< Rut 2 >

1 Y TENÍA Noemi un pariente de su marido, varón poderoso y de hecho, de la familia de Elimelech, el cual se llamaba Booz.
နောမိ ၏လင် ဧလိမလက် ၏ အဆွေ အမျိုးတွင် အလွန်ရတတ်သောပေါက်ဘော် တယောက်ရှိ၏။ သူ ၏အမည် ကား ဗောဇ တည်း။
2 Y Ruth la Moabita dijo á Noemi: Ruégote que me dejes ir al campo, y cogeré espigas en pos de aquel á cuyos ojos hallare gracia. Y ella le respondió: Ve, hija mía.
မောဘ ပြည်သူရုသ က၊ ကျွန်မသည် လယ်ပြင် သို့သွား ၍ စိတ်နှင့်တွေ့ သောသူ နောက် မှာစပါးကျန်ကို ကောက် ပါရစေဟု နောမိ ၌ အခွင့် ပန်လျှင် ၊ နောမိက၊ သွား တော့ငါ့ သမီး ဟုဆို ၏။
3 Fué pues, y llegando, espigó en el campo en pos de los segadores: y aconteció por ventura, que la suerte del campo era de Booz, el cual era de la parentela de Elimelech.
ရုသသည်သွား ၍ စပါး ရိတ်သောသူတို့နောက် မှာ၊ စပါးကျန်ကို ကောက် သည်တွင်၊ ဧလိမလက် ၏ အဆွေ အမျိုးဗောဇ ပိုင်သောလယ် ၌ အမှတ်တမဲ့နေရာ ကျ၏။
4 Y he aquí que Booz vino de Beth-lehem, y dijo á los segadores: Jehová sea con vosotros. Y ellos respondieron: Jehová te bendiga.
ထိုအခါ ဗောဇ သည် ဗက်လင် မြို့က လာ ၍ ၊ ထာဝရဘုရား သည်သင် တို့နှင့်အတူ ရှိတော်မူပါစေသောဟု ရိတ် သောသူတို့အား ဆို လျှင်၊ သူတို့က၊ ကိုယ်တော် ကိုထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသောဟု ပြန်ပြော ကြ၏။
5 Y Booz dijo á su criado el sobrestante de los segadores: ¿Cúya es esta moza?
ဗောဇ ကလည်း ၊ ထို မိန်းမ ငယ်သည် အဘယ် သူနှင့် ဆိုင်သနည်းဟု လယ် ခေါင်းအား မေး သော်၊
6 Y el criado, sobrestante de los segadores, respondió y dijo: Es la moza de Moab, que volvió con Noemi de los campos de Moab;
လယ်ခေါင်းက၊ မောဘ ပြည် မှ နောမိ နှင့်အတူ လိုက်လာ သောမောဘ အမျိုးသမီး ဖြစ်ပါ၏။
7 Y ha dicho: Ruégote que me dejes coger y juntar tras los segadores entre las gavillas: entró pues, y está desde por la mañana hasta ahora, menos un poco que se detuvo en casa.
သူကလည်း၊ ကျွန်မသည် စပါး ရိတ်သောသူတို့နောက် ၌ ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက် သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက် မှစ၍ ယခု ခဏ တဲ ၌နေ သောအချိန် တိုင်အောင် လုပ်နေပါပြီဟုပြောဆို လျှင်၊
8 Entonces Booz dijo á Ruth: Oye, hija mía, no vayas á espigar á otro campo, ni pases de aquí: y aquí estarás con mis mozas.
ဗောဇ သည် ရုသ ကို ခေါ် ၍ ၊ နားထောင် ပါ၊ ငါ့ သမီး။ အခြား သောလယ် သို့ သွား ၍စပါးကျန်ကို မ ကောက် နှင့်။ ဤ အရပ်က မ ထွက် ဘဲ၊ ငါ့ ကျွန် မတို့၌ မှီဝဲ လျက်နေတော့။
9 Mira bien al campo que segaren, y síguelas: porque yo he mandado á los mozos que no te toquen. Y si tuvieres sed, ve á los vasos, y bebe del [agua] que sacaren los mozos.
သူတို့ရိတ် သောလယ် ကွက်ကို ကြည့် မှတ်၍ သူ တို့နောက် ၌ လိုက် လော့။ လုလင် တို့သည်သင့် ကို မ နှောင့်ရှက် ရမည်အကြောင်း ငါမှာ ထားပြီ။ ရေ ငတ်သောအခါ ၊ အိုး ထားရာသို့ သွား ၍ လုလင် ခပ် သောရေကို သောက် တော့ဟုဆိုလေသော်၊
10 Ella entonces bajando su rostro inclinóse á tierra, y díjole: ¿Por qué he hallado gracia en tus ojos para que tú me reconozcas, siendo yo extranjera?
၁၀ရုသသည်မြေ ပေါ်မှာဦးချ ပြပ်ဝပ် လျက် ၊ ကျွန်မ သည်တပါး အမျိုးသားဖြစ်၍ကိုယ်တော် သည် ကျွန်မ ကို သိမှတ် မည်အကြောင်း၊ အဘယ်သို့ စိတ် တော်နှင့်တွေ့ရပါသနည်းဟုလျှောက် လေ၏။
11 Y respondiendo Booz, díjole: Por cierto se me ha declarado todo lo que has hecho con tu suegra después de la muerte de tu marido, y que dejando á tu padre y á tu madre y la tierra donde naciste, has venido á pueblo que no conociste antes.
၁၁ဗောဇ ကလည်း ၊ သင် ၏လင် သေ သောနောက် ၊ သင် သည်ယောက္ခမ အားပြုစု သမျှ ကို၎င်း၊ သင်သည်မိဘ နှင့် မွေးဘွား ရာဌာနပြည် ကိုစွန့် ၍ အထက် က မ သိ ဘူးသောပြည် သို့ လာ ကြောင်းကို၎င်း ၊ ငါ့ အား သေချာစွာပြော ကြပြီ။
12 Jehová galardone tu obra, y tu remuneración sea llena por Jehová Dios de Israel, que has venido para cubrirte debajo de sus alas.
၁၂သင့် အမှု ၏အကျိုး ကိုထာဝရဘုရား ပေး တော်မူပါစေသော။ သင်သည်အတောင် တော်အောက် ၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ် သော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် စုံလင် သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊
13 Y ella dijo: Señor mío, halle yo gracia delante de tus ojos; porque me has consolado, y porque has hablado al corazón de tu sierva, no siendo yo como una de tus criadas.
၁၃ရုသကလည်း၊ သခင်ကျွန်မသည် ရှေ့ တော်၌ မျက်နှာ ရပါစေ။ ကျွန်မ သည်ကိုယ်တော် ကျွန် မတို့နှင့် မ တူသော်လည်း ၊ ကိုယ်တော်သည် လောကဝတ် စကားကို ပြော ၍ ကျွန်မ ကို နှစ်သိမ့် စေပါပြီဟု လျှောက် လေ၏။
14 Y Booz le dijo á la hora de comer: Allégate aquí, y come del pan, y moja tu bocado en el vinagre. Y sentóse ella junto á los segadores, y él le dió del potaje, y comió hasta que se hartó y le sobró.
၁၄ဗောဇ ကလည်း ၊ စားသောက် သောအချိန် ရှိပြီ။ လာ ၍ မုန့် ကို စား လော့။ ပုံးရည် ၌ စားစရာကို နှစ် လော့ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါး ရိတ်သောသူတို့နှင့်အတူထိုင် လျှင် ၊ ဗောဇသည် ပေါက်ပေါက် ကို လှမ်း၍ ပေး သဖြင့် ၊ သူသည် ဝ စွာစား ပြီးမှ ချန် ထားသေး၏။
15 Levantóse luego para espigar. Y Booz mandó á sus criados, diciendo: Coja también espigas entre las gavillas, y no la avergoncéis;
၁၅စပါးကျန်ကို ကောက် ခြင်းငှါ ထ သွားသောအခါ ၊ ဗောဇ သည်လုလင် တို့အား ၊ ထိုမိန်းမသည် ကောက်လှိုင်းစု ထဲမှာ ကျန်သောစပါးကိုကောက်သိမ်း ပါစေ၊ အရှက် မ ခွဲကြနှင့်။
16 Antes echaréis á sabiendas de los manojos, y la dejaréis que coja, y no la reprendáis.
၁၆ရိတ်ပြီးသောစပါးအချို့ကိုလည်း သူ အဘို့ ချ ထားလော့။ ကောက် ယူပါစေ။ အပြစ် မ တင်ကြနှင့်ဟု မှာထား၏။
17 Y espigó en el campo hasta la tarde, y desgranó lo que había cogido, y fué como un epha de cebada.
၁၇ရုသသည်ထိုလယ် ၌ ညဦး တိုင်အောင် စပါးကျန်ကိုကောက် ၍ ရသောစပါးကိုနယ် ပြီးလျှင် မုယော ဆန်တဧဖာ ခန့် မျှရှိ ၏။
18 Y tomólo, y vínose á la ciudad; y su suegra vió lo que había cogido. Sacó también luego lo que le había sobrado después de harta, y dióselo.
၁၈ထိုဆန်ကိုယူ ၍ မြို့ ထဲသို့ ဝင် သဖြင့် ၊ ကောက် ၍ရသောဆန်ကိုလည်း ယောက္ခမ အား ပြ ၏။ ဝ စွာစားပြီးမှချန် ထားသော အရာ ကိုလည်း ထုတ် ၍ ပေးသေး၏။
19 Y díjole su suegra: ¿Dónde has espigado hoy? ¿y dónde has trabajado? bendito sea el que te ha reconocido. Y ella declaró á su suegra lo que le había acontecido con aquél, y dijo: El nombre del varón con quien hoy he trabajado es Booz.
၁၉ယောက္ခမ ကလည်း ၊ ယနေ့ အဘယ်မှာ စပါးကျန်ကိုကောက် သနည်း။ အဘယ်မှာ လုပ် သနည်း။ သင် သိမှတ် သောသူသည်မင်္ဂလာ ရှိ ပါစေသောဟု မြွက်ဆို လျှင်၊ ရုသက ယနေ့ ကျွန်မလုပ် သောသူ ၏အမည် ကား၊ ဗောဇ ဖြစ်ပါသည်ဟုယောက္ခမ အား ကြား ပြောသော်။
20 Y dijo Noemi á su nuera: Sea él bendito de Jehová, pues que no ha rehusado á los vivos la benevolencia que tuvo para con los finados. Díjole después Noemi: Nuestro pariente es aquel varón, y de nuestros redentores es.
၂၀ယောက္ခမက၊ အသက် ရှင်သောသူ၊ သေ သောသူတို့၌ ကျေးဇူး မ ပြတ် ပြုတော်မူသေးသောထာဝရဘုရား သည် သူ့ ကိုကောင်းကြီး ပေးတော်မူပါစေသောဟူ၍၎င်း၊ ထိုသူ သည် ငါ တို့နှင့်ပေါက်ဘော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်းအဝင်ဖြစ်သည်ဟူ၍၎င်း၊ ချွေးမ အား ပြောဆို ၏။
21 Y Ruth Moabita dijo: A más de esto me ha dicho: Júntate con mis criados, hasta que hayan acabado toda mi siega.
၂၁ထိုသူက၊ ငါ့စပါး ရိတ်ခြင်းအမှု မပြီး မှီတိုင်အောင် ၊ ငါ့ လူ တို့၌ မှီဝဲ လျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘ အမျိုးသမီးရုသ သည် ကြားပြော သော်၊
22 Y Noemi respondió á Ruth su nuera: Mejor es, hija mía, que salgas con sus criadas, que no que te encuentren en otro campo.
၂၂နောမိ က၊ ငါ့ သမီး ၊ သင်သည် သူ ၏ကျွန် မတို့နှင့် ပေါင်းဘော်ကောင်း၏။ အခြား သောလယ် ၌ သူတို့သည် သင့် ကို မတွေ့စေကောင်းဟု၊ ချွေးမ ရုသ အား ပြော သည်အတိုင်း၊
23 Estuvo pues junta con las mozas de Booz espigando, hasta que la siega de las cebadas y la de los trigos fué acabada; mas con su suegra habitó.
၂၃သူသည် မုယော စပါး၊ ဂျုံ စပါးရိတ် ခြင်းအမှု ပြီး သည်တိုင်အောင် ဗောဇ ၏ ကျွန် မတို၌ မှီဝဲ လျက် ၊ စပါးကျန်ကိုကောက် ၍ ယောက္ခမ ထံ မှာနေ လေ၏။

< Rut 2 >