< 2 Reyes 5 >
1 Ahora bien, Naamán, jefe del ejército del rey de Siria, era un hombre de alto rango con su amo, y era muy respetado, porque con él el Señor le había dado la victoria a Siria; pero él era un leproso.
၁ရှုရိ ရှင်ဘုရင် ၏ ဗိုလ်ချုပ် မင်းနေမန် သည် မိမိ သခင် ထံ မှာမျက်နှာ ရ သောသူ၊ ဘုန်းကြီး သောသူ ဖြစ် ၏။ အကြောင်း မူကား၊ ရှုရိ ပြည်သည် ထိုသူ အားဖြင့် အောင် ရ သောအခွင့်ကို ထာဝရဘုရား ပေး တော်မူပြီ။ ထိုသူ သည် ခွန်အား ကြီးသော စစ်သူရဲ ဖြစ် ၏။ သို့ရာတွင်နူနာ စွဲ၏
2 Ahora los sirios salieron en bandas y tomaron prisionera de Israel a una niña pequeña, que se convirtió en sirvienta de la esposa de Naamán.
၂ရှုရိ လူတို့သည် အလိုအလျောက်တပ် ဖွဲ့၍ ချီ သွား စဉ်တွင်၊ ဣသရေလ ပြည် မှ ဘမ်း ခဲ့သော မိန်းမ ငယ် တယောက်သည် နေမန် ၏မယား ထံ ၌ ကျွန်ခံ ရ၏
3 Y ella le dijo a la esposa de su amo: Si solo mi señor fuera al profeta en Samaria, él lo sanaría.
၃ထိုကျွန်မကလည်း၊ ကျွန်မ သခင် သည် ရှမာရိ မြို့ ၌ ရှိသောပရောဖက် ထံ သို့ရောက်ပါစေသော။ ထိုပရောဖက်သည် သခင် ၌ စွဲသော နူနာ ကို ပျောက် စေလိမ့်မည်ဟု မိမိ သခင်မ အား ဆို ၏
4 Y alguien fue y dijo a su señor: Esto es lo que dice la muchacha de la tierra de Israel.
၄နေမန်သည် မိမိ အရှင် ထံသို့ ဝင် ၍ ဣသရေလ အမျိုး မိန်းမ ငယ်စကား ကို ပြန် လျှောက်၏
5 Entonces el rey de Siria dijo: Ve, pues; y enviaré una carta al rey de Israel. Y se fue, llevándose consigo diez talentos de plata y seis mil siclos de oro, y diez ropas.
၅ရှုရိ ရှင်ဘုရင် ကလည်း သွား လော့။ သွား လော့။ ဣသရေလ ရှင်ဘုရင် ထံသို့ စာ ပေး လိုက်မည်ဟု အမိန့် တော်အတိုင်း၊ နေမန်သည် ငွေ အခွက် တ ရာ၊ ရွှေ အခွက် ခြောက်ဆယ်၊ အဝတ် ဆယ် စုံ ကို ယူ သွား၍၊ “
6 Luego llevó la carta al rey de Israel, en la cual el rey de Siria había dicho: Mira, te he enviado a mi siervo Naamán para que lo sanes, porque es un leproso.
၆ဣသရေလ ရှင်ဘုရင် ထံသို့ မိမိအရှင်၏စာ ကို သွင်း လေ၏။ စာ၌ပါသောအချက်ဟူမူကား၊ ကိုယ်တော် သည် ငါ့ ကျွန် နေမန် ၏နူနာ ကို ပျောက် စေခြင်းငှါ သူ့ ကို ဤ စာ နှင့်အတူ ငါစေလွှတ် သည်ဟု ပါသတည်း
7 Pero el rey de Israel, después de leer la carta, se turbó mucho y dijo: ¿Soy yo, Dios, para dar muerte y vida? ¿Por qué este hombre me envía un leproso para que se cure? ¿No está claro que él está buscando una causa de guerra?
၇ဣသရေလ ရှင် ဘုရင်သည် ထိုစာ ကိုကြည့် ပြီးမှ ၊ မိမိ အဝတ် ကို ဆုတ် ၍ ၊ ငါ သည်အသက် ပေးပိုင်၊ နှုတ် ပိုင် သော ဘုရား ဖြစ်သောကြောင့် ၊ ဤသူ သည် လူနူ ကို ချမ်းသာ ပေးစေခြင်းငှါ ငါ့ ထံသို့ စေလွှတ် သလော။ ကြည့်ကြလော။ ဤသူသည် ငါ့ ကို အဘယ် မျှလောက်ရန် ရှာချင်သည်ကို ကြည့် ကြလော့ဟု ဆို ၏
8 Entonces Eliseo, el hombre de Dios, oyendo que el rey de Israel había hecho esto, envió al rey, diciendo: ¿Por qué te preocupas? Envíame al hombre para que vea que hay un profeta en Israel.
၈ဣသရေလ ရှင် ဘုရင်သည် မိမိ အဝတ် ကို ဆုတ် သည်ဟု ဘုရား သခင်၏ လူ ဧလိရှဲ သည်ကြား လျှင် ၊ ကိုယ်တော် သည် အဘယ် ကြောင့်အဝတ် ကို ဆုတ် သနည်း။ ထိုသူသည် ငါ့ ထံသို့ လာ ပါလေစေ။ ဣသရေလ ပြည်၌ ပရောဖက် ရှိ သည်ကို သိ လိမ့်မည်ဟု ရှင်ဘုရင် ကို မှာ လိုက်လေ၏
9 Entonces Naamán, con todos sus caballos y sus carruajes, llegó a la puerta de la casa de Eliseo.
၉ထိုကြောင့် ၊ နေမန် သည် မြင်း ရထား ကို စီးသွား ၍ ဧလိရှဲ အိမ် ရှေ့ မှာ ရပ် နေ၏
10 Entonces Eliseo le envió un siervo, diciendo: Ve al Jordán, y después de lavarte siete veces en sus aguas, tu carne volverá a estar sana y estarás limpio.
၁၀ဧလိရှဲ က၊ သင် သည်သွား ၍ ယော်ဒန် မြစ်၌ ခုနစ် ကြိမ် တိုင်အောင် ရေချိုး လော့။ အသား ပြောင်း ၍ သန့်ရှင်း လိမ့်မည်ဟု လူ ကိုစေလွှတ် ၍ ပြော စေ၏
11 Pero Naamán se enojó y se fue y dijo: Tenía la idea de que él saldría para ver me y oraría al Señor su Dios, y pondría su mano sobre la lepra, y me quitaría la lepra.
၁၁နေမန် ကလည်း၊ အကယ်၍ပရောဖက်သည် ထွက် လာမည်။ ငါ့ အနား မှာ ရပ် လျက် မိမိ ဘုရား သခင် ထာဝရဘုရား ၏နာမ ကို ခေါ် ၍ မိမိ လက် နှင့် သုံးသပ် သဖြင့် နူနာ ကို ပျောက် စေမည်ဟု ငါထင် ၏
12 ¿No son Abana y Farfar, ríos de Damasco, mejores que todas las aguas de Israel? ¿No puedo ser lavado en ellos y ser limpio? Volviéndose, se fue con ira.
၁၂ဒမာသက် ပြည်၌အာဗန မြစ်၊ ဖာဖာ မြစ်တို့သည် ဣသရေလ မြစ် အလုံးစုံ ထက် သာ၍ ကောင်းသည် မ ဟုတ် လော ။ ထို” မြစ်၌ ငါရေချိုး ၍ မ သန့်ရှင်း ရသလော ဟု ဆို လျက် အမျက် ထွက်၍ ပြန် သွား ၏
13 Entonces sus siervos se acercaron a él y le dijeron: Si el profeta te hubiera ordenado hacer algo grandioso, ¿no lo habrías hecho tú? ¿Cuánto más entonces, cuando te dice: “Sé lavado y serás limpio”?
၁၃ကျွန် တို့သည် ချဉ်း လာ၍ အဘ ၊ ခက်သောအမှု ကို ပြုရမည်ဟု ပရောဖက် စီရင်လျှင် ပြု တော်မူမည် မ ဟုတ်လော။ ရေချိုး” ၍ သာ သန့်ရှင်း ခြင်းသို့ ရောက် လော့ဟု စီရင် လျှင် အဘယ်မျှ လောက်သာ၍ပြုတော်မူသင့်ပါသည်တကားဟု လျှောက် ကြသော်၊ “
14 Luego descendió siete veces a las aguas del Jordán, como había dicho el hombre de Dios; y su piel volvió a ser como la carne de un niño pequeño, y él fue limpio.
၁၄နေမန်သည် သွား ၍ ဘုရား သခင်၏ လူ စီရင် သည်အတိုင်း ၊ ယော်ဒန် မြစ်၌ ကိုယ်ကိုခုနစ် ကြိမ် နှစ် သဖြင့် ၊ သူ ၏အသား သည် သူငယ် ၏အသား ကဲ့သို့ ပြောင်း ၍ သန့်ရှင်း ခြင်းသို့ ရောက်၏
15 Luego regresó al hombre de Dios, con todo su compañía, y, tomando su lugar delante de él, dijo: Ahora estoy seguro de que no hay Dios en toda la tierra, sino sólo en Israel: ahora entonces, toma una ofrenda de mi parte.
၁၅သို့ပြီးမှ လိုက် သော သူအပေါင်း တို့နှင့်တကွ ဘုရားသခင် ၏ လူ ထံ သို့ပြန်လာ ၍ သူ့ ရှေ့ ၌ရပ် လျက် ၊ ဣသရေလ ပြည်မှတပါး အဘယ် ပြည် ၌ မျှ ဘုရားသခင် မရှိ သည် ကို ယခု အကျွန်ုပ်သိ ပါ၏။ သို့ဖြစ်၍ ကိုယ်တော် ၏ကျွန် လှူသော အလှူလက်ဆောင်ကို ခံယူ တော်မူပါဟု တောင်း လျှောက်လေ၏
16 Pero él dijo: Por la vida del Señor, cuyo siervo soy, no te quitaré nada. E hizo todo lo posible para que lo tomara, pero no lo hizo.
၁၆ဧလိရှဲကလည်း၊ ငါကိုးကွယ် သော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း မ ခံ မယူရဟုဆို လျှင်၊ ခံယူ စေခြင်းငှါ တဖန် တိုက်တွန်း သော်လည်း ငြင်းပယ် လျက်နေ၏
17 Y Naamán dijo: Si no quieres, dale a tu siervo tanta tierra como dos bestias puedan tomar sobre sus espaldas; porque de ahora en adelante, tu siervo no hará sacrificios ni ofrendas quemadas a otros dioses, sino solo al Señor.
၁၇နေမန် ကလည်း ၊ သို့ဖြစ်လျှင်ကိုယ်တော် ကျွန် သည် မြည်း နှစ် စီးနှင့် တင် ၍မြေ အနည်းငယ်ကို ယူ ပါရ စေ။ ကိုယ်တော် ကျွန် သည် မီးရှို့ ရာ ယဇ်အစ ရှိသော အဘယ်ယဇ် ကိုမျှ ထာဝရဘုရား မှတပါး အခြား သော ဘုရား အား နောက်တဖန် မ ပူဇော် ပါ
18 Pero que tu siervo tenga el perdón del Señor por esta única cosa: cuando mi maestro entra en la casa de Rimón para la adoración allí, apoyado en mi brazo, y mi cabeza está inclinada en la casa de Rimon, que tu siervo tenga el perdón del Señor por esto.
၁၈သို့သော်လည်းအကျွန်ုပ် သခင် သည် ကိုးကွယ်အံ့ဟု ရိမ္မုန် ဘုရား၏ကျောင်း သို့ သွား၍ အကျွန်ုပ် ကို မှီ လျက် ရိမ္မုန် ကျောင်း ၌ ကိုယ်ကို ညွှတ် သောအခါ၊ အကျွန်ုပ်ကိုယ်သည်လည်းညွတ် လျှင် ၊ ထာဝရဘုရား သည် ကိုယ်တော် ကျွန် ကို အပြစ် လွှတ်တော်မူပါစေသောဟု ဆိုလျှင်၊”
19 Y él le dijo: Ve en paz. Y se fue de él a cierta distancia.
၁၉ဧလိရှဲက၊ ငြိမ်ဝပ် စွာသွား လော့ဟု ဆို ၏။ နေမန် သည် သွား ၍ အဝေးသို့မရောက်မှီ၊”
20 Pero Giezi, el siervo de Eliseo, el hombre de Dios, dijo: Ahora, mi maestro no le ha quitado nada a Naamán, el sirio, de lo que le habría dado: por el Señor viviente, iré tras él. y conseguir algo de él.
၂၀ဘုရား သခင်၏လူ ဧလိရှဲ ၏ကျွန် ဂေဟာဇိ က၊ ဤ ရှုရိ လူနေမန် ဆောင် ခဲ့သော ဥစ္စာကို ငါ့ သခင် သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင် တော်မူသည်အတိုင်း ၊ သူ့ နောက် သို့ ငါလိုက် ၍ တစုံ တခုကို ယူ မည်ဟု အကြံရှိလျက်၊”
21 Y Giezi fue tras Naamán. Y cuando Naamán lo vio corriendo detrás de él, se bajó de su carruaje y volvió a él y le dijo: ¿Está todo bien?
၂၁နေမန် နောက် သို့ လိုက် လေ၏။ လိုက် ကြောင်း ကို နေမန် သည် မြင် လျှင် ၊ ကြိုဆို အံ့သောငှါ ရထား မှ ဆင်း ၍ ၊ ရှိသမျှကောင်း သလော ဟုမေး သော်၊”
22 Y él dijo: Todo está bien; pero mi señor me envió, diciendo: Incluso ahora, dos jóvenes de los hijos de los profetas han venido a mí desde la región montañosa de Efraín; ¿Me darás un talento de plata y dos cambios de ropa para ellos?
၂၂ဂေဟာဇိကကောင်း ပါ၏။ ယခု တွင် ပရောဖက် အမျိုးသား လုလင် နှစ် ယောက်သည် ဧဖရိမ် တောင် မှ ရောက် လာပြီ။ ငွေ အခွက် တဆယ်နှင့် အဝတ် နှစ် စုံ ကို သူ တို့အဘို့ ပေး ပါလော့ဟု တောင်းစေခြင်းငှါ၊ ကျွန်တော် သခင် သည် ကျွန်တော် ကိုစေလွှတ် ပါပြီဟု ဆို လျှင်၊ “
23 Y Naamán dijo: Por favor toma dos talentos. E insistiendo en dárselos, puso dos talentos de plata en dos bolsas, con dos cambios de ropa, y se los dio a hsus dos sirvientes para que los llevaran ante él.
၂၃နေမန် က၊ အခွက် နှစ်ဆယ်ကို မ ငြင်းယူ ပါလော့ ဟု တိုက်တွန်း လျက် ၊ ငွေ အခွက် နှစ်ဆယ်ကို အိတ် နှစ် လုံး၌ အဝတ် နှစ် စုံ နှင့်တကွ စည်း ၍ မိမိ ကျွန် နှစ် ယောက်အပေါ် မှာ တင် သဖြင့် ၊ သူတို့သည်ဂေဟာဇိ ရှေ့ ၌ ထမ်း သွားရ၏
24 Cuando llegó a la colina, los tomó de sus manos y los puso en la casa. Y despidió a los hombres, y se fueron.
၂၄မြို့ရိုး သို့ ရောက် သောအခါ ၊ ထို ဥစ္စာကို ဂေဟာဇိ သည် ယူ ၍ အိမ် ၌ သိုထား သဖြင့် ၊ ထမ်းသောသူ တို့ကို လွှတ် လိုက်ပြီးမှ၊ “
25 Entró y tomó su lugar delante de su señor. Y Eliseo le dijo: ¿De dónde vienes, Giezi? Y él respondió: Tu siervo no fue a ninguna parte.
၂၅ကိုယ်တိုင် ဝင် ၍ မိမိ သခင့် ရှေ့ ၌ ရပ် နေ၏။ ဧလိရှဲ ကလည်း ၊ ဂေဟာဇိ ၊ အဘယ် အရပ်သို့ သွားဘိ သနည်းဟုမေး လျှင်၊ ကိုယ်တော် ကျွန် သည် အဘယ် အရပ် ကိုမျှ မ သွား ပါဟုပြန်ပြော သော်၊ “
26 Y él le dijo: ¿No te acompañó mi corazón cuando el hombre se bajó de su carruaje y volvió contigo para recibirte? ¿Es este un momento para obtener dinero, ropa, olivos y enredaderas, y ovejas y bueyes, y siervos y sirvientas?
၂၆ဧလိရှဲက၊ ထိုလူသည်သင့် ကို ကြို ဆိုအံ့သောငှါ ၊ ရထား ပေါ် မှ လှည့် သောအခါ ၊ ငါ့ စိတ် ဝိညာဉ်သည် သင်နှင့်အတူ မ လိုက် သလော။ ငွေ ကိုခံယူ ချိန် ရှိသလော။ အဝတ် ၊ သံလွင် ဥယျာဉ်၊ စပျစ် ဥယျာဉ်၊ သိုး နွား ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမကို သိမ်းယူ ချိန်ရှိသလော
27 Por lo que hiciste, la enfermedad de Naamán, el leproso, se te pegará a tu simiente para siempre. Y salió de delante de él leproso, tan blanco como la nieve.
၂၇သို့ဖြစ်၍နေမန် ၏ နူနာ သည်သင် ၌ ၎င်း ၊ သင် ၏ သား မြေး၌ ၎င်း၊ အစဉ်အမြဲ စွဲ စေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာ စွဲ၍ မိုဃ်းပွင့် ကဲ့သို့ ဖြူလျက်၊ သခင် ထံ မှ ထွက် သွား၏