< 1 Reyes 21 >
1 Y Nabot jezreelita tenía un viñedo en Jezreel, cerca de la casa de Acab, rey de Samaria.
၁ယေဇရေလမြို့ရှိအာဟပ်မင်း၏နန်းတော် အနီးတွင် နာဗုတ်ဆိုသူပိုင်သည့်စပျစ် ဥယျာဉ်ရှိသည်ဖြစ်၍၊-
2 Y Acab dijo a Nabot: Dame tu huerta para que la tenga para un huerto de plantas de olor, porque está cerca de mi casa; y permíteme darte un mejor huerto a cambio, o, si te parece bien, permíteme darte su valor en dinero.
၂အာဟပ်သည်နာဗုတ်အား``သင်၏ဥယျာဉ် ကိုငါအလိုရှိသည်။ ထိုဥယျာဉ်သည်ငါ့နန်း တော်အနီးတွင်ရှိသဖြင့် ထိုမြေကိုယာခင်း ပြုလုပ်လိုသည်။ သင့်အားထိုဥယျာဉ်ထက် ပို၍ကောင်းသည့်စပျစ်ဥယျာဉ်ကိုငါပေး မည်။ သို့မဟုတ်သင်အလိုရှိလျှင်သင့်လျော် သောအဖိုးငွေကိုငါပေးမည်'' ဟုဆို၏။
3 Pero Nabot dijo a Acab: Por el Señor, lejos de mí este darte la herencia de mis padres.
၃နာဗုတ်က``အကျွန်ုပ်သည်ဤဥယျာဉ်ကို ဘိုးဘေးများထံမှအမွေရရှိထားသဖြင့် အရှင့်အားဆက်သမှုကိုထာဝရဘုရား ဆီးတားတော်မူပါစေသော'' ဟုလျှောက်၏။-
4 Entonces Acab entró en su casa amargado y enojado porque Nabot el jezreelita le había dicho: No te daré la herencia de mis padres. Y se tiró en la cama boca abajo, y no comió.
၄အာဟပ်သည်နာဗုတ်၏စကားကြောင့်စိတ် မချမ်းမသာဖြစ်၏။ အမျက်ထွက်၍နန်းတော် သို့ပြန်တော်မူ၏။ သူသည်နံရံဘက်သို့လှည့်၍ အိပ်ရာပေါ်တွင်လှဲလျောင်းကာပွဲတော်မတည် ဘဲနေ၏။-
5 Pero Jezabel, su esposa, se acercó a él y le dijo: ¿Por qué tu espíritu es tan amargo que no tienes deseos de comer?
၅သူ၏မိဖုရားယေဇဗေလသည်သူ့ထံသို့ လာ၍ ``အရှင်သည်အဘယ်ကြောင့်ဤမျှစိတ် မချမ်းမသာဖြစ်လျက်နေတော်မူပါသနည်း။ အဘယ်ကြောင့်ပွဲတော်မတည်ဘဲနေတော်မူ ပါသနည်း'' ဟုမေးလျှောက်လေသည်။
6 Y él le dijo: Porque yo estaba hablando con Nabot de Jezreel, y le dije: Déjame tener tu viña por un precio o, si te complace, te daré Otra viña por ella: y él dijo: No te daré mi huerto.
၆မင်းကြီးက``ငါသည်နာဗုတ်အားသူ၏ဥယျာဉ် ကိုရောင်းချရန် အကယ်၍သူအလိုရှိပါလျှင် အခြားဥယျာဉ်နှင့်လဲလှယ်ရန်ပြောဆိုသော် လည်း၊ နာဗုတ်က`ဤဥယျာဉ်ကိုအရှင့်အားမ ဆက်သနိုင်ပါ' ဟုဆိုချေသည်။ ထို့ကြောင့်ငါ သည်စိတ်မချမ်းမသာဖြစ်နေသည်'' ဟုမိန့် တော်မူ၏။
7 Entonces Jezabel, su esposa, dijo: Ahora eres el gobernante de Israel Levántate, come, y alégrese tu corazón; Te daré el jardín de la vid de Nabot de Jezreel.
၇ယေဇဗေလက``အရှင်သည်ဣသရေလဘုရင် ဖြစ်သည်မဟုတ်ပါလော။ အိပ်ယာမှထတော်မူ ၍ရွှင်လန်းစွာစားတော်ခေါ်တော်မူပါ။ နာဗုတ် ၏ဥယျာဉ်ကိုအရှင်၏လက်တော်သို့ကျွန်မ အပ်ပါမည်'' ဟုလျှောက်၏။
8 Entonces ella envió una carta en nombre de Acab, estampada con su sello, a los hombres responsables y a los jefes que estaban en autoridad con Nabot.
၈ထိုနောက်ယေဇဗေလသည်စာများကိုရေး ပြီးလျှင် အာဟပ်အမည်ဖြင့်လက်မှတ်ရေးထိုး ကာ ဘုရင့်တံဆိပ်ခပ်နှိပ်၍ယေဇရေလမြို့ ရှိမြို့မိမြို့ဖများနှင့်မှူးမတ်များထံသို့ ပေးပို့လိုက်လေသည်။-
9 Y en la carta ella decía: “Que se proclame un ayuno público, y pongan a Nabot delante del pueblo;
၉ထိုအမိန့်တော်စာကား``သင်တို့သည်အစာရှောင် ရန်နေ့ရက်တစ်ရက်ကိုကြေညာကာ ပြည်သူတို့ အားစုဝေးစေ၍နာဗုတ်အားဂုဏ်ထူးဆောင် နေရာထိုင်ခင်းကိုပေးကြလော့။-
10 Y que dos falsos testigos vengan ante él y den testimonio de que ha estado maldiciendo a Dios y al rey. Entonces sáquenlo y hazlo apedrear para que muera.
၁၀ထိုနောက်သူ့ကိုမျက်နှာပြောင်တိုက်၍`ဤသူသည် ဘုရားသခင်နှင့်ဘုရင်မင်းမြတ်အားပုတ်ခတ် ပြောဆိုသူဖြစ်ပါသည်' ဟုမသမာသူလူနှစ် ယောက်ကိုပြစ်တင်စွပ်စွဲခိုင်းကြလော့။ ထို့နောက် သူ့အားမြို့ပြင်သို့ထုတ်၍ခဲနှင့်ပေါက်သတ်ကြ လော့'' ဟူသတည်း။
11 Así que los hombres responsables y los jefes que estaban en autoridad en su pueblo, hicieron lo que Jezabel había dicho en la carta que ella les envió.
၁၁မှူးမတ်များနှင့်ယေဇရေလမြို့ရှိ မြို့မိမြို့ဖ များသည်လည်းယေဇဗေလအမိန့်ပေးသည့် အတိုင်းပြုကြ၏။-
12 Dieron órdenes para un día de dolor público y pusieron a Nabot delante del pueblo.
၁၂သူတို့သည်အစာရှောင်ရာနေ့တစ်နေ့ကိုကြေညာ ပြီးလျှင် ပြည်သူတို့အားစုဝေးစေလျက်နာဗုတ် အားဂုဏ်ထူးဆောင်နေရာထိုင်ခင်းကိုပေးကြ၏။-
13 Y los dos testigos malvados entraron y tomaron asiento delante de él y dieron testimonio contra Nabot, frente al pueblo, diciendo: Nabot ha estado maldiciendo a Dios y al rey. Luego lo sacaron de la ciudad y lo apedrearon hasta la muerte.
၁၃မသမာသူလူနှစ်ယောက်ကလည်းဘုရားသခင် နှင့် မင်းကြီးအားပုတ်ခတ်ပြောဆိုမှုနှင့်နာဗုတ် အားလူပုံအလယ်တွင်ပြစ်တင်စွပ်စွဲကြလေ သည်။ ထို့ကြောင့်လူတို့သည်သူ့ကိုမြို့ပြင်သို့ ထုတ်ပြီးလျှင်ခဲနှင့်ပေါက်သတ်ကြ၏။-
14 Entonces enviaron un mensaje a Jezabel, diciendo: Nabot ha sido apedreado y está muerto.
၁၄နာဗုတ်အားသေဒဏ်ခတ်ပြီးကြောင်းကိုလည်း ယေဇဗေလထံသတင်းပေးပို့ကြလေသည်။
15 Entonces Jezabel, al enterarse de que Nabot había sido apedreado y estaba muerto, le dijo a Acab: Levántate y toma como herencia el viñedo de Nabot Jezreelita, que no te daría por dinero, porque Nabot ya no vive sino que está muerto.
၁၅ထိုသတင်းကိုရလျှင်ရခြင်းယေဇဗေလသည် အာဟပ်အား``နာဗုတ်သေပြီဖြစ်၍ယခုအရှင် သွား၍သူမရောင်းလိုသောစပျစ်ဥယျာဉ်ကို သိမ်းယူတော်မူပါလော့'' ဟုလျှောက်၏။-
16 Acab, al enterarse de que Nabot había muerto, bajó al viñedo de Nabot, el Jezreelita, para tomarlo como herencia.
၁၆အာဟပ်သည်လည်းထိုဥယျာဉ်ကိုသိမ်းယူ ရန်ချက်ချင်းထ၍သွားတော်မူ၏။
17 Entonces vino la palabra del Señor a Elías de Tisbe, diciendo:
၁၇ထိုအခါထာဝရဘုရားသည်တိရှဘိမြို့သား ပရောဖက်ဧလိယအား၊-
18 Desciende a Acab, rey de Israel, en Samaria; Mira, él está en el huerto de Nabot de Jezreel, donde ha ido a tomarlo como su herencia.
၁၈``သင်သည်ရှမာရိမြို့ရှိအာဟပ်မင်းထံသို့သွား လော့။ သူသည်နာဗုတ်၏ဥယျာဉ်ကိုသိမ်းယူရန် ထိုဥယျာဉ်ထဲ၌ရှိနေသည်ကိုတွေ့လိမ့်မည်။-
19 Dile: El Señor dice: ¿Has matado a un hombre y has tomado su herencia? Entonces dile: El Señor dice: En el lugar donde los perros han estado bebiendo la sangre de Nabot, tu sangre se convertirá en la bebida de los perros.
၁၉ငါထာဝရဘုရားက`သင်သည်လူကိုသတ်ပြီး နောက် ထိုသူ၏ဥစ္စာကိုသိမ်းယူပါမည်လော' ဟု မိန့်တော်မူကြောင်းသူ့အားပြောကြားလော့။ `ခွေး တို့သည်နာဗုတ်၏သွေးကိုလျက်ကြသည့်အရပ် ၌ပင်လျှင် သင်၏သွေးကိုလျက်ကြလိမ့်မည်' ဟု ငါမိန့်တော်မူကြောင်းကိုလည်းသူ့အားပြော ကြားလော့'' ဟုမိန့်မှာတော်မူ၏။
20 Y Acab dijo a Elías: ¿Te has encontrado cara a cara conmigo, oh mi enemigo? Y él dijo: He venido a ti porque te has entregado a hacer el mal a los ojos del Señor.
၂၀အာဟပ်သည်ဧလိယကိုမြင်သောအခါ``ငါ ၏ရန်သူ၊ သင်သည်ငါ့ကိုတွေ့ပြီလော'' ဟု မေး၏။ ဧလိယကလည်း``တွေ့ပြီ။ သင်သည်ထာဝရ ဘုရား၏မျက်နှာတော်တွင်ဒုစရိုက်ကို သာပြုလို၏။-
21 Mira, te enviaré el mal y te acabaré por completo, cortando de Acab a todo hijo varón, al que está callado y al que sale libre en Israel;
၂၁ထို့ကြောင့်ထာဝရဘုရားက`ငါသည်သင့် အားဘေးဒဏ်သင့်စေမည်။ သင့်ကိုသုတ်သင် ပယ်ရှင်း၍သင်၏အိမ်ထောင်စုသားယောကျာ်း ဟူသမျှကိုလည်းဖယ်ရှားပစ်မည်။-
22 Haré que tu familia sea como la familia de Jeroboam, el hijo de Nebat, y como la familia de Baasa, el hijo de Ahías, porque me has hecho enojar, y has hecho que Israel haga el mal.
၂၂သင်သည်ဣသရေလပြည်သူတို့အားအပြစ် ကူးရန်ရှေ့ဆောင်လမ်းပြသည်ဖြစ်၍ သင်၏ အိမ်ထောင်စုသည်နေဗက်၏သားယေရောဗောင် မင်း၏အိမ်ထောင်စုကဲ့သို့လည်းကောင်း၊ အဟိယ ၏သားဗာရှာမင်း၏အိမ်ထောင်စုကဲ့သို့လည်း ကောင်းဖြစ်လိမ့်မည်။'-
23 Y de Jezabel, el Señor dijo: Jezabel se convertirá en alimento para perros en la herencia de Jezreel.
၂၃ယေဇဗေလနှင့်ပတ်သက်၍ထာဝရဘုရား က`ယေဇရေလမြို့တွင်ထိုအမျိုးသမီး၏ အလောင်းသည်ခွေးစာဖြစ်လိမ့်မည်။ သူ၏ ဆွေမျိုးမှန်သမျှတို့သည်လည်းမြို့တွင်း ၌သေလျှင်ခွေးစာ၊-
24 Cualquier hombre de la familia de Acab que muera en la ciudad se convertirá en alimento para los perros; y el que muera en campo abierto será alimento para las aves del aire.
၂၄မြို့ပြင်၌သေလျှင်လင်းတစာဖြစ်ကြလိမ့် မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
25 No había nadie como Acab, que se entregó a sí mismo para hacer el mal a los ojos del Señor, incitado por Jezabel su esposa.
၂၅(ထာဝရဘုရား၏ရှေ့တော်မှောက်တွင် အာဟပ်ကဲ့ သို့ဒုစရိုက်ကိုလွန်ကဲစွာပြုသူတစ်ယောက်မျှ မရှိ။ သူပြုသောအမှုအရာမှန်သမျှမှာမိ ဖုရားယေဇဗေလ၏တိုက်တွန်းချက်အရ ဖြစ်သည်။-
26 Hizo algo muy desagradable al perseguir a dioses falsos, haciendo todas las cosas que hicieron, a quienes el Señor había echado de delante de los hijos de Israel.
၂၆သူသည်အာမောရိပြည်သားတို့ပြုသည့်အတိုင်း ရုပ်တုများကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် အလွန်ရှက်ကြောက်ဖွယ်ကောင်းသည့်အပြစ်များ ကိုပြုလေသည်။ အာမောရိပြည်သူတို့ကား ခါနာန်ပြည်သို့ဣသရေလအမျိုးသားတို့ ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ် တော်မူသောသူများဖြစ်သတည်း။)
27 Al oír estas palabras, Acab, con gran dolor, se humilló; se puso ropas ásperas y ayuno, durmiendo con la misma ropa y andando en silencio.
၂၇ဧလိယဆင့်ဆိုပြောကြားသောအခါ အာဟပ် သည်မိမိ၏အဝတ်များကိုဆုတ်ဖြဲပြီးလျှင် လျှော်တေကိုဝတ်၏။ သူသည်စားတော်မခေါ် ဘဲလျှော်တေဝတ်၍အိပ်၏။ သွားလာရာ၌ လည်းမှိုင်တွေလျက်နေ၏။
28 Entonces vino la palabra del Señor a Elías de Tisbe, diciendo:
၂၈ထာဝရဘုရားသည်ပရောဖက်ဧလိယအား၊-
29 ¿Ves cómo Acab se humilló ante mí? porque él se ha humillado ante mí, no enviaré el mal en su vida, pero en el tiempo de su hijo enviaré el mal a su familia.
၂၉``ငါ၏ရှေ့မှောက်တွင်အဘယ်မျှအာဟပ်နှိမ့်ချ လျက်နေသည်ကိုသင်မြင်သလော။ ဤသို့နှိမ့်ချ သည့်အတွက်ငါသည်သူ၏လက်ထက်၌ဘေးဒဏ် သင့်စေမည်မဟုတ်။ သူ၏သားလက်ထက်သူ၏ အိမ်ထောင်စုအပေါ်တွင်သင့်စေမည်'' ဟုမိန့် တော်မူ၏။