< Ezequiel 26 >
1 En el año undécimo, el primer día del mes, vino a mí la palabra del Señor, que decía:
၁သက္ကရာဇ် ဆယ် တ ခု၊ ပဌမ တရက်နေ့တွင် ၊ ထာဝရဘုရား ၏နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊
2 Hijo de hombre, porque Tiro ha dicho contra Jerusalén: Ajá, la que era la puerta de los pueblos se abrió, ahora yo me supliré; ella es entregada a ellos; la que estaba llena, ahora está asolada.
၂အချင်းလူသား ၊ တုရု မြို့က၊ အေ့ဟေ ၊ တိုင်း နိုင်ငံတို့၏ တံခါး ဖြစ်သော ယေရုရှလင် မြို့သည် ပျက်စီး သည် ဖြစ်၍ ၊ ငါ့ လက်သို့ ရောက် လိမ့်မည်။ ထိုမြို့ဆိတ်ညံ သောကြောင့် ငါစည်ပင် လိမ့်မည်ဟု ယေရုရှလင်မြို့တဘက်၌ ဆို မိသောကြောင့်၊
3 Por esto ha dicho el Señor: Mira, estoy contra ti, oh Tiro, y enviaré una serie de naciones contra ti como cuando el mar envía sus olas.
၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုတုရု မြို့၊ သင့် တဘက် ၌ငါ နေ၏။ သမုဒ္ဒရာ လှိုင်းတံပိုး တက် သကဲ့သို့ ၊ လူ အမျိုးမျိုး တို့သည် သင့် ကို တက်၍ တိုက် စေမည်။
4 Y destruirán los muros de Tiro y destruirán sus torres, y quitaré de ella su polvo, y la convertiré en una roca descubierta.
၄သူတို့သည် တုရု မြို့ရိုး ကိုဖျက် ၍ ပြအိုး တို့ကို ဖြိုချ ကြလိမ့်မည်။ မြေမှုန့် ကို ငါခြစ် ခွာ၍ ရှင်းလင်း သောကျောက် ကဲ့သို့ဖြစ် စေမည်။
5 Ella será un lugar para el estiramiento de las redes en medio del mar; porque lo dije, dice el Señor, y sus bienes serán saqueados por las naciones.
၅ပင်လယ် အလယ် ၌ ပိုက်ကွန် လှန်း ရာအရပ် ဖြစ် လိမ့်မည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။ လူမျိုး လုယူ ရာဖြစ် ရလိမ့်မည်။
6 Y a sus hijas en el campo le serán puestas a la espada, y sabrán que yo soy el Señor.
၆လယ်ပြင် ၌ ရှိသောသမီး တို့သည် ထား ဖြင့် သေ ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။
7 Porque esto es lo que ha dicho el Señor: Mira, enviaré desde el norte a Nabucodonosor, rey de Babilonia, rey de reyes, contra Tiro, con caballos y carros de guerra, con un ejército y un gran número de personas.
၇တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ဘုရင် တို့၏ဘုရင် တည်းဟူသောမြောက် မျက်နှာရှင်ဘုရင် နေဗုခဒ်နေဇာ ကို၊ မြင်း ရထား ၊ မြင်းစီး သူရဲ၊ လူ များအလုံးအရင်း နှင့်တကွ တုရု မြို့သို့ ငါ ဆောင် ခဲ့ မည်။
8 Pondrá a la espada a tus hijas en campo abierto; él hará muros fuertes contra ti y levantará rampas contra ti, armándose para la guerra contra ti.
၈သူသည်လယ်ပြင် ၌ ရှိသောသင် ၏သားသမီး တို့ကို ထား နှင့် သတ် လိမ့်မည်။ သင့် တဘက်၌ ရဲတိုက် ကိုတည် ၍ မြေရိုး ကိုဖို့ ပြီးလျှင် ၊ ဒိုင်း လွှားတို့ကို ချီ ကာလိမ့်မည်။
9 Pondrá sus arietes contra tus muros, y tus torres serán derribadas por sus hachas.
၉သင် ၏မြို့ရိုး တဘက် တချက်၊ ဝက်ခွတိုင် ၌ တုံး တို့ကို ဆွဲ ထား၍ သင် ၏ရဲတိုက် တို့ကို တူးရွင်း နှင့် ဖြိုချ လိမ့်မည်။
10 Debido al número de sus caballos, estarás cubierta con su polvo; tus paredes temblarán ante el ruido de los jinetes y de las ruedas y de los carros de guerra, cuando él atraviese tus puertas, como en un pueblo que se hace una brecha.
၁၀မြင်း များ သောကြောင့် မြေမှုန့် သည် သင့် ကို ဖုံးလွှမ်း လိမ့်မည်။ တိုက်ဖျက် သော မြို့ ထဲသို့ဝင် တတ် သကဲ့သို့ သင် ၏မြို့တံခါး သို့ ဝင် သောအခါ ၊ လှည်းရထား မျိုးမြည်သံ၊ မြင်းစီး သူရဲတို့ အသံ ကြောင့် သင် ၏မြို့ရိုး လှုပ်ရှား လိမ့်မည်။
11 Tus calles serán selladas por los pies de sus caballos; él pondrá a tu gente a la espada y enviará las columnas de tu fortaleza a la tierra.
၁၁မြင်း ခွာ တို့ဖြင့် သင် ၏လမ်း ရှိသမျှ တို့ကို နင်း လျက်၊ သင် ၏လူ တို့ကို ထား နှင့် သတ် ၍ ၊ သင် ခိုလှုံ စရာ ရုပ်တု ဆင်းတုတို့သည် မြေ တိုင်အောင် ပြိုလဲ ကြလိမ့်မည်။
12 Tomarán por la fuerza todas sus riquezas y se marcharán con los bienes con los que ustedes comerciaban; destruirán sus muros y todas las casas de lujo serán entregadas a la destrucción. Pondrán sus piedras y tu madera y escombros en lo profundo del mar.
၁၂သင် ၏ဥစ္စာ ကို လုယူ ၍ သင် ၏ကုန် များကိုလည်း သိမ်းယူ ကြလိမ့်မည်။ သင် ၏အုတ် ထရံတို့ကို ဖြို ၍ ဘုံဗိမာန် တို့ကို ဖျက် ပြီးလျှင် ၊ သင် ၏ ကျောက် ၊ သစ်သား ၊ မြေ တို့ကို ရေ ထဲမှာ ချပစ် ကြလိမ့်မည်။
13 Pondré fin al ruido de tus canciones, y el sonido de tus instrumentos de música desaparecerá para siempre.
၁၃သင် ဆိုသောသီချင်း သံ ကို ငါငြိမ်း စေ၍ ၊ သင် တီး သော စောင်း သံ ကို နောက် တဖန် အဘယ်သူမျှမ ကြား ရ။
14 Te haré una roca descubierta, serás un tendedero de las redes; no volverás a edificarte; porque yo, el Señor Dios, lo he dicho, dice el Señor.
၁၄သင်သည် ရှင်းလင်း သောကျောက် ကဲ့သို့ပိုက်ကွန် လှန်း ရာအရပ် ဖြစ် ရလိမ့်မည်။ နောက် တဖန် မ တည် ပြန်ရ။ ငါ ထာဝရဘုရား ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
15 Esto es lo que el Señor Dios le ha dicho a Tiro: ¿No se estremecerán las costas al oír tu caída, cuando los heridos den gritos de dolor, cuando los hombres sean atacados por la espada?
၁၅တုရု မြို့ကို ရည်မှတ်၍ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အလယ် ၌ ကြီးစွာသော လုပ်ကြံ ခြင်း အမှုဖြစ်၍၊ ထိခိုက် သောသူတို့ သည် အော်ဟစ် သောအခါ ၊ သင် ပြိုလဲ ခြင်း အသံ ကြောင့် တကျွန်း တနိုင်ငံအရပ်တို့သည် တုန်လှုပ် ကြလိမ့်မည်။
16 Entonces todos los gobernantes del mar bajarán de sus altos asientos, y se quitarán sus ropas y se quitarán la ropa de costura. Se pondrán ropa de dolor y se sentarán en la tierra. temblando de miedo cada minuto y venciéndote espantados.
၁၆သမုဒ္ဒရာ မင်း အပေါင်း တို့သည် ရာဇ ပလ္လင်ပေါ်က ဆင်း ၍ ၊ အင်္ကျီ တော်ကို၎င်း ၊ ချယ်လှယ် သော အဝတ် တော်ကို၎င်းချွတ်ပယ် ပြီးမှ၊ တုန်လှုပ် ခြင်းအဝတ် ကို ဝတ်လျက်၊ မြေ ပေါ်၌ ထိုင် လျက် ခဏခဏ တုန်လှုပ် ၍ ၊ သင် ၏အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။
17 Y te dedicarán una canción de luto, y te dirán: “¿Qué destrucción ha venido contigo? ¿Cómo desapareciste del mar, la ciudad conocida, que era fuerte en el mar, ella y sus habitantes?” ¡Su gente, haciendo que el miedo de ellos venga sobre todo los vecinos!
၁၇သူတို့ကလည်း၊ အိုကျော်စော သော မြို့ ၊ ပင်လယ်သား နေ ၍ ပင်လယ် ၌ အားကြီး သော မြို့၊ ပင်လယ်သား အပေါင်း တို့ ရိုသေ ဘွယ်သော မြို့သား နှင့် ပြည့်စုံသော မြို့၊ သင်သည် အလွန် ပျက်စီး လေပြီတကားဟု သင့် အား ဆို လျက် ၊ သင့် အတွက် မြည်တမ်း ကြလိမ့်မည်။
18 Ahora las costas temblarán en el día de tu caída; y todas las islas en el mar serán vencidas con miedo a tu partida.
၁၈သင် ပြိုလဲ သောနေ့ တွင် တကျွန်း တနိုင်ငံအရပ် တို့သည် တုန်လှုပ် ၍ ၊ သင် ကွယ်ပျောက် သောကြောင့် ပင်လယ် ၌ ရှိသော ကျွန်း များတို့သည် ထိတ်လန့် ကြ လိမ့်မည်။
19 Porque esto es lo que ha dicho el Señor Dios: Te haré un pueblo desolado, como los pueblos que están sin habitantes; Cuando te haga llegar a lo profundo, cubriéndote con grandes aguas.
၁၉အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ လူမ နေ သော မြို့ ကဲ့သို့ ငါသည် သင့် ကိုဆိတ်ညံ စေလျက်၊ ပင်လယ် ကိုသင့် အပေါ်သို့ ဆောင် ခဲ့၍၊ လှိုင်းတံပိုး တို့သည် သင့် ကိုလွှမ်းမိုး သောအခါ ၊
20 Entonces te haré descender con los que descienden al inframundo, a la gente del pasado, haciendo que tu lugar de vida esté en las partes más profundas de la tierra, en lugares sin vida, con aquellos que desciende a lo profundo, para que no haya nadie viviendo en ti; y no tendrás gloria en la tierra de los vivos.
၂၀ရှေး လူ ဟောင်းတို့ နေရာမြေတွင်း ထဲသို့ ဆင်း သောသူတို့ နှင့်အတူ သင့် ကိုငါ နှိမ့်ချ ၍၊ သင်၌လူမ နေ စေခြင်းငှါ မြေတွင်း ထဲသို့ဆင်း သောသူတို့နှင့်အတူ ၊ ရှေး ကာလမှစ၍ဆိတ်ညံ ရာအရပ်၊ မြေ အောက် အရပ်တို့၌ ငါချထား မည်။ ထိုအခါ အသက်ရှင် သောသူတို့၏ နေရာ ၌ ငါ့ဘုန်း ကို ငါဖွင့် မည်။
21 Te haré una calamidad, y terminarás, aunque seas buscada, no te encontrarán, dice el Señor Dios.
၂၁သင် မူကား၊ ကြောက်မက် ဘွယ်သော အရာဖြစ် ၍၊ နောက် တဖန် အဘယ်သူမျှ ရှာ ၍ မတွေ့ နိုင်အောင်၊ ပျောက် ကုန်ရာသို့ရောက်လိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။