< Isaías 37 >

1 Aconteció, pues, que el rey Ezequías, al oír esto, rasgó sus vestidos, y cubierto de cilicio vino a la Casa del SEÑOR.
ထိုစကားကို ဟေဇကိ မင်းကြီး သည် ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ လျှော်တေ အဝတ်ကို ခြုံ လျက် ဗိမာန် တော်သို့ သွား လေ၏။
2 Y envió a Eliacim mayordomo, y a Sebna escriba, y a los Ancianos de los Sacerdotes, cubiertos de cilicio, a Isaías profeta, hijo de Amoz.
လျှော်တေ အဝတ်ကို ဝတ် လျက်ရှိသောနန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီးရှေဗန ၊ အသက်ကြီး သော ယဇ် ပုရောဟိတ်တို့ကို၊ အာမုတ် သား ပရောဖက် ဟေရှာယ ထံ သို့ စေလွှတ် လေ၏။
3 Los cuales le dijeron: Ezequías dice así: Día de angustia, de reprensión y de blasfemia, es este día; porque los hijos han llegado hasta la rotura del agua, y no hay fuerza en la que da a luz.
ဟေဇကိ မင်းမှာ ထား သော စကားဟူမူကား ၊ ယနေ့ သည် ဒုက္ခ နေ့ ၊ ဆုံးမ သောနေ့၊ ကဲ့ရဲ့ ခြင်းကို ခံရ သောနေ့ဖြစ်၏။ သား ဘွား ချိန်ရောက်၍သားကို ဘွား နိုင် အောင် ခွန်အား မ ရှိ။
4 Quizá oirá el SEÑOR tu Dios las palabras de Rabsaces, al cual envió el rey de Asiria su señor a blasfemar al Dios vivo, y a reprender con las palabras, que oyó el SEÑOR tu Dios; alza pues, oración tú por el remanente que aún ha quedado.
အသက် ရှင်တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ စေခြင်းငှါ ၊ အာရှုရိ ရှင်ဘုရင် စေလွှတ် သော မိမိကျွန် ရာဗရှာခ စကား ကို သင် ၏ဘုရား သခင်ထာဝရဘုရား ကြား တော်မူပါစေသော။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်တိုင်ကြား သော စကား ကို ချေ တော်မူ ပါစေသော။ သင်သည်လည်းကျန် ကြွင်းသော လူ တို့အဘို့ ဆုတောင်း ပဌနာပြု ပါဟု ပြောစေခြင်းငှါ၊
5 Vinieron, pues, los siervos de Ezequías a Isaías.
ဟေဇကိ မင်း စေလွှတ်သော ကျွန် တို့သည် ဟေရှာယ ထံ သို့ ရောက် လာကြ၏။
6 Y les dijo Isaías: Diréis así a vuestro Señor: Así dice el SEÑOR: No temas por las palabras, que has oído, con las cuales me han blasfemado los siervos del rey de Asiria.
ဟေရှာယ ကလည်း ၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ အာရှုရိ ရှင်ဘုရင် ၏ ကျွန် တို့သည် ငါ့ ကို ကဲ့ရဲ့ ၍၊ သင်သည် ကြား ရသော စကား ကြောင့် မ ကြောက် နှင့်။
7 He aquí, que yo doy en él un espíritu, y oirá un rumor, y se volverá a su tierra; y yo haré, que en su tierra caiga a espada.
ထိုမင်း ၌ အခြားသောစိတ် သဘောကို ငါ သွင်း ပေးမည်။ သူသည် သိတင်း ကြား ၍ မိမိ ပြည် သို့ ပြန် သွား လိမ့်မည်။ ထိုပြည် ၌ ထား ဖြင့် ငါဆုံး စေမည်ဟူသောစကား တော်ကို သင် တို့၏ သခင် အား ပြန် ကြားကြလော့ဟု ပြော ဆို၏။
8 Vuelto pues Rabsaces halló al rey de Asiria, que combatía contra Libna; porque ya había oído que se había apartado de Laquis.
ထိုအခါ အာရှုရိ ရှင် ဘုရင်သည် လာခိရှ မြို့မှ ထွက်သွား ကြောင်းကို ရာဗရှာခ ကြား လျှင် ၊ ပြန် သွား၍ လိဗန မြို့ကို ရှင်ဘုရင်တိုက် နေသည်ကို တွေ့ လေ၏။
9 Mas oyendo decir de Tirhaca rey de Etiopía: He aquí que ha salido para hacerte guerra; al oírlo, envió mensajeros a Ezequías, diciendo:
နောက်တဖန် ကုရှ မင်းကြီး တိရက္က သည် စစ် ချီ၍ လာပြီဟု သိတင်းကြားသောအခါ၊ ဟေဇကိ မင်းထံသို့ တမန် တို့ကို စေလွှတ် ပြန်၍၊
10 Diréis así a Ezequías rey de Judá: No te engañe tu Dios, en quien tú confías, diciendo: Jerusalén no será entregada en mano del rey de Asiria.
၁၀သင်တို့သည် ယုဒ မင်းကြီး ဟေဇကိ ကို ပြော ရ သော စကားဟူမူကား၊ သင် ကိုးစား သော ဘုရား သခင်က၊ ယေရုရှလင် မြို့သည် အာရှုရိ ရှင်ဘုရင် လက် သို့ မ ရောက် ရဟူ၍ သင့် ကို မ လှည့်စား စေနှင့်။
11 He aquí, que tú oíste lo que hicieron los reyes de Asiria a todas las tierras, como las destruyeron; ¿y escaparás tú?
၁၁အာရှုရိ ရှင် ဘုရင်တို့သည် ခပ်သိမ်း သောပြည် တို့ ကို လုပ်ကြံ ၍ ရှင်းရှင်းဖျက်ဆီး ကြောင်းကို သင် သည်ကြား ရပြီ။ ကိုယ်တိုင်လွတ် လိမ့်မည်လော။
12 ¿Libraron los dioses de los gentiles a los que destruyeron mis antepasados, a Gozán, y Harán, Rezef, y a los hijos de Edén que moraban en Telasar?
၁၂ငါ့ ဘိုးဘေး တို့သည် ဖျက်ဆီး သော အမျိုးသား ၊ ဂေါဇန် အမျိုးသား၊ ခါရန် အမျိုးသား၊ ရေဇပ် အမျိုးသား၊ တေလသာ မြို့၌ ရှိသော ဧဒင် အမျိုးသား တို့ကို၊ သူ တို့၏ ဘုရား များတို့သည် ကယ် ယူကြပြီလော။
13 ¿Dónde está el rey de Hamat, y el rey de Arfad, el rey de la ciudad de Sefarvaim, de Hena, y de Iva?
၁၃ဟာမတ် မင်းကြီး ၊ အာပဒ် မင်းကြီး နှင့် သေဖရဝိမ် မြို့၊ ဟေန မြို့၊ ဣဝါမြို့ ကို စိုးစံသောမင်းကြီး တို့သည် အဘယ်မှာ ရှိကြသနည်းဟု မှာ လိုက်လေ၏။
14 Y tomó Ezequías las cartas de mano de los mensajeros, y las leyó; y subió a la Casa del SEÑOR, y las extendió delante del SEÑOR.
၁၄ထိုမှာစာ ကို ဟေဇကိ မင်းသည် သံတမန် လက် မှ ခံယူ ၍ ကြည့် ပြီးလျှင် ၊ ဗိမာန် တော်သို့ သွား ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြန့် ထားလေ၏။
15 Entonces Ezequías oró al SEÑOR, diciendo:
၁၅ထိုအခါ ဟေဇကိ မင်းသည် ထာဝရဘုရား ရှေ့ တော်၌ လျှောက် ဆိုသည်ကား၊
16 El SEÑOR de los ejércitos, Dios de Israel, que moras entre los querubines, sólo Tú eres Dios sobre todos los reinos de la tierra; tú hiciste los cielos y la tierra.
၁၆ခေရုဗိမ် ပေါ်မှာထိုင် တော်မူသော၊ ဣသရေလ အမျိုး၏ ဘုရား သခင်ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာ ရှိသမျှ သောအတိုင်းတိုင်း အပြည်ပြည်တို့၏ဘုရားသခင်ဖြစ် တော်မူ၏။ ကိုယ်တော် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏။
17 Inclina, oh SEÑOR, tu oído, y oye; abre, oh SEÑOR, tus ojos, y mira; y oye todas las palabras de Sennaquerib, el cual ha enviado sus mensajeros a blasfemar al Dios viviente.
၁၇အိုထာဝရဘုရား ၊ နား တော်ကို လှည့် ၍ နားထောင် တော်မူပါ။ အိုထာဝရဘုရား ၊ မျက်စိ တော်ကို ဖွင့် ၍ ကြည့်ရှု တော်မူပါ။ သနာခရိပ် မင်းသည် အသက် ရှင်တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ ၍၊ ပြောစေ သော စကား အလုံးစုံ တို့ကို မှတ် တော်မူပါ။
18 Ciertamente, oh SEÑOR, los reyes de Asiria destruyeron todas las tierras, y sus comarcas;
၁၈အိုထာဝရဘုရား ၊ အကယ်စင်စစ်အာရှုရိ ရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည် တို့ကို ဖျက်ဆီး ၍၊
19 y a los dioses de ellos pusieron en fuego, porque no eran dioses, sino obra de manos de hombre, madera y piedra; por eso los deshicieron.
၁၉သူ တို့၏ ဘုရား များကို မီး ထဲသို့ ချ ပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရား မဟုတ် ၊ လူ လက် ဖြင့်လုပ် သော သစ်သား နှင့် ကျောက် ဖြစ်သောကြောင့် ၊ ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ။
20 Ahora pues, SEÑOR Dios nuestro, líbranos de su mano, para que todos los reinos de la tierra conozcan, que sólo tú, oh SEÑOR, eres Dios.
၂၀အိုအကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ထာဝရဘုရား တပါး သာ၊ ဘုရားသခင်ဖြစ်တော်မူ သည်ကို မြေကြီး ပေါ်မှာရှိသမျှ သော တိုင်း နိုင်ငံတို့သည် သိ မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ထိုမင်း လက် မှ ယခု ကယ် ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာ ပြုလေ၏။
21 Entonces Isaías hijo de Amoz, envió a decir a Ezequías: El SEÑOR Dios de Israel dice así: Acerca de lo que me rogaste sobre Sennaquerib rey de Asiria,
၂၁ထိုအခါ အာမုတ် သား ဟေရှာယ သည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် အာရှုရိ ရှင်ဘုရင် သနာခရိပ် အကြောင်း ကြောင့်၊ ငါ့ ရှေ့ မှာ ပဌနာ ပြုသည် ဖြစ်၍၊
22 esto es lo que el SEÑOR habló de él: ¿Te ha menospreciado? Ha hecho escarnio de ti oh virgen hija de Sion? ¿Meneó su cabeza a tus espaldas oh hija de Jerusalén?
၂၂ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့် တော်မူသော စကား ဟူမူကား ၊ ဇိအုန် သတို့သမီး ကညာ သည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ် ၏။ ယေရုရှလင် သတို့သမီး သည် သင့် နောက် ၌ ခေါင်း ညှိတ် ၏။
23 ¿A quién injuriaste, y a quién blasfemaste? ¿Contra quién has alzado tu voz, y levantado tus ojos en alto? Contra el Santo de Israel.
၂၃သင်သည် အဘယ်သူ ကို ကဲ့ရဲ့ ဆဲရေး သနည်း။ အဘယ်သူ ကို အော်ဟစ် ၍ မျက်နှာ ထောင်လွှား သနည်း။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ပင် ပြုပါ သည်တကား။
24 Por mano de tus siervos vituperaste al Señor, y dijiste: Yo con la multitud de mis carros subiré a las alturas de los montes, a las laderas del Líbano; cortaré sus altos cedros, sus hayas escogidas; vendré después a lo alto de su límite, al monte de su Carmelo.
၂၄သင် သည် ကျွန် များအားဖြင့် ထာဝရ ဘုရားကို ကဲ့ရဲ့ ၍ ၊ ငါ သည် ရထား များပြား သဖြင့် တောင် ထိပ် သို့ ၎င်း၊ လေဗနုန် တောင်အထွဋ် သို့၎င်း တက် လာပြီ။ အရပ် မြင့် သောအာရဇ် ပင်နှင့် အကောင်း ဆုံးသော ထင်းရူး ပင် တို့ကို ငါခုတ်လှဲ ပြီ။ အမြင့် ဆုံးသောအရပ်၊ အသီး များ သောတော ထဲသို့ ငါဝင် ပြီ။
25 Yo cavé, y bebí las aguas; y con las pisadas de mis pies secaré todos los ríos de sustento.
၂၅ငါ သည် တွင်း တူး၍ ရေ ကိုသောက် ရပြီ။ ငါ၏ ခြေ ဘဝါး အားဖြင့် အဲဂုတ္တု မြစ် လက်ကြား ရေရှိသမျှ ကို ခန်းခြောက် စေပြီဟု သင်ဆို မိပြီတကား။
26 ¿No has oído decir, que de hace mucho tiempo yo la hice; que de días antiguos yo la formé? Ahora la he hecho venir, y será para destrucción de ciudades fuertes en montones de asolamiento.
၂၆ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေး ကာလ၌ ပြုပြင် ကြောင်းကို သင်သည်မ ကြား သလော။ ယခု မှာလည်း သင်သည် ခိုင်ခံ့ သောမြို့ တို့ကို ဖျက်ဆီး ၍၊ ကျောက် ပုံ ဖြစ် စေသောသူဖြစ် မည် အကြောင်း ငါစီရင် ခန့်ထားလေပြီ။
27 Y sus moradores, cortos de manos, quebrantados y avergonzados, serán como grama del campo y hortaliza verde; como hierba de los tejados, que antes de madurar se seca.
၂၇ထိုကြောင့်၊ မြို့သား တို့သည် အား နည်း ကြ၏။ မှိုင်တွေ ၍ စိတ်ပျက်လျက်ရှိကြ၏။ တော မြက် ပင်နှင့် စိမ်း သောစပါးပင်ကဲ့သို့၎င်း၊ အိမ်မိုး ပေါ်မှာ ပေါက်သော မြက်ပင် နှင့်၊ မကြီး မှီ ညှိုးနွမ်းသောစပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။
28 He entendido tu estado, tu salida y tu entrada: y tu furor contra mí.
၂၈သင် ၏ နေထိုင် ခြင်း၊ ထွက် ဝင် ခြင်း၊ ငါ ၌ အမျက် ဟုန်းခြင်းတို့ကို ငါသိ ၏။
29 Porque contra mí te airaste, y tu estruendo ha subido a mis oídos. Pondré, pues, mi anzuelo en tu nariz, y mi freno en tus labios, y te haré tornar por el camino por donde viniste.
၂၉ငါ ၌ သင် ၏အမျက် ဟုန်းခြင်း၊ စော်ကားခြင်းကို ငါ ကြား ရသောကြောင့်၊ သင့်ကို နှာရှုတ် တပ် ၍ ဇက် ခွံ့ပြီးမှ ၊ သင်လာ သော လမ်း ဖြင့် ပြန် စေမည်။
30 Y esto te será por señal: Comerás este año lo que nace de suyo, y el año segundo también lo que nace de suyo; y el año tercero sembraréis, y segaréis, y plantaréis viñas, y comeréis su fruto.
၃၀သင်မှတ်ရသောနိမိတ် လက္ခဏာဟူမူကား၊ ယခုနှစ် တွင် အလိုလိုကြီး ရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ် တွင် ထိုအတူ ပေါက် သောအရာများကို၎င်းသင်တို့သည် စား ရမည်။ တတိယ နှစ် တွင် မျိုးစေ့ကိုကြဲ ၍ စပါးကိုရိတ် ကြလော့။ စပျစ် ဥယျာဉ်ကိုလည်း စိုက် ၍ အသီး ကို စား ကြလော့။
31 Y lo que hubiere escapado de la casa de Judá, tornará a echar raíz abajo, y hará fruto arriba.
၃၁ဘေးလွတ်၍ ကျန် ကြွင်းသော ယုဒ အမျိုးသား တို့သည် တဖန်အောက် မှာ အမြစ် စွဲ ၍ ၊ အထက် မှာ အသီး သီး ကြလိမ့်မည်။
32 Porque de Jerusalén saldrá remanente, y del Monte de Sion escapadura; el celo del SEÑOR de los ejércitos hará esto.
၃၂ကျန်ကြွင်းသောသူတို့သည် ယေရုရှလင် မြို့ထဲက ၎င်း၊ ဘေး လွတ်သောသူတို့သည် ဇိအုန် တောင် ပေါ်က ၎င်း ပေါ် လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် အလိုတော်အားကြီး ၍၊ ထို အမှုကို စီရင် တော်မူလိမ့်မည်။
33 Por tanto, así dice el SEÑOR acerca del rey de Asiria: No entrará en esta ciudad, ni echará saeta en ella; no vendrá delante de ella escudo, ni será echado sobre ella baluarte.
၃၃သို့ဖြစ်၍၊ ထာဝရဘုရား သည် အာရှုရိ ရှင် ဘုရင်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ သူသည် ဤ မြို့ သို့ မဝင် ရ။ မြို့ထဲသို့ မြှား ကို မ ပစ် ရ။ မြို့ ရှေ့မှာ ဒိုင်း လွှားကို မ ပြ ရ။ မြို့ပြင်မှာ မြေရိုး ကို မ ဖို့ ရ။
34 Por el camino que vino, se tornará; y no entrará en esta ciudad, dice el SEÑOR:
၃၄လာ သော လမ်း ဖြင့် ပြန် သွားရမည်။ ဤ မြို့ ထဲသို့ မ ဝင် ရ။
35 Y yo ampararé a esta ciudad para salvarla por amor de mí, y por amor de David mi siervo.
၃၅ငါသည် ကိုယ် မျက်နှာ ကို၎င်း၊ ငါ့ကျွန် ဒါဝိဒ် ၏ မျက်နှာ ကို၎င်း ထောက်၍၊ ဤ မြို့ ကို ကယ်တင် ခြင်းငှါ စောင့်မ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
36 Y salió el Angel del SEÑOR, y mató ciento ochenta y cinco mil, en el campo de los asirios; y cuando se levantaron por la mañana, he aquí que todo era cuerpos de muertos.
၃၆ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထွက် ၍ ၊ အာရှုရိ တပ် တွင် လူတသိန်း ရှစ် သောင်း ငါး ထောင် တို့ကို ဒဏ်ခတ် လေ၏။ နံနက် စောစောထ ချိန် ရောက်သောအခါ ၊ ထိုသူ အပေါင်း တို့သည် အသေ ကောင် ဖြစ်ကြ၏။
37 Entonces Sennaquerib rey de Asiria partiéndose se fue, y se tornó, e hizo su morada en Nínive.
၃၇အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်လည်း၊ ထိုအရပ် မှထွက် ၍ ပြန် သွားပြီးလျှင်၊ နိနေဝေ မြို့၌ နေ လေ ၏။
38 Y acaeció, que estando orando en el templo de Nisroc su dios, Adramelec y Sarezer, sus hijos, le hirieron a espada; y huyeron a la tierra de Ararat; y reinó en su lugar Esar-hadón su hijo.
၃၈နောက် တဖန် သူ သည် မိမိ ဘုရား နိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ် စဉ်တွင်၊ သား တော် အာဒြမ္မေလက် နှင့် ရှရေဇာ သည် ခမည်းတော် ကို ထား နှင့် သတ် ပြီးလျှင် ၊ အာရမနိ ပြည် သို့ ပြေး ကြ၏။ သား တော် ဧသရဟဒ္ဒုန် သည်လည်း ၊ ခမည်းတော် အရာ ၌ နန်း ထိုင်၏။

< Isaías 37 >