< 1 Crónicas 12 >

1 Ahora, estos son los hombres que vinieron a David a Siclag, mientras él todavía estaba desterrado, debido a Saúl, el hijo de Cis; estaban entre los hombres fuertes, sus ayudantes en la guerra.
ဒါ​ဝိဒ်​သည်​ရှော​လု​မင်း​ထံ​တော်​မှ​ထွက်​ပြေး တိမ်း​ရှောင်​နေ​ချိန်​၌ ဇိ​က​လတ်​မြို့​တွင်​နေ​ထိုင် ၏။ ထို​အ​ခါ​လူ​အ​များ​ပင်​သူ​၏​ဘက်​သို့ ဝင်​ရောက်​လာ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​သည် ရှော​လု​နှင့်​ဆွေ​မျိုး​တော်​စပ်​သည့်​ဗင်္ယာ​မိန် အ​နွယ်​ဝင်​မှ စစ်​ရည်​ဝ​၍​အား​ကိုး​အား​ထား လောက်​သော​စစ်​သူ​ရဲ​များ​ဖြစ်​သ​တည်း။ သူ တို့​သည်​လက်ယာ​လက်​ဖြင့်​သော်​လည်း​ကောင်း၊ လက်​ဝဲ​လက်​ဖြင့်​သော်​လည်း​ကောင်း လောက်​လွှဲ နှင့်​လေး​ကို​ပစ်​ခတ်​နိုင်​ကြ​၏။-
2 Estaban armados con arcos y podían enviar piedras y flechas desde el arco, con la mano derecha o con la izquierda: eran los hermanos de Saúl, de la tribu de Benjamín.
3 Ahiezer era su jefe, luego Joás, los hijos de Sema de Guibea; y Jeziel y Pelet, los hijos de Azmavet; y Beraca y Jehú de Anatot;
သူ​တို့​၏​တပ်​မှူး​များ​မှာ​ဂိ​ဗာ​မြို့​သား ရှေ​မာ​၏​သား​ဖြစ်​ကြ​သော အ​ဟေ​ဇာ​နှင့် ယော​ရှ​တို့​ဖြစ်​ကြ​၏။ စစ်​သူ​ရဲ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အာ​ဇ​မာ​ဝက်​၏​သား​များ​ဖြစ်​ကြ​သော ယေ​ဇေ​လ​နှင့်​ပေ​လက်။ အ​န​သုတ်​မြို့​သား​ဗေ​ရာ​ခ​နှင့်​ယေ​ဟု။ ရဲ​ဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​တစ်​ဦး​ဖြစ်​သူ ဂိ​ဗောင်​မြို့​သား​နာ​မည်​ကျော်​စစ်​သူ​ရဲ​ဣ​ရှ​မာ​ယ။ ဂေ​ဒ​ရ​မြို့​သား​များ​ဖြစ်​ကြ​သော​ယေ​ရ​မိ၊ ယ​ဟာ​ဇေ​လ၊ယော​ဟ​နန်​နှင့်​ယော​ဇ​ဗဒ်။ ဟ​ရု​ဖိ​မြို့​သား​များ​ဖြစ်​ကြ​သော​ဧ​လု​ဇဲ၊ ယေ​ရိ​မုတ်၊ ဗာ​လျာ၊ရှေ​မ​ရိ​နှင့်​ရှေ​ဖ​တိ။ ကော​ရ​သား​ချင်း​စု​မှ​ဧ​လ​ကာ​န၊ယေ​ရှာ၊ အာ​ဇ​ရေ​လ၊ယော​ဇာ​နှင့်​ယာ​ရှော​ဗ။ ဂေ​ဒေါ်​မြို့​သား​ယေ​ရော​ဟံ​၏​သား​များ ဖြစ်​ကြ​သော ယော​လာ​နှင့်​ဇေ​ဗ​ဒိ​တို့​ဖြစ်​ကြ​၏။
4 Ismaías, el Gabaonita, un gran hombre entre los treinta, y su jefe; y Jeremías, Jehaziel, Johanan, Jozabad de Gedera;
5 Eluzai, Jerimot, Bealias, Semarias, Sefatias el Harufita;
6 Elcana, Isaías y Azareel, Joezer, Jasobeam, Coreitas;
7 Y Joela y Zebadías, los hijos de Jeroham de Gedor.
8 Y algunos de los gaditas, al lado de David, fueron a su fortaleza en el desierto, hombres grandes y fuertes, entrenados para la guerra, expertos en el uso de armas, cuyos rostros eran como los rostros de leones, y eran de patas rápidas como venados en las montañas;
ဒါ​ဝိဒ်​သည်​သဲ​ကန္တာ​ရ​ရဲ​တိုက်​တွင်​ရှိ​နေ​စဉ် အ​ခါ သူ​၏​တပ်​မ​တော်​သို့​ဝင်​ရောက်​လာ​ကြ သူ​နာ​မည်​ကျော်​စစ်​ရည်​ဝ​သူ​ရဲ​တို့​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​၏။ ထို​သူ​တို့​သည်​ခြင်္သေ့​ကဲ့ သို့​ကြောက်​မက်​ဖွယ်​သဏ္ဌာန်​ကို​ဆောင်​လျက် ဒိုင်း​လွှား​အ​တတ်၊ လှံ​အ​တတ်​တို့​တွင်​အ​ထူး ကျွမ်း​ကျင်​သူ​များ​ဖြစ်​ကြ​၏။ တောင်​ပေါ် ဒ​ရယ်​ကဲ့​သို့​လည်း​လျင်​မြန်​ဖြတ်​လတ် ကြ​၏။-
9 Ezer su jefe, Obadiah, el segundo; Eliab, el tercero;
ရာ​ထူး​ကြီး​ငယ်​အ​လိုက်​သူ​တို့​၏​နာ​မည် များ​မှာ​ဧ​ဇာ၊ သြ​ဗ​ဒိ၊ ဧ​လျာ​ဘ၊ မိ​ရှ​မန္န၊ ယေ​ရ​မိ၊ အတ္တဲ၊ ဧ​လျေ​လ၊ ယော​ဟ​နန်၊ ဧ​လ ဇာ​ဗဒ်၊ ယေ​ရ​မိ၊ မာ​ခ​ဗာ​နဲ​ဟူ​၍​ဖြစ်​သ​တည်း။
10 Mismana, el cuarto; Jeremías, el quinto;
၁၀
11 Atai, el sexto; Eliel el séptimo;
၁၁
12 Johanan, el octavo; Elzabad, el noveno;
၁၂
13 Jeremías décimo; Macbanai, y undécimo;
၁၃
14 Estos gaditas eran capitanes del ejército; el menor de ellos era el capitán de más de cien hombres y el mayor de los mil.
၁၄ဂဒ်​အ​နွယ်​ဝင်​မှ​ထို​သူ​အ​ချို့​တို့​သည်​တစ် ထောင်​တပ်​ကို​အုပ်​ချုပ်​ရ​သူ၊ အ​ချို့​မှာ​တစ် ရာ​တပ်​ကို​အုပ်​ချုပ်​ရ​သူ​တပ်​မှူး​များ​ဖြစ် ကြ​၏။-
15 Fueron los que pasaron por el Jordán en el primer mes, cuando el río se desbordó, e hicieron huir a todas las personas de los valles, al este y al oeste.
၁၅ထို​နှစ်​၏​ပ​ထ​မ​လ​၌​ယော်​ဒန်​မြစ်​ရေ​လျှံ သော​အ​ခါ သူ​တို့​သည်​မြစ်​ကို​ဖြတ်​ကူး​ပြီး နောက် မြစ်​၏​အ​ရှေ့​နှင့်​အ​နောက်​ဘက်​ရှိ​ချိုင့် ဝှမ်း​များ​တွင် နေ​ထိုင်​ကြ​သူ​တို့​ကို​ထွက်​ပြေး စေ​ကြ​၏။
16 Y algunos de los hijos de Benjamín y Judá vinieron a David en su fortaleza.
၁၆အ​ခါ​တစ်​ပါး​၌​ဗင်္ယာ​မိန်​နှင့်​ယု​ဒ​အ​နွယ် ဝင်​တို့​မှ လူ​အ​ချို့​တို့​သည်​ဒါ​ဝိဒ်​မင်း​ရှိ​ရာ ရဲ​တိုက်​သို့​လာ​သော​အ​ခါ၊-
17 Y saliendo a ellos David, les dijo: Si han venido en paz para ayudarme, mi corazón se unirá al de ustedes; pero si has venido a entregarme a aquellos que me quitarían la vida, aunque mis manos están limpias de cualquier mal, entonces el Dios de nuestros padres puede verlo y castigarte.
၁၇ဒါ​ဝိဒ်​မင်း​သည်​သူ​တို့​အား​ခရီး​ဦး​ကြို​ပြု လျက်``သင်​တို့​သည်​မိတ်​ဆွေ​အ​ဖြစ်​ဖြင့်​ငါ့ ကို​ကူ​ညီ​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​ပါ​မူ ငါ​သည်​သင်​တို့​အား​ကြို​ဆို​လက်​ခံ​ပါ​၏။ ငါ​တို့​ဘက်​သို့​ဝင်​ကြ​လော့။ သို့​ရာ​တွင်​သင် တို့​သည်​ငါ့​အား​ရန်​သူ​များ​လက်​သို့​အပ် ရန်​လာ​လျှင်​မူ​ကား ငါ​သည်​သင်​တို့​အား အ​နာ​တ​ရ​ပြု​မည်​မ​ဟုတ်​သော်​လည်း ငါ တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သည်​သင်​တို့​ပြု သည့်​အ​မှု​ကို​မြင်​တော်​မူ​၍ သင်​တို့​အား အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။
18 Entonces vino el espíritu sobre Amasai, que era el jefe de los capitanes, y dijo: Somos tuyos, David, estamos de tu lado, oh hijo de Isaí: que la paz esté contigo y que la paz a los que te ayudan porque Dios es tu ayudante. Entonces David los llevó a su ejército y los convirtió en capitanes del ejército.
၁၈ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဝိ​ညာဉ်​တော်​သည် အာ​မ​သဲ​အ​ပေါ်​သို့​သက်​ရောက်​ကာ​နောင် အ​ခါ​၌ ရဲ​ဘော်​သုံး​ကျိပ်​တို့​၏​တပ်​မှူး ဖြစ်​လာ​သူ​အာ​မ​သဲ​က၊ ``ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​မင်း၊ကျွန်​တော်​တို့​သည် အ​ရှင်​၏​ဘက်​တော်​သား​များ​ဖြစ်​ကြ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​၏​ဘက်​၌​ရှိ​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​ကူ​ညီ​ကြ​သူ​တို့ သည် အောင်​မြင်​ကြ​ပါ​စေ​သော'' ဟု​ဟစ်​အော် လျှောက်​ထား​၏။ ဒါ​ဝိဒ်​သည်​ထို​သူ​တို့​ကို​လက်​ခံ​လျက် မိ​မိ တပ်​တွင်​အ​ရာ​ရှိ​များ​အ​ဖြစ်​ခန့်​အပ်​လေ​၏။
19 Y algunos de los hombres de Manasés se acercaron a David, cuando fue con los filisteos a la guerra contra Saúl, pero no les ayudó: porque los señores de los filisteos, después de discutir, lo despidieron, diciendo: Volverá a su maestro Saúl, al precio de nuestras vidas.
၁၉ဒါ​ဝိဒ်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့် အ​တူ ရှော​လု​မင်း​ကို​တိုက်​ရန်​စစ်​ချီ​သွား သော​အ​ခါ မ​နာ​ရှေ​အ​နွယ်​ဝင်​စစ်​သူ​ရဲ အ​ချို့​တို့​သည် ဒါ​ဝိဒ်​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့ က​ဒါ​ဝိဒ်​သည် မိ​မိ​၏​အ​ရှင်​ဟောင်း​ရှော​လု ဘက်​သို့​ပါ​၍​သူ​တို့​ကို​သစ္စာ​ဖောက်​လိမ့်​မည် ဟု​စိုး​ရိမ်​သ​ဖြင့် သူ့​အား​ဇိ​က​လတ်​မြို့​သို့ ပြန်​လွှတ်​လိုက်​ကြ​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည် စင်​စစ်​အား​ဖြင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ဘက်​မှ​ကူ​၍​စစ်​မ​တိုက်​ခဲ့​ရ​ပေ။-
20 Luego, cuando regresó a Siclag, se acercó a él, de los hombres de Manasés, Adnas y Jozabad y Jediael y Micael y Jozabad y Elihu y Ziletai, capitanes de miles de los ejércitos de Manasés.
၂၀ဇိ​က​လတ်​မြို့​သို့​ဒါ​ဝိဒ်​ပြန်​သွား​ချိန်​၌​မ​နာ ရှေ​အ​နွယ်​ဝင်​မှ သူ​၏​ဘက်​သို့​ဝင်​ရောက်​လာ သည့်​စစ်​သူ​ရဲ​များ​မှာ​အာ​ဒ​န၊ ယော​ဇ​ဗဒ်၊ ယေ​ဒ​ယေ​လ၊ မိက္ခေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လိ​ဟု နှင့်​ဇိ​လ​သဲ​တို့​ဖြစ်​ကြ​၏။ သူ​တို့​အား​လုံး သည်​မ​နာ​ရှေ​အ​နွယ်​တွင်​တစ်​ထောင်​တပ် တပ်​မှူး​များ​ဖြစ်​ကြ​သ​တည်း။-
21 Y ayudaron a David contra las bandas armadas, porque todos ellos eran grandes hombres de guerra y capitanes en el ejército.
၂၁သူ​တို့​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ​များ​ဖြစ် သ​ဖြင့် ဒါ​ဝိဒ်​၏​တပ်​သား​တို့​ကို​အုပ်​ချုပ်​သူ အ​ရာ​ရှိ​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း​ရ​ကြ ၏။ နောင်​အ​ခါ​၌​သူ​တို့​သည်​ဣ​သ​ရေ​လ တပ်​မ​တော်​တွင်​အ​ရာ​ရှိ​များ​ဖြစ်​လာ​ကြ လေ​သည်။-
22 Y de día en día llegaron más partidarios a David, hasta que tuvo un gran ejército como el ejército de Dios.
၂၂နေ့​တိုင်း​လို​ပင်​ဒါ​ဝိဒ်​၏​တပ်​ဖွဲ့​ထဲ​သို့​လူ​သစ် များ​ဝင်​ရောက်​လာ​ကြ​သ​ဖြင့် သူ​၏​တပ်​မ​တော် သည်​အ​လွန်​အင်​အား​ကြီး​မား​လာ​လေ​သည်။
23 Estos son los números de los jefes de los hombres armados, listos para la guerra, que llegaron a David en Hebrón, para entregar el reino de Saúl en sus manos, como el Señor lo había dicho.
၂၃ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ရှော​လု​မင်း​၏​နေ​ရာ​တွင်​ဒါ​ဝိဒ်​အား​မင်း မြှောက်​နိုင်​ရေး​အ​တွက်​ကူ​ညီ​ဆောင်​ရွက်​ရန် စစ်​အ​တတ်​ကို​လေ့​ကျင့်​ပြီး​သော​စစ်​သူ​ရဲ အ​များ​ပင်​သူ​၏​တပ်​မ​တော်​သို့​ဝင်​ရောက် လာ​ကြ​၏။ ထို​သူ​တို့​၏​အ​ရေ​အ​တွက်​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ဒိုင်း​လွှား​များ​နှင့်​လှံ​များ​ကိုင်​ဆောင်​လျက် စစ်​လက်​နက်​အ​ပြည့်​အ​စုံ​ပါ​သော​ယု​ဒ အ​နွယ်​ဝင်​စစ်​သူ​ရဲ​ခြောက်​ထောင့်​ရှစ်​ရာ။ ကောင်း​စွာ​လေ့​ကျင့်​ပြီး​သူ​ရှိ​မောင်​အ​နွယ် ဝင် စစ်​သူ​ရဲ​ခု​နစ်​ထောင့်​တစ်​ရာ။ လေ​ဝိ​အ​နွယ်​ဝင်​လူ​ပေါင်း​လေး​ထောင့်​ခြောက်​ရာ။ အာ​ရုန်​မှ​ဆင်း​သက်​သော​ယော​ယ​ဒ​၏​နောက်​လိုက် လူ​ပေါင်း​သုံး​ထောင့်​ခု​နစ်​ရာ။ စစ်​တိုက်​ကောင်း​သူ၊လု​လင်​ပျို​ဇာ​ဒုတ်​၏​ဆွေ​မျိုး၊ ခေါင်း​ဆောင်​နှစ်​ဆယ့်​နှစ်​ဦး။ ရှော​လု​၏​အ​နွယ်​စု​ဖြစ်​သော​ဗင်္ယာ​မိန်​အ​နွယ်​ဝင် လူ​ပေါင်း​သုံး​ထောင်။ (ဗင်္ယာ​မိန်​အ​နွယ်​မှ​လူ​များ​စု သည်​ရှော​လု​မင်း​၏​သစ္စာ​တော်​ကို​စောင့်​သိ​ကြ​သူ များ​ဖြစ်​၏။) ဧ​ဖ​ရိမ်​စစ်​သူ​ရဲ​နှစ်​သောင်း​ရှစ်​ရာ။ သူ​တို့​သည် မိ​မိ​တို့​သား​ချင်း​စု​တွင်​နာ​မည်​ကျော်​သူ များ​တည်း။ အ​နောက်​ပိုင်း​မ​နာ​ရှေ​အ​မျိုး​သား​များ​မှ ဒါ​ဝိဒ်​အား​မင်း​မြှောက်​နိုင်​ရေး​အ​တွက်​သွား ရောက်​ဆောင်​ရွက်​ရန် ရွေး​ချယ်​ထား​သူ​လူ​ပေါင်း တစ်​သောင်း​ရှစ်​ထောင်။ ဣ​သ​ခါ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​နှစ်​ရာ​နှင့် သူ​တို့ ၏​နောက်​လိုက်​များ (ဤ​ခေါင်း​ဆောင်​များ​သည် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ပြု​အပ်​သော​အ​မှု​နှင့်​ပြု ရန် အ​ချိန်​ကာ​လ​ကို​သိ​ရှိ​သူ​များ​ဖြစ်​ကြ​၏။) ယုံ​ကြည်​စိတ်​ချ​ရ​၍​သစ္စာ​ရှိ​သူ​ဇာ​ဗု​လုန် အ​နွယ်​ဝင်​လူ​ငါး​သောင်း။ သူ​တို့​သည်​စစ်​တိုက် ရန်​အ​ဆင်​သင့်​ရှိ​ကြ​လျက်​လက်​နက်​မျိုး​စုံ ကို​ကိုင်​ဆောင်​တတ်​သူ​များ​ဖြစ်​ကြ​၏။ ဒိုင်း​လွှား၊ လှံ​တံ​ကိုင်​ဆောင်​သူ​လူ​သုံး​သောင်း​ခု​နစ် ထောင်​နှင့်​တ​ကွ န​ဿ​လိ​အ​နွယ်​ဝင်​ခေါင်း​ဆောင် တစ်​ထောင်။ စစ်​အ​တတ်​ကို​လေ့​ကျင့်​ထား​ပြီး​သူ၊ ဒန်​အ​နွယ်​ဝင်​စစ်​သူ​ရဲ​နှစ်​သောင်း​ရှစ်​ထောင်​ခြောက် ရာ။ တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​သူ​အာ​ရှာ​အ​နွယ်​ဝင် လူ​ပေါင်း​လေး​သောင်း။ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​မှ​ရု​ဗင်၊ ဂဒ်​နှင့် အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​များ​ထဲ​မှ​လက်​နက် မျိုး​စုံ​ကိုင်​ဆောင်​တတ်​သူ လူ​ပေါင်း​တစ်​သိန်း နှစ်​သောင်း​တို့​ဖြစ်​သ​တည်း။
24 Había seis mil ochocientos lanceros de los hijos de Judá, armados para la guerra;
၂၄
25 Siete mil, cien de los hijos de Simeón, grandes hombres de guerra;
၂၅
26 De los hijos de Leví, cuatro mil seiscientos.
၂၆
27 Y Joiada, la principal de la familia de Aarón, y con él tres mil setecientos hombres;
၂၇
28 Y Sadoc, un joven, grande y fuerte en la guerra, con veintidós capitanes de la gente de su padre.
၂၈
29 Y de los hijos de Benjamín, los hermanos de Saúl, tres mil; durante ese tiempo, la mayor parte de ellos había sido fiel a Saúl.
၂၉
30 Y de los hijos de Efraín, veinte mil ochocientos grandes hombres de guerra, hombres de gran nombre en sus familias.
၃၀
31 Y de la media tribu de Manasés, dieciocho mil, nombrados por nombre, vinieron a hacer rey a David.
၃၁
32 Y de los hijos de Isacar, había doscientos jefes, hombres que tenían conocimiento experto de los tiempos y lo que era mejor que hiciera Israel, y todos sus hermanos estaban bajo sus órdenes.
၃၂
33 De Zabulón, había cincuenta mil hombres que salieron con el ejército, expertos en organizar la batalla, para ayudar con todo tipo de armas; Hombres de corazón verdadero.
၃၃
34 Y de Neftalí, mil capitanes con treinta y siete mil lanzas y escudos.
၃၄
35 Y de los de Dan, veintiocho mil seiscientos, expertos en ordenar la pelea.
၃၅
36 De la tribu de Aser, cuarenta mil que salieron con el ejército, expertos en infantería.
၃၆
37 Desde el otro lado del Jordán, había ciento veinte mil de Rubén y de Gad y los hombres de la media tribu de Manasés, armados con todo tipo de instrumentos de guerra.
၃၇
38 Todos estos hombres de guerra, expertos en organizar la batalla, llegaron a Hebrón con el propósito de hacer que David fuera rey sobre todo Israel; y todo el resto de Israel se unió en su deseo de hacer rey a David.
၃၈တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​သော​ဤ​စစ်​သူ​ရဲ အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​အား​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ဝှမ်း​လုံး​ကို​အ​စိုး​ရ​သော​ဘု​ရင်​အ​ဖြစ်​ဖြင့် ချီး​မြှောက်​ကြ​ရန်​သန္နိ​ဋ္ဌာန်​ပြု​လျက်​ဟေ​ဗြုန်​မြို့ သို့​သွား​ကြ​၏။ ကျန်​ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့​သည်​လည်း ထို​ရည်​ရွယ်​ချက် ဖြင့်​တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​ကြ​၏။-
39 Por tres días estuvieron allí con David, festejando en su mesa, porque sus hermanos habían preparado la comida para ellos.
၃၉သူ​တို့​သည်​မိ​မိ​တို့​၏​အ​မျိုး​သား​များ​ပြင် ဆင်​ကျွေး​မွေး​သော​အ​စား​အ​သောက်​များ​ကို စား​သောက်​ကာ သုံး​ရက်​တိုင်​တိုင်​ဒါ​ဝိဒ်​နှင့် အ​တူ​နေ​ကြ​၏။-
40 Y los que estaban cerca, hasta Isacar, Zabulón, Neftalí, vinieron con comida en asnos y camellos y mulas y bueyes, con comida para comer y tortas de higos, pasas, vino, aceite, bueyes, ovejas en gran número, porque había gozo en Israel.
၄၀ဝေး​ကွာ​သော​ဣ​သ​ခါ​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် န​ဿ​လိ​ခ​ရိုင်​မှ​စ​သော​မြောက်​ပိုင်း​အ​ရပ်​များ မှ​လူ​တို့​သည်​မုန့်​ညက်၊ သင်္ဘော​သ​ဖန်း​သီး၊ စ​ပျစ် ရည်​နှင့်​သံ​လွင်​ဆီ​တို့​ကို​မြည်း​များ၊ ကု​လား အုတ်​များ၊ လား​များ၊ နွား​များ​ဖြင့်​တင်​ဆောင် လာ​ကြ​၏။ သူ​တို့​သည်​သတ်​၍​စား​ရန်​အ​တွက် နွား​များ​နှင့်​သိုး​များ​ကို​လည်း​ယူ​ဆောင်​လာ လေ​သည်။ ဤ​အ​မှု​အ​ရာ​အ​ပေါင်း​အား​ဖြင့် နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ပျော်​ရွှင်​ကြ​ပုံ​ကို​ထုတ်​ဖော်​၍​ပြ​သ​တည်း။

< 1 Crónicas 12 >