< Salmos 121 >
1 Cántico gradual. ALZARÉ mis ojos á los montes, de donde vendrá mi socorro.
၁ငါသည်တောင်ရိုးများသို့မျှော်ကြည့်၏။ အဘယ်မှကူညီမစမှုကိုငါရပါမည်နည်း။
2 Mi socorro [viene] de Jehová, que hizo los cielos y la tierra.
၂ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရား၏ထံတော်မှရပါလိမ့်မည်။
3 No dará tu pie al resbaladero; ni se dormirá el que te guarda.
၃ကိုယ်တော်သည်သင့်အားခြေချော်၍ လဲစေတော်မူလိမ့်မည်မဟုတ်။ သင့်ကိုကွယ်ကာစောင့်ရှောက်တော်မူသော အရှင်သည်အိပ်တော်မမူ။
4 He aquí, no se adormecerá ni dormirá el que guarda á Israel.
၄ဣသရေလအမျိုးသားတို့ကိုကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်သည် အဘယ်အခါ၌မျှငိုက်မျည်းအိပ်စက်ခြင်း ရှိတော်မမူ။
5 Jehová es tu guardador: Jehová es tu sombra á tu mano derecha.
၅ထာဝရဘုရားသည်သင့်ကိုစောင့်ကြပ်တော် မူလိမ့်မည်။ ကိုယ်တော်သည်သင်၏အနီးတွင်ရှိသောသင့်ကို ကွယ်ကာရာအရိပ်ဖြစ်တော်မူ၏။
6 El sol no te fatigará de día, ni la luna de noche.
၆နေသည်နေ့အခါ၌လည်းကောင်း၊ လသည်ညဥ့်အခါ၌လည်းကောင်း သင့်ကိုဥပဒ်ပေးလိမ့်မည်မဟုတ်။
7 Jehová te guardará de todo mal: él guardará tu alma.
၇ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်း တို့မှ သင့်ကိုကွယ်ကာတော်မူလိမ့်မည်။ သင့်ကိုဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။
8 Jehová guardará tu salida y tu entrada, desde ahora y para siempre.
၈ကိုယ်တော်သည်ယခုမှစ၍ကာလအစဉ်မပြတ် သင်သွားလာလေရာတို့၌သင့်အား ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။