< 1 Samuel 18 >
1 Ahora, después de que terminó la conversación de David con Saúl, el alma de Jonatán se unió al alma de David, y David se volvió tan querido para él como su propia vida.
၁ရှောလုနှင့်ဒါဝိဒ်တို့စကားပြောပြီးသည့် နောက်ရှောလု၏သားယောနသန်သည် ဒါဝိဒ် အပေါ်တွင်လွန်စွာချစ်ခင်စွဲလန်းလျက် သူ့အားမိမိကိုယ်နှင့်အမျှချစ်လာ၏။-
2 Y ese día Saúl tomó a David y no le permitió volver a la casa de su padre.
၂ရှောလုသည်ဒါဝိဒ်အားထိုနေ့မှစ၍အပါး တော်တွင်နေစေတော်မူ၏။ အိမ်ပြန်ခွင့်ကိုပေး တော်မမူ။-
3 Entonces Jonatán y David llegaron a un acuerdo juntos, debido a que Jonatán lo amaba como a su propia alma.
၃ယောနသန်သည်ဒါဝိဒ်ကိုလွန်စွာချစ်သဖြင့် သူနှင့်ရာသက်ပန်မိတ်ဆွေဖွဲ့ရန်ကျိန်ဆို ကတိပြုလေသည်။-
4 Y Jonatán se quitó la túnica que llevaba puesta y se la dio a David, con todo su atuendo militar, incluso su espada y su arco y la banda alrededor de su cuerpo.
၄သူသည်မိမိဝတ်ဆင်ထားသည့်ဝတ်လုံနှင့် တကွသံချပ်အင်္ကျီ၊ ဋ္ဌား၊ လေး၊ ခါးစည်းတို့ ကိုဒါဝိဒ်အားပေး၏။-
5 Y David fue a dondequiera que Saúl lo envió, e hizo con sabiduría: y Saúl lo puso a la cabeza de sus hombres de guerra, y esto agradó a todo el pueblo, así como a los siervos de Saúl.
၅ဒါဝိဒ်သည်ရှောလုစေခိုင်းလေသမျှသော အမှုကိစ္စတို့၌အောင်မြင်သည်သာဖြစ်၏။ ထို့ကြောင့်ရှောလုသည်သူ့အားတပ်မတော် အရာရှိတစ်ဦးအဖြစ်ခန့်ထားတော်မူ၏။ ဤသို့ပြုတော်မူသည်ကိုရှောလု၏အရာ ရှိများနှင့်ပြည်သူပြည်သားများက နှစ်သက်သဘောကျကြ၏။
6 Ahora, en su camino, cuando David regresó después de la destrucción del filisteo, las mujeres salieron de todos los pueblos de Israel, con cantos y bailes, y se encontraron con David con melodía y alegría e instrumentos musicales.
၆ဒါဝိဒ်သည်ဂေါလျတ်ကိုသတ်ပြီးနောက် စစ် သည်တပ်သားများနှင့်အတူအိမ်ပြန်လာ ရာ ရောက်ရှိလေရာမြို့များမှအမျိုးသမီး တို့သည်ရှောလုအားခရီးဦးကြိုပြုကြ၏။ လူတို့သည်ဝမ်းမြောက်စွာသီချင်းများဆို ၍ကခုန်လျက်ပတ်သာများနှင့်စောင်းငယ် များကိုတီးကြ၏။-
7 Y las mujeres, unas a otras en su canto, dijeron: Saúl ha matado a sus miles y David a sus decenas de miles.
၇ယင်းသို့အောင်ပွဲကျင်းပရာ၌အမျိုးသမီး တို့က``ရှောလုသတ်သူအထောင်ထောင်၊ ဒါဝိဒ် သတ်သူအသောင်းသောင်း'' ဟုသီဆိုကြ လေသည်။-
8 Y Saúl estaba muy enojado, y esta frase le resultaba desagradable; y él dijo: Le han dado crédito a David por decenas de miles, y para mí solo por miles: ¿qué más hay para él sino el reino?
၈ရှောလုသည်ဤသို့သီဆိုကြသည်ကိုမနှစ် သက်သဖြင့် အမျက်ထွက်၍``သူတို့ကဒါဝိဒ် သည်သောင်းပေါင်းများစွာသတ်၍ ငါမူကား ထောင်ပေါင်းများစွာသာသတ်ခဲ့ကြောင်းသီ ဆိုချေသည်။ သူ့အားထီးနန်းအပ်နှင်းရန် သာကျန်ပါတော့သည်တကား'' ဟုဆို ပြီးလျှင်၊-
9 Y desde aquel día Saúl miraba con envidia a David.
၉ထိုနေ့မှစ၍ဒါဝိဒ်အားမနာလိုစိတ်ပွား များကာမယုံသင်္ကာဖြစ်၍နေတော့၏။
10 Al día siguiente, un espíritu maligno de Dios vino sobre Saúl y empezó a hablar incoherencias entre los sirvientes de su casa, mientras que David tocaba música para él, como lo hacía día tras día. y Saúl tenía su lanza en la mano.
၁၀နောက်တစ်နေ့၌ဘုရားသခင်၏ထံတော်မှ နတ်မိစ္ဆာသည်ရှောလုကိုပူးဝင်သဖြင့် သူသည် သူရူးသဖွယ်နန်းတော်တွင်းဝယ်ဟစ်အော် လျက်နေ၏။ ရှောလုသည်လှံတန်ကိုကိုင် ထားပြီးလျှင်၊-
11 Y Saúl, balanceando la lanza en su mano, dijo: Le daré un golpe a David y lo clavaré en la pared. Y David se escapó de él dos veces.
၁၁``ငါသည်သူ့အားနံရံနှင့်ကပ်နေအောင်ထိုး သတ်အံ့'' ဟုကြံစည်ကာနှစ်ကြိမ်တိုင်တိုင် လှံနှင့်ပစ်သော်လည်း နှစ်ကြိမ်စလုံးပင်ဒါဝိဒ် ရှောင်တိမ်းလိုက်နိုင်၏။
12 Entonces Saúl temió a David, porque el Señor estaba con David y se había ido de Saúl.
၁၂ရှောလုသည်ဒါဝိဒ်ကိုကြောက်၏။ အဘယ်ကြောင့် ဆိုသော် ထာဝရဘုရားသည်ဒါဝိဒ်နှင့်အတူ ရှိတော်မူ၍ မိမိကိုမူစွန့်ပယ်တော်မူပြီးဖြစ် သောကြောင့်တည်း။-
13 Entonces Saúl lo despidió y lo convirtió en capitán de más de mil; y salía a campaña y volvía.
၁၃သို့ဖြစ်၍ရှောလုသည်ဒါဝိဒ်အားလူတစ် ထောင်တပ်မှူးအဖြစ်ဖြင့်ခန့်ထား၍ အပါး တော်မှအဝေးသို့စေလွှတ်တော်မူ၏။ ဒါဝိဒ် သည်မိမိ၏တပ်သားတို့နှင့်အတူတိုက်ပွဲ ဝင်ရာ၊-
14 Y en todas sus obras David hizo sabiamente; y el Señor estaba con él.
၁၄ထာဝရဘုရားသည်သူနှင့်အတူရှိတော် မူသဖြင့် သူပြုလေသမျှသောအမှုတို့ သည်အောင်မြင်လေ၏။-
15 Y cuando Saúl vio lo sabio que lo había hecho, tuvo miedo de él.
၁၅ယင်းသို့အောင်မြင်သည်ကိုမြင်သောအခါ ရှောလုသည်ဒါဝိဒ်အားပို၍ကြောက်လန့် လာ၏။-
16 Pero todo Israel y Judá amaban a David, porque él salía y regresaba delante de ellos.
၁၆သို့ရာတွင်ဣသရေလနှင့်ယုဒနယ်များမှ လူအပေါင်းတို့ကမူဒါဝိဒ်အားချစ်ကြ၏။ အဘယ်ကြောင့်ဆိုသော်သူသည်လူတို့အား အောင်မြင်စွာခေါင်းဆောင်၍တိုက်ပွဲဝင်နိုင်သူ ဖြစ်သောကြောင့်တည်း။
17 Entonces Saúl dijo a David: Aquí está mi hija mayor, Merab, a quien te daré por tu esposa: sé fuerte conmigo, luchando en las guerras del Señor. Porque dijo Saúl: Que no sea por mí que venga su muerte, sino por los filisteos.
၁၇ထိုနောက်ရှောလုသည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``ငါ့ မှာငါ့သမီးကြီးမေရပ်ရှိ၏။ သင်သည်ထာဝရ ဘုရား၏စစ်ပွဲများတွင်ရဲရင့်စွာပါဝင်ဆင်နွှဲ လျက် ငါ၏အမှုတော်ကိုထမ်းဆောင်မည်ဆို ပါက ငါသည်သင့်အားဤသမီးတော်နှင့်ထိမ်း မြားပေးစားမည်'' ဟုဆို၏။ (ဤနည်းအားဖြင့် ဒါဝိဒ်အားမိမိကိုယ်တိုင်သတ်ရန်မလိုတော့ ဘဲ ဖိလိတ္တိအမျိုးသားတို့၏လက်ချက်ဖြင့် ကျဆုံးစေရန်ရှောလုအကောက်ကြံသတည်း။)
18 Entonces David dijo a Saúl: ¿Quién soy yo, y cuál es la familia de mi padre en Israel, para que yo sea yerno del rey?
၁၈ဒါဝိဒ်က``အကျွန်ုပ်၏အမျိုးအနွယ်သည် အဘယ်သို့သောအမျိုးအနွယ်၊ အကျွန်ုပ် သည်လည်းအဘယ်သို့သောသူဖြစ်သဖြင့် ဘုရင်၏သမက်တော်ဖြစ်ထိုက်ပါသနည်း'' ဟုလျှောက်၏။-
19 Pero cuando llegó el momento de entregar a Merab, la hija de Saúl, a David, ella fue entregada a Adriel de Mehola.
၁၉သို့သော်အချိန်ရောက်သောအခါရှောလုသည် သမီးတော်မေရပ်အားဒါဝိဒ်နှင့်ထိမ်းမြား စုံဖက်ခြင်းမပြုဘဲ မေဟောလသိမြို့သား အဒြေလနှင့်စုံဖက်လိုက်လေသည်။
20 Y la hija de Saúl, Mical, estaba enamorada de David, y Saúl se lo dijo y se alegró.
၂၀သို့ရာတွင်ရှောလု၏သမီးတော်မိခါလသည် ဒါဝိဒ်အားချစ်ကြိုက်၏။ ဤအကြောင်းကိုရှောလု သိသောအခါနှစ်သက်အားရတော်မူသဖြင့်၊-
21 Entonces Saúl dijo: Se la daré, para que pueda ser un peligro para él, y para que las manos de los filisteos estén contra él. Entonces Saúl dijo a David: Hoy serás mi yerno por segunda vez.
၂၁``ငါသည်မိခါလကိုဒါဝိဒ်နှင့်စုံဖက်စေမည်။ သူ့အားကျော့ကွင်းသဖွယ်ပြု၍ဒါဝိဒ်ကို ဖိလိတ္တိအမျိုးသားတို့၏လက်ဖြင့်အသတ် ခံရစေမည်'' ဟုဆို၏။-
22 Entonces Saúl dio órdenes a sus siervos, diciendo: Habla en secreto con David y dile: Mira cómo el rey se deleita en ti y cómo te aman todos sus siervos; sé el yerno del rey.
၂၂သူသည်နန်းတွင်းအရာရှိအချို့တို့ကိုလည်း ခေါ်ပြီးလျှင်``သင်တို့သည်ဒါဝိဒ်အား မင်းကြီး သည်သင့်ကိုမြတ်နိုးတော်မူသည်။ အရာရှိ အပေါင်းတို့ကလည်းချစ်ခင်ကြသည်။ သို့ဖြစ် ၍ယခုအချိန်သည်ဘုရင့်သမီးတော်နှင့် သင် ထိမ်းမြားရန်အချိန်ကောင်းပင်ဖြစ်သည်ဟု တိတ်တဆိတ်တိုက်တွန်းကြလော့'' ဟုမှာ ထားတော်မူ၏။
23 Y los criados de Saúl dijeron estas cosas a David. Y David dijo: ¿Te parece algo pequeño ser el yerno del rey, ya que soy un hombre pobre, que no tiene gran nombre?
၂၃ထို့ကြောင့်သူတို့သည်မင်းကြီးမှာကြားသည့် အတိုင်းဒါဝိဒ်အားတိုက်တွန်းကြ၏။ ဒါဝိဒ် က``ဘုရင့်သမက်တော်ဖြစ်ရသည်မှာအထူး ဂုဏ်ယူဖွယ်ရာဖြစ်ပါ၏။ အကျွန်ုပ်ကဲ့သို့ မရေရာသူဆင်းရဲသားတစ်ယောက်အတွက် မထိုက်တန်သောအခွင့်အရေးဖြစ်ပါ၏'' ဟုဆို၏။
24 Y los criados de Saúl le contaron lo que David había dicho.
၂၄အရာရှိတို့သည်လည်းဒါဝိဒ်၏စကားကို ရှောလုအားပြန်၍လျှောက်ထားကြ၏။-
25 Entonces Saúl dijo: Entonces dile a David: El rey no desea ningún precio de novia, sino solo los prepucios de cien filisteos para que el rey pueda vencer a sus enemigos. Pero fue en la mente de Saúl que David podría llegar a su fin por las manos de los filisteos.
၂၅ထိုအခါရှောလုက``သင်တို့သည်ဒါဝိဒ်အား မင်းကြီးသည်သင့်အားသမီးတော်ကိုပေးရ သည့်အတွက်လက်ဆောင်အဖြစ် သင့်ထံမှ ဖိလိတ္တိအမျိုးသားလူသေအလောင်းတစ်ရာ တို့၏အရေဖျားများကိုသာလျှင် ရန်သူ တို့အားလက်စားချေသည့်အနေဖြင့်အလို ရှိတော်မူသည်ဟုပြောကြားလော့'' ဟု အမိန့်ပေးတော်မူ၏။ (ရှောလုဤသို့ပြု ခြင်းမှာဖိလိတ္တိအမျိုးသားတို့၏လက် ဖြင့်ဒါဝိဒ်အသတ်ခံရရန်ဖြစ်၏။-)
26 Y cuando sus siervos dijeron estas palabras a David, se alegró mucho de ser el yerno del rey. Y los días aún no habían pasado.
၂၆ရှောလု၏နန်းတွင်းအရာရှိတို့သည်မင်း ကြီးမိန့်တော်မူသည့်အတိုင်း ဒါဝိဒ်အား ပြောကြားကြသောအခါဒါဝိဒ်သည် ဘုရင့် သမက်တော်ဖြစ်ရမည့်အရေးကိုတွေးတော ကာဝမ်းမြောက်လေသည်။ ထိမ်းမြားမင်္ဂလာ ပွဲနေ့မတိုင်မီတစ်ရက်၌၊-
27 Entonces David y sus hombres se levantaron y fueron y mataron a doscientos de los filisteos; y David tomó sus prepucios y dio el número completo de ellos al rey, para que él pudiera ser el yerno del rey. Y Saúl le dio a su hija Mical por su esposa.
၂၇ဒါဝိဒ်သည်မိမိ၏တပ်သားများနှင့်ထွက်သွား ပြီးလျှင်ဖိလိတ္တိအမျိုးသားနှစ်ရာကိုသတ် ဖြတ်၍ သမက်တော်ဖြစ်ရန်ထိုသူတို့၏အရေ ဖျားများကိုမင်းကြီးထံသို့ယူခဲ့ကာရေ တွက်၍ဆက်၏။ ထို့ကြောင့်ရှောလုသည်သမီး တော်မိခါလအားဒါဝိဒ်နှင့်ထိမ်းမြားစုံဖက် ပေးရလေတော့၏။
28 Y a Saúl le quedó claro que el Señor estaba con David; y fue amado por todo Israel.
၂၈ထာဝရဘုရားသည်ဒါဝိဒ်နှင့်အတူရှိတော် မူကြောင်းကိုလည်းကောင်း၊ မိခါလသည်ဒါဝိဒ် အားချစ်ကြောင်းကိုလည်းကောင်း ကောင်းစွာသိ သဖြင့်၊-
29 Y el temor de Saúl a David se hizo aún mayor, y él siguió odiándolo, día tras día.
၂၉ရှောလုသည်ဒါဝိဒ်ကိုပို၍ပင်ကြောက်ရွံ့လာ လျက် အသက်ထက်ဆုံးရန်ငြိုးဖွဲ့တော်မူ၏။
30 Entonces los gobernantes de los filisteos salieron a la guerra: y cada vez que salían, David hacía más sabiamente que todos los demás siervos de Saúl, para que su nombre se honrara grandemente.
၃၀ဖိလိတ္တိစစ်တပ်များသည်လာရောက်တိုက်ခိုက် လေ့ရှိကြ၏။ ဒါဝိဒ်သည်တိုက်ပွဲတိုင်း၌ပင် ရှောလု၏အခြားတပ်မတော်အရာရှိများ ထက်ပို၍အောင်မြင်သဖြင့်အလွန်ထင်ပေါ် ကျော်စောလာ၏။