< Nehemías 13 >
1 AQUEL día se leyó en el libro de Moisés oyéndolo el pueblo, y fué hallado en él escrito, que los Ammonitas y Moabitas no debían entrar jamás en la congregación de Dios;
၁ထိုနေ့၌မောရှေ၏ပညတ်ကျမ်းကိုလူများ ရှေ့မှာဖတ်ရွတ်ကြရာ``အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့အားဘုရားသခင် ၏လူမျိုးတော်ထဲတွင်အဘယ်အခါ၌မျှ ပါဝင်ခွင့်မပြုရ'' ဟူသောကျမ်းပိုဒ်သို့ ရောက်ရှိလာလေသည်။-
2 Por cuanto no salieron á recibir á los hijos de Israel con pan y agua, antes alquilaron á Balaam contra ellos, para que los maldijera: mas nuestro Dios volvió la maldición en bendición.
၂ဤသို့ပညတ်ရခြင်းမှာအမ္မုန်နှင့်မောဘ ပြည်သူတို့သည်ဣသရေလအမျိုးသား များအီဂျစ်ပြည်မှထွက်ခွာလာချိန်၌ အစာရေစာကိုမပေးဘဲနေခဲ့ကြသော ကြောင့်ဖြစ်၏။ ထိုပြင်ဗာလမ်ကိုငှား၍ ဣသရေလအမျိုးသားတို့အားကျိန်ဆဲ စေကြ၏။ သို့ရာတွင်ငါတို့ဘုရားသခင် သည်ထိုကျိန်ဆဲသောစကားကိုကောင်းချီး ပေးသောစကားဖြစ်စေတော်မူ၏။-
3 Y fué que, como oyeron la ley, apartaron de Israel toda mistura.
၃ထိုကျမ်းစကားဖတ်ရွတ်သည်ကိုကြားကြ သောအခါဣသရေလအမျိုးသားတို့သည် မိမိတို့အသိုင်းအဝိုင်းမှလူမျိုးခြားများ ကိုပယ်ထုတ်လိုက်ကြလေသည်။
4 Y antes de esto, Eliasib sacerdote, siendo superintendente de la cámara de la casa de nuestro Dios, había emparentado con Tobías,
၄ဗိမာန်တော်ပစ္စည်းသိုလှောင်ခန်းများကိုတာဝန် ယူထိန်းသိမ်းရသူ ယဇ်ပုရောဟိတ်ဧလျာရှိပ် သည်တောဘိနှင့်ခင်မင်ရင်းနှီးလျက်နေ သဖြင့်၊-
5 Y le había hecho una grande cámara, en la cual guardaban antes las ofrendas, y el perfume, y los vasos, y el diezmo del grano, y del vino y del aceite, que estaba mandado [dar] á los Levitas, á los cantores, y á los porteros; y la ofrenda de los sacerdotes.
၅ဘောဇဉ်ပူဇော်သကာများ၊ နံ့သာပေါင်း၊ ဗိမာန်တော်အသုံးအဆောင်များမှစ၍ ယဇ်ပုရောဟိတ်များအတွက်လှူရသော အလှူများနှင့်လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည်များ၊ ဗိမာန် တော်အစောင့်တပ်သားများအတွက် ဆယ် ဖို့တစ်ဖို့ပေးလှူသောဆန်စပါး၊ စပျစ် ရည်နှင့်သံလွင်ဆီကိုသိုလှောင်ရန်အတွက် သာလျှင် အသုံးပြုသောအခန်းကြီးကို တောဘိအားအသုံးပြုခွင့်ပေးထားလေ သည်။-
6 Mas á todo esto, yo no estaba en Jerusalem; porque el año treinta y dos de Artajerjes rey de Babilonia, vine al rey; y al cabo de días fuí enviado del rey.
၆ဤသို့ဖြစ်ပျက်လျက်နေချိန်တွင်ငါသည် ယေရုရှလင်မြို့၌မရှိ။ ဗာဗုလုန်ဘုရင် အာတဇေရဇ်၏ နန်းစံသုံးဆယ့်နှစ်နှစ်မြောက်၌ငါသည်မင်း ကြီးထံသို့အစီရင်ခံရန်သွားရောက်ချိန် ဖြစ်၏။ ကာလအနည်းငယ်ကြာသောအခါ ငါသည်မင်းကြီးထံမှခွင့်ပြုချက်ရသဖြင့်၊-
7 Y venido á Jerusalem, entendí el mal que había hecho Eliasib en atención á Tobías, haciendo para él cámara en los patios de la casa de Dios.
၇ယေရုရှလင်မြို့သို့ပြန်ရောက်၍ဗိမာန်တော် အခန်းတစ်ခုကို တောဘိအားဧလျာရှိပ်ပေး အပ်ထားကြောင်းကြားသိရသောအခါ ငါသည်ထိတ်လန့်၍၊-
8 Y dolióme en gran manera; y eché todas las alhajas de la casa de Tobías fuera de la cámara;
၈လွန်စွာအမျက်ထွက်ပြီးလျှင်တောဘိ၏ ပစ္စည်းဥစ္စာရှိသမျှကိုပစ်ထုတ်လိုက်၏။-
9 Y dije que limpiasen las cámaras, é hice volver allí las alhajas de la casa de Dios, las ofrendas y el perfume.
၉အခန်းများကိုဘာသာရေးထုံးနည်းအရ သန့်စင်မှုကိုပြုစေ၍ဗိမာန်တော်အသုံး အဆောင်များ၊ ဘောဇဉ်ပူဇော်သကာများ နှင့်နံ့သာပေါင်းတို့ကိုပြန်သွင်းရန်အမိန့် ပေး၏။
10 Entendí asimismo que las partes de los Levitas no se les habían dado; y que los Levitas y cantores que hacían el servicio se habían huído cada uno á su heredad.
၁၀လေဝိအနွယ်ဝင်များနှင့်ဗိမာန်တော်ဂီတ ပညာသည်များသည်ရိက္ခာအလုံအလောက် မရကြသဖြင့် မိမိတို့၏လယ်ယာများရှိ ရာသို့ပြန်သွားကြကြောင်းကိုငါကြား သိရ၏။-
11 Y reprendí á los magistrados, y dije: ¿Por qué está la casa de Dios abandonada? Y juntélos, y púselos en su lugar.
၁၁ယင်းသို့ဗိမာန်တော်ကိုစွန့်ပစ်ထားခဲ့ရန် ခွင့်ပြုသူအုပ်ချုပ်ရေးမှူးတို့အား ငါသည် ပြစ်တင်ပြောဆိုကာလေဝိအနွယ်ဝင်များ နှင့်ဂီတပညာသည်များကိုဗိမာန်တော် သို့ခေါ်ယူပြီးလျှင်အမှုတော်ကိုတစ်ဖန် ပြန်လည်ထမ်းဆောင်စေ၏။-
12 Y todo Judá trajo el diezmo del grano, del vino y del aceite, á los almacenes.
၁၂ထိုအခါဣသရေလအမျိုးသားအပေါင်း တို့သည် မိမိတို့၏ဆယ်ဖို့တစ်ဖို့အလှူဖြစ် သည့်ဆန်စပါး၊ စပျစ်ရည်နှင့်သံလွင်ဆီကို ဗိမာန်တော်ပစ္စည်းသိုလှောင်ခန်းများသို့ယူ ဆောင်လာကြလေသည်။-
13 Y puse por sobrestantes de ellos á Selemías sacerdote, y á Sadoc escriba, y de los Levitas, á Pedaías; y á mano de ellos Hanán hijo de Zaccur, hijo de Mathanías: pues que eran tenidos por fieles, y de ellos era el repartir á sus hermanos.
၁၃ငါသည်ယဇ်ပုရောဟိတ်ရှေလမိ၊ ပညတ် ကျမ်းတတ်မြောက်သူဇာဒုတ်နှင့်လေဝိအနွယ် ဝင်ပေဒါယတို့အားတာဝန်ခံပစ္စည်းထိန်း များအဖြစ်ခန့်ထား၏။ မဿနိ၏မြေး၊ ဇက္ကုရ ၏သားဟာနန်အားထိုသူတို့၏လက်ထောက် အဖြစ်ခန့်ထား၏။ ဤသူတို့သည်မိမိတို့ ၏လုပ်ဖော်ဆောင်ဘက်များအားသစ္စာရှိစွာ ရိက္ခာဖြန့်ဖြူးပေးမည့်သူများဖြစ်ကြောင်း ငါစိတ်ချယုံကြည်၏။
14 Acuérdate de mí, oh Dios, en orden á esto, y no raigas mis misericordias que hice en la casa de mi Dios, y en sus observancias.
၁၄အို အကျွန်ုပ်၏ဘုရားသခင်၊ကိုယ်တော်၏ဗိမာန် တော်အတွက်နှင့်ဗိမာန်တော်တွင်ဝတ်ပြုကိုး ကွယ်မှုအတွက်အကျွန်ုပ်ပြုခဲ့သမျှသော အမှုတို့ကိုသတိရတော်မူပါ။
15 En aquellos días ví en Judá algunos que pisaban en lagares el sábado, y que acarreaban haces, y cargaban asnos con vino, y también de uvas, de higos, y toda suerte de carga, y traían á Jerusalem en día de sábado; y protesté[les] acerca del día que vendían el mantenimiento.
၁၅ထိုကာလယုဒပြည်သူအချို့တို့သည် ဥပုသ် နေ့၌စပျစ်သီးများနယ်လျက်နေကြသည် ကိုလည်းကောင်း၊ အချို့တို့သည်ဂျုံစပါး၊ စပျစ်ရည်၊ စပျစ်သီး၊ သဖန်းသီးအစရှိ သည်တို့ကို မိမိတို့၏မြည်းများပေါ်တင်ပြီး လျှင်ယေရုရှလင်မြို့သို့သယ်ဆောင်လျက် နေကြသည်ကိုလည်းကောင်းငါမြင်၏။ သို့ ဖြစ်၍ဥပုသ်နေ့တွင်မည်သည့်အရာကို မျှမရောင်းချရန်သူတို့အားငါသတိ ပေး၏။-
16 También estaban en ella Tirios que traían pescado y toda mercadería, y vendían en sábado á los hijos de Judá en Jerusalem.
၁၆ယေရုရှလင်မြို့တွင်နေထိုင်သူတုရုမြို့ သားအချို့တို့သည်ငါးနှင့်အခြားပစ္စည်း အမျိုးမျိုးကို ငါတို့အမျိုးသားများအား ဥပုသ်နေ့တွင်ရောင်းချရန်ယူဆောင်လာ ကြ၏။-
17 Y reprendí á los señores de Judá, y díjeles: ¿Qué mala cosa es esta que vosotros hacéis, profanando así el día del sábado?
၁၇ထိုအခါငါသည်ယုဒခေါင်းဆောင်များ အား``သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်ကို ကြည့်ကြလော့။ သင်တို့သည်ဥပုသ်နေ့ကို ညစ်ညမ်းစေကြ၏။-
18 ¿No hicieron así vuestros padres, y trajo nuestro Dios sobre nosotros todo este mal, y sobre esta ciudad? ¿Y vosotros añadís ira sobre Israel profanando el sábado?
၁၈သင်တို့၏ဘိုးဘေးများသည်ဒုစရိုက်ကို ပြုသဖြင့် ဘုရားသခင်သည်ဤမြို့ကို ဖျက်ဆီးစေခြင်းအားဖြင့်သူတို့အားဒဏ် ခတ်တော်မူ၏။ သို့ပါလျက်သင်တို့သည် ဥပုသ်နေ့ကိုညစ်ညမ်းစေသောအားဖြင့် ဣသရေလအမျိုးသားတို့အပေါ်သို့ ဘုရားသခင်၏အမျက်တော်ကို ပိုမို ပြင်းထန်စွာသက်ရောက်စေကြမည်လော'' ဟုပြစ်တင်ပြောဆို၏။
19 Sucedió pues, que cuando iba oscureciendo á las puertas de Jerusalem antes del sábado, dije que se cerrasen las puertas, y ordené que no las abriesen hasta después del sábado; y puse á las puertas algunos de mis criados, para que en día de sábado no entrasen carga.
၁၉ထိုနောက်ငါသည်အဖိတ်နေ့နေဝင်ချိန်မှ ဥပုသ်နေ့ကုန်အထိမြို့တံခါးများကိုပိတ် ထားရန်အမိန့်ပေး၏။ ဥပုသ်နေ့၌အဘယ် ကုန်စည်ကိုမျှမြို့ထဲသို့မသွင်းစေရန်ငါ သည်လူအချို့တို့အားမြို့တံခါးများ တွင်အစောင့်ချထား၏။-
20 Y quedáronse fuera de Jerusalem una y dos veces los negociantes, y los que vendían toda especie de mercancía.
၂၀ကုန်ပစ္စည်းအမျိုးမျိုးရောင်းချသူကုန်သည် အချို့တို့သည်သောကြာနေ့ည၌မြို့တံခါး ပြင်တွင်လာ၍အိပ်ကြ၏။ သူတို့သည်ယင်းသို့ တစ်ကြိမ်နှစ်ကြိမ်ပြုကြ၏။-
21 Y protestéles, y díjeles: ¿Por qué os quedáis vosotros delante del muro? Si lo hacéis otra vez, os echaré mano. Desde entonces no vinieron en sábado.
၂၁ငါသည်သူတို့အား``သင်တို့သည်မိုးလင်းချိန် ကိုမြို့ပြင်မှစောင့်ဆိုင်းလျက်နေသော်လည်း အချည်းနှီးသာလျှင်ဖြစ်၏။ သင်တို့နောက် တစ်ကြိမ်ဤသို့ပြုကြလျှင် ငါသည်သင် တို့အားအကြမ်းဖက်၍နှင်ထုတ်ရလိမ့်မည်'' ဟုသတိပေး၏။ ထိုအခါမှအစပြု၍ သူတို့သည်ဥပုသ်နေ့၌မလာကြတော့ ပေ။-
22 Y dije á los Levitas que se purificasen, y viniesen á guardar las puertas, para santificar el día del sábado. También por esto acuérdate de mí, Dios mío, y perdóname según la muchedumbre de tu misericordia.
၂၂ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာလေဝိ အနွယ်ဝင်တို့အား မိမိတို့ကိုယ်ကိုသန့်စင် စေပြီးလျှင်မြို့တံခါးများသို့သွား၍ စောင့်ရန်ငါအမိန့်ပေး၏။ အို ဘုရားသခင်ဤအမှုကိုလည်းထောက်၍ အကျွန်ုပ်ကိုသတိရတော်မူပါ။ မေတ္တာတော် နှင့်အညီအကျွန်ုပ်အားသနားတော်မူပါ။
23 Ví asimismo en aquellos días Judíos que habían tomado mujeres de Asdod, Ammonitas, y Moabitas:
၂၃ထိုကာလ၌ယုဒအမျိုးသားအမြောက် အမြားပင်အာဇုတ်၊ အမ္မုန်နှင့်မောဘ အမျိုးသမီးများနှင့်ထိမ်းမြားစုံဖက် ထားကြကြောင်းကိုလည်းငါတွေ့ရှိရ လေသည်။-
24 Y sus hijos la mitad hablaban asdod, y conforme á la lengua de cada pueblo; que no sabían hablar judaico.
၂၄သူတို့၏သားသမီးတစ်ဝက်မျှသည်ငါတို့ ဘာသာစကားကိုမပြောတတ်။ အာဇုတ်သို့ မဟုတ်အခြားဘာသာစကားတစ်မျိုး မျိုးကိုသာပြောတတ်ကြ၏။-
25 Y reñí con ellos, y maldíjelos, y herí algunos de ellos, y arranquéles los cabellos, y juramentélos, [diciendo]: No daréis vuestras hijas á sus hijos, y no tomaréis de sus hijas para vuestros hijos, ó para vosotros.
၂၅သို့ဖြစ်၍ငါသည်ထိုအမျိုးသားတို့အား ပြစ်တင်ကျိန်ဆဲရိုက်နှက်၏။ သူတို့ဆံပင် ကိုလည်းဆွဲနုတ်၏။ ထိုနောက်``အကျွန်ုပ်တို့ သည်လည်းကောင်း၊ အကျွန်ုပ်တို့၏သားသမီး များသည်လည်းကောင်း နောင်အဘယ်အခါ ၌မျှလူမျိုးခြားများနှင့်အိမ်ထောင်မပြု တော့ပါ'' ဟုသူတို့အားဘုရားသခင်၏ နာမတော်ကိုတိုင်တည်၍ကျိန်ဆိုကတိ ပြုစေ၏။-
26 ¿No pecó por esto Salomón, rey de Israel? Bien que en muchas gentes no hubo rey como él, que era amado de su Dios y Dios lo había puesto por rey sobre todo Israel, aun á él hicieron pecar las mujeres extranjeras.
၂၆ငါသည်သူတို့အား``ရှောလမုန်မင်းကိုအပြစ် ကူးလွန်စေသူများကားလူမျိုးခြားအမျိုး သမီးများပင်တည်း။ ထိုမင်းသည်အခြားလူ မျိုးတို့၏ဘုရင်ရှိသမျှထက်ပို၍တန်ခိုး ကြီး၏။ ဘုရားသခင်သည်သူ့ကိုချစ်တော် မူသဖြင့်ဣသရေလတစ်နိုင်ငံလုံးကိုအုပ် စိုးစေတော်မူ၏။ သို့ရာတွင်သူသည်လူမျိုး ခြားများနှင့်ထိမ်းမြားစုံဖက်သည့်အပြစ် ကိုကူးလွန်ပေသည်။-
27 ¿Y obedeceremos á vosotros para cometer todo este mal tan grande de prevaricar contra nuestro Dios, tomando mujeres extranjeras?
၂၇သို့ဖြစ်၍ငါတို့သည်လူမျိုးခြားအမျိုး သမီးများနှင့်ထိမ်းမြားစုံဖက်ခြင်းသင် တို့၏စံနမူနာအားဖြင့်ဘုရားသခင် ကိုပြစ်မှားရမည်လော'' ဟုပြော၏။
28 Y uno de los hijos de Joiada hijo de Eliasib el gran sacerdote, era yerno de Sanballat Horonita: ahuyentélo por tanto de mí.
၂၈ယောယဒသည်ယဇ်ပုရောဟိတ်မင်းဧလျာ ရှိပ်၏သားဖြစ်၏။ သို့ရာတွင်သူ၏သားတစ် ယောက်သည်ဗေသဟောရနိမြို့သားသမ္ဘာ လတ်၏သမီးနှင့်အိမ်ထောင်ပြုသဖြင့် ငါ သည်ယောယဒအားယေရုရှလင်မြို့မှ နှင်ထုတ်လိုက်လေသည်။
29 Acuérdate de ellos, Dios mío, contra los que contaminan el sacerdocio, y el pacto del sacerdocio y de los Levitas.
၂၉အို ဘုရားသခင်၊ထိုသူတို့သည်ယဇ်ပုရော ဟိတ်ရာထူးကိုလည်းကောင်း၊ ယဇ်ပုရော ဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်ကိုယ် တော်ပြုတော်မူသည့်ပဋိညာဉ်တော်ကို လည်းကောင်းအဘယ်သို့ရှုတ်ချကြသည် ကိုမှတ်တော်မူပါ။
30 Limpiélos pues de todo extranjero, y puse á los sacerdotes y Levitas por [sus] clases, á cada uno en su obra;
၃၀ငါသည်ပြည်သူတို့အားလူမျိုးခြားနှင့် ဆိုင်သောအမှုအရာဟူသမျှနှင့်ကင်းစင် စေ၏။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်တို့အားမိမိတို့တာဝန်ဝတ္တရားအသီး သီးကိုသိရှိနားလည်ကြစေရန်စည်း မျဉ်းများကိုရေးဆွဲပေး၏။-
31 Y para la ofrenda de la leña en los tiempos señalados, y para las primicias. Acuérdate de mí, Dios mío, para bien.
၃၁အချိန်ကျလျှင်ထင်းအလှူကိုလည်းကောင်း၊ ဆန်စပါးအဦးအဖျားများနှင့်အဦး မှည့်သည့်သစ်သီးပူဇော်သကာများကို လည်းကောင်းယူဆောင်လာကြစေရန်စီမံ၏။ အို ဘုရားသခင်ဤအမှုအရာအပေါင်းကို သတိရတော်မူ၍အကျွန်ုပ်အားကျေးဇူး ပြုတော်မူပါ။ နေဟမိမှတ်စာပြီး၏။