y Rebeca tomó las vestiduras de su hijo mayor, las cuales estaban con ella en la casa, y vistió a Jacob, su hijo menor;
၁၅ထိုအခါ ရေဗက္က သည် အိမ် တွင် မိမိ လက် ၌ ရှိသောသား ကြီး ဧသော ၏အဝတ် ၊ ကောင်းမွန် သော အဝတ်ကိုယူ ၍၊ သား ငယ် ယာကုပ် ကို ဝတ် စေလျက်၊
16 Y ella puso las pieles de los cabritos en sus manos y en la parte lisa de su cuello:
၁၆ဆိတ် သငယ် ၏ သားရေ ကိုလည်း ယူ၍ သူ ၏ လက် ၌၎င်း ၊ လည်ပင်း ချော သော ဘက်၌ ၎င်း ဆင် ယင်ပြီးလျှင်၊
17 Y ella entregó en la mano de Jacob, su hijo, la carne y el pan que ella había preparado.
၁၇မိမိချက် သော အမဲဟင်း နှင့် မုန့် ကိုသား ယာကုပ် လက် ၌ အပ်ပေး ၏။
18 Y vino a su padre, y le dijo: Mi padre, y él dijo: Heme aquí, ¿quién eres, hijo mío?
၁၈ယာကုပ်လည်း အဘ ထံ သို့ သွား ၍ ၊ အဘ ဟု ခေါ် လေ၏။ အဘကလည်း၊ ငါ ရှိ ၏ငါ့ သား။ သင် သည် အဘယ် သူနည်းဟုမေး ၏။
19 Y Jacob dijo: Yo soy Esaú, tu hijo mayor; He hecho lo que dijiste: ven ahora, siéntate y toma mi carne, para que puedas darme una bendición.
၁၉ယာကုပ် ကလည်း ၊ အကျွန်ုပ် ကား သား အကြီး ဧသော ဖြစ်ပါ၏။ အဘမှာ ထားသည်အတိုင်း ပြု ပါပြီ။ ထ ၍ထိုင် ပါ။ အဘ၏ဝိညာဉ် သည် အကျွန်ုပ် ကို ကောင်းကြီး ပေးမည်အကြောင်း ၊ အကျွန်ုပ် ၏အမဲသား ကို စား ပါလော့ဟု ဆို လေ၏။
20 Y dijo Isaac: ¿Cómo es que lo tienes tan pronto, hijo mío? Y él dijo: Porque Porque él Señor tu Dios lo hizo venir en mi camino.
၂၀အဘဣဇာက် ကလည်း ၊ ငါ့ သား ၊ ဤ မျှလောက်လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့ နည်း ဟု သား အား မေး လျှင်၊ အဘ၏ ဘုရားသခင် ထာဝရဘုရား သည် အကျွန်ုပ် ရှိရာသို့ ဆောင် ခဲ့တော်မူသောကြောင့် ၊ လျင်မြန် စွာတွေ့ ရပါသည်ဟု ပြန်ဆို လေ၏။
21 Y dijo Isaac: Acércate, y pondré mi mano sobre ti, hijo mío, y ver si eres verdaderamente mi hijo Esaú o no.
၂၁ဣဇာက် ကလည်း ၊ ငါ့ သား ၊ သင် သည် ငါ့ သား ဧသော မှန် သည် မ မှန်သည်ကိုသိလို၍၊ သင့် ကို ငါစမ်းသပ် စေခြင်းငှါ၊ ငါ့ထံပါးသို့ချဉ်းကပ် ပါလော့ဟုဆို လျှင်၊
22 Y Jacob se acercó a su padre Isaac, y le puso las manos encima; y él dijo: La voz es la voz de Jacob, pero las manos son las manos de Esaú.
၂၂ယာကုပ် သည် အဘထံပါးသို့ချဉ်းကပ် ၍ ၊ အဘသည် စမ်းသပ် လျက် ၊ အသံ ကား ယာကုပ် ၏အသံ ၊ လက် တို့ကား ဧသော ၏လက် ဖြစ်ပေသည်ဟု ဆို လေ၏။
23 Y no supo quién era, porque tenía las manos cubiertas de pelo como las manos de su hermano Esaú, y le dio una bendición.
၂၃ထိုသို့သူ ၏ လက် တို့သည် ဧသော ၏လက် ကဲ့သို့ အမွေး ပါသောကြောင့် ၊ ယာကုပ်ဖြစ်မှန်းကို အဘ မ ရိပ်မိ သဖြင့် ၊ ကောင်းကြီး ပေးလေ၏။
24 Y él dijo: ¿Eres verdaderamente mi hijo Esaú? Y él dijo: Yo soy.
၂၄သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့ သား ဧသော စင်စစ် အမှန်ပင် ဖြစ်သလောဟုမေး ပြန်လျင်၊ မှန်ပါသည် ဟု ဆို ၏။
25 Y él dijo: Ponlo delante de mí, y tomaré de la comida de mi hijo, para darte una bendición. Y él lo puso delante de él y lo tomó; y él le dio vino, y él tomó un trago.
၂၅အဘကလည်း၊ ငါ့ ထံ ပါးသို့ သွင်း ခဲ့ပါ။ ငါ့ ဝိညာဉ် သည် သင့် ကို ကောင်းကြီး ပေးမည်အကြောင်း ၊ ငါ့ သား ၏ အမဲသား ကို ငါစား အံ့ဟုဆိုလျှင် ၊ ယာကုပ်သည် အဘ ထံ ပါးသို့ သွင်း ၍ ၊ အဘစား လေ၏။ စပျစ်ရည် ကိုလည်း ပေး ၍ အဘသောက် လေ၏။
26 Y su padre Isaac le dijo: Ven ahora, hijo mío, y dame un beso.
၂၆ထိုနောက် အဘက၊ ငါ့ သား ချဉ်းကပ် ၍ ငါ့ ကို နမ်း ပါလော့ဟု ဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ် ၍ အဘ ကို နမ်း လေ၏။
27 Y acercándose, le dio un beso; y oliendo el olor de su ropa, le dio una bendición, y dijo: Mira, el olor de mi hijo es como el olor de un campo sobre el cual ha venido la bendición del Señor:
၂၇အဘ ဣဇာက် ကလည်း၊ သူ့ အဝတ် ၏ အနံ့ ကိုခံ ၍ ကြည့် ပါ။ ငါ့ သား ၏အနံ့ သည်၊ ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောလယ် ၏အမွှေး အကြိုင်နှင့် တူ၏။
28 Que Dios te dé el rocío del cielo, y los bienes de la tierra, y el grano y el vino en toda su medida:
၂၈ထိုကြောင့် ဘုရားသခင် ပင် မိုယ်းကောင်းကင် ၏နှင်း ကို ၎င်း ၊ မြေကြီး ၏ဆီဥ ကို ၎င်း ၊ များစွာ သော ဆန် စပါး၊ စပျစ်ရည် ကို၎င်း ၊ သင့် အား ပေး တော်မူစေသတည်း။
29 Sean los pueblos tus siervos, y las naciones se inclinen delante de ti; gobierna sobre tus hermanos, y los hijos de tu madre se inclinen delante de ti; maldición sobre todos los que te maldicen, y bendición sobre los que te bendicen.
၂၉သူ တပါးတို့သည် သင် ၌ကျွန် ခံ၍ ၊ အပြည်ပြည်တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ကြရစေသတည်း။ သင်သည် သင် ၏ညီအစ်ကို တို့၌ အရှင် ဖြစ်၍ ၊ သင့် အမိ သား တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ရကြစေသတည်း။ သင့် ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲ ခြင်းကိုခံရကြစေ သတည်း။ သင့် ကို ကောင်းကြီး ပေးသောသူအပေါင်းတို့ သည် ကောင်းကြီး ကိုခံရကြစေသတည်းဟု ကောင်းကြီးပေးလေ၏။
30 Y cuando Isaac hubo terminado de bendecir a Jacob, y Jacob no se había alejado mucho de Isaac su padre, Esaú llegó de su cacería.
၃၀ယာကုပ် သည်၊ အဘ ဣဇာက် ပေးသော ကောင်းကြီး မင်္ဂလာကို ခံ၍၊ အဘထံ မှ ထွက်သွား သော ခဏခြင်း တွင်၊ အစ်ကို ဧသော သည် မုဆိုး ပြုရာမှ ရောက် လာ၏။
31 Y preparó una comida, buena para su gusto, y la tomó a su padre, y le dijo: padre levántese y tome del guisado de caza de su hijo, para que me bendiga.
၃၁သူ သည်လည်း အမဲဟင်း လျာကို ချက် ၍ အဘ ထံ သို့ဆောင် ခဲ့ပြီးလျှင် ၊ အကျွန်ုပ် အဘ ၏ဝိညာဉ် သည်၊ အကျွန်ုပ် ကိုကောင်းကြီး ပေးမည်အကြောင်း ၊ သား ၏ အမဲသား ကို ထ ၍ စား ပါလော့ဟုဆို လေ၏။
32 Y Isaac su padre le dijo: ¿Quién eres tú? Y él dijo: Soy tu hijo mayor, Esaú.
၃၂အဘ ဣဇာက် ကလည်း ၊ သင် သည် အဘယ်သူ နည်းဟုမေး လျှင်၊ အကျွန်ုပ် ကား သား အကြီး ဧသော ဖြစ်ပါ၏ဟု ဆို လေသော် ၊ အဘဣဇာက်သည် အလွန် တုန်လှုပ်၍ အဘယ်သူနည်း၊
33 Y con gran temor, Isaac dijo: ¿Quién, pues, es el que tomó carne y la puso delante de mí, y yo lo tomé todo antes de tu venida, y le di la bendición, y será bendito?
၃၃အမဲသား ကိုရ၍၊ ငါ့ ထံ သို့ဆောင် ခဲ့ပြီးသောသူ သည် အဘယ် မှာရှိသနည်း။ သင်မ ရောက် မှီ ငါသည် အကုန်အစင် စား ပြီး၍ ၊ သူ့ ကို ကောင်းကြီး ပေးမိပြီ။ သူ သည် ကောင်းကြီး မင်္ဂလာကို ဧကန် အမှန်ခံရလိမ့်မည်ဟု ဆို လေ၏။
34 Y oyendo las palabras de su padre, Esaú lanzó un gran y amargo clamor, y dijo a su padre: ¡Bendíceme a mí, oh mi padre!
၃၄အဘ ဆိုသော စကား ကိုဧသော ကြား လျှင် ၊ အလွန် ပြင်း သောအသံနှင့် သည်းထန် စွာ ငိုကြွေး လျက် ၊ အိုအဘ ၊ အကျွန်ုပ် ကိုလည်း ကောင်းကြီး ပေးပါလော့၊ ပေးပါလော့ဟုဆို လေသော်၊
35 Y él dijo: Vino tu hermano con engaño, y tomó tu bendición.
၃၅အဘက၊ သင့် ညီ သည် လိမ္မာ စွာလာ ၍ ၊ သင် ၏ ကောင်းကြီး မင်္ဂလာကို ယူ သွားပြီဟု ဆို လေ၏။
36 Y él dijo: Con razón se llamará Jacob, que hizo trampa dos veces! porque me quitó mi primogenitura, y ahora me ha quitado la bendición. Y él dijo: ¿No has guardado una bendición para mí?
၃၆ဧသောကလည်း၊ သူ့ ကို ယာကုပ် ဟူသောအမည် ဖြင့် လျောက်ပတ် စွာ မှည့် ပါပြီ မဟုတ်လော။ အကျွန်ုပ် ကို နှစ် ကြိမ်လှည့်စား ၍ နိုင်ပါပြီ။ သားဦး အရိပ် အရာကို အရင်ယူ သွားပါပြီ။ ယခု လည်း တဖန် အကျွန်ုပ် ၏ကောင်းကြီး မင်္ဂလာကို ယူ သွားပါပြီဟူ၍၎င်း ၊ အကျွန်ုပ် အဘို့ ကောင်းကြီး မင်္ဂလာတပါးကိုမျှ မ ခြွင်း ပါသလောဟူ၍၎င်း ဆို လေ၏။
37 Y respondiendo Isaac, dijo: Yo te lo he puesto por maestro, y le he dado todos sus hermanos por siervos; Lo he hecho fuerte con grano y vino: ¿qué debo hacer por ti, hijo mío?
၃၇ဣဇာက် ကလည်း ၊ သူ့ ကို သင် ၏အရှင် ဖြစ် စေပြီ။ ညီအစ်ကို အပေါင်း တို့ကို သူ ၌ ကျွန် ခံ စေပြီ။ ဆန် စပါး၊ စပျစ်ရည် နှင့် သူ့ ကိုထောက် မပြီး။ သို့ဖြစ်၍ ငါ့ သား ၊ သင် ၌ အဘယ်သို့ ပြု နိုင်တော့အံ့နည်းဟု၊ ဧသော အား ပြန် ပြောလျှင်၊
38 Y Esaú dijo a su padre: ¿Es esa la única bendición que tienes, mi padre? dame una bendición, ¡incluso a mí! Y Esaú fue vencido por el llanto.
၃၈ဧသော က၊ အိုအဘ ၊ ကောင်းကြီး မင်္ဂလာ တစုံတခု မျှ မရှိပါသလော၊ အိုအဘ၊ အကျွန်ုပ် ကိုလည်း ကောင်းကြီး ပေးပါလော့၊ ပေးပါလောဟု အဘ အား ပြော ဆိုလျက် ၊ တဖန် အသံ ကိုလွှင့် ၍ ငိုကြွေး လေ၏။
39 Entonces respondió Isaac su padre, y le dijo: Lejos de los fértiles lugares de la tierra, y lejos del rocío del cielo, tu lugar de vida será en lo alto:
၃၉အဘ ဣဇာက် ကလည်း ၊ ကြည့်ရှု ပါ။ သင် ၏ နေရာ သည် မြေကြီး ၏ဆီဥ နှင့် ၎င်း ၊ အထက် မိုယ်း ကောင်းကင် ၏နှင်း နှင့် ၎င်း ပြည့်စုံ လိမ့်မည်။
40 Con tu espada te ganarás la vida y serás el siervo de tu hermano; pero cuando tu poder se incremente, su yugo se romperá de tu cuello.
၄၀ထား ဖြင့် အသက် ကိုမွေးရလိမ့်မည်။ ညီ ၌ ကျွန် ခံရလိမ့်မည်။ နောက် တဖန် အစိုးရ သောအခါ ၊ သူ တင် သောထမ်းဘိုး ကို သင် ၏လည်ပင်း မှ ချိုး ပယ်လိမ့်မည်ဟု ပြန် ၍ဆိုလေ၏။
41 Así que Esaú estaba lleno de odio por Jacob a causa de la bendición de su padre; y él dijo en su corazón: Los días de llanto para mi padre están cerca; entonces mataré a mi hermano Jacob.
၄၁အဘ သည် ယာကုပ် အားပေး သော ကောင်းကြီး မင်္ဂလာကြောင့် ၊ ဧသော သည် ယာကုပ်ကို အငြိုး ထား၍ ၊ ငါ့ အဘ ကြောင့် ညည်းတွား ရသော နေ့ရက် ကာလ အချိန် နီး ပြီ။ ထိုအခါ ငါ့ ညီ ယာကုပ် ကို ငါသတ် မည်ဟု၊ အကြံ နှင့် ပြော လေ၏။
42 Entonces Rebeca, oyendo lo que Esaú había dicho, envió a llamar a Jacob, su hijo menor, y le dijo: Parece que tu hermano Esaú se propone matarte.
၄၂ထိုသို့သား ကြီး ဧသော ပြောသောစကား ကို အမိ ရေဗက္က ကြား လျှင် ၊ သား ငယ် ယာကုပ် ကိုခေါ် ၍ ၊ သင် ၏ အစ်ကို ဧသော သည် သင့် ကို သတ် သဖြင့် ၊ သင့် အမှု၌ စိတ် ပြေလိမ့်မည်။
43 Así que ahora, hijo mío, haz lo que yo digo: ve pronto a Harán, a mi hermano Labán;
၄၃ထိုကြောင့် ၊ ငါ့ သား ၊ ငါ့ စကား ကို နားထောင် ပါ။ ငါ့ မောင် လာဗန် နေရာခါရန် မြို့သို့ ထ ၍ ပြေး သွား ပါလော့။
44 Y habita allí con él un ratito, hasta que se vuelva la ira de tu hermano;
၄၄သင် ၏အစ်ကို စိတ် ပြေ သည်တိုင်အောင် ၊ သူ့ ထံမှာ ခဏရှောင်၍ နေ ပါလော့။
45 Hasta que el recuerdo de lo que le has hecho haya pasado y él ya no esté enojado: entonces enviaré un mensaje para que regreses; ¿Me van a arrebatar a ustedes dos en un día?
၄၅သင် ၏အစ်ကို စိတ် ပြေ ၍၊ သင် သည် သူ ၌ ပြု သောအမှု ကိုသူမေ့လျော့ သောအခါ ၊ ငါမှာ လိုက်၍ ၊ ထို အရပ်မှ သင့် ကို ဆောင် ခဲ့စေမည်။ ငါ့သားနှစ် ယောက် လုံးကို တ နေ့ ခြင်းတွင် အဘယ်ကြောင့် ငါရှုံး ရမည်နည်း ဟု ဆိုလေ၏။
46 Entonces Rebeca dijo a Isaac: Mi vida es fatiga para mí a causa de las hijas de Het; si Jacob toma una esposa de entre las hijas de Heth, como estas, las mujeres de esta tierra, para que quiero vivir?
၄၆တဖန် ရေဗက္က သည် ဣဇာက် ထံ သို့သွား၍၊ ကျွန်မ သည် ဟေသ အမျိုးသမီး တို့ ကြောင့်၊ ကိုယ်အသက် ကို ငြီးငွေ့ လှ၏။ ဤ ပြည် သူသမီး ကဲ့သို့ သောသူ၊ ဟေသ အမျိုးသမီး နှင့် ယာကုပ်အိမ်ထောင် ဘက်ပြု လျှင် ၊ ကျွန်မ အသက်ရှင် ၍ အဘယ် ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆို လေ၏။

< Génesis 27 >