< Éxodo 4 >
1 Entonces Moisés respondió, y dijo: He aquí que ellos no me creerán, ni oirán mi voz; porque dirán: No se te ha aparecido el SEÑOR.
၁မောရှေ ကလည်း ၊ ထိုသူတို့သည် အကျွန်ုပ် ကို မ ယုံ ၊ အကျွန်ုပ် စကား ကို နား မ ထောင်ဘဲနေ၍ ၊ ထာဝရဘုရား သည် သင့် အား ထင်ရှား တော်မ မူဟု ဆို ကြပါ လိမ့်မည်ဟု ပြန်လျှောက် လေ၏။
2 Y el SEÑOR le dijo: ¿Qué es eso que tienes en tu mano? Y él respondió: Una vara.
၂ထာဝရဘုရား ကလည်း ၊ သင် ၏လက် ၌ အဘယ် အရာရှိသနည်းဟုမေး တော်မူလျှင်၊ လှံတံ ရှိပါ၏ဟု လျှောက် ၏။
3 Y él le dijo: Echala en tierra. Y él la echó en tierra, y se tornó una culebra; y Moisés huía de ella.
၃မြေ ပေါ် မှာပစ်ချ လော့ဟု မိန့် တော်မူသည်အတိုင်း ပစ်ချ သဖြင့် ၊ လှံတံသည် မြွေ ဖြစ် ၍ ၊ မောရှေ သည် သူ့ ရှေ့ မှ ပြေး လေ၏။
4 Entonces dijo el SEÑOR a Moisés: Extiende tu mano, y tómala por la cola. Y él extendió su mano, y la tomó, y se tornó vara en su mano.
၄ထာဝရဘုရား ကလည်း ၊ သင့် လက် ကိုဆန့် ၍ သူ့ အမြီး ကို ကိုင် ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း ၊ မောရှေသည် လက် ကိုဆန့် ၍ ဘမ်း မိသဖြင့် ၊ သူ ၏လက် ၌ လှံတံ ဖြစ် ပြန်လေ၏။
5 Por esto creerán que se te ha aparecido el SEÑOR Dios de tus padres, el Dios de Abraham, Dios de Isaac, y Dios de Jacob.
၅သို့ပြုလျှင် သူ တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား တည်းဟူသောထာဝရဘုရား သည် သင့် အား ထင်ရှား တော်မူကြောင်း ကို ထိုသူတို့သည် ယုံ ကြလိမ့်မည်ဟု မိန့် တော်မူ၏။
6 Y le dijo además el SEÑOR: Mete ahora tu mano en tu seno. Y él metió la mano en su seno; y cuando la sacó, he aquí que su mano estaba leprosa como la nieve.
၆တဖန် ထာဝရဘုရား က၊ သင် ၏လက် ကိုသင် ၏ ရင်ခွင် သို့ သွင်း လော့ဟု မိန့် တော်မူသည်အတိုင်း ၊ လက် ကို ရင်ခွင် သို့ သွင်း ၍ ထုတ် ပြန်သောအခါ ၊ လက် သည် မိုဃ်းပွင့် အဆင်းကဲ့သို့ နူ လေ၏။
7 Y dijo: Vuelve a meter tu mano en tu seno; y él volvió a meter su mano en su seno; y volviéndola a sacar del seno, he aquí que se había vuelto como la otra carne.
၇တဖန် သင် ၏လက် ကို သင့် ရင်ခွင် သို့ သွင်း ဦးလော့ဟု မိန့် တော်မူသည်အတိုင်း ၊ တဖန် လက် ကို ရင်ခွင် သို့ သွင်း၍ ထုတ် ပြန်သောအခါ ၊ ပကတိအသား ဖြစ် ပြန်လေ၏။
8 Si aconteciere, que no te creyeren, ni oyeren la voz de la primera señal, creerán a la voz de la postrera.
၈ထိုသူတို့သည် သင့် ကို မ ယုံ ၊ ပဌမ နိမိတ် သက်သေကို နား မ ထောင်လျှင် ၊ နောက် ဖြစ်သော နိမိတ် သက်သေကို ယုံ ကြလိမ့်မည်။
9 Y si aún no creyeren a estas dos señales, ni oyeren tu voz, tomarás de las aguas del río, y las derramarás en tierra; y se volverán aquellas aguas que tomarás del río, se volverán sangre en la tierra.
၉သို့မဟုတ် ထို နိမိတ် နှစ် ပါးကို မ ယုံ ၊ သင် ၏ စကား ကို နား မ ထောင်လျှင် ၊ သင်သည် မြစ် ရေ အချို့ကို ယူ ၍ ကုန်း ပေါ်မှာသွန်း လော့။ ထိုသို့ မြစ် ထဲက ယူ သော ရေ သည် ကုန်း ပေါ်မှာ အသွေး ဖြစ် လိမ့်မည်ဟု မိန့်တော်မူ ၏။
10 Entonces dijo Moisés al SEÑOR: ¡Ruego Señor! Yo no soy hombre de palabras de ayer ni de anteayer, ni aun desde que tú hablas a tu siervo; porque soy pesado de boca y pesado de lengua.
၁၀မောရှေ ကလည်း ၊ အို ဘုရား ရှင်၊ အကျွန်ုပ် သည် နှုတ် သတ္တိမ ရှိပါ။ အထက် ကလည်း မရှိပါ။ ကိုယ်တော် ကျွန် အား မိန့် တော်မူသောအခါ၌ပင် မရှိပါ။ နှုတ် လေး သောသူ၊ စကား နှေးနှေး ပြောတတ်သောသူဖြစ် ပါ၏ဟု ထာဝရဘုရား အား လျှောက် ဆို၏။
11 Y el SEÑOR le respondió: ¿Quién dio la boca al hombre? ¿O quién hizo al mudo y al sordo, al que ve y al ciego? ¿No soy yo el SEÑOR?
၁၁ထာဝရဘုရား ကလည်း၊ လူ ၏နှုတ် ကို အဘယ်သူ ဖန်ဆင်း သနည်း။ စကားအ သောသူ၊ နားပင်း သောသူ၊ မျက်စိမြင် သောသူ၊ မမြင် သောသူတို့ကို အဘယ်သူ ဖန်ဆင်း သနည်း။ ငါ ထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော။
12 Ahora pues, ve, que yo seré en tu boca, y te enseñaré lo que hayas de hablar.
၁၂သို့ဖြစ်၍ ယခု သွားလော့။ သင် ၏ နှုတ် ၌ ငါ ရှိ ၍ ၊ သင် သည် အဘယ်သို့ ပြော ရမည်ကို သွန်သင် မည်ဟု မိန့် တော်မူ၏။
13 Y él dijo: ¡Ruego Señor! Envía por mano del que has de enviar.
၁၃မောရှေကလည်း၊ အို ဘုရား ရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေး လိုက်တော်မူပါဟု လျှောက် သော်၊
14 Entonces el SEÑOR se enojó contra Moisés, y dijo: ¿No conozco yo a tu hermano Aarón, levita, y que él habla bien? Y aun he aquí que él te saldrá a recibir, y viéndote, se alegrará de su corazón.
၁၄ထာဝရဘုရား သည် မောရှေ အား အမျက် တော်ထွက်၍ ၊ လေဝိ လူ အာရုန် သည် သင် ၏အစ်ကို ဖြစ်သည် မဟုတ် လော။ သူ သည် ကောင်းမွန် စွာပြောတတ်သည်ကို ငါသိ ၏။ သူ သည်လည်း သင့် ကိုခရီးဦးကြို ပြုခြင်းငှါ ယခုလာ ၏။ တွေ့ မြင်သောအခါ ဝမ်းမြောက် လိမ့်မည်။
15 Tú hablarás a él, y pondrás en su boca las palabras, y yo seré en tu boca y en la suya, y os enseñaré lo que hayáis de hacer.
၁၅သင်သည် သူ နှင့် စကားပြော ၍ ၊ သူ ပြောစရာစကား ကိုပေး ရမည်။ သင် ၏နှုတ် ၌ ၎င်း ၊ သူ ၏နှုတ် ၌ ၎င်း ငါ ရှိ ၍ ၊ သင် တို့သည် အဘယ်သို့ ပြု ရမည်ကို သွန်သင် မည်။
16 Y él hablará por ti al pueblo; y él te será por boca, y tú serás a él por Dios.
၁၆သူ သည်လည်း လူ တို့ရှေ့မှာ သင် ၏ စကားပြန် လုပ်၍ ၊ သင် ၏ နှုတ် ကိုယ်စားဖြစ် လိမ့်မည်။ သင် သည် လည်း သူ ၏ဘုရား သခင်ကိုယ်စားဖြစ် လိမ့်မည်။
17 Y tomarás esta vara en tu mano, con la cual harás las señales.
၁၇သင်သည် နိမိတ် သက်သေတို့ကို ပြ လတံ့သော ဤ လှံတံ ကိုလည်း၊ သင် ၏လက် ၌ ကိုင် ရမည်ဟု မိန့် တော်မူ ၏။
18 Así se fue Moisés, y volviendo a su suegro Jetro, le dijo: Iré ahora, y volveré a mis hermanos que están en Egipto, para ver si aún viven. Y Jetro dijo a Moisés: Ve en paz.
၁၈မောရှေ သည်လည်း ယောက္ခမ ယေသရော ထံသို့ ပြန် သွား၍ ၊ အဲဂုတ္တု ပြည်၌ ရှိသောကျွန်ုပ် အမျိုးသား ချင်းတို့သည် အသက်ရှင် သေးသလောဟုကြည့်ရှု ခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွား ရသောအခွင့်ကိုပေး ပါလော့ဟု ဆို သော်၊ ယေသရော က၊ ငြိမ်ဝပ် စွာ သွား လော့ဟု ပြန်ဆို လေ၏။
19 Dijo también el SEÑOR a Moisés en Madián: Ve, y vuélvete a Egipto, porque han muerto todos los que procuraban tu muerte.
၁၉ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်သို့ ပြန် သွားလော့။ သင် ၏အသက် ကို ရှာ သောသူ အပေါင်း တို့သည် သေ ကြပြီဟု မိဒျန် ပြည်၌ မောရှေ အား မိန့် တော်မူ၏။
20 Entonces Moisés tomó su mujer y sus hijos, y los puso sobre un asno, y volvió a tierra de Egipto; tomó también Moisés la vara de Dios en su mano.
၂၀ထိုအခါ ၊ မောရှေ သည် မယား နှင့် သား နှစ်ယောက်တို့ကို ယူ ၍ မြည်း ကိုစီး စေသဖြင့် ၊ ဘုရား သခင်၏ လှံတံ တော်ကိုလက် စွဲ လျက် ၊ အဲဂုတ္တု ပြည် သို့ ပြန် လေ၏။
21 Y dijo el SEÑOR a Moisés: Cuando hubiereis vuelto a Egipto, mira que hagas delante del Faraón todas las maravillas que he puesto en tu mano; pero yo endureceré su corazón, de modo que no dejará ir al pueblo.
၂၁ထာဝရဘုရား ကလည်း ၊ သင် သည် အဲဂုတ္တု ပြည်သို့ သွား ၍ ရောက် လျှင် ၊ သင် ၌ ငါအပ် သော အံ့ဘွယ် သော အမှုအလုံးစုံ တို့ကို ဖါရော ဘုရင်ရှေ့ မှာ ပြ လော့။ ထိုသို့ပြသော်လည်းသူ ၏နှလုံး ကို ငါ ခိုင်မာ စေ၍၊ သူသည် ဣသရေလလူ တို့ကို မ လွှတ် ဘဲ နေလိမ့်မည်။
22 Y dirás al Faraón: El SEÑOR ha dicho así: Israel es mi hijo, mi primogénito.
၂၂ဖါရော ဘုရင်ကို လည်း ထာဝရဘုရား က ဣသရေလ သည် ငါ့ သား ဖြစ်၏။ ငါ့ သားဦး ဖြစ်၏။
23 Y yo te he dicho que dejes ir a mi hijo, para que me sirva, mas no has querido dejarlo ir; por tanto, he aquí yo mato a tu hijo, tu primogénito.
၂၃ငါ့ သား သည် ငါ့ အားဝတ်ပြု သောအခွင့် ရှိစေခြင်းငှါ လွှတ် လော့။ မလွှတ်ဘူးဟု ငြင်း လျှင်၊ သင် ၏သား ၊ သင် ၏သားဦး ကိုပင် ငါ ကွပ်မျက် မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မောရှေ အား မှာ ထားတော်မူ၏။
24 Y aconteció en el camino, que en una posada lo encontró el SEÑOR, y quiso matarlo.
၂၄ခရီး သွား စဉ်တွင် ၊ စားခန်း စရပ်၌ ထာဝရဘုရား သည် မောရှေ ကိုတွေ့ ၍ ကွပ်မျက် ခြင်းငှါရှာကြံ တော်မူ ၏။
25 Entonces Séfora arrebató un pedernal, y cortó el prepucio de su hijo, y lo echó a sus pies, diciendo: Porque tú me eres esposo de sangre.
၂၅ထိုအခါ ၊ ဇိပေါရ သည် ထား ကိုယူ ၍ သား ၏ အရေဖျား ကို လှီးဖြတ် ပြီးမှ ၊ လင် ၏ခြေ ရင်း၌ ပြပ်ဝပ်လျက် ၊ အကယ် စင်စစ်သင် သည် အကျွန်ုပ် ၌ အသွေး နှင့်ယှဉ်သော လင် ဖြစ်သည်ဟု ဆို ၏။
26 Entonces se apartó de él. Y ella le dijo: Esposo de sangre, a causa de la circuncisión.
၂၆ထိုအခါ မောရှေ ကို လွှတ် တော်မူ၏။ မယားကလည်း ၊ အရေဖျား လှီးမင်္ဂလာကြောင့် ၊ သင်သည် အကျွန်ုပ်၌ အသွေး နှင့်ယှဉ်သောလင် ဖြစ်၏ဟု ဆို သတည်း။
27 Y el SEÑOR dijo a Aarón: Ve a recibir a Moisés al desierto. Y él fue, y lo encontró en el monte de Dios, y le besó.
၂၇ထာဝရဘုရား ကလည်း ၊ မောရှေ ကို ခရီးဦးကြိုပြု ခြင်းငှါ တော သို့သွား လော့ဟု အာရုန် အား မိန့် တော်မူသည် အတိုင်း ၊ အာရုန်သည်သွား လျှင် ၊ ဘုရား သခင်၏ တောင် ပေါ်၌ မောရှေ ကို တွေ့ ၍ နမ်း ခြင်းကို ပြု၏။
28 Entonces contó Moisés a Aarón todas las palabras del SEÑOR que le enviaba, y todas las señales que le había dado.
၂၈မောရှေ သည်လည်း ၊ မိမိ ကိုစေလွှတ် တော်မူသော ထာဝရဘုရား ၏စကား တော်အလုံးစုံ တို့ကို၎င်း ၊ မှာ ထားတော်မူသမျှသော နိမိတ် သက်သေတို့ကို၎င်း၊ အာရုန် အား ကြားပြော လေ၏။
29 Y fueron Moisés y Aarón, y juntaron todos los ancianos de los hijos de Israel.
၂၉ထို သူညီနောင်နှစ်ပါးတို့သည် သွား ၍ ဣသရေလ အမျိုးသား အသက်ကြီး သူတို့ကို စုဝေး စေပြီးလျင် ၊
30 Y habló Aarón todas las palabras que el SEÑOR había dicho a Moisés, e hizo las señales delante de los ojos del pueblo.
၃၀အာရုန် သည် မောရှေ အား ထာဝရဘုရား မိန့် တော်မူသော စကား တော်အလုံးစုံ တို့ကို ပြန်ပြော ၍ ၊ လူ တို့ရှေ့ မှာ နိမိတ် သက်သေတို့ကိုပြ လေ၏။
31 Y el pueblo creyó; y oyendo que el SEÑOR había visitado los hijos de Israel, y que había visto su aflicción, se inclinaron y adoraron.
၃၁ထိုလူ များတို့သည် ယုံ ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ကို အကြည့် အရှုကြွတော်မူသည် ကို ၎င်း ၊ သူ တို့ခံရသောဆင်းရဲ ခြင်းကို မှတ် တော်မူသည်ကို ၎င်းကြား သောအခါ ၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။