< Jeremías 17 >
1 El pecado de Judá escrito está con cincel de hierro, y con punta de diamante; esculpido está en la tabla de su corazón, y en los cuernos de vuestros altares;
၁ယုဒအမျိုး၏ အပြစ်သည် သံကညစ်၊ စိန်ချွန်နှင့် သူတို့နှလုံးပြား၌၎င်း၊ ယဇ်ပလ္လင် ဦးချို၌၎င်း အက္ခရာ တင်၍ မှတ်သားလျက်ရှိ၏။
2 para que sus hijos se acuerden de sus altares y de sus bosques, junto a los árboles verdes y en los collados altos.
၂သူငယ်တို့ပင် မြင့်သောတောင်ပေါ်၊ စိမ်းသော သစ်ပင်နားမှာရှိသော ယဇ်ပလ္လင်များ၊ အာရှရပင်များကို အောက်မေ့တတ်ကြ၏။
3 ¡Mi montañés! En el campo son tus riquezas; todos tus tesoros daré a despojo, por el pecado de tus altos en todos tus términos.
၃အချင်းငါ၏တောင်၊ လယ်၌ရှိသော သင်၏ဥစ္စာ နှင့်သိုထားသမျှသော ဥစ္စာကို၎င်း၊ ပြည်တရှောက်လုံး၌ သင်ပြစ်မှားရာ၊ မြင့်သောအရပ်တို့ကို၎င်း၊ လုယူသော သူတို့လက်သို့ ငါအပ်မည်။
4 Y habrá remisión en ti de tu heredad, la cual yo te di, y te haré servir a tus enemigos en tierra que no conociste; porque fuego habéis encendido en mi furor, para siempre arderá.
၄သင့်ကိုယ်တိုင်လည်း ငါပေးသောအမွေမှ ရွေ့ သွားရလိမ့်မည်။ သင်မသိသော ပြည်တွင်၊ ရန်သူလက်၌ သင့်ကို ငါကျွန်ခံစေမည်။ အကြောင်းမူကား၊ အစဉ် အလာသောငါ၏ အမျက်မီးကို သင်တို့သည် မွေးကြပြီ။
5 Así dijo el SEÑOR: Maldito el varón que confía en el hombre, y pone carne por su brazo, y su corazón se aparta del SEÑOR.
၅ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကို ကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူဖြစ်၏။
6 Pues será como la retama en el desierto, y no verá cuando viniere el bien; sino que morará en los sequedales en el desierto, en tierra salada y deshabitada.
၆ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက် ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှမနေသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။
7 Bendito el varón que se fía en el SEÑOR, y cuya confianza es el SEÑOR.
၇ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရ ဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ် စေသော သူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သော သူဖြစ်၏။
8 Porque él será como el árbol plantado junto a las aguas, que junto a la corriente echará sus raíces, y no verá cuando viniere el calor, y su hoja será verde; y en el año de sequía no se fatigará, ni dejará de hacer fruto.
၈ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန် ရောက် ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကို သီးတတ် သော အပင်နှင့်အတူ၏။
9 Engañoso es el corazón más que todas las cosas, y perverso; ¿quién lo conocerá?
၉စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။
10 Yo soy el SEÑOR, que escudriño el corazón, que pruebo los riñones, para dar a cada uno según su camino, según el fruto de sus obras.
၁၀ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ် ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြော တတ်၏။
11 Como la perdiz que hurta lo que no parió, es el que allega riquezas, y no con justicia; en medio de sus días las dejará, y en su postrimería será incipiente.
၁၁ကောရငှာက်သည် မိမိမဥသော ဥကို ဝပ်သကဲ့ သို့၊ မတရားသဖြင့် ဥစ္စာဆည်းဖူးသော သူသည် အသက် ပျိုစဉ်ကပင်၊ ဆင်းရဲခြင်းသို့ ရောက်၍ အဆုံး၌ကား၊ လူမိုက်ဖြစ်လိမ့်မည်။
12 El trono de gloria, altura desde el principio, es el lugar de nuestra santificación.
၁၂ရှေ့ဦးစွာမှစ၍ မြင့်သော အရပ်၌ ဘုန်းကြီး တော်မူသော ရာဇပလ္လင်သည် ငါတို့သန့်ရှင်းရာ ဌာန တော် အရပ်ဖြစ်၏။
13 ¡Oh esperanza de Israel! SEÑOR, todos los que te dejan, serán avergonzados; y los que de mí se apartan, serán escritos en el polvo; porque dejaron la vena de aguas vivas, al SEÑOR.
၁၃အိုဣသရေလအမျိုး၏ မြော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား၊ ကိုယ်တော်ကို စွန့်ပစ်သော သူအပေါင်းတို့သည် အရှက်ကွဲ ရကြပါလိမ့် မည်။ ငါ့ထံမှ ထွက်သွားသော သူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည်။ အကြောင်းမူကား၊ အသက်စမ်းရေ တွင်းတည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြ သတည်း။
14 Sáname, oh SEÑOR, y seré sano; sálvame, y seré salvo, porque tú eres mi alabanza.
၁၄အို ထာဝရဘုရား၊ အကျွန်ုပ်၏ အနာကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် အနာငြိမ်းပါလိမ့် မည်။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ် ချီးမွမ်းရာဖြစ်တော်မူ၏။
15 He aquí que ellos me dicen: ¿Dónde está la palabra del SEÑOR? Venga ahora.
၁၅ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း။ ယခုလာပါစေတော့ဟု ဤသူတို့ သည် အကျွန်ုပ်အား ဆိုတတ်ကြပါ၏။
16 Mas yo no me entremetí a ser pastor en pos de ti, ni deseé día de calamidad, tú lo sabes. Lo que de mi boca ha salido, en tu presencia ha salido.
၁၆အကျွန်ုပ်သည် နောက်တော်သို့ လိုက်သော ဆရာ၏အရာကို မရှောင်ပါ။ အမင်္ဂလာနေ့ကို မတောင့် တပါ။ အကျွန်ုပ်ဟောပြောချက်ကို ကိုယ်တော်သိတော် မူ၏။ ကိုယ်တော်မျက်မှောက်၌ ရှိပါ၏။
17 No me seas tú por espanto; esperanza mía eres tú en el día malo.
၁၇အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့်။ ဘေး ရောက်သော ကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။
18 Avergüéncense los que me persiguen, y no me avergüence yo; asómbrense ellos, y no me asombre yo; trae sobre ellos día malo, y quebrántalos con doble quebrantamiento.
၁၈အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့သည် အရှက်ကွဲ ကြပါစေသော။ အကျွန်ုပ်မူကား၊ အရှက်မကွဲပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား၊ စိတ်မပျက်ပါစေနှင့်။ သူတို့အပေါ်မှာ ဘေးအန္တရာယ် ကာလကို ရောက်စေတော်မူပါ။ အထပ်ထပ်ဖျက်ဆီးတော် မူပါ။
19 Así me dijo el SEÑOR: Ve, y ponte a la puerta de los hijos del pueblo, por la cual entran y salen los reyes de Judá, y a todas las puertas de Jerusalén,
၁၉ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ယုဒရှင်ဘုရင် ထွက်ဝင်သော အမျိုးသားချင်း မြို့တံခါးမှစ၍၊ ခပ်သိမ်းသော ယေရုရှလင် မြို့တံခါးဝ၌ သွား၍ရပ်လျက်၊
20 y diles: Oíd la palabra del SEÑOR, reyes de Judá, y todo Judá, y todos los moradores de Jerusalén que entráis por estas puertas.
၂၀လူများတို့အား ပြောဆိုရမည်မှာ၊ ဤတံခါးတို့ဖြင့် ထွက်ဝင်သော ယုဒရှင်ဘုရင်များနှင့် ယုဒပြည်သူ ယေရု ရှလင်မြို့သားများအပေါင်းတို့၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်ကို နားထောင်ကြလော့။
21 Así dijo el SEÑOR: Guardaos por vuestras vidas, y no traigáis carga en el día del sábado, para meter por las puertas de Jerusalén;
၂၁ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥပုသ်နေ့ ၌ ဝန်ကိုမထမ်းမရွက်၊ ယေရုရှလင်မြို့တံခါးဖြင့် မဆောင် မသွင်းမည်အကြောင်း၊ သတိပြုကြလော့။
22 ni saquéis carga de vuestras casas en el día del sábado, ni hagáis obra alguna; mas santificad el día del sábado, como mandé a vuestros padres;
၂၂ဥပုသ်နေ့၌ သင်တို့အိမ်ထဲက ဝန်ကို မထုတ် မဆောင်ကြနှင့်။ အဘယ်အလုပ်ကိုမျှ မလုပ်ကြနှင့်။ သင်တို့ဘိုးဘေးများကို ငါမှာထားသည်အတိုင်း၊ ဥပုသ်နေ့ ကို သန့်ရှင်းစေကြလော့။
23 los cuales no oyeron, ni inclinaron su oído, antes endurecieron su cerviz, para no oír, ni recibir corrección.
၂၃ဘိုးဘေးတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ နေကြ၏။ နားမကြား၊ ဆုံးမခြင်းကို မခံမည်အကြောင်း၊ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။
24 Porque será, si vosotros me oyereis, dijo el SEÑOR, no metiendo carga por las puertas de esta ciudad en el día del sábado, sino que santificareis el día del sábado, no haciendo en él ninguna obra;
၂၄ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ သည် ဥပုသ်နေ့၌ ဤမြို့တံခါးဖြင့် ဝန်ကို မသွင်းမဆောင်၊ အဘယ်အလုပ်ကိုမျှမလုပ်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည် တိုင်အောင်၊ ငါ့စကားကို စေ့စေ့နားထောင်လျှင်၊
25 Entrarán por las puertas de esta ciudad, los reyes y los príncipes, que se sientan sobre el trono de David, en carros y en caballos, ellos y sus príncipes, los varones de Judá, y los moradores de Jerusalén; y esta ciudad será habitada para siempre.
၂၅ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်၊ မင်းသားမှစ၍ သူတို့မှူးမတ်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများ သို့ ဝင်လျက်ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ်အမြဲ တည်လိမ့်မည်။
26 Y vendrán de las ciudades de Judá, y de los alrededores de Jerusalén, y de tierra de Benjamín, y de los campos, y del monte, y del austro, trayendo holocausto y sacrificio, y ofrenda e incienso, y trayendo sacrificio de alabanza a la Casa del SEÑOR.
၂၆မီးရှို့ရာယဇ်မှစ၍ အခြားသော ယဇ်များ၊ ပူဇော်သက္ကာများ၊ မီးရှို့ ရာနံ့သာပေါင်း၊ ချီးမွမ်းရာ ယဇ်တို့ကို ထာဝရဘုရား၏ အိမ်တော်သို့ ဆောင်ခဲ့သော သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင် အရပ်များ၊ ဗင်္ယာမိန်ပြည်၊ မြေညီခရိုင်၊ တောင်ရိုးခရိုင်၊ တောင်မျက်နှာ ခရိုင်မှလာကြလိမ့်မည်။
27 Mas si no me oyereis para santificar el día del sábado, y para no traer carga ni meterla por las puertas de Jerusalén en día de sábado, yo haré encender fuego en sus puertas, y consumirá los palacios de Jerusalén, y no se apagará.
၂၇သို့မဟုတ်၊ ဥပုသ်နေ့၌ဝန်ကို ထမ်းရွက်၍၊ ယေရု ရှလင်မြို့တံခါးများသို့မဝင်၊ ဥပုသ်နေပကို သန့်ရှင်းစေ သည်တိုင်အောင်၊ သင်တို့သည် ငါ့စကားကို နားမထောင် လျှင်၊ ငါသည် ထိုမြို့တံခါးတို့ကို မီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ဘုံဗိမာန်တို့ကို လောင်ရ လိမ့်မည်။