< Deuteronomio 17 >

1 Ningún buey u oveja que tenga defecto en él o que esté dañado de alguna manera puede ser ofrecido al Señor Tu Dios: porque eso es abominación para el Señor tu Dios.
``အ​ပြစ်​အ​နာ​အ​ဆာ​ပါ​ရှိ​သော​နွား​ထီး၊ သို့​မ​ဟုတ်​သိုး​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော်​ရ။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​သို့​သော​ယဇ်​ကောင်​ကို​ရွံ​ရှာ တော်​မူ​၏။''
2 Si hay algún hombre o mujer entre ustedes, en cualquiera de los pueblos que el Señor tu Dios les ha dado, hace lo malo ante los ojos del Señor tu Dios, pecando contra su pacto,
``အ​ကယ်​၍​သင်​တို့​၏​မြို့​ရွာ​များ​တွင် ယောကျာ်း သို့​မ​ဟုတ်​မိန်း​မ​တစ်​ဦး​ဦး​သည် ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​ဆန့်​ကျင်​လျက် အ​ခြား​သော​ဘု​ရား​များ​နှင့်​နေ၊ လ၊ ကြယ် များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​၍ အ​ပြစ် ကူး​လွန်​ကြောင်း​သ​တင်း​ကြား​မိ​လျှင်​စေ့ စေ့​စပ်​စပ်​စုံ​စမ်း​လော့။ ဣ​သ​ရေ​လ​အမျိုး သား​တို့​တွင်​ထို​စက်​ဆုပ်​ဖွယ်​သော​အ​မှု ပြု​သည်​ကို​ဧ​ကန်​သိ​ရ​သော​အ​ခါ၊-
3 Y se ha ido a servir a otros dioses y adorarlos a ellos, al sol, a la luna o a todas las estrellas del cielo, en contra de mis órdenes;
4 Si les llega esta noticia a sus oídos, entonces, miren esto con cuidado, y si no hay duda de que es verdad, y tal mal se ha hecho en Israel;
5 Luego debes llevar al hombre o mujer que ha hecho el mal al lugar público de tu ciudad, y deben ser apedreados hasta que estén muertos.
ထို​ဒု​စ​ရိုက်​ကူး​လွန်​သူ​ကို​မြို့​ပြင်​သို့​ထုတ် လျက် ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။-
6 En la palabra de dos o tres testigos, un hombre puede recibir el castigo de la muerte; pero no debe ser muerto en la palabra de un testigo.
သို့​ရာ​တွင်​သက်​သေ​ခံ​နှစ်​ဦး​သုံး​ဦး​ရှိ​မှ သာ​ထို​အ​ပြစ်​ရှိ​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။ သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ချက် ဖြင့်​ထို​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။-
7 Las manos de los testigos serán las primeras en darle muerte, y después de ellas las manos de todo el pueblo. Así debes quitar el mal de en medio de ti.
သက်​သေ​ခံ​များ​က​ထို​သူ​ကို​ကျောက်​ခဲ​နှင့် အ​ဦး​ဆုံး​ပစ်​ပြီး​မှ​အ​ခြား​သူ​များ​က ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်။ ဤ​နည်း​အား​ဖြင့် ထို​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။''
8 Si no pueden decidir quién es responsable de una muerte, quién tiene razón en una causa o quién dio el primer golpe en una pelea, hay una división de opinión al respecto en tu pueblo: entonces ve al lugar señalado por el Señor tu Dios;
``ဒေ​သ​ခံ​တ​ရား​သူ​ကြီး​များ​သည် လူ​သတ် မှု​နှင့်​လူ​သေ​မှု​၌​သော်​လည်း​ကောင်း၊ ပစ္စည်း ပိုင်​ဆိုင်​ခွင့်​အမှု​အ​ခင်း​များ​နှင့်​ကိုယ်​ထိ​လက် ရောက်​ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​သော​အ​မှု​အ​ခင်း များ​၌​သော်​လည်း​ကောင်း အ​ဆုံး​အ​ဖြတ်​ပေး ရန်​ခဲ​ယဉ်း​ခြင်း​ရှိ​သော​အ​ခါ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မူ​သည့်​တစ်​ခု​တည်း​သော​ကိုး​ကွယ် ရာ​ဌာ​န​သို့​သွား​၍၊-
9 Y vengan ante los sacerdotes, los levitas o ante el que es juez en ese momento, y ellos entrarán en la pregunta y le darán una decisión.
လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် တာ​ဝန်​ကျ​တ​ရား​သူကြီး​ထံ​အ​မှု​ကို တင်​ပြ​၍​အ​ဆုံး​အ​ဖြတ်​ခံ​ယူ​ရ​မည်။-
10 Y debes guiarte por la decisión que tomen en el lugar nombrado por el Señor, y hacer lo que digan:
၁၀သူ​တို့​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​အ​တိုင်း​အ​တိ အ​ကျ​လိုက်​နာ​ရ​မည်။-
11 Actuando de acuerdo con su enseñanza y la decisión que tomen, no desviarse de un lado a otro por la palabra que les han dado.
၁၁သင်​တို့​သည်​သူ​တို့​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို လက်​ခံ​၍ ညွှန်​ကြား​ချက်​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​ရ​မည်။-
12 Y cualquier hombre que, en su orgullo, no escuche al sacerdote cuyo lugar está allí ante el Señor tu Dios, o el juez, debe ser condenado a muerte. tú debes quitar el mal de Israel.
၁၂တာ​ဝန်​ကျ​တ​ရား​သူ​ကြီး​သို့​မ​ဟုတ်​ယဇ် ပု​ရော​ဟိတ်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို မ​နာ ခံ​သော​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​လူ​မျိုး​မှ​ထို ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။-
13 Y todo el pueblo, al oírlo, se llenará de temor y dejará de ser su orgulloso.
၁၃ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်​ထို​သ​တင်း ကို​ကြား​၍​ကြောက်​ရွံ့​သ​ဖြင့် ထို​ကဲ့​သို့ နောက်​တစ်​ဖန်​ပြု​ဝံ့​မည်​မ​ဟုတ်​ချေ။''
14 Cuando entres a la tierra que el Señor tu Dios les está dando, y la hayas tomado como herencia y vives en ella, si es tu deseo tener un rey sobre ti, como las otras naciones alrededor de ti;
၁၄``သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​ကို​သိမ်း​ပိုက်​နေ ထိုင်​ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​နိုင်ငံ​များ နည်း​တူ​ဘု​ရင်​တစ်​ပါး​ကို​နန်း​တင်​လို ကြ​ပေ​လိမ့်​မည်။-
15 Luego, mira que tomes como rey a un hombre, el hombre nombrado por el Señor tu Dios: que su rey sea uno de tus compatriotas, no un hombre de otra nación que no sea compatriota.
၁၅ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော​သူ ကို​သာ​ဘု​ရင်​တင်​မြှောက်​ရ​မည်။ သူ​သည် သင်​တို့​၏​အ​မျိုး​သား​ချင်း​ထဲ​မှ​ဖြစ်​ရ မည်။ လူ​မျိုး​ခြား​ကို​ဘု​ရင်​မ​တင်​မြှောက်​ရ။-
16 Y él no debe reunir un gran ejército de caballos para sí mismo, ni hacer que la gente regrese a Egipto para conseguir caballos para él; porque el Señor ha dicho: nunca más volverás por ese camino.
၁၆ဘု​ရင်​သည်​သူ​၏​တပ်​မ​တော်​အ​တွက်​မြင်း မြောက်​မြား​စွာ​မ​ထား​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​က မိ​မိ​၏​လူ​မျိုး​ကို​အီ​ဂျစ်​ပြည် သို့​ပြန်​မ​သွား​ရ​ဟု​အ​မိန့်​တော်​ရှိ​သော ကြောင့် ဘု​ရင်​သည်​မြင်း​ဝယ်​ရန်​လူ​များ ကို​ထို​ပြည်​သို့​မ​စေ​လွှတ်​ရ။-
17 Y no debe tener un gran número de esposas, por temor a que su corazón sea descarriado; tampoco gran riqueza de plata y oro.
၁၇ဘု​ရင်​သည်​မ​ယား​များ​စွာ​ရှိ​လျှင် ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​သွား​နိုင်​သ​ဖြင့် သူ​၌​မ​ယား များ​စွာ​မ​ရှိ​စေ​ရ။ ရွှေ၊ ငွေ​လည်း​များ​စွာ မ​ရှိ​စေ​ရ။-
18 Y cuando tome su lugar en el asiento de su reino, debe hacer en un libro una copia de esta ley, de la que los sacerdotes, los levitas, tienen a su cuidado.
၁၈ဘု​ရင်​သည်​နန်း​တက်​သော​အ​ခါ​လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​ထံ​တွင် ထား​ရှိ​သော ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​နှင့်​ဆုံး​မ သွန်​သင်​ချက်​များ​ပါ​ရှိ​သည့် ကျမ်း​စာ​ကို မိတ္တူ​ရေး​ကူး​ပြီး​လျှင်​လက်​ဝယ်​၌​ဆောင် ထား​စေ​ရ​မည်။-
19 Y siempre debe de estar con él para leer todos los días de su vida, para que pueda ser entrenado en el temor del Señor su Dios para guardar y hacer todas las palabras de esta enseñanza y estas leyes.
၁၉သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ ၍ ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း လိုက်​လျှောက်​နိုင်​ရန် ထို​ကျမ်း​စာ​အုပ်​ကို​မိ​မိ အ​နီး​အ​ပါး​တွင်​ထား​လျက် တစ်​သက်​ပတ် လုံး​ဖတ်​ရှု​ရ​မည်။-
20 Para que no se crea superior su corazón a sus compatriotas, y para que no pueda ser apartado de los mandamientos, de un lado a otro, sino que su vida y las vidas de sus hijos puedan ser largas en su Reino en medio de Israel.
၂၀ဤ​နည်း​အား​ဖြင့်​သူ​သည်​မိ​မိ​၏​အ​မျိုး​သား ချင်း​တို့​ထက် သာ​သည်​ဟူ​၍​မာ​န​ထောင်​လွှား သော​စိတ်​ရှိ​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​များ​ကို​လည်း​လွန်​ဆန်​မည်​မ​ဟုတ်။ ထို​အ​ခါ​သူ​နှင့်​သူ​၏​အ​ဆက်​အ​နွယ်​တို့ သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို​အ​ဋ္ဌွန့်​ရှည်​စွာ အုပ်​စိုး​ရ​ကြ​လိမ့်​မည်။''

< Deuteronomio 17 >