< 1 Samuel 29 >

1 Entonces los filisteos reunieron a todo su ejército en Afec, y los israelitas acamparon junto al manantial en Jezreel.
ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​စစ် သည်​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​တွင်​စု​ဝေး စေ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​ရှိ​စမ်း​ချောင်း​အ​နီး တွင်​စ​ခန်း​ချ​ကြ​၏။-
2 Y los gobernantes de los filisteos continuaron con sus centenares y sus miles, y David y sus hombres vinieron después con Aquis.
ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​မိ​မိ​တို့​၏​တစ် ရာ​တပ်၊ တစ်​ထောင်​တပ်​များ​နှင့်​ချီ​တက်​လာ​ကြ​၏။ ဒါ​ဝိဒ်​တို့​လူ​စု​သည်​နောက်​တပ်​မှ​အာ​ခိတ်​မင်း နှင့်​အ​တူ​လိုက်​ကြ​၏။-
3 Entonces los gobernantes de los filisteos dijeron: ¿Qué están haciendo aquí estos hebreos? Y Aquis dijo a los gobernantes de los filisteos: ¿No es éste David, el siervo de Saúl, el rey de Israel, que ha estado conmigo durante un año o dos, y nunca he visto nada malo en él desde el momento en que vino a mi hasta ahora?
ဖိ​လိတ္တိ​တပ်​မှူး​တို့​သည်​သူ​တို့​ကို​မြင်​လျှင်``ဤ ဟေ​ဗြဲ​အ​မျိုး​သား​တို့​သည်​အ​ဘယ်​ကြောင့်​ငါ တို့​နှင့်​အ​တူ​လိုက်​လာ​ကြ​သ​နည်း'' ဟု​မေး​၏။ အာ​ခိတ်​က``သူ​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ရှော​လု ၏​အ​စေ​ခံ​ဒါ​ဝိဒ်​ဖြစ်​၏။ ငါ့​ထံ​တွင်​နေ​ထိုင် လျက်​ရှိ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပါ​ပြီ။ ငါ့​ဘက်​သို့​ဝင်​ရောက်​လာ​သည့်​နေ့​မှ​စ​၍​သူ ၏​အ​ပေါ်​တွင်​အ​ပြစ်​ဆို​စ​ရာ​တစ်​စုံ​တစ်​ခု မျှ​မ​တွေ့​ရ​ပါ'' ဟု​ပြော​၏။
4 Más los gobernantes de los filisteos se enojaron con él y le dijeron: Haz que el hombre regrese al lugar que le diste; no lo dejes ir con nosotros a la lucha, o puede volverse contra nosotros en medio de la batalla con nosotros. ¿Como hará el hombre paz con su señor? ¿No sería con las cabezas de estos hombres?
သို့​ရာ​တွင်​ဖိ​လိတ္တိ​တပ်​မှူး​တို့​သည်​အာ​ခိတ် ကို​စိတ်​ဆိုး​၍``ထို​သူ့​အား​သင်​ပေး​အပ်​ထား သည့်​မြို့​သို့​ပြန်​လွှတ်​လိုက်​လော့။ ငါ​တို့​နှင့် အ​တူ​စစ်​တိုက်​ရာ​သို့​မ​လိုက်​စေ​နှင့်။ စစ် တိုက်​နေ​စဉ်​သူ​သည်​ငါ​တို့​အား​ရန်​မူ​ကောင်း ရန်​မူ​ပါ​လိမ့်​မည်။ သူ​သည်​မိ​မိ​အရှင့်​ထံ​တွင် ပြန်​၍​မျက်​နှာ​ရ​အောင်​ပြု​လုပ်​နိုင်​သည့် နည်း​မှာ​ငါ​တို့​လူ​များ​ကို​သတ်​သော​နည်း ထက်​ပို​၍​ကောင်း​သော​နည်း​ရှိ​ပါ​သ​လော။-
5 ¿No es este David, que fue nombrado en sus canciones, cuando en el baile se dijeron unos a otros, Saúl ha matado a miles y David a decenas de miles?
အ​မျိုး​သ​မီး​တို့​သည်​က​ခုန်​လျက်`ရှော​လု သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သီ​ဆို​ခဲ့​ရာ​တွင်​ဤ​ဒါ​ဝိဒ်​၏​အ​ကြောင်း ကို​သီ​ဆို​ခြင်း​ပင်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ ၏။
6 Entonces Aquis mandó llamar a David y le dijo: como el Señor vive, tú eres recto, y todo lo que has hecho conmigo; tu salir y entrar en el ejército me ha agradado; desde el día en que llegaste no he visto mal en ti. Cuando viniste a mí hasta ahora; pero aún así, los jefes no están contentos contigo.
အာ​ခိတ်​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``သင်​သည် ငါ့​အ​ပေါ်​၌​သစ္စာ​စောင့်​ကြောင်း​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့်​အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို ပါ​၏။ ငါ​သည်​သင့်​အား​ငါ​နှင့်​အ​တူ​စစ်​ပွဲ​တွင် ဝင်​ရောက်​တိုက်​ခိုက်​စေ​လို​ပါ​၏။ ငါ​၏​ထံ​သို့ သင်​ဝင်​ရောက်​လာ​သည့်​နေ့​မှ​စ​၍​သင့်​အ​ပေါ် တွင်​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့ မ​မြင်​ပါ။ သို့​ရာ​တွင်​အ​ခြား​ဘုရင်​တို့​က သ​ဘော​မ​တူ​ကြ​ပါ။-
7 Ahora regresa, y ve en paz, para que no hagas enojar a los jefes de los filisteos.
သို့​ဖြစ်​၍​သင်​သည်​အေး​ချမ်း​စွာ​အိမ်​သို့​ပြန်​၍ သူ​တို့​မ​နှစ်​သက်​မည့်​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ပါ​နှင့်'' ဟု​ဆို​၏။
8 Y David dijo a Aquis: ¿Y qué he hecho? ¿Qué has visto en tu siervo mientras estuve contigo hasta el día de hoy, para no ir y tomar las armas contra los que ahora están haciendo la guerra a mi señor el rey?
ဒါ​ဝိဒ်​က​လည်း``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှား ကို​ပြု​မိ​ပါ​သ​နည်း။ အ​ရှင်​မိန့်​ကြား​သည့်​အ​တိုင်း အ​ရှင့်​အ​မှု​တော်​ကို​စ​တင်​ဆောင်​ရွက်​သည့်​နေ့ မှ​စ​၍ အ​ကျွန်ုပ်​အ​ပေါ်​တွင်​အ​ပြစ်​တစ်​စုံ​တစ် ရာ​မျှ​မ​တွေ့​ရ​ပါ​မူ အ​ကျွန်ုပ်​၏​သ​ခင်​နှင့်​ဘု​ရင် ဖြစ်​သော​ကိုယ်​တော်​အ​တွက်​အ​ကျွန်ုပ်​အ​ဘယ် ကြောင့်​လိုက်​၍ ရန်​သူ​တို့​ကို​တိုက်​ခိုက်​ခွင့်​မ​ရ ပါ​သ​နည်း'' ဟု​လျှောက်​၏။
9 En respuesta, Aquis dijo: Es cierto que a mis ojos eres bueno, como un ángel de Dios; pero aún así, los gobernantes de los filisteos han dicho: “Él no debe subir con nosotros a la lucha”.
အာ​ခိတ်​က​လည်း``သင်​၏​စ​ကား​မှန်​ကန်​ပါ ပေ​သည်။ ငါ​သည်​သင့်​အား​ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့​သစ္စာ​ရှိ​သူ​ဟု​မှတ် ယူ​ပါ​၏။ သို့​ရာ​တွင်​အ​ခြား​ဘု​ရင်​တို့​က သင့်​အား​ငါ​တို့​နှင့်​အ​တူ​စစ်​ပွဲ​ဝင်​ခွင့်​မ​ပေး နိုင်​သ​ဖြင့်၊-
10 Así que levántate temprano por la mañana, con los sirvientes de tu señor que están contigo, y ve al lugar que te he dado. Temprano en la mañana, al amanecer váyanse.
၁၀ဒါ​ဝိဒ်၊ သင်​နှင့်​တ​ကွ​ရှော​လု​ထံ​မှ​ငါ့​ထံ​သို့ ပြောင်း​ရွှေ့​လာ​ကြ​သူ​အ​ပေါင်း​တို့​သည် နက်​ဖြန် နံ​နက်​စော​စော​ထ​၍​မိုး​လင်း​လျှင်​လင်း​ချင်း ထွက်​ခွာ​သွား​ကြ​လော့'' ဟု​ပြန်​ပြော​၏။
11 Entonces, David y sus hombres se levantaron temprano por la mañana para regresar a la tierra de los filisteos. Y los filisteos subieron a Jezreel.
၁၁ထို့​ကြောင့်​ဒါ​ဝိဒ်​တို့​လူ​စု​သည်​နောက်​တစ်​နေ့ နံ​နက်​စော​စော​အ​ချိန်​၌ ဖိ​လိတ္တိ​ပြည်​သို့​ပြန် သွား​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လည်း ယေ​ဇ​ရေ​လ​မြို့​သို့​ချီ​တက်​ကြ​၏။

< 1 Samuel 29 >